အပိုင်း (၃၁၀) – မိတ်ဆွေဟောင်း
Vol. 004 Ch. 310
“ငါတို့လား ဘာမှသိပ်မရှိပါဘူး လျှောက်သွားနေကြတာပဲ တွေ့ဆုံပွဲကလည်း စတော့မှာဆိုတော့ လူတွေ အများကြီးရောက်လာကြတယ်၊ မြို့က လူတွေနဲ့ပြည့်နေတာပဲ”
“သစ္စာမရှိတဲ့ကောင်တွေ ငါက ဒီမှာ ကုသနေတာကို မင်းတို့က အပြင်ထွက်ပြီး လည်နေကြတယ်” ရှီမာယူယူ ညည်းညူလိုက်သည်။
ဘေဂုံထန်သည် ရှီမာယူယူ ထိုကဲ့သို့ ပြောမည်ကို သိသဖြင့် ရယ်မောလိုက်သည်။ သူမသည် စိတ်ထကြ မပါတာကိုပဲ။
“သြော် ဟုတ်သားပဲ ဝူရန်က မနက်ဖြန်ရောက်မယ်လို့ ကြားတယ်”
“တကယ်လား ဒါဆို တွေ့ဆုံပွဲစတော့မှာပေါ့”
“သုံးရက်လိုသေးတယ်၊ နင် လွတ်တော့မယ် ထင်နေတာ” ဘေဂုံထန် ပြောလိုက်သည်။
“မလွတ်ဘူး” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူမ ခန္ဓာကိုယ်ထဲမှ အခြေအနေကို သူမသိသည်။ ဒီတစ်ခေါက်တွင် ဒဏ်ရာပြင်းထန်သော်လည်း သူမသည် အလင်းနတ်ဆိုး ခန္ဓာကိုယ်ဖြစ်သဖြင့် ပြန်ကောင်းနှုန်းမှာ မြန်ဆန်သည်။ ထို့ကြောင့် ဆေးများနှင့် လိပ်ပြာအရည်တို့နှင့် ကုသလိုသောအခါ လျင်မြန်စွာ ပြန်ကောင်းလေသည်။ သူမသည် အခုချိန်တွင် ပြန်ကောင်းနေသော်လည်း သူမ ခန္ဓာကိုယ်အား ဂရုစိုက်သည့်အနေနှင့် နောက်ထပ်နှစ်ရက်နားနေရန် ဆုံးဖြတ်လိုက်သည်။
“ဟုတ်သားပဲ ဟာစွန်နဲ့ သက်တန့်လေး ဘယ်မှာလဲဆိုတာ နင်သိလား၊ အဲကောင် ငါ နိုးလာကတည်းက မတွေ့ရသေးဘူး”
“နင့်ဆရာကက သက်တန့်လေးကို သူမမျိုးနွယ်ဆီခေါ်သွားမယ်လို့ ကြားတာပဲ” ဘေဂုံထန် ပြောလိုက်သည် “သူမကို ဘယ်ခေါ်သွားလဲတော့ ငါလည်း သေချာမသိဘူး”
“သူမ မျိုးနွယ်ဆီကို ဟုတ်လား” ရှီမာယူယူ နင်သွားသည် “သက်တန့်လေးရဲ့ မျိုးနွယ်က ဘယ်မှာလဲ၊ သူတို့သွားတာကြာပြီ ပြန်မလာသေးဘူးလား”
“ယိလင်းတိုင်းပြည်မှာ ဖီးနစ်မျိုးနွယ်မရှိဘူး၊ သူတို့ မြင့်မြတ်တဲ့လောကကို သွားတာနေမှာ” ဘေဂုံထန် ခန့်မှန်းသည် “ငါ အမြင့်လောကမှာတုန်းက အဲမှာ ဖီးနစ်မျိုးနွယ်ရှိတယ်လို့ ကြားဖူးတယ်”
“သူတို့ အမြင့်လောကို သွားတာ….” ရှီမာယူယူသည် တူဖြင့် ကြက်သားကိုယူကာ ကိုက်လိုက်သည်။ သူတို့အကုန်လုံး ကိုယ့်ဘာသာ တစ်ယောက်ချင်းစီ အမြင့်လောကကို သွားနေကြတယ်။ သေစမ်း။
နောက်နေ့ ညနေခင်းတွင် တစ်စုံတစ်ယောက်သည် ရှီမာမျိုးနွယ်သို့ ရောက်လာသည်။ ထိုသူသည် တောင်နေကြတ်တိုင်းပြည်၏ မင်းသား၊ ရှီမာယူယူ၏ သူငယ်ချင်းကောင်း ဝူရန်ဖေဖြစ်သည်။ သူသည် ရှီမာယူယူ၏ အခန်းသို့ တိုက်ရိုက်သွားကာ ရှီမာယူယူ အိပ်ရာပေါ်တွင် လဲနေသည်ကိုတွေ့သည်နှင့် မျက်မှောင်ကြုတ်မိသည်။
“မင်းဒဏ်ရာက အရမ်းပြင်းတာလား”
“မပြင်းပါဘူး ဒါပေမယ့် ငါအပြင်မထွက်ချင်ဘူး၊ သူတို့က ငါ့ကိုထားပြီး သူတို့ဘာသာ သူတို့ သွားလည်နေကြတယ်၊ မင်းက အကောင်းဆုံးပဲ ငါ့ဆီကို တိုက်ရိုက်လာတယ်” ရှီမာယူယူသည် အိပ်ရာပေါ်မှ ဆင်းကာ ဝူရန်ဖေနှင့် စကားပြောရန် ခန်းမကြီးသို့ လာလိုက်သည်။
“သခင်လေး ဝူရန်ဖေ တော်ဝင်မျိုးနွယ်ဖြစ်တာ ဘယ်လိုခံစားရလဲ” ရှီမာယူယူသည် ပြုံးပြီး သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်သည်။
သူမ ရေဆူရန် စွမ်းအင်သုံးလိုက်သည်ကို သူတွေ့သည်နှင့် ဝူရန်ဖေမေးလိုက်သည် “မင်း မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို မသုံးရဖူးလို့ ပြောထားတာမလား”
“ငါ သုံးနိုင်တာကြာပြီ ဒါပေမဲ့ အခု နည်းနည်းသုံးလည်းရပါတယ်၊ ငါ လက်ဖက်ရည် တော့ ဖျော်နိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်း မင်းကတော့ မနိုင်ဘူး” ဝူရန်ဖေသည် ရှီမာယူယူအား သဘောမတူသလိုကြည့်လိုက်သည် “ငါရောက်တာနဲ့ မင်းအခြေအနေကို ကြားတယ်၊ လီမျိုးနွယ်နဲ့ နာလန်မျိုးနွယ်က မင်းရဲ့မျိုးနွယ်ကို ပြဿနာရှာ တာလည်းကြားတယ်”
“ထင်ထားတဲ့အတိုင်းပါလား” ထိုသတင်းများသည် ရှီမာယူယူအတွက် များစွာ သက်ရောက်မှုမဖြစ်မိပေ။ မျိုးနွယ် ၂စုသည် ရှားစောင်းစေးနှင့် မျက်ချေးဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။
“အဲဒါအပြင် ငါတခြားတစ်ယောက်ကို တွေ့ခဲ့တယ်၊ အဲလူက မင်းကို အံ့သြစေမှာပဲ” ဝူရန်ဖေ ပြောလိုက်သည်။
“ဘယ်သူလဲ”
“နာလန်လန်”
“နာလန်လန် ဟုတ်လား” ရှီမာယူယူသည် ဝူရန်ဖေအားစိုက်ကြည့်ပြီး အံ့သြသွားလေသည် “သူမက ဘယ်လိုလုပ်ဒီရောက်လာတာလဲ သူမဆိုတာ သေချာလား”
“သေချာတယ်” ဝူရန်ဖေသည် ခေါင်းညိတ်ုလကိသ်ည် “တောင်နေကြတ်တိုင်းပြည်မှာ နာလန်မျိုးနွယ် အိမ်တော်နဲ့ ငါတို့် နန်းပြင်အိမ်တော်က သိပ်မဝေးဘူး ငါ သူမကို အဲမှာတွေ့တာ၊ သူမကို ရင်းနှီးနေသလိုထင်လို့ လူလွှတ်ပြီး စစ်ခိုင်းလိုက်တာ၊ ငါ ဘာတွေ့တယ်ထင်လဲ”
“ဘာကိုထင်ရမှာလဲ” ရှီမာယူယူ သူ့အားကြည့်လိုက်သည်။ ဒီကောင်ကတော့ တကယ်ပဲ စိတ်ရှုပ်အောင် လုပ်တာပဲ။ သူသည် ထိုကဲ့သို့ စကားပြောလျှင် အေးစက်မနေတော့ပေ။
“အဲလူက တကယ်ပဲနာလန်လန်၊ သူမက ဒုံချန်းတိုင်းပြည်ကလာတာပဲ၊ အဲတော့ အဲဒီနာလန်လန်ပဲလို့ ငါတွေးလိုက်တာ” ဝူရန်ဖေပြောလိုက်သည်။
“သူမက ဒုံချန်းတိုင်းပြည်မှာ မဟုတ်ရင် ဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူ နာလန်လန် လာရခြင်းအကြောင်းကို နားမလည်သဖြင့် မေးလိုက်သည်။
“သူတို့ဒုံချန်းတိုင်းပြည်မှာ ရှိတုန်းက နာလန်မျိုးနွယ်က သူမရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်ဆိုတာ သတိထားမိပြီး အလယ်ပိုင်းဝူတိုင်းပြည်ကို ခေါ်မယ်လို့ပြောတယ်တဲ့၊ ပြီးတော့ သူမ ခန္ဓာကိုယ်ကို နိုးထအောင် လုပ်တာ အောင်မြင်သွားတယ်၊ အခု သူမ အရည်အချင်းက လုံးဝတိုးတက်နေပြီ”
“သူမ ဘယ်တုန်းက ရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“လွန်ခဲ့တဲ့ ၃နှစ်က သူမက ငါတို့်ထက် ၂နှစ်စောတယ်” ဝူရန်ဖေ ပြန်ဖြေလိုက်သည်။
“အဲလိုဆိုရင် ငါတို့် ဆိုဖီယာတောင်တန်းမှာရှိတုန်းက သူမက ဒီကို ရောက်နေပြီပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒီ ၂နှစ်အတွင်းကို ငါတို့ဘာလို့ သူမအကြောင်းမကြားရတာလဲ”
“ဘာလို့လဲဆိုတော့ သူမက နှင်းထဲမှာ လောင်မြှိုက်ခံနေရတာ၊ သူမ ထွက်လာတာ မကြာသေးဘူး၊ သူမ ခန္ဓာကိုယ်ကို နိုးကြားအောင်လုပ်တာ အောင်မြင်သွားလို့ အပြင်ထွက်လာတာနေမှာပေါ့”
“ဟား…” ဝူရန်ဖေ၏ အကြောင်းပြချက်မှာ ရှီမာယူယူကို ရယ်မောစေသည်။
“သူမက အစက မင်းကို အနိုင်ရချင်နေတယ်လို့ ကြားတယ်၊ ပြီးခဲ့တဲ့ပွဲတုန်းက မင်းကို သူမက အနိုင်ယူမလို့တဲ့ ဒါပေမယ့် မင်းက ပေါ်မလာဘူး”
“ငါက ရှီမာမျိုးနွယ်ရဲ့ မွေးစားသားပဲ၊ ငါဝင်ပါဖို့ အကြောင်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ငါ လုံးဝစိတ်မဝင်စားဘူး၊ ငါ စင်ပေါ်က မျောက်လို အဖြစ်မခံနိုင်ဘူး”
ဝူရန်ဖေရယ်မောလိုက်သည်။ သူ သူမ စရိုက်ကိုသိသည်။ သူမ အဖြေသည် သူ့အတွက် အံ့သြစရာ မဟုတ်တော့ပေ။
ဝူလင်းယူပြေယသည်ကို စဉ်းစားပြီး သူမ ဆက်ပြောလိုက်သည် “ဒီမြေက ကြီးတယ်၊ ငါတို့် တွေးထားတာထက် အများကြီးကြီးတာလည်း ဖြစ်နိုင်တယ်၊ ငါတို့ ကိုယ်နေရာကိုယ်သိရမယ် ငါတို့က ရေခဲတုံးရဲ့ ထိပ်ပိုင်းပဲရှိသေးတယ်”
“ဒီကမ္ဘာကကြီးလည်း ငါတို့်က ငယ်သေးတာပဲ ငါတို့မှာ ဖောက်ခွဲဖို့ အခွင့်အရေးရှိသေးတယ်” ဝူရန်ဖေ ပြောလိုက်သည်။
“ဟုတ်တယ်”
“မင်းပြောတာမှန်တယ် ငါ ပြန်သွားတော့ ငါ့အမေက ပြဿနာတွေရှင်းဖို့ ငါ့ကိုစောင့်နေခဲ့တယ်” ဝူရန်ဖေ ပြောလိုက်သည် “တခြားရှိရင် ငါ့ကို တိုက်ရိုက်လာရှာပေါ့”
“အိုခေ”
သူသည် ဒီနေ့မှရောက်သည်။ ထို့ကြောင့် လုပ်စရာ များများစားစားမရှိပေ။
နှစ်ရက်အကြာတွင် တွေ့ဆုံပွဲသည် တရားဝင်စတင်သည်။ မြို့တစ်ခုလုံးသည် ပွဲကျင်းပကာ တစ်နေ့လုံး ပြင်ဆင်ကြသည်။
ရှီမာယူယူသည် ပွဲမတိုင်ခင် အခန်းထဲတွင်နေသည်။ သူမသည် လုမင် ညီအစ်ကိုများနှင့် တွေ့ဆုံကာ သူတို့အား ပွဲကြည့်ရန် အတူတကွသွားကြလေသည်။
အစပိုင်းတွင် တွေ့ဆုံပွဲသည် နောက်ထပ် အဆင့်များအတွက် ပြိုင်ပွဲဟုထင်ထားသော်လည်း ထိုပွဲသည် အဆင့်အတွက်ပြိုင်ပွဲနှင့် ဆက်စပ်သောပွဲဖြစ်ကာ ၅နှစ်တစ်ခါကျင်းပပြီး အဆင့်အတွက် ပြိုင်ပွဲကိုတော့ အနှစ် ၂၀ တစ်ခါ ကျင်းပသည်။
ထိုကဲ့သို့ ပွဲများတွင် သူတို့်သည် နယ်ပယ်စုံမှရောက်လာကာ အခွင့်အရေးရှာပြီး တစ်ယောက်နှင့် တစ်ယောက်ပြိုင်ဆိုင်မှုကို တိုင်းတာသည်။
ပွဲပြီးသွားချိန်တွင် အထွတ်အထိပ်နန်းတော်သထင်သည် အဆင့်အတွက် ပြိုင်ပွဲ၏ သဘောတူညီချက် များကို ပြောသည်။ ထို့နောက် နယ်ပယ်စုံမှ ပြိုင်ပွဲများ စတင်တော့သည်။
မျိုးနွယ်အားလုံးသည် တက်ရောက်သည့် အရေအတွက်ကို သတင်းပို့ရသည်။ သူတို့သည် တစ်ယောက်ယောက်ကို ထူးခြားစွာ ပေါ်ထွက်နေသည်မျိုးမလိုသဖြင့် ပြိုင်ပွဲကိုအစဉ်လိုက် စီစဉ်ထားသည်။
ရှီမာယူယူသည် ထိုကဲ့သို့ ပွဲများကို စိတ်မဝင်စားပဲ ပွဲမပြီးခင်တွင် ထွက်လာခဲ့သည်။
သူမ ထွက်လာသည်နှင့် ရင်းနှီးသော ပုံရိပ်ကိုတွေ့သည်နှင့် နှစ်ယောက်လုံး ရပ်မိကြသည်။
“မတွေ့တာကြာပြီနော်” နာလန်လန်သည် သူမအား နှုတ်ဆက်သည်။ သူမသည် ပြုံးထားသော်လည်း သူမ အကြည့်များမှာ အေးစက်နေသည်။
ရှီမာယူယူသည်လည်း ပြုံးကာ ပြောလိုက်သည် “မင်းကို ဒီမှာတွေ့ရမယ်လို့ ထင်မထားဘူး၊ ဒီမှာ တစ်ယောက်တည်းလား မူရုန်အန်းမပါဘူးလား”