← Chapters

အပိုင်း (၃၁၅) – နာလန်လန် ပေါ်ထွက်လာခြင်း

Vol. 004 Ch. 315

အပိုင်း (၃၁၅) – နာလန်လန် ပေါ်ထွက်လာခြင်း

Vol. 004 Ch. 315

နာလန်မျိုးနွယ်နှင့် လီမျိုးနွယ်တို့သည် ရှီမာမျိုးနွယ်၏ ရလဒ်ကို ကျေနပ်နေကြသည်။ ပြိုင်ပွဲအလယ်ပိုင်း တွင် သူတို့သည် ရှုံးနိမ့်သွားခဲ့သည်။ ထိုကျရှုံးခြင်းသည် သူတို့အာ ဒုတိယအဆင့် စွမ်းအားရှင်အဖြစ် အဆင့်အတန်း လျော့ကျသွားစေမည်။

ဆန်းမျိုးနွယ်သည် ရှီမာမျိုးနွယ်အား မည်သည့်ထင်မြင်ချက်ကိုမှ မပေးပေ။ ကောင်းခြင်း ဆိုးခြင်းကို မဝေဖန်ပေ။ သူတို့ကို စိုးရိမ်သည်မှာ ဟူမျိုးနွယ်ဝင်များသာရှိသည်။

သို့သော် ရှီမာမျိုးနွယ်ဝင်များသည် သူတို့ အငယ်ပိုင်းမျိုးဆက်များမှာ တခြားသော မျိုးနွယ်များထက် ပိုသန်မာသည်ကို သိသဖြင့် မစိုးရိမ်ပေ။

“ရှီမာမျိုးနွယ်ကို လုံးဝပျောက်သွားအောင် လုပ်ပေးမယ် စောင့်နေ” လီမျိုးနွယ်မှ လူများသည် ရှီမာယူယန်နှင့် တခြားသူများကို မြင်သောအခါ လှောင်ပြောင်ကြသည်။ ထို့နောက် သူတို့သည် ရယ်မောကာ ထွက်သွားလေသည်။

ရှီမာမျိုးနွယ်မှ မခံမရပ်နိုင်ဖြစ်နေသော လူတစ်ယောက်သည် ထိုလူများအား သင်ခန်းစာ ပေးရန် သွားချင်သည်။ သို့သော် ရှီမာယူယူက သူ့အားတားထားလေသည်။

“ယူယူ ငါ့ကို မတားနဲ့ ငါ သူ့ကိုရိုက်မှာ” အဲလူသည် အော်ရင်း ရုန်းလေသည်။

“မလောပါနဲ့ ဒီနေရာက ပြိုင်ပွဲပဲ၊ ပြဿနာဖြစ်ရင် ခေါင်းဆောင်က ငါ့တို့ကို ထုတ်လိုက်ရင် ငါတို့ ပြိုင်ပွဲမဝင်ရပဲနေမယ်” ရှီမာယူယန်သည် ဘေးမှနေကာ ပြောလေသည်။

“အဲဒီ လီမျိုးနွယ်ကလူတွေက အငြိုးထားလွန်းတယ်” ထိုလူသည် မကျေမနပ်ဖြင့် ပြောလေသည်။

“ငါအဲလူကို သိတယ်၊ သူက လီမျိုးနွယ်က လီလင်းပဲ၊ သူက လီမူရဲ့ အစ်ကိုပဲ၊ သူလည်း ဒီနေ့ပြိုင်ပွဲမှာ ပါမယ်” ရှီမာယူရန် ပြောလိုက်သည်။

“ကောင်းတယ်” ရှီမာယူယန် ပြောလိုက်သည် “အားလုံး စုလိုက်ကြ၊ မင်းတို့ နာလန်မျိုးနွယ် ဒါမှမဟုတ် လီမျိုးနွယ်က လူနဲ့တွေ့ရင် သူတို့မိဘတွေတောင် မမှတ်မိအောင် ရိုက်ပစ်ရမယ် နားလည်လား”

“နားလည်ပါတယ်” ရှီမာမျိုးနွယ်ဝင်များသည် တစ်သားတည်း အော်လိုက်ကြသည်။

သူတို့သည် ကိုယ့်နေရာကိုယ်သွားကာ ပြန်ထိုင်ကြလေသည်။ လူကြီးပိုင်းမျိုးနွယ်ဝင်များ ထိုအရာကို မြင်သောအခါ အလွန်ကျေနပ်ကာ သူတို့အား မလောကြပေ။

လျင်မြန်စွာပင် ပြိုင်ပွဲစတင်တော့သည်။ အရွေးခံရသော သူများသည် မဲနှိုက်ရန် သွားကြသည်။ သူတို့သည် ကိုယ့်လူနှင့်ကို ပြိုင်ရန် ခွင့်မပြုထားသဖြင့် သူတို့ရွေးလိုက်သော နံပါတ်အတိုင်း ပြိုင်ရသည်။

ဒီတစ်ခေါက်ပြိုင်ပွဲသည် တစ်ဦးနှင့် တစ်ဦးထိပ်တိုက်မတွေ့လျှင် ဘယ်သူက သန်မာသည် အားနည်း သည်ကို ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။ ပြိုင်ပွဲပြီးသွားသည်နှင့် နေရာရခြင်းအတွက် အဆင့်ပြိုင်ပွဲရှိမည်။ ထိုနေရာ ရခြင်းအတွက် ပြိုင်ပွဲသည် စွမ်းအားရှင်နေရာအတွက် အကျိုးသက်ရောက်မှုမရှိသော်လည်း လွှမ်းမိုးမှုတော့ ရှိနေသေးသည်။ အားလုံးထက် မျိုးနွယ်အားလုံးမှ ထိပ်တန်းမျိုးဆက်ဟု သတ်မှတ်ခံရမည်။

ထို့ကြောင့်ပင် မနေ့က သတ်လတ်ပိုင်းအရွယ်ပြိုင်ပွဲကို လူအများကြီး မလာခဲ့သော်လည်း ဒီနေ့တော့ ကြည့်ရှုရန် လူအများအပြား လာရောက်ကြသည်။ လူကြီးပိုင်းပုဂ္ဂိုလ်များပင် တက်ရောက်ကြသည်။

မျိုးနွယ်တစ်ခုစီတွင် ၁၆ယောက်၊ မျိုးနွယ် ၅ခုဖြစ်သဖြင့် အားလုံးပေါင်း အယောက် ၈၀ဖြစ်သည်။ ပြိုင်ပွဲ ၄ခုခွဲကာ သူတို့သည် စင်သုံးခုတွင် နေရာယူကြသည်။

ရှီမာမျိုးနွယ်သည် ပထမဆုံး ၁၀ပွဲတွင် ဝင်မပါသဖြင့် သူတို့ကို ဘယ်သူမှ သတိမထားမိကြသည်။ ထို့ကြောင့်ပင် အားလုံးသည် သူတို့သည် နောက်ဆုံးမှ ထွက်ကြမည်ဟု မှတ်ချက်ပေးကြသည်။

“ဟူမျိုးနွယ်က ပါရမီရှင်ကတော့ တကယ်မိုက်တယ်”

“မဖြစ်နိုင်ဘူး ဟူကျိရန်ကပိုပြီး တော်တယ်လို့ကြားတယ်”

“နာလန်မျိုးနွယ်က နာလန်ဂျီလည်း သန်မာတာပဲ၊ မနေ့က သူနဲ့ ပခုံးချင်း တိုက်မိတာ ကြောက်ဖို့ ကောင်းတဲ့ ရောင်ဝါကို ခံစားမိတယ်”

“ငါကတော့ ဆန်မျိုးနွယ်က ဆန်းချောင်လီက အသန်မာဆုံးထင်တာပဲ”

“ရှီမာမျိုးနွယ်က ရှီမာယူလင်းက မဆိုးပါဘူး”

“မဆိုးဘူးဆိုတာကို ထည့်မပြောနဲ့၊ ရှီမာမျိုးနွယ်က မျှော်လင့်ချက်မရှိတာတော့ နှမြောစရာကောင်းတယ် သူတစ်ယောက်တည်းကြောင့်နဲ့ ပြောင်းလဲတာရှိမှာမဟုတ်ဘူး”

“ဟုတ်တယ် ရှီမာမျိုးနွယ်က စွမ်းရည်တွေက တခြား မျိုးနွယ် ၄ခုနဲ့ ယှဉ်လို့မရဘူး၊ သမိုင်းကြောင်းရှိတဲ့ မျိုးနွယ်အတွက်တော့ နှမြောစရာပဲ”

“သူတို့က ငါတို့ ဒုတိယအဆင့် စွမ်းအားရှင်တွေလောက် မတော်တာလည်း ဖြစ်နိုင်တာပဲ”

“ငါကြားတာတော့ ရှီမာမျိုးနွယ်မှာ အဂ္ဂိရတ်ပညာ အဆင့်၄ရှိပြီး အသက်၂၂နှစ်ပဲရှိသေးတဲ့ အဂ္ဂိရတ်ပညာရှင် ရှိတယ်ဆိုပဲ၊ ရှီမာမျိုးနွယ်မှာ အဲလို အရည်အချင်းရှိတဲ့သူရှိနေရင် ဒီအဆင့်မှာ ဘယ်လိုလုပ် ရှုံးမလဲ”

စင်ပေါ်မှ ပွဲကိုကြည့်နေသော သူများသည် ဆွေးနွေးနောကသည်။ သူတို့သည် ပြိုင်ပွဲဝင်များ၏ သန်မာမှု အားတိုင်းတာကာ နောက်ပြိုင်ပွဲအတွက် အောင်နိုင်သူကို လောင်းကြေးထပ်နေသည်။

ရှီမာယူယူဘေးမှ လူများသည် ပြိုင်ပွဲအတွက် ပြင်ဆင်ရန် ဆင်းသွားကြသည်။ သူမ ပတ်လည်တွင် လွတ်သွားသဖြင့် လူကြားထဲတွင် သူမ တစ်ယောက်တည်း ထင်ရှားစွာ ကျန်နေလေသည်။

ဖက်တီးကျူနှင့် တခြားသူများ ရောက်လာသောအခါ ထိုင်ရန် နေရာမရှိတော့ပေ။ သူတို့သည် ရှီမာယူယူ အားမြင်သောအခါ လာထိုင်ကြလေသည်။

“ဒီနေရာက ပိုအဆင်ပြေတယ်၊ ငါတို့ ဟိုမှာ အသက်ရှုကြပ်လို့ သေတော့မယ်ထင်ရတယ်” ဖက်တီးကျူသည် ချွေးသုတ်ရင်း စောဒကတက်လေသည်။

“အစောကြီးကတည်းက မင်းတို့ကို ငါနဲ့လိုက်ခဲ့လို့ ပြောသားပဲ မင်းတို့က ကိုယ့်ဘာသာကြည့်မယ် လို့ပြောတာကိုး ကြေမွသွားရမှာ” ရှီမာယူယူသည် ထုံးစံအတိုင်း ဝိညာဉ်အသီးထုတ်ကာ စားလေသည်။

“ဒီနေ့ကို လူဒီလောက်များမယ်မှန်း ဘယ်သူသိမှာလဲ၊ ဟိုမှာကြည့် ပေါက်ကွဲမတတ်ပဲ၊ ပြီးခဲ့တဲ့ ၂ရက်က ဒီလိုမဟုတ်ပါဘူး” ဖက်တီးကျူ ပြောလိုက်သည် “ငါ့ကို အသီးပေး”

ရှီမာယူယူ တစ်လုံးထုတ်ကာ သူ့အား ပစ်ပေးလိုက်သည်။ သူမနောက်လုံးထုတ်ပြီး ဘေဂုံထန်အား ပေးရင်း ပြောလိုက်သည် “အားလုံးက မျိုးဆက်ငယ်တွေ ပြိုင်တာကို ကြည့်ဖို့ ကြိုက်ကြတယ်ထင်တယ်၊ ပြီးတော့ မျိုးဆက်သုံးဆက်မှာ နောက်ဆုံးမျိုးဆက်ဆိုတော့ လူများမှာ ထုံးစံပဲ”

“အငယ်ဆုံးမျိုးဆက် ပြိုင်ပွဲကို ကြည့်ဖို့လာတဲ့သူများတဲ့ပုံပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ငါလာရင်းနဲ့ ကြားလာတာ၊ ပြိုင်ပွဲတွေကို လောင်းထားတဲ့ သူရှိတယ်လို့ပြောတယ်” ဖက်တီးကျူသည် ပြောလိုက်သည် “အဲအချိန်ကျရင် ဘယ်သူ ပထမရမလဲ လောင်းရအောင်၊ ငါတို့ အိတ်တွေတော့ ပိုက်ဆံတွေပြည့်တော့မှာပဲ”

“သေချာတာပေါ့ ငါ အဲဒါကို မင်းကိုအပ်ထားလိုက်မယ်၊ ငါတို့အဖွဲ့အမြတ်ရအောင် လုပ်ပေး” ရှီမာယူယူသည် ဖက်တီးကျူ၏ ပခုံးကို ပုတ်ပြီး ပြောလေသည်။

“ကိစ္စမရှိဘူး၊ ငါ ခဏနေ ဝူရန်ဖေနဲ့ သွားလောင်းပြီး ပိုက်ဆံသွားရှာလိုက်မယ်” ဖက်တီးကျူ ပြန်ဖြေလိုက်သည်။

“ဘာလို့ ဝူရန်ဖေကို သွားရှာမှာလဲ” ဘေဂုံထန်နှင့် ရှီမာယူယူသည် နားမလည်ပေ။

“မင်းတို့အားလုံးက ဝူရန်ဖေကို တောင်နေကြတ်တိုင်းပြည်မှာ နန်းရအောင် လုပ်ပေး ထားတော့ လောင်ကြေးအတွက် သူ့ကို မရှာရင် ဘယ်သူ့သွားရှာရမှာလဲ” ဖက်တီးကျူ ပြန်ဖြေလိုက်သည်။

ဝူရန်ဖေသည် ရုတ်တရက် သူ့အကြောင်းပြောနေသည်ဟု ခံစားမိသဖြင့် သူတို့သုံးယောက် ရှိရာ နေရာသို့ ကြည့်လိုက်သည်။

“နာလန်လန်က အခု နာလန်မျိုးနွယ်ဝင်တွေနဲ့ရှိနေတယ်” ဘေဂုံထန်သည် နာလန်လန် ထလိုက်သည် ကိုမြင်သည်နှင့် အံ့သြစွာ ပြောလေသည်။

“သူမအရည်အချင်းကို သိရဖို့ အခွင့်အရေးကောင်းပဲ၊ ငါ အရင်ကတည်းက ကြည့်ချင်နေတာ၊ သူမမှာ ကြာပန်းခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေတယ်၊ ပြီးတော့ သူမ ကျင့်ကြံတဲ့ နှုန်းကလည်း သူတော်စင်မျိုးနွယ်ရဲ့ ခန္ဓာကိုယ်အတွက်ဆို အဆင့် ၂လောက်ရှိတယ်”

သူတော်စင်မျိုးနွယ်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလင်းခန္ဓာကိုယ် ပိုင်ဆိုင်သူများ လေ့ကျင့်ရာမှ ရရှိခြင်းဖြစ်သည်။ ရှီမာယူယူ၏ ခန္ဓာကိုယ် တစ်ဝက်မှာ အလင်းခန္ဓာကိုယ်ဖြစ်သည်။

“သန်မာလိုက်တာ” ဖက်တီးကျူသည် စင်ပေါ်တွင်ရှိသော နာလန်လန်အား အံ့သြစွာ ကြည့်လိုက်သည်။

ဘေဂုံထန်ခေါင်းညိတ်ကာ ထပ်ပြောသည် “ဒါပေမဲ့ သူမ ခန္ဓာကိုယ် သက်ဝင်လှုပ်ရှားဖို့ တန်ဖိုးကြီး ရတနာတွေအများကြီး ရင်းနှီးရတယ်လို့ ပြောတယ်၊ သူတို့ တန်ဖိုးကြီး ရတနာတွေ သုံးခဲ့ရတယ်တဲ့၊ အခု သူမ ဘယ်အဆင့်ရောက်နေပြီလဲ သိချင်တာ”

“သူမ ပြိုင်ဘက်နဲ့ ပြိုင်တဲ့အခါကျရင် မြင်ရမှာပေါ့” ဖက်တီးကျူ ပြောလိုက်သည်။

သူတို့ ဆန္ဒအား နာလန်လန် မပြည့်စေသည်မှာ နှမြောဖို့ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူမ စင်ပေါ်သို့တက်သွားချိန်တွင် သူမကိုယ်တိုင် မလှုပ်ရှားပေ။ သူမသည် သူမ စာချုပ်သားရဲကို ခေါ်ထုတ်လိုက်သည်။

ထိုသားရဲသည် အမြီးလေးချောင်း ဝိညာဉ်မြေခွေးဖြစ်သည်။ အဆင့် ၂ အံ့ဖွယ်သားရဲဖြစ်ကာ သူ့အားမှာ အဆင့် ၂ ဝိညာဉ်သူတော်စင်နှင့် ယှဉ်နိုင်သည်။

သူမ ပြိုင်ဘက်မှာ လီမျိုးနွယ်မှ လူဖြစ်သည်။ သူသည် ထိုဝိညာဉ်မြေခွေးအား မြင်သောအခါ ချက်ချင်းပင် အရှုံးပေးလိုက်သည်။ သူတို့သည် မတိုက်ခိုက်လိုက်ရသောကြောင့် သူတို့ တိုက်ပွဲကို ကြည့်ချင်သူများ ဆန္ဒ မပြည့်ဝလိုက်ပေ။

“တတိယပွဲ အောင်နိုင်သူနာလန်လန်” ဒိုင်လူကြီး အော်လိုက်သည်။

ဘေဂုံထနသည် ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ဒီပွဲကတော့ အလုပ်မဖြစ်လိုက်ဘူး၊ သူမ နောက်ပြိုင်ဘက်တွေကို ဖိတ်မလားကြည့်ရမှာပဲ”

“အင်း”

“ယူယူ မင်းမျိုးနွယ်ကလူ တက်သွားပြီ” ဖက်တီးကျူ ပြောလိုက်သည်။

ရှီမာယူယူသည် ထိုနေရာအားကြည့်လိုက်ရာ ရှီမာယူလန်သည် စင်ပေါ်သို့ တက်သွားလေသည်။

“ဆိုတော့ နာလန်လန်က အရင်ဆုံးတက်သွားတဲ့သူပေါ့” ရှီမာယူယူသည် သူမ ပြိုင်ဘက်အား ကြည့်ပြီး ကျေနပ်နေမိသည်။ ဒါဆိုရင် သူမ ပြိုင်ဘက်က လီမျိုးနွယ်ဝင်ပေါ့။

All Chapters