← Chapters

အပိုင်း (၃၁၂) – အကြောင်းပြချက်

Vol. 004 Ch. 312

အပိုင်း (၃၁၂) – အကြောင်းပြချက်

Vol. 004 Ch. 312

အလင်းသည် သက်တန့်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး ကြက်သွေးရောင်မီးတောက်သည်လည်း သူ့အလင်းကို ထုတ်လွှတ်လိုက်သည်။

“သူမကို သူမမျိုးနွယ်ပို့လိုက်တာ ကောင်းတယ် အဲနေရာက သူမအတွက်ပိုကောင်းတယ်”

သူပြောပြီးနောက်တွင် ကြက်သွေးရောင်မီးတောက်သည် သူတို့ စာချုပ်နေရာသို့ ပြန်သွားလေသည်။ ဟာစွန်သည် သက်တန့်လေးအားကြည့်လိုက်ရာ သူမသည် အနီရောင်ဖျော့ဖျော့များ ပတ်လည်ဝိုင်းကာ အိပ်နေသည်ကို တွေ့ရသည်။ အဘိုးနတ်ဆိုးသည် ရှီမာယူယူတွင် ထိုကဲ့သို့ အင်အားကြီးသော ဝိညာဉ်သားရဲရှိမည် ဟုထင်မထားပေ။ သက်တန့်လေး၏ အသက်သွေးကြောကို အလွယ်တကူရအောင် လုပ်ပေးနေသည်ကို တွေ့သည်နှင့် သူ၏ သရုပ်မှန်ကို အံ့သြသွားလေသည်။

“ဆရာ” ဟာစွန်သည် ရှီမာယူယူကိုကြည့်ကာ အော်လိုက်သည် “ကျွန်တော် ခဏသွားလိုက်ဦးမယ် ယူယူကို သေချာလေးကြည့်ထားပေးပါ”

“ကောင်းပါပြီ ဒီကောင်နိုးလာရင်တောင် ပြန်ကောင်းမှာပါ၊ သိမ်းငှက်မျိုးနွယ်ကို ရှာဖို့က မလွယ်ဘူး၊ သူတို့ကို ခြေရာခံလို့ရပါ့မလား”

“သူတို့ရှိတဲ့နေရာကို ကျွန်တော်သိပါတယ်” ဟာစွန် ပြောလိုက်သည် “ကျွန်တော် ငယ်ငယ်က သူတို့နဲ့ ခဏနေဖူးတယ်”

“အဲမျိုးနွယ်က ရောဖို့ခက်တယ်၊ ဂရုစိုက်ဖို့ သတိရပါ” အဘိုးနတ်ဆိုး ပြောလိုက်သည်။ ထိုမတိုင်ခင်တွင် သူသည် ဟာစွန် သေသေရှင်ရှင်ဂရုမစိုက်ပေ။ သို့သော် အခု ဟာစွန်သည် သူ့တပည့်၏ ဝိညာဉ်သားရဲဖြစ်သည်။ သူ့အသက်ရှင်ခြင်း သေခြင်းသည် သူ့တပည့်နှင့်ဆက်စပ်နေ၍ အနည်းငယ်ပင် ဖြစ်ပါစေ သေချာပေါက် ဂရုစိုက်ရမည်။

“ကျွန်တော် နားလည်ပါတယ်” ဟာစွန် ပြောလိုက်သည်။ ထို့နောက်တွင် သူ ဖြတ်လမ်းဖန်တီးပြီး သက်တန့်လေးကို သယ်ကာ ထွက်သွားလေသည်။ သူကဲ့သို အဆင့်ရှိသော ဝိညာဉ်သားရဲမသည် ဖြတ်လမ်း တည်ဆောက်ရန် မဖြစ်နိုင်ပေ။ သို့သော် သူသည် နေရာထိန်းချုပ်ဝိညာဉ်သားရဲဖြစ်သည်။ သူသည် နေရာများကို အာရုံခံလွယ်ကာ ထိုအရာသည် သူ၏ ထူးခြားသော စွမ်းရည်ဖြစ်သည်။ ဟာစွန်သည် ရှီမာယူယူနှင့် တခြားသူများ လမ်းလျှောက်နေသည်ကို တွေ့သည်နှင့် သူလည်း သွားချင်လာသည်။ သူ သိမ်းငှက်မျိုးနွယ်သို့ သွားသောလမ်းတွင်  အန္တရာယ်များနှင့် အခက်အခဲများတွေ့ရသည်။ ရှီမာယူယူနှင့်တွေ့ပြီးနောက်တွင် သူ မြင်ရသည်မှာ ဝါးလာသဖြင့် သူ့ဒဏ်ရာများသည် သေချာစွာ ပျောက်ကင်းမည် မဟုတ်သည်ကို တွေးနေမိသည်။

“ဘာဖြစ်နေတာလဲ” ရှီမာယူယူသည် ဟာစွန်ပြောင်းလဲနေသည်ဟု ခံစားမိသဖြင့် ရပ်ကာ မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး၊ ငါ သက်တန့်လေးကို စိတ်ပူလို့” ဟာစွန်သည် လိမ်လိုက်သည်။

“ဟေး မင်းရဲ့ မိန်းမကို စိတ်ပူစရာမလိုဘူးမလား” ရှီမာယူယူသည် ပြုံးပြီး ဟာစွန်အား ကြည့်လိုက်သည်။ “သူမကို လွမ်းလို့လား၊ မင်းတို့ ခွဲရတာတောင် မကြာသေးဘူး သူမကို လွမ်းနေပြီလား”

“…..”

ဘေဂုံထန်နှင့် ဟာစွန်တို့သည် ရှီမာယူယူအား ဆွံ့အစွာကြည့်လိုက်သည်။

“ဟုတ်သားပဲ မင်း သက်တန့်လေးကို ကမ္ဘာဦးနယ်မြေမှာ တွေ့ခဲ့တာမလား၊ သူမက ဘယ်လိုလုပ် ဒီရောက်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲတုန်းက သိမ်းငှက်မျိုးနွယ်မှာ အတွင်းပိုင်းရှုပ်ထွေးတာတွေဖြစ်နေတာ ပဋိပက္ခတွေဖြစ်နေတော့ သက်တန့်လေးအဖေက သူမ လုံခြုံဖို့အတွက် ငါ့ကို အပ်ထားခဲ့တာ”

“ဒါဆို အခုအခြေအနေရော သက်တန့်လေးအဲမှာ အန္တရာယ်ရှိနေဦးမယ်” ရှီမာယူယူ စိတ်ပူစွာ မေးလိုက်သည်။

“မဖြစ်ဘူး နိုင်သွားတဲ့သူက ငါတို့ သူငယ်ချင်းပဲ ပြီးတော့ အာဏာရှိတဲ့သူက သက်တန့်လေးရဲ့ ဘိုးဘေးပဲ၊ သူမ ပြန်သွားရင်တောင် အဲမှာ ကောင်းကောင်းနေရမယ်” ဟာစွန်ပြောလိုက်သည်။

“ကောင်းတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန်၊ ငါတို့သွားတဲ့အချိန်ကျရင် သူမဆီ သွားလည်ရအောင်”

“အိုခေ”

သူတို့ ရှီမာအိမ်တော်သို့ ရောက်သောအခါ ဘေဂုံထန်သည် သူမ အိမ်သို့ ပြန်သွားကာ ရှီမာယူယူနှင့် ဟာစွန်တို့်သည် သူတို့အိမ်သို့ လာကာ တံခါးပိတ်ပြီး ဝိညာဉ်စေတီအတွင်းသို့ ဝင်လိုက်သည်။

“ဖန်တီးထားတဲ့လောကလား” ဟာစွန်သည် ပတ်ဝန်းကျင်ပြောင်းလဲသွားသည်ကို ကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။

“သခင်” ရာဟွောင်နှင့် တခြားသူများသည် သူတို့ဆီပြေးလာကာ ရှီမာယူယူအား ပွတ်သပ်ကြသည်။

“တုလေးရော” ရှီမာယူယူသည် သူတို့ခေါင်းများကို ပွတ်သပ်ပြီး မေးလိုက်သည်။

“လေ့ကျင့်နေတယ် သွားရှာပေးရမလား” ရာဟွောင် ပြန်ဖြေသည်။

“မလိုဘူး သူ လေ့ကျင့်နေတယ်ဆိုရင် မနှောင့်ယှက်ပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန်နဲ့ ငါ ဆွေးနွေးစရာရှိတယ် မင်းတို့ဘာသာ သွားဆော့လိုက်ကြတော့” ဟုတ်သည်၊ အခုတော့ သူမ ထိန်းကျောင်းထားသော ဝိညာဉ်သားရဲများမှာ ဆော့ကစားနေကြသည်။ သူတို့သည် သူမနှင့် စာချုပ်မချုပ်မှီတွင် နေ့ရော ညပါ လေ့ကျင့်ရသည်။ အခုတော့ သူတို့သည် သူမ လက်အောက် ရောက်သွားပြီဖြစ်၍ သူမ အဆင့်တက်တိုင်းတွင် သူတို့လည်း အဆင့်တက်သည်။ ထို့ကြောင့် သူတို့ လေ့ကျင့်စရာမလိုပဲ သူတို့ဘာသာ ကစားကြလေသည်။

“ဒါဘယ်နေရာလဲ” ဟာစွန် မေးလိုက်သည်။

“င့ါကိုယ်ပိုင်နေရာလေ ဝိညာဉ်စေတီ” ရှီမာယူယူ ပြောလေသည် “ဟိန်းသံလေးနဲ့ တခြားသူတွေက များသောအားဖြင့် ဒီနေရာမှာ လေ့ကျင့်ကြတယ်၊ နောက်ဆိုရင် မင်းလည်း ဒီမှာနေလို့ရတယ်”

“ပတ်ဝန်းကျင်ကတော့ မဆိုးဘူးပဲ” ဟာစွန် ပြောလိုက်သည်။

“မင်းကြည့်ရအောင် ငါလိုက်ပြမယ်” ရှီမာယူယူသည် သူ့အား ဆေးခန်း၊ စာကြည့်တိုက်နှင့် သိုလှောင်ခန်းများကို ခေါ်သွားလေသည်။ သူတို့ အားလုံးလည်ပတ်ပြီးချိန်တွင် တောင်ထိပ်တွင်ထိုင်ကာ အဆုံးမရှိသော ဆေးဖက်ဝင်အပင်စိုက်ခင်းကို ကြည့်နေကြသည်။

“ဟာစွန် မင်း အဲနေ့က သားရဲတစ်သောင်းတောင် ကျွန်းမှာတွေ့ခဲ့တာ ဘာလဲ၊ ဘယ်လိုလုပ် အဲလောက် ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါလည်း မသိဘူး” ဟာစွန် ပြောလိုက်သည် “ငါ ရင်းနှီးတဲ့ ရောင်ဝါကို ခံစားမိလို့ သွားကြည့်တာ ဒါပေမယ့် အဲမှာ အတားအဆီးရှိမယ်လို့ ထင်မထားဘူး၊ ငါ တွန်းထုတ်ပေမယ့် အချိန်သာကြာသွားတယ်၊ ရက်နဲ့ချီကြာပြီးတော့ကို ငါ မီတာ နည်းနည်းပဲ ရောက်လိုက်တယ်”

“ဒါဆို ဘာလို့ဆက်သွားနေလဲ၊ အဲဒါ အန္တရာယ်များတယ်ဆိုတာ မသိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

ဟာစွန် သူမအား ကြည့်ပြီး ပြောလိုက်သည် “ဘာလို့ဆို ငါ နီးသွားလေလေ ရောင်ဝါက ရင်းနှီးသလို ဖြစ်နေလို့”

“ဘယ်လိုရောင်ဝါက မင်းကို အဲလောက် ဆွဲဆောင်သွားတာလဲ ဘာမှန်းမသိတဲ့ဟာအတွက် မင်းအသက်ကို ရင်းမလို့လား” ရှီမာယူယူ ခွင့်မပြုသလို ပြောလိုက်သည်။

ဟာစွန် ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည် “ငါသိချင်တာ၊ ဒါပေမယ့် ငါ ဘေးကင်းဖို့ကို ဂရုမစိုက်လို့ မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေက ငါထိန်းချုပ်နိုင်တာထက် လွန်သွားတယ်၊ ငါပြန်လာ ရင်တောင် သေသွားနိုင်တယ်”

ရှီမာယူယူ အလွန်အံ့သြသွားသည်။ အဲနေရာက ဘယ်လောက်တောင် အန္တရာယ်များတာလဲ။  “အဲရောင်ဝါက ဘာလဲ ဘယ်လိုလုပ် ရင်းနှီးတယ်လို့ သိတာလဲ မင်းတို့ မျိုးနွယ်ဘက်က သူများ ဖြစ်နေမလား” သူမ မေးလိုက်သည်။

“မဟုတ်ဘူး” ဟာစွန်သည် ရှီမာယူယူအား ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည် “အဲဒါ ငါတို့ မျိုးနွယ်က ရောင်ဝါမဟုတ်ဘူး၊ ငါ ရင်းနှီးတယ်လို့ထင်တာက မင်းနဲ့ တူတယ်လို့ ခံစားမိရလို့”

“မင်း ဘာပြောလိုက်တာလဲ” ရှီမာယူယူသည် အေးခဲသွားလေသည်။ သူမ နဲ့ဆင်တူတယ်လို့ သူပြောလိုက်တာလား။

“အချိန်တိုပေမယ့် မင်းရဲ့ခန္ဓာကိုယ်က တစ်ခါတစ်လေ မတူတဲ့ ရောင်ဝါထွက်တာကို ခံစားနိုင်တယ်၊ တစ်ခုက မင်းရဲ့မူလရောင်ဝါနဲ့ မတူဘူး၊ အောက်မှာရှိတဲ့ဟာက မင်းနဲ့ ဆက်စပ်မှုရှိမယ်ထင်လို့ ငါအောက်ဆင်း ကြည့်တာ” ဟာစွန် ပြောလိုက်သည် “ဝမ်းနည်းစရာပဲ ငါ ဘာမှ ရှာမတွေ့ခဲ့ဘူး”

ရှီမာယူယူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒီတစ်ကြိမ်တွင် သူမကြောင့် ဟာစွန် အန္တရာယ်တွင်းထဲ ဆင်းလိမ့်မည်ဟု ထင်မထားပေ။

“ကျေးဇူးတင်ပါတယ် ဟာစွန်”

“ငါ ဘာမှ ရှာမတွေ့ခဲ့တာ ကျေးဇူးတင်ဖို့မလိုပါဘူး” ဟာစွန် ပြောလိုက်သည် “ပြီးတော့ မင်းက ငါ့ကို ကယ်ပေးသေးတယ်”

ရှီမာယူယူ ခဏမျှ တည်ငြိမ်ပြီးမှ ပြောလိုက်သည် “ဟာစွန် မင်းသေတော့မလို ဖြစ်တဲ့အချိန်တုန်းက ငါ့မှာ ရွေးချယ်ဖို့မရှိခဲ့ဘူး အဲတော့ မင်းကို ကုဖို့အတွက် စာချုပ်ချုပ်ဖို့ တွေးခဲ့တယ်၊ မင်းအဲ သဘောတူညီတာကို မကြိုက်ရင် ငါ အဆင့်တွေ တက်သွားရင် စာချုပ်ဖျက်ပြီး လွတ်လွတ်လပ်လပ်နေလို့ရပါပြီ”

“ဘယ်လိုဖြစ်မလဲကြည့်ကြတာပေါ့၊ စာချုပ်ရှိရင်တောင် ငါလုပ်ချင်တာကို မင်း ခွင့်မပြုတာမျိုး မလုပ်ဘူးဆိုတာယုံတယ်၊ မင်းက ငါ့ကို စာချုပ်ကို သုံးပြီး မထိန်းချုပ်ဘူးဆိုတာလည်း ယုံတယ်” ဟာစွန် ပြောလိုက်သည်။

ရှီမာယူယူသည် မယုံကြည်စွာနှင့် မျက်တောင်ခတ်လိုက်သည်။ ဒါဆိုရင် သူမ ထိန်းချုပ်မှုအောက်မှာ ဝိညာဉ်သားရဲအဖြစ်နေမယ်လို့ ပြောလိုက်တာလား။

ဟာစွန်အနည်းငယ် ရှက်သွားသည်။ အစပိုင်းတွင် သူသည် သူမ ဝိညာဉ်သားရဲများနှင့် တန်းတူ မဖြစ်ချင်ပါ။ သို့သော် ဒီလိုကိစ္စများဖြစ်သွားသည့်အတွက် ဒီအတိုင်းပင် လိုက်သွားရတော့မည်။

ရှီမာယူယူ သူ့အား နားလည်သွားကာ ပြုံးလိုက်သည်။

“အဲသတ္တဝါက ငါနဲ့ရောင်ဝါတူတယ်လို့ ပြောတော့ ငါအခု အဲအောက်က ဟာကို သိချင်သွားပြီ” သူမ မေးစေ့အား ပွတ်ကာ ပြောလိုက်သည်။

All Chapters