အပိုင်း (၃၁၃) – ဆန်းချောင်လီ
Vol. 004 Ch. 313
ရှီမာယူယူ ပြောပြီးနောက်တွင် သဘောမတူသည့် အမူအရာဖြစ်နေသော ဟာစွန်အားကြည့်လိုက်သည်။
“အိုခေ ငါ မသွားပါဘူး” သူမ လက်ရမ်းကာ “မင်းက ဒီလောက်အားကောင်းတာကိုမှ အဲမှာ သေလုနီးပါးဖြစ်သွားတာ ငါက ဘာလို့အသက်ကို လောင်းကစားလုပ်ရမှာလဲ၊ ငါလဲ ငါ့အသက်ကို တန်ဖိုးထားပါတယ်”
“ဒါပေမဲ့ အဲတုန်းက မင်း ငါ့ကိုကယ်ဖို့ ကိုယ့်ကိုယ်ကို လျစ်လျူရှုထားခဲ့တယ်လေ” ဟာစွန် ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ အဲတုန်းက မင်းက ငါ့ ကာကွယ်သူလေ၊ မင်းသေသွားရင် မင်းလို အားကောင်းတဲ့သူ ကို ငါဘယ်သွားရှာရမလဲ” ရှီမာယူယူ ပြောလိုက်သည် “ကမ္ဘာဦးနယ်မြေတွေမှာတောင် မင်းက အထွတ်အထိတ် ဝိညာဉ်သားရဲအဖြစ် အဆင့်တက်ခဲ့တယ်၊ အဲဒီလိုဆိုရင် အဲဒီမယ်က စည်းကမ်းတွေတောင် မင်းကို မထိန်းချုပ်နိုင် ဘူးလို့ပြောတာပဲ၊ တခြားသူတွေနဲ့ ငါ့ဆရာတောင် သူတို့စွမ်းအား အမြင့်ဆုံးကိုပဲပြနိုင်တယ်၊ မင်းက သူတို့တွေထက် အများကြီးအားကောင်းတယ်”
ဟာစွန် ပြုံးပြီး ခေါင်းရမ်းလိုက်သည်။ သူမ စိတ်ကူးကို သူ နားမလည်ပဲနေမလား။ သူမ ဘာမှ မပြောသော်လည်း သူမ စိတ်ကို သူနားလည်သည်။
“ဒါပေမဲ့ င့ါအင်အားကောင်းလာတဲ့အချိန်မှာ ငါကိုယ်တိုင် အဲသတ္တဝါကို သွားကြည့်ဖို့ ပြန်လာ ဖို့လည်း ဖြစ်သွားနိုင်တယ် ပြီးတော့ သူ့ကိုယ်ရောင်က ငါနဲ့ဘာလို့တူနေရတာလဲ” ရှီမာယူယူ မတ်တတ်ရပ်ကာ ပြောလိုက်သည် “ကောင်းပြီ ပြန်သွားရအောင်”
“ဒီနေရာက မဆိုးဘူး ငါဒီမှာ လေ့ကျင့်ချင်တယ်” ဟာစွန် ပြောလိုက်သည်။
“ကောင်းပြီ အဲဒါဆိုလည်း ငါသွားမယ်” ရှီမာယူယူ ပြောကာ ဝိညာဉ်စေတီမှထွက်သွားလေသည်။
နောက်နေ့တွင် သူမသည် ရှီမာမိသားစုနှင့်အတူ စင်မြင့်ရှိသော ပြိုင်ပွဲမြေပြင်သို့ သွားလိုက်သည်။ စင်တွင် အကာအကွယ်ရှိသည်ကို ကြည့်ရခြင်းအားဖြင့် ထိုနေရာသည် သူတို့အရည်အချင်းများ အတွက် လေ့ကျင့်ရန် ကောင်းသော နေရာတစ်ခုပင်ဖြစ်သည်။
“ဒီနေ့ ဒီမှာ အတော်ဆုံးအဆင့် စွမ်းအားရှင်တွေ ယှဉ်ပြိုင်မှာဆိုတော့ နာလန်မျိုးနွယ်၊ ဟူ၊ ဆန်းမိသားစုနဲ့ တခြားမျိုးနွယ်တွေ ပါမယ်၊ ဒီမှာ စင် ၃စင်ရှိပြီး မျိုးဆက်တွေရဲ့ စီနီယာ၊ အလတ်ပိုင်းနဲ့ အငယ်ဆုံးတွေက တစ်ချိန်တည်း ယှဉ်ပြိုင်သွားကြမှာ” ရှီမာယူယန်သည် ရှီမာယူယူဘေး တွင် ရပ်ကာ ထိုနေ့၏ ပြိုင်ပွဲအစီစဉ်တွေကို ရှင်းပြလေသည် “နောက်ဆုံးအဆင့် မိသားစုက တခြားမိသားစုရဲ့ စိန်ခေါ်မှုကို လက်ခံရမှာ… သူတို့ရှုံးမယ်ဆိုရင်တော့ အတော်ဆုံးအဆင့် စွမ်းအားရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆုံးရှုံးတာနဲ့အတူ အဲဂုဏ်ပုဒ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ လုပ်ပိုင်ခွင့်ကိုလည်း ဆုံးရှုံးသွားကြမှာ”
“လီမိသားစုက အဂ္ဂိရတ်ပညာရှင်တွေရဲ့ တော်ဝင်မိသားစုမလား၊ သူတို့ကလည်း ဝင်ပြိုင်တာလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့က ပြင်ပအကူအညီပေးဖို့ သဘောတူထားတယ်” ရှီမာယူရှင်း ပြောလိုက်သည်။ “သူတို့က ကိုယ်ပိုင်နည်းလမ်းနဲ့ မျိုးဆက်တူ ပြင်ပအကူအညီကိုတောင်းလို့ရတယ်၊ တကယ်လို့ သူတို့နိုင်ရင် အနိုင်လို့ သတ်မှတ်တယ်”
“စိတ်ဝင်စားစရာပဲ” ရှီမာယူယူ ခေါင်းညိတ်သည်။ “အဲဒီတော်ဝင် အဂ္ဂိရတ်ပညာရှင်မိသားစုက အဲလို စွမ်းအားရှိတယ်ဆိုရင်တော့ သူတို့စွမ်းအား စုဆောင်းတဲ့အခါကျရင် လစ်ဟာမှုမရှိတော့ဘူးလို့ ထင်တယ်”
“ဒီတစ်ခါတော့ ငါတို့ သတိထားရတော့မယ် လီမိသားစု မင်ကို မုန်းလို့သေတော့မယ်၊ ပြီးတော့ ဒီပြိုင်က တစ်ဆင့် မင်းကို အမှုန့်ကြိတ်ချင်နေတာ၊ ဒါပေမဲ့ မင်းက ဝင်မပါတော့ ငါတို့ဘက်လှည့်လာနိုင်တယ်” ရှီမာယူယန် သည် ကြောက်လန့်စွာနှင့်ပြောလေသည်။ သို့သော် သူ့မျက်နှာမှ စိတ်လှုပ်ရှားကို မြင်ရခြင်းသည် သူသည် ထိုလူများ ပြဿနာလာရှာမည်ကို စောင့်နေသလိုပင်။
သူတို့သည် ကွင်းထဲသို့ဝင်လာပြီး ရှီမာမိသားစု နေရာချထားသည့်နေရာနားသို့ လျှောက်လာသည်။ သူတို့၏ မုန်းတီးစွာ သူမအား ကြည့်သော အကြည့်ကို ရှီမာယူယူခံစားမိသည်။
သူမ လမ်းလျှောက်ခြင်းကို ရပ်ပြီး ကြည့်လိုက်ရာ လီမူသည် လီမိသားစု နေရာတွင် မိသားစု၏ လူငယ်ပိုင်းများနှင့် ထိုင်နေကာ သူတို့အားလုံးသည် လူသတ်မည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ပြီးခဲ့သည့် တစ်ခေါက် နဂါးတန်ပြန်တောင်မှာတုန်းက သူ သူတို့ကို ပန်းအနံ့ဖြူးခဲ့သည်လေ၊ ဘယ်လိုလုပ် ဒီလို လူသတ်တဲ့အကြည့်နဲ့ကြည့်ရဲတာလဲ။
သူမ ရယ်မောကာ ပြောလိုက်သည် “လီမူ မင်းက ငါ့ကို မြင်ရဲ့သားနဲ့ လာလို့ လာမနှုတ်ဆက်တာလဲ”
သူမ ညင်သာစွာမပြောပဲ တမင်တကာ ကျယ်လောင်စွာပြောလိုက်သဖြင့် အားလုံး၏ အာရုံသည် သူမ ဆီရောက်လာသည်။
“အဲဒါ ရှီမာယူယူလား”
“သူက လီမူကို အနိုင်ရတဲ့ တစ်ယောက်လား”
“သူ့ကြည့်ရတာ ငယ်မယ့်ပုံပဲ လီမူထက်တောင် ငယ်လောက်တယ်”
“မင်းကလည်း မသိလိုကတာ ရှီမာယူယူက ၂၂ နှစ်ပဲရှိသေးတယ်၊ လီမူက ၂၆နှစ်ရှိပြီ”
“ဘာ သူတို့က ၄နှစ်တောင် ကွာတာလား”
“ဟုတ်တယ် ပိုပြီးကြောက်စရာကောင်းတာက သူ့အဆင့်က လီမူထက်မြင့်နေတာပဲ ထင်မထားဘူး မလား”
“ရှီမာမိသားစုက ထင်ထားတဲ့အတိုင်း အင်အားကြီးလာတာပဲ ဒီလိုမျိုး ရတနာကို ရှာတွေ့ရတယ်လို့”
“အဂ္ဂိရတ်ပညာတင် တော်တာမဟုတ်ဘူး တိုက်ပွဲမှာဆိုလည်း သန်မာတယ်၊ ဝူဖန်ကိုတောင် သူ့မိဘက မမှတ်မိအောင်ထိ ရိုက်လိုက်တာလို့ ကြားတာပဲ”
“သူက အဲလောက်တော်တာတောင် လီမူက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ လူပဲ၊ ဒီလိုလူကြားထဲမှာ သူ့ကို အရိုအသေပေးဖို့ ဘယ်လိုလုပ်ပြောရဲရတာလဲ၊ မလွန်လွန်းဘူးလား”
“မှန်တာတော့မှန်တယ်၊ အဲဒါက သူတို့နှစ်ယောက်ကြားက အလောင်းအစားပဲ၊ လီမူရှုံးရင် သူ့ကို ဆရာလို့ ခေါ်ရမယ်၊ သူ့ ကတိကိုတည်ဖို့ဆိုရင် အဂ္ဂိရတ်ပညာရှင်အသင်းက ဘာထင်မြင်ချက်မှ ပေးလို့မရဘူး၊ သူတို့အဖွဲ့ဝင်က ရှုံးတာ ဘာတတ်နိုင်မှာလဲ”
ရှီမာယူယူသည် အားလုံးပြောနေသည်ကို ကြားသော်လည်း ဘာမှပြန်မပြောကာ လီမူကိုသာ တည့်တည့်ကြည့်ပြီး ပြောလိုက်သည် “ဘာလို့လဲ၊ မင်းက လောင်းတဲ့သူလေ အခုမှ နောင်တရနေပြီလား”
လီမူ၏ လက်များသည် အင်္ကျိလက်အတွင်း လက်သီးဆုပ်မိပြီးသားဖြစ်လေသည်။ လူများပြောနေ သည်ကို သူကြားသည့်အပြင် ရှက်သော်လည်း သူရှုံးထားသဖြင့် သူလုပ်နိုင်သည့်အရာမရှိပေ။ သူ၏ ဆန့်ကျင်သော အမူအရာကို အများကို မမြင်စေလိုပေ။
သူမတ်တတ်ရပ်ကာ ရှီမာယူယူအား ခေါင်ငုံ့ကာ နှုတ်ဆက်လေသည် “ဆရာ”
ရှီမာယူယူ ဂုဏ်ယူစွာဖြင့် မတ်တတ်ရပ်ကာ ပြုံးပြီး ပြန်ဖြေလေသည် “ပြန်ထလို့ရပါပြီ”
လီမူ မတ်တတ်ရပ်ကာ ထိုင်ခုံနေရာသို့ ပြန်သွားပြီး ရှီမာယူယူအား လျစ်လျူရှုလေသည်။
သူ့ဘေးတွင်ထိုင်နေသော လူငယ်တစ်ယောက်သည် ပြောလိုက်သည် “ငါတို့ ဒီနေ့မိသားစု ပြိုင်ပွဲမှာ တွေ့ပါစေ ဆုတောင်းတယ်၊ အဲဒါမှ ဘယ်သူက ထိပ်တန်းလဲဆိုတာ ပြလို့ရမှာ”
“ဟုတ်တယ်၊ ယူယန်နဲ့ တခြားသူတွေကလည်း မင်းတို့ပြင်ပအကူအညီက ဘယ်လောက် သန်မာလဲဆိုတာ ကြည့်ချင်နေတယ်” ရှီမာယူယူပြောပြီး ဆက်လျှောက်သွားကာ သူတို့၏ အေးစက်သော အကြည့်များကို လျစ်လျူရှုလေသည်။
သူတို့ ဆန်းမိသားစုကို ဖြတ်သွားချိန်တွင် သန်မာသော ကိုယ်ရောင်ကို သူမ ခံစာလိုက်ပြီး ကြည့်လိုက်ရာ အနက်ရောင် ဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက်သည် မျက်စိမှိတ်ပြီး နာလန်ထူသည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်နေသည်ကို တွေ့လိုက်ရသည်။
“ဒီတစ်ယောက်က သန်မာတယ်၊ ယူလင်းနဲ့ ယှဉ်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါက ဆန်းမိသားစုရဲ့ အငယ်မျိုးဆက်ထဲက အောင်နိုင်သူ ဆန်းချောင်လီပဲ” ရှီမာယူယန် သူမကြည့်သော နေရာသို့ ကြည့်ကာ ထိုလူအား မှတ်မိလေသည်။
ထိုလူအား ရှီမာယူယူ မမြင်ဖူးသည်ကို သိသဖြင့် တိတ်တဆိတ် မေးလိုက်သည် “ဆန်းမိသားစု… အဲဒါက ဝူရန်အမေဘက်က ဆန်းမိသားစုမလား”
“မဟုတ်ဘူး ဒီဆန်းမိသားစုက တောင်ပျံလွှားတိုင်းပြည်က၊ ပြီးတော့ သူတို့က တောင်နေကြတ် တိုင်းပြည်နဲ့ ပတ်သတ်မှုမရှိဘူး” ရှီမာယူယန် ပြောလိုက်သည်။
“သြော်” ရှီမာယူယူ ဆန်းချောင်လီကို ထပ်ကြည့်ပြီး ရှီမာမိသားစု နေရာဆီသို့ ဆက်လျှောက်လာသည်။
သူတို့ထွက်သွားချိန်တွင် ဆန်းချောင်လီ မျက်လုံးဖွင့်လာသည်။ သူ်သည ရှီမာယူယူ၏ ဖြတ်သွားသော ပုံရိပ်ကို ကြည့်ကာ အတွေးများ နှစ်မြောလေသည်။
“ဘာလဲ ချောင်လီ” ဘေးမှ ကောင်လေး မေးလိုက်သည်။
“အဲလူ…က အရမ်း အင်အားကောင်းတယ်၊ သူက ခက်ခဲမယ့် ပြိုင်ဘက်ပဲ” ဆန်းချောင်လီ ပြောလိုက် သည်။
“ရှီမာယူယန်လား သူက မင်းကို မနိုင်ပါဘူး” ကောင်လေးသည် ရှီမာယူယန်နှင့် ရှီမာယူယူအား ကြည့်ပြီး ပြောလေသည်။
“သူမဟုတ်ဘူး သူ့ဘေးကတစ်ယောက်” ဆန်းချောင်လီသည် ရှီမာယူယူအား ကြည့်ပြီးပြောလေသည်။
“ရှီမာယူယူလား သူက အဂ္ဂိရတ်ပညာရှင်လို့ကြားတယ်၊ ဒါပေမဲ့ အဆင့်တော့မမြင့်လောက်ပါဘူး” သူ ပြောလိုက်သည်။
“မဟုတ်ဘူး သူက ကိုယ်ရောင်ကို ဖုံးထားပေမယ့် ငါခံစားလို့ရနေတယ်၊ သူက ငါထင်ထားတာထက် ပိုအားကောင်းတယ်” ဆန်းချောင်လီ ပြောလိုက်သည်။
သူ့ဘေးမှ ကောင်လေးသည် မျက်လုံးပြူးကာ ပြောလိုက်သည် “မဖြစ်နိုင်ဘူး၊ သူက အားကောင်း တာလား”
“သေချာတယ်” ဆန်းချောင်လီ ပြောလိုက်သည် “ဒါပေမဲ့ ဘယ်လောက်သန်မာလဲဆိုတာတော့ သူနဲ့ တိုက်ကြည့်မှပဲသိမှာပဲ”
“နှမြောစရာပဲ သူက ဒီတစ်ခေါက်ဝင်မပြိုင်ဘူး၊ မဟုတ်ရင် သူက မင်းပြောသလို အင်အား ကောင်းလားဆိုတာ သိရမှာ”
“နောက်ကို အခွင့်အရေးရှိလာမှာပါ” ဆန်းချောင်လီ မျက်စိပြန်မှိတ်ကာ ပြောလိုက်သည်။