← Chapters

အပိုင်း (၃၁၁) – ဟာစွန်ပြန်လာခြင်း

Vol. 004 Ch. 311

အပိုင်း (၃၁၁) – ဟာစွန်ပြန်လာခြင်း

Vol. 004 Ch. 311

နာလန်လန်သည် ရှီမာယူယူ ထိုမေးခွန်းမေးလိမ့်မည်ဟု ထင်မထားပေ။ သူမ မျက်နှာပျက် သွားသော်လည်း ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည် “သူနဲ့ မပတ်သတ်တော့တာ ကြာပြီ၊ မင်း ဒီအခြေအနေကို သိချင်ရင် အင်ပါယာမြို့တော်ကို ပြန်ကြည့်ပါလား”

“ထားလိုက်ပါ၊ ငါ ပြန်သွားရင် အရိုက်ခံရလို့ သေမှာကြောက်တယ်” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ပြောလက်စနဲ့ မင်းငါ့ကို ကျေးဇူးတင်ရမယ်မဟုတ်ဘူးလား၊ ငါသာ အဲဒါကို မပြောခဲ့ရင် မင်းကတော့ အမှောင်ထဲမှာပဲနေနေဦးမှာပဲ”

“ဟုတ်တယ် ငါ မင်းကို ကျေးဇူးတင်ရမယ်၊ မင်းသာမဟုတ်ရင် ဒီကိုလာပြီး အတွေ့အကြုံကောင်းတွေ ယူဖို့ ဆုံးဖြတ်မိမှာမဟုတ်ဘူး” နာလန်လန် ပြောလိုက်သည် “ဒီမှာရောက်တော့ အရင်က ကြုံခဲ့တာတွေက ဘာ်မှ မဟုတ်ဘူးဆိုတာကို သိလာတယ်၊ ငါ့ဘဝက အခုမှစတာပဲ၊ အဲတော့ ငါမင်းကို ကျေးဇူးတင်ရမှာပဲ”

“စကားပြောကောင်းတယ်” ရှီမာယူယူသည် ရှက်ပြုံး ပြုံးလိုက်သည်။

“မင်း အားအရမ်းကောင်းလာတယ်လို့ ကြားတယ်၊ အစတုန်းက မင်းနဲ့ နှစ်ယောက်ချင်းတိုက်ချင်တာ၊ အခုတော့ မင်းက မတိုက်နိုင်ဘူးဖြစ်နေတယ် နှမြောဖို့ကောင်းလိုက်တာ” နာလန်လန်သည် နှမြောသည့် အမူအရာဖြင့် ပြောလေသည်။

“တစ်ခါတစ်လေ နှမြောတာက လှပတဲ့အရာဖြစ်သွားတတ်တာပဲ၊ မဟုတ်လို့ နောက်ကျသွားတဲ့ အခါကျရင် နောင်တရလွန်းလို့ ငိုချင်တဲ့အထိဖြစ်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်မှာပါ” နာလန်လန် ပြောလိုက်သည် “ငါ လုပ်စရာရှိသေးလို့သွားတော့မယ် အရင်အကြောင်းတွေ ပြန်မပြောပဲနေကြအောင်”

ထို့နောက်တွင် သူမသည် ရှီမာယူယူအား ဖြတ်လျှောက်ကာ အဆောက်အဦးထဲသို့ ဝင်သွားလေသည်။

ဘေဂုံထန်သည် ရှီမာယူယူနောက်လိုက်ကာ သူတို့နှစ်ယောက်ပြောစကားများကို နားထောင်ရင်း နာလန်လန်သွားသည်နှင့် ရောက်လာကာ မေးလိုက်သည် “နာလန်လန် အရင်ကနဲ့ မတူတော့ဘူးလို့ မထင်ဘူးလား”

ရှီမာယူယူသည် ဘေဂုံထန်အားကြည့်ပြီး အံ့သြသွားသည်။ “နင်လည်း သတိထားမိတာလား၊ သူမက အခု လူကောင်းသူကောင်းပုံပေါက် မနေဘူးလား”

“ဟုတ်တယ် အခု သူမက မြင့်မြတ်တဲ့အိမ်တော်က လူလိုပဲ၊ ဟုတ်သား မင်းစီနီယာအစ်ကိုလို မျိုးပုံ ပေါက်နေတာ” ဘေဂုံထန်ပြောလိုက်သည်။

သူတို့နှစ်ယောက်သည် ခံစားချက်များကို ပြောကာ ဆက်လျှောက်လာခဲ့သည်။

“င့ါ စီနီယာအစ်ကိုအကြောင်းတော့မပြောနဲ့ သူက အယောင်ဆောင် သူတော်စင်ကြီး” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမယ့် နာလန်လန်ကတော့ စစတွေ့ချင်းတော့ အရင်က သူမ ပါပဲ၊ နှမြောစရာပဲ သူမ အရည်အချင်းကလိုနေသေးတယ်၊ သူမက ဒီလိုရောင်ဝါကိုထုတ်ပေမယ့် သူမ အကြည့်ကို ထိန်းချုပ်ဖို့အတွက် လေ့ကျင့်ဖို့ လိုသေးတယ်”

“သာမာန်လူက နင့်လို အဆိပ်ပြင်းတဲ့ ရောင်ဝါ မရှိဘူးလေ” ဘေဂုံထန် ပြောလိုက်သည်။

“ဟုတ်မှာပါ ဒါပေမယ့် အဲလူတွေက သူမကို အဲလိုမစဉ်းစားကြဘူးနဲ့တူတယ်” ရှီမာယူယူသည် လှည့်ကာ သူမအနောက်သို့ ကြည့်လိုက်သည်။ နာလန်လန်သည် လူအများအလယ်တွင် အားလုံးအား ပြုံးပျော်စွာ နှုတ်ဆက်နေပြီး ရိုသေခြင်း ရောင်ဝါကို ထုတ်လွှတ်ထားသည်။

ဘေဂုံထန်သည်လည်း ထိုအရာကို သတိထားမိသဖြင့် ပြောလိုက်သည် “သူမ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ တာနဲ့ ရောင်ဝါပြောင်းလဲတာက ဆက်စပ်မှုရှိမလား”

“ဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “လီလီ ခန္ဓာကိုယ်ဖွဲ့စည်းပုံ… လီလီပန်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးဖြစ်နိုင်တယ်၊ သွားရအောင် အဲလူတွေ အဆင်ပြေနေကြတယ်၊ အရင်ပြန်သွားရအောင်”

“အိုခေ”

“ဘေဂုံ နင် တခြားတိုင်းပြည်တွေ အကြောင်း ကြားဖူးလား” ရှီမာယူယူ မေးလိုက်သည်။

“တခြား နယ်မြေတွေလား၊ နင် လေတိမ်တိုက်တိုင်းပြည်တို့ ပြစ်ချက်မဲ့တိုင်းပြည်တို့ကို ပြောတာလား” ဘေဂုံထန် မေးလိုက်သည်။

“မင်းသိတယ်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

ဖြစ်နိုင်သည်။ ဘေဂုံထန်သည် အမြင့်တိုင်းပြည်မှ လာသူဖြစ်၍ သူမသိနေသည်မှာ သဘာဝကျသည်။

“ငါလဲ အဲ၂ခုပဲသိတယ်” ဘေဂုံထန် ပြောလိုက်သည် “ဒါပေမဲ့ တခြားမတူတဲ့ တိုင်းပြည်တွေလည်း ရှိတယ်လို့ ကြားဖူးတယ်”

“ဒါဆို နင်ဘာလို့ ယိလင်းတိုင်းပြည်ကို ရွေးတာလဲ” ရှီမာယူယူသည် အနည်းငယ် သံသယဝင်မိသည်။ တခြားတိုင်းပြည်သွားခြင်းသည် ဒီတိုင်းပြည်ထက်တော့ သာလိမ့်မည်။

ဘေဂုံထန်သည် ခါးသက်စွာပြုံး ပြီးခေါင်းရမ်းကာ ပြောလိုက်သည် “ငါတို့ ဝန်းရံခံထားရတုန်းက ကလေးထိန်းက ငါတို့ကို ထွက်ဖို့ လမ်းရှာပေးခဲ့တယ်၊ ဒါပေမဲ့ လွတ်ပြီးတော့လည်း ဘယ်သွားရမလဲဆိုတာ စဉ်းစားရတယ်၊ ကံကောင်းစွာနဲ့ပဲ ငါတို့ ဒီမှာရှိနေတယ်၊ မဟုတ်ရင် ဒီနေ့ ငါဆိုတာ ဖြစ်လာမှာမဟုတ်ဘူး”

“ဟင်”

“ဘာလို့လဲဆိုတော့ ဒီနေရာက ပိတ်ပင်ထားတာအများဆုံးပဲ ဒီနေရာကိုလာတော့ ငါတို့ တန်ဖိုးကြီးတာတွေ ပေးဆပ်ရတယ်၊ အဲလူတွေက အင်အားလုံလုံလောက်လောက်မရှိဘူး၊ ပြီးတော့ ငါတို့ကို လွတ်အောင်လုပ်ပေးတဲ့ ကလေးထိန်းလို မတိုက်ခိုက်ပေးခဲ့ဘူး” ဘေဂုံထန် ပြောလိုက်သည်။

“အဲဒါဆိုရင် ကလေးထိန်းက အဲဒီမှာ ဒဏ်ရာရသွားတာပေါ့” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” ဘေဂုံထန် ပြောလိုက်သည် “တိုင်းပြည်တွေအကြောင်း ဘယ်လိုလုပ် ရုတ်တရပ် စဉ်းစားမိသွားတာလဲ”

“အရင်တစ်ခေါက်က ဆရာ့ဆီက ကြားလိုက်တာ၊ ဒီမှာ ရှိတာ ငါတို့တိုင်းပြည်တင်မဟုတ်ဘူးလို့ ပြောလို့ အံ့သြသွားလို့” ရှီမာယူယူ ပြောလိုက်သည်။

သူမ ထပ်စဉ်းစားရာ ကမ္ဘာငယ်များအကြောင်းကို သူမအား နောက်မှပင် ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။မဟုတ်လျှင် သူတို့ စိတ်လှုပ်ရှားရုံအပြင် မတတ်နိုင်ပေ။

ဘေဂုံထန်သည် အမြင့်လောကမှ လူဖြစ်သော်လည်း သူမ ထွက်လာချိန်တွင် သူမသည် ငယ်သေးသည်။ သူမသည် အပြင်လောကကိုထွက်လာသည်ဖြစ်၍ ကမ္ဘာငယ်များအကြောင်းကို သိမည်မဟုတ်ပေ။

ရှီမာယူယူ ပြောစကားအရ ရှီမာယူယူသည် ထိုအကြောင်းများကို အခုမှ သိ၍ သိချင်စိတ်ဖြစ်နေသည်ကို ဘေဂုံထန် သိလိုက်သည်။

သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက် ဆက်လျှောက်လာကာ ပတ်ဝန်းကျင်မှလူများသည် အဆင့်မြင့်ဝိညာဉ် များရှိကာ ပျော်ရွှင်နေကြသည်ကို တွေ့သည်နှင့် နှစ်ယောက်လုံး လက်မခံနိုင်စွာ ခေါင်းရမ်း လိုက်သည်။

“ဒီတွေ့ဆုံပွဲက ဘာမှလည်းမဟုတ်ပဲနဲ့ ဘာတွေ အဲလောက်ပျော်နေကြတာလဲ” ဘေဂုံထန် နားမလည်နိုင်တော့ပေ။

“တချို့လူတွေက ဒီလိုနေရတာ ကြိုက်ကြတယ်၊ သူတို့အတွက် ဘာမှမဟုတ်ပဲနဲ့ အဆင့်တက်ဖို့ကို ကြိုက်ကြတာ” ရှီမာယူယူ ပြောလိုက်သည်။

အရင်ခေတ်ပဲဖြစ်ဖြစ်၊ ယခုခေတ်ပဲဖြစ်ဖြစ် ပျော်ရွှင်စွာနေတတ်သော လူများအတွက် နေရာမရှိပေ။ အကောင်းနှင့် အဆိုးသည် ဒွန်တွဲနေတတ်သည် မဟုတ်လား။

ရုတ်တရက် သူမ တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် ညာဘက်ကို ကြည့်လိုက်ရာ အဆောက်အဦးထိပ်တွင် လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမအား မြင်သည်နှင့် သူ အောက်ဆင်းလာသည်။

“ငါပြန်လာပြီ” ဟာစွန် သည် ဘာလို့မှန်းတော့မသိပေ၊ သူ ရှီမာယူယူအား မြင်သောအခါ သူမအား ထိုကဲ့သို့ ပြောချင်သည်။

ဘယ်တုန်းကတည်းက သူ သူမကို အိမ်လို့ ခံစားမိသွားတာလဲ။

ရှီမာယူယူ သူ့ပခုံးကို တွန်းကာ နှှုတ်ခမ်းတွန့်ပြီး ဒေါသဖြင့် ပြောလိုက်သည် “ဘယ်တွေရောက်နေ တာလဲ ဘာလို့အကြာကြီးနေမှာ ပြန်လာတာလဲ သက်တန့်လေးရော”

ဟာစွန်သည် ရှီမာယူယူ၏ ဒေါသထွက်နေသော မျက်နှာအားကြည့်ကာ သူမလက်များဖြင့် သူမ ဖက်လိုက်တော့မှပင် သူမ မျက်နှာမှာ ကြောက်စိတ်ကြောင့် ဖျော့နေသည်ကို သတိရသွားသည်။

သူသည် သူမနှင် စာချုပ်ချုပ်ပြီးမှပင် မိန်းကလေးဖြစ်သည်ကို သိခဲ့ရသည်။ သူမ သူ့အား ကယ်ရန် ကြိုးစားသည်ကို မြင်ချိန်တွင် ရှင်းမပြတတ်အောင် သူမနှင့် နီးစပ်သည်ကို ခံစားရသည်။

သူပြုံးကာ ပြောလိုက်သည် “ငါ သူမကို သူမမျိုးနွယ်ကို ပြန်ပို့လိုက်ပြီ”

“အမြင့်လောကကိုလား” ရှီမာယူယူသည် သူမ လက်များကို သူ့ပခုံးမှဖယ်လိုက်သည်။

“ဟုတ်တယ်” ဟာစွန် ပြောလိုက်သည်။

“သူမကို ဘာလို့ပြန်ပို့လိုက်တာလဲ၊ အဲမှာ အဆင်ပြေရဲ့လား အဲဒါ မင်းမိန်းမလေ” ရှီမာယူယူ အော်လိုက်သည်။

“သူမ ပြန်သွားတာ ပိုကောင်းပါတယ်” ဟာစွန် ရှင်းပြသည် “သူမ သွေးသားက ပြန်ကောင်းလာနေပြီ၊ သူမ ပြန်သွားရင် သူမခန္ဓာကိုယ်က ပိုပြီးတုန့်ပြန်နိုင်မယ်၊ ပြီးတော့ သူမ သွေးသားလည်း ပိုသန်မာလာမယ်”

“သက်တန့်လေး အဆင်မပြေမဖြစ်ဘူးလား၊ သူမ ဘယ်လိုလုပ် အဲအဆင့် ရောက်သွားတာလဲ”

ဟာစွန် တွေဝေသွားကာ ပြောလိုက်သည် “အဲဒါက ငါတို့ ဝိညာဉ်သားရဲအချင်းချင်းကိစ္စပါ ငါ အဲဒါတွေကို ရှင်းပြလည်း မင်းနားမလည်ဘူး”

“သြော်” ရှီမာယူယူသည် ထိုကဲ့သို့ စဉ်းစားသဖြင့် မေးခွန်းထပ်မမေးတော့ပဲ လမ်းသာ ဆက်လျှောက်နေလိုက်သည်။

ဟာစွန်သည် သူတို့နှင့် အတူလျှောက်နေသော်လည်း သူ့ စိတ်များသည် ရှီမာယူယူ ဒဏ်ရာရသွားသော နေ့အား တွေးနေမိသည်။

ထိုနေ့က ကြက်သွေးရောင် မီးတောက် ထွက်ပေါ်လာခဲ့သည်။ ရှီမာယူယူ ထိခိုက်ထားချိန်တွင် သူမ ဘာလို့ ထိခိုက်သွားသည်ကို သူ သိသည်။ သို့သော် ခံစားမိသော်လည်း သူဘာမှ မပြောမိပေ။

ရှီမာယူယူ၏ အခြေအနေကို သေချာအောင် လုပ်ပြီး အိပ်ရာထဲမှ သက်တန့်လေးအား တွေ့လိုက်သည်။ သူပျံသွားကာ ပြောလိုက်သည် “ဒါက တကယ်ကောင်းတာပဲ”

ထို့နောက်တွင် ဥသည် အနီရောင်သွေးများ ထွက်လာကာ သက်တန့်လေးအား ဝိုင်းပတ်လိုက်သည်။

ဥမှထွက်လာသော သွေးနှစ်စက်သည် သက်တန့်လေးပေါ်ကျသွားသည်ကို ဟာစွန် သတိထားမိသည်။ ချက်ချင်းပင် သက်တန့်လေး၏ ခန္ဓာကိုယ်သည် အလင်းများ ထွက်လာသည်။

All Chapters