← Chapters

အပိုင်း (၃၀၉) – ကျွန်တော့်ကို ဘာလို့ကောင်းပေးတာလဲ

Vol. 004 Ch. 309

အပိုင်း (၃၀၉) – ကျွန်တော့်ကို ဘာလို့ကောင်းပေးတာလဲ

Vol. 004 Ch. 309

“ဆရာ အဲနေရာက တိုက်မလား ဘယ်လိုလုပ် ထောင်နယ်မြေဖြစ်နေရတာလဲ” ရှီမာယူယူ ဆွံ့အသွားသည်။

“ငါလည်း အဲတုန်းကမသိခဲ့ဘူး၊ ဒါပေမဲ့ အခုလည်း ဝိုးတိုးဝါးတားပဲ” အဘိုးနတ်ဆိုးပြောလိုက်သည် “အဲနေရာမှာ သားရဲပေါင်းဆိုရှိလို့ ထောင်လိုမျိုးဖြစ်သွားတာ ဖြစ်နိုင်တယ်၊ တကယ်လို့ လွတ်သွားတယ် ဆိုရင်တောင် တခြားတိုင်းပြည်ကို သူတို့ဒုက္ခပေးလို့မရဘူး”

“ဆရာပြောတာ သားရဲတစ်သောင်းတောင်အောက်က ဟာကိုပြောတာလား” ရှီမာယူယူသည် အဘိုးနတ်ဆိုးအား ကြည့်ပြီး တည့်တည့်ပင်ပေးလိုက်သည် “ဆရာ ကျွန်တော်အရင်ကလည်း မေးဖူးတယ်၊ ကန်အောက်မှာ ဘာကိုတွေ့ခဲ့တာလဲ အဲမှာရှိတဲ့ သတ္တဝါကို မြင်ခဲ့လား”

“ဖြစ်နိုင်တယ်” ထိုအကြောင်း ပြောလိုက်သည့်အခါတွင် အဘိုးနတ်ဆိုး၏ အမူအရာမှာ တည်ငြိမ်သွားကာ ပြောလိုက်သည် “တကယ်တော့ ငါ အဲသတ္တဝါကို မမြင်ခဲ့ရဘူး”

“ဟင်”

ထိုတစ်ကြိမ်တွင် ရှီမာယူယူသာ အံ့သြသွားသည်သာမက ဝူလင်းယူ၏ အမူအရာသည်လည်း သုန်မှုန်သွားသည် “အဘိုးာကီး အဲဒီအောက်က သတ္တဝါက အဲလောက်တောင် အင်အားကြီးတာလား”

အဘိုးနတ်ဆိုး ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲဒီ သတ္တဝါက အရမ်းသန်မာတဲ့သူဆိုတာ သေချာ တယ်၊ အဲဒါကြောင့် အခုထိ ငါမနိုင်နိုင်သေးတာ၊ အဲက ရောင်ဝါက ငါ့အတွက်တောင် ကြောက်စရာပဲ နီးလာလေလေ ဘယ်လောက် သန်မာလဲဆိုတာ ခံစားမိလေပဲ”

“သန်မာလိုက်တာ” ရှီမာယူယူ၏ မေးရိုးမှာ ကြမ်းပြင်ထိမတတ်ပင်။

ဝူလင်းယူသည် အဘိုးနတ်ဆိုး မည်မျှ သန်မာသည်ကို သိသည့်အတွက် ရှီမာယူယူထက်ပင် အံ့သြရသည်။ သူတောင် အဲလိုပြောမှတော့ အောက်က အဲအရာက ဘာလဲ။

“တကယ်တော့ ငါအဲဒီ လမ်းတစ်ဝက်ရောက်တော့ ခံစားမိတယ်” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဟာစွန် ဘာဖြစ်လဲတော့ ငါမသိဘူး ငါ့ကို ကန့်သတ်ထားတဲ့နေရာရောက်တော့ သူ့ကို တွေ့တာပဲ၊ သူလည်း အဲနေရာကိုပဲ ရောက်နိုင်တယ်”

“ဆရာ ကျွန်တော့်ကို မခြောက်ပါနဲ့ အဲဟာကြီးက အဲလောက်အားကောင်းနေရင် တစ်နေ့သူ ထွက်လာရင် ကျွန်တော်တို့ အဆုံးသတ်သွားမှာပေါ့” ရှီမာယူယူပြောလိုက်သည်။

“စိတ်အေးအေးထား အဲဟာ ထွက်လာဖို့ အချိန်အကြာကြီးလိုသေးတယ်၊ မင်း အခုမတွေ့နိုင်ဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည်။

“ငါတို့မှာ အချိန်ရှိသေးတော့ မင်းအဲအကြောင်းကို စဉ်းစားစရာမလိုသေးဘူး၊ ငါတို့ လောကအသေးကို သွားဖို့ပဲစဉ်းစားရမယ်” ဝူလင်းယူ ပြောလိုက်သည်။

အခုအချိန်တွင် ထိုကဲ့သို့ ကိစ္စမျိုးကို စဉ်းစားရန်မလိုပေ။ ထိုအရာမျိုးသည် သူမ ကျင့်ကြံခြင်း လုပ်ငန်းစဉ်တွင် အနှောင့်အယှက်ဖြစ်နိုင်သည်။

သူသည် လောကအသေးအကြောင်းကို ထပ်ပြောရာ ရှီမာယူယူ ထပ်ပြီး စိတ်ဓာတ်ကျသွားသည်။ ထိူနေရာသည် ထောင်ဖြစ်သည်။ နေရာတစ်ခုလုံးသည် ကန့်သတ်ထားသည်။ သူတို့အတွက် ကျင့်ကြံရန် အရင်းအမြစ်များစွာရှိသည်။ မတရားလိုက်တာ။

“အဲတိုက်မှာ အဝင်ပေါက်မရှိဘူးဆို ဘယ်လိုဝင်ရမှာလဲ”

“အရူးလေး ငါ့ကို ဘယ်သူထင်နေလို့လဲ” အဘိုးနတ်ဆိုးပြောလိုက်သည် “အဝင်ပေါက်မရှိရင် မင်းအတွက် ငါလုပ်ပေးမှာပေါ့”

“ဆရာက ကြောက်စရာကောင်းလိုက်တာ” ရှီမာယူယူသည် သူ့အား မြှောက်ပင့်ကာ အားရပါးရ ပြုံးလိုက်သည်။

အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့ သူမကို ထိုကဲ့သို့ပြောကတည်းက နည်းလမ်းရှိမည် သူမ မသိပဲ နေမလား။ သူမသည် အမြဲတမ်း ဖက်တီးကျူနှင့် တခြားသူများအတွက် နည်းလမ်းများစဉ်းစားပေးခဲ့သည်။ အခုတော့ သူမကိုယ်စား တခြားသူက ကျင့်ကြံရန်အခွင့်အရေးကောင်းကို စဉ်းစားပေးနေသည်မှာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်သည်။

“မင်းတို့နှစ်ယောက် ငါ့ကိုဒီမှာစောင့် ငါ သွားကြည့်လိုက်ဦးမယ်” အဘိုးနတ်ဆိုးသည် ပြောပြီးသည်နှင့် လက်နှစ်ဖက်ဖြင့် ချိတ်ပိတ်လိုက်သည်။ သူ့ရှေ့မြေကြီးတွင် ဝင်ပေါက်ပေါ်လာကာ သူအထဲဝင်လိုက်ချိန်တွင် ပိတ်သွားသည်။

“ဆရာ ကမ္ဘာဦးနယ်မြေကို ပြန်သွားမလို့လား” ရှီမာယူယူ အားကျစွာ ပြောလိုက်သည်။

“မင်း ပိုပြီးသန်မာလာရင် ဒီလိုမျိုး ဝင်ပေါက်လုပ်နိုင်မှာပါ” ဝူလင်းယူ ပြောလိုက်သည် “အခုတော့ မင်းကို အဲဒီတိုက်နဲ့ လောကအသေးအကြောင်းတွေက မင်းကို ပြောပြမယ်”

“ကောင်းပါပြီ”

ဝူလင်းယူ ပြောပြသောအကြောင်းများကို နားထောင်ပြီးသောအခါ ထိုတိုက်သည် မည်မျှလောက် ကံဆိုးသည်ကို ရှီမာယူယူ သိလိုက်ရသည်။

သူမ အဆင့်တက်နှုန်းမှာ မြန်သည်ဟု ခံစားမိသော်လည်း ဝူလင်းယူနှင့် တခြားသော တိုင်းပြည်မှ လူများအတွက်တော့ သူမသည် အဆင့်တက်နှုန်းနေသည်။ အရည်အချင်းအမှန်ရှိသည်မှာ အံ့ဖွယ် အဆင့် နောက်ပိုင်းမှဖြစ်သည်။ ထို့ကြောင့်ပင် အရည်အချင်း အသင့်အတင့်ရှိသောသူများသည် အံ့ဖွယ်အဆင့်ရောက်ရန် အလွန်အချိန်ယူရခြင်းဖြစ်သည်။ သို့သော် တချို့မှာ အမှန်တကယ်ပင် အားကောင်းသည်။ ဝူလင်းယူကဲ့သို့ ငယ်ရွယ်သောကျွမ်းကျင်သူသည်လည်း ထင်ထားသလောက် မရှားပေ။

ရှီမာယူယူသည် အနည်းငယ်ကွဲပြားသည်။ အရင်က သူမသည် ထူးခြားသည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမ လျှောက်လမ်းရန် ခရီးရှည်ကျန်သေးသည်ကို နောက်မှ သဘောပေါက်မိသည်။

“စိတ်မညစ်ပါနဲ့ မင်းရဲ့ တိုက်ပွဲစွမ်းရည်က ဒီအဆင့်မှာဆို့ရင် ပြိုင်ဘက်ကင်းပဲ၊ မင်းရဲ့ စာချုပ်သားရဲ တွေရော ထပ်ပေါင်းလိုက်ရင် အဲဒီလောကအသေးကို ဘေးတိုက်လျှောက်သွားရင်တောင် ပြဿနာမရှိဘူး” ဝူလင်းယူပြောလိုက်သည်။

“ဘေးတိုက်လျှောက်တယ်ဆိုတာ ဘာပြောတာလဲ ကျွန်တော်က ဂဏန်းမှမဟုတ်တာ” ရှီမာယူယူ သူ့အား မျက်စောင်းထိုးလိုက်သည်။

“တော်ပြီ ငါပြောရမယ့်ဟာ အကုန်ပြောပြီးပြီ၊ မင်း သိချင်တာရှိသေးလား” ဝူလင်းယူ မေးလိုက်သည်။

“ရှိတယ်” ရှီမာယူယူ ဆက်မေးသည် “တိုင်းပြည်ကလူတွေက ကမ္ဘာဦးနယ်မြေကို သွားကြမှာလား”

“အင်း”

“ဒါဆို ကမ္ဘာဦးနယ်မြေမှာ လူတွေ များမနေဘူးလား၊ အဲမှာ လူဦးရေထူထပ်နေမှာပေါ့”

“ကမ္ဘာဦးနယ်မြေတွေက မင်းတွေးထားတာထက်ပိုတယ်၊ မင်းရောက်ရင် သိပါလိမ့်မယ်”

“အိုခေလေ” သူ့ဖြေသည် ပြန်မဖြေသည့် အတိုင်းပင်။

“တခြား မေးစရာရှိသေးလား” ဝူလင်းယူ မေးလိုက်သည်။

“ရှိတယ်”

“ပြော”

“ကျွန်တော့်ကို ဘာလို့ကောင်းပေးတာလဲ၊ ခင်ဗျားဆီက ရတဲ့ ဒဏ်ရာကို မေ့သွားစေချင်လို့လား”

ဝူလင်းယူသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူမ မြန်မြန်အရွယ်ရောက်ပြီး ဒီကို မြန်မြန်ရောက် လာစေချင်တယ်ဆိုတာ သူမကို သူ ဘယ်လိုပြောမလဲ။

“ဒါက အဘိုကြီးက တစ်ယောက်ယောက်ကို ရှာဖို့ဖိအားပေးလို့ပါ” ဝူလင်းယူ အကောင်းဆုံး ဆင်ခြေကို ရှာလိုက်သည် “နောက်ထပ်မေးခွန်းရှိသေးလား”

“မရှိတော့ဘူး သွားလို့ရပါပြီ” ရှီမာယူယူသည် သူ့အားနှုတ်ဆက် လက်ပြကာ နားရန် လှဲချလိုက်သည်။

“……”

ဝူလင်းယူသည် ရှီမာယူယူ သူ့အား ချက်ချင်းပင် လျစ်လျူရှုလိုက်သည်ကို တွေ့သည်နှင့် ချက်ချင်းပင် သူမအား ငေါက်ချင်မိသည်။ သို့သော် သူမအား ခြောက်လန့်သလိုဖြစ်မည်စိုး၍ ဂရုမစိုက်တော့ပဲ နာခံစွာ ထွက်သွားလေသည်။

သံသယဝင်ခြင်းကို ရှောင်ရှားရန် တံခါးပေါက်ကို ဖြတ်၍ သူထွက်လာခဲ့သည်…

ရှီမာယူယူသည် အိပ်ရာပေါ်တွင် လှဲကာ လိမ့်လိုက်လုပ်နေပြီး သူမ ဒီနေ့သိသမျှ သတင်းများကို စဉ်းစားနေမိသည်။ သူမသည် ဒီနေ့ကြားရသည်မှာ များသဖြင့် ကျေညက်အောင် လုပ်ရသည်။ ဝူလင်းယူ ပြောသော တခြားသော တိုက်များအကြောင်းစဉ်းစားရင်း ချက်ချင်း ထထိုင်လိုက်ကာ ပြောလိုက်သည် “အဲလူတွေ အားကောင်းပေမယ့် ငါလည်း အားမနည်းပါဘူး၊ ဘာလို့ ဒီဟာကြောင့် အားငယ်နေရမှာလဲ၊ ဟင် ဟင် ငါနဲ့ သူတို့နဲ့ တွေ့လို့ ငါ့ကို ပြဿနာရှာရဲရှာကြည့် တခြားသူတွေကို တစ်စစီလုပ်ပစ်မယ်”

ထိုသို့ စဉ်းစားပြီးနောက်တွင် သူမ ပြန်လဲကာ ထိုအကြောင်းများကို ထပ်စဉ်းစားလေသည်။

“တိုက်တစ်တိုက်လုံးက ထောင်ဖြစ်နေမယ်လို့ ထင်မထားဘူး၊ တကယ်ပဲ စိတ်ဓာတ်ကျစရာပဲ”

“လောကအသေးက ဘယ်တော့ဖွင့်မှာလဲ မသိဘူး၊ တခြားကမ္ဘာက ပါရမီရှင်တွေကို တွေ့ကြည့်ချင်တယ်”

“ဆရာနဲ့ စီနီယာအစ်ကိုလို ငါဘယ်တော့မှဖြစ်မှာလဲ၊ လက်တစ်ချက်ရမ်းလိုက်တာနဲ့ ဝင်ပေါက်ကို လုပ်နိုင်တယ်၊ သူတို့က သွားချင်တဲ့နေရာကို သွားချင်သလိုသွားလို့ရတယ်”

“ဟူး အဲဒါတွေတွေးနေလို့ အလုပ်မဖြစ်ဘူး သေချာ ကျင့်ကြံရမယ်”

“ဟာစွန် အဲကောင်ကတော့၊ ငါ့ ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး သူ့ကို ဖမ်းလို့တောင် မရတော့ဘူး”

“ငါ့ရဲ့ သက်တန့်လေးကိုရော ဘယ်ခေါ်သွားတာလဲမသိဘူး၊ ထူးထူးဆန်းဆန်း သူမကို လွမ်းလိုက်တာ”

“ဒုန်း”

တံခါးပွင့်သွားကာ ဘေဂုံထန်သည် သူမစားရန် တစ်စုံတစ်ခုကို သယ်လာလေသည်။ သူမ ပြုံးပြီး ပြောလိုက်သည် “နင် တတွတ်တွတ်ရွတ်နေတာ ငါအပြင်ကကြားတယ်၊ မကျင့်ကြံလို့ ပျင်းနေမယ်ထင်လို့”

ရှီမာယူယူသည် ဟင်းအနံ့ရသည်နှင့် အိပ်ရပေါ်တွင်ထိုင်ပြီး ပြောလိုက်သည် “မင်းတို့တွေ င့ါဆီမလာတော့ ငါပျင်းလို့သေတော့မယ်”

ဘေဂုံထန်သည် စားပွဲပေါ်တွင် ဟင်းများတင်ကာ သူမအား လျစ်လျူရှုလိုက်သည် “ငါ သိသလောက်ဆိုရင် နင့် ဆရာနဲ့ စီနီယာအစ်ကို ထွက်သွားတာ မကြာသေးပါဘူး”

“သူတို့ထွက်သွားတာနဲ့ ပျင်းတော့တာပဲ” ရှီမာယူယူ တူတစ်စုံယူကာ လာပြီး စားတော့သည် “ဟုတ်သားပဲ နင်းတို့ အလုပ်ကြားနေကြတာလား ဘယ်သူ့ကိုမှ မတွေ့လို့”

All Chapters