← Chapters

အပိုင်း (၃၁၆) – သတ္တိရှိသော ယူလန်

Vol. 004 Ch. 316

အပိုင်း (၃၁၆) – သတ္တိရှိသော ယူလန်

Vol. 004 Ch. 316

ရှီမာယူလန်သည် သေးငယ်သည့်ပုံပေါ်သော်လည်း သူမ၏ ဝိညာဉ်သားရဲသွေးသားကြောင့် သူမသည် ပေါက်ကွဲမတတ် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။

လီမျိုးနွယ်ဝင်သည် သူတို့ပြိုင်ဘက်မှာ ရှီမာမျိုးနွယ်မှ မိန်းကလေးဖြစ်သည်ကို  မြင်သောအခါ ပြုံးပြီး ပြောလိုက်သည် “မင်းငါ့ကို ဒီနေ့ အစ်ကိုကြီးကို သဘောထားပြီး ကောင်းကောင်း ဆက်ဆံဖို့ တောင်းပန်ရမယ်၊ မဟုတ်ရင် မင်းကို မိန်းကလေးဆိုပြီး ညှာပေးမှာ မဟုတ်ဘူး”

ရှီမာယူလန် အေးစက်စွာ ပင့်သက်ရှို့က်ကာ “ရှင် ဒူးထောက်ပြီး ရှင့်ကိုသက်ညှာပေးဖို့ ရှင့်အဒေါ်ကို ကောင်းကောင်းဆက်ဆံပေးဖို့ တောင်းဆိုသင့်တယ်၊ မဟုတ်ရင် ရှင့်မိဘတွေ မမှတ်မိလောက်တဲ့ အထိ ဝက်ခေါင်းဖြစ်အောင် ရိုက်မိတော့မှ အပြစ်မတင်နဲ့”

“ဟားဟား”

သူတို့ အပြန်အလှန်ပြောသည်များကို စင်ပေါ်မှလူများ ကြားသောအခါ ချက်ချင်းပင် ရယ်မော လိုက်ကြသည်။ လီမျိုးနွယ်ဝင်၏ မျက်နှာအမူအရာမှာ ချက်ချင်းမည်းသွားပြီး ပြန်ပြောလေသည် “မင်း ငါ့ကို လွှတ်ပေးခိုင်းရင်တောင် အခုမဖြစ်နိုင်တော့ဘူး၊ မင်း ငါ့အစေခံလုပ်ပြီး လက်ဖက်ရည်ငှဲ့မပေးရင်ပေါ့”

တကယ်လို့သာ ရှီမာမျိုးနွယ်ဝင်သည် လီမျိုးနွယ်၏ အစေခံဖြစ်သွားပါက မျိုးနွယ်တစ်ခုလုံးအတွက် ရှက်စရာပင်ဖြစ်သည်။

“နားညီးလိုက်တာ” ရှီမာယူလန်သည် လက်ကို ဆန့်ထုတ်ကာ သူမ နားရွက်ကို ပွတ်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ထုတ်ကာ ပြိုင်ဘက်ကို တိုက်ခိုက်တော့သည်။

“ဝိညာဉ်သူတော်စင်”

ပြိုင်ပွဲကိုကြည့်နေကြသော အားလုံးသည် မှင်တက်သွားကြသည်။

“မဖြစ်နိုင်ဘူး” ထို လီမျိုးနွယ်ဝင်သည် ချက်ချင်းပင် ပျံတက်သွားကာ ရှီမာယူလန်အား မယုံကြည်စွာ ကြည့်လိုက်သည်။

ရှီမာယူလန်သည် သူမ၏ သူတော်စင်ဝိညာဉ်ကိုယ်ရောင်ကို သူဆီသို့ထုတ်လွှတ်ကာ သူ့အား ထိန်းချုပ်သည်။ ထို့နောက်တွင် သူမ ပြေးသွားကာ ပျံကာ လက်သီးဖြင့် ထိုးလိုက်သည်။ သူ့အား ထိုးနေချိန်တွင် သူမသည် သူ့မေးစေ့အား အောက်စိုက်ထားကာ သူ အညံ့ခံချင်တောင် စကားပြောလို့မရအောင် လုပ်ထား လေသည်။

“ဖန်း”

သူမ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ သူ့ခန္ဓာကိုယ်အပေါ်သို့ အဆက်မပြတ်ထိုးလေသည်။ သူမ၏ ဝိညာဉ်သားရဲသွေးသားကြောင့်ပင် သူမတွင် ဝိညာဉ်သားရဲ၏ အားအင်ရှိလေသည်။ လက်သီးအချက်တိုင်းမှာ တောင် အသေးတစ်တောင်စာ အလေးချိန်ရှိသည်။

ထိုလူသည် စကားမပြောနိုင်တော့သောကြောင့် သူ့ပါးစပ်ဖွင့်လာသည်အထိ စောင့်ရသည်။

ရှီမာယူယူ၏ မျက်လုံးများသည် လခြမ်းသဖွယ်ဖြစ်ကာ သူမအပြုံးသည် တောက်ပလာသည်။

“ယူလန် အဲကောင်မလေးသေးသေးလေးက အမြဲတမ်း တည်ငြိမ်ပြီး တိတ်ဆိတ်နေတယ်၊ သူမကလုံးဝကို ၁၈၀ ဒီဂရီဖြစ်အောင် ပြောင်းပြန်လှန်လိုက်တာပဲ” သူမသည် လီမျိုးနွယ်ဝင်၏ မျက်လုံး များမှာ တောင်းပန်သည့် မျက်လုံးများဖြစ်နေသည်ကို မြင်ရသည်။ သို့သော် ပြိုင်ဘက်မှာ အရှုံးပေးသည်ဟု မပြောသေးသဖြင့် ဒိုင်လူကြီးမှာလည်း ပြိုင်ပွဲအား မရပ်တန့်ပေ။

“ငါမပြောတတ်တော့ဘူး သူမက လှပေမယ့် မျက်နှာ၂ခုနဲ့၊ သူမက အရင်ဆုံး ပြိုင်ဘက်က အရှုံးပေး တယ်လို့ မပြောနိုင်အောင် အောက်မေးရိုးကို ပစ်မှတ်ထားတယ်” ဖက်တီးကျူသည်လည်း အားရပါးရ ပြုံးလေသည်။

“မဆိုးဘူး” ဘေဂုံထန်သည်လည်း သဘောတူသည့် အသံထွက်လာသည်။

စင်ပေါ်တွင် ရှီမာယူလန်သည် ကန်လိုက်၊ ထိုးလိုက်လုပ်နေသည်။ သူမသည် သူ့မျက်နှာအား အဓိကထား တိုက်ခိုက်သည်။ သူ့ပုံမှာ လုံးဝပြောင်းသွားသည်။ သူ့နှာခေါင်းမှာ ကျိုးသားပြီး နှုတ်ခမ်းများသည် ဝက်အူချောင်းကဲ့သို့ ဖူးယောင်နေသည်။ သူ့မျက်လုံးများနှင့် မျက်နှာမှာ လုံးဝ အစိမ်းရောင် ခရမ်းရောင် ဖြစ်နေသည်။

“တော်ပြီ မတိုက်ပါနဲ့တော့” တခြားမျိုးနွယ်ဝင်သည် စင်အောက်မှ စတင်အော်တော့သည်။

ရှီမာယူလန်သည် ခဏမျှ ရပ်သွားကာ စင်အောက်ကို ကြည့်ပြီး ပြောလေသည် “ဒါပေမဲ့ သူ အရှုံး မပေးသေးဘူး”

သူမပြောပြီးနောက်တွင် သူ့အား စင်ဘေးသို့ ကန်လှိမ့်သွားလေသည်။ သူ့မျက်နှာမှာ ရှေ့ရောက် သွားကာ လီမျိုးနွယ်ဝင်များနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားလေသည်။

“ဒိုင်လူကြီး သူက အရှုံးကိုဝန်မခံရင် ကျွန်မ နိုင်တယ်လို့ သတ်မှတ်လို့ရလား” သူမသည် ဒိုင်လူကြီးကို ကြည့်ပြီး မေးလိုက်သည်။

“မရဘူး” ဒိုင်လူကြီး ပြောလိုက်သည် “သူက အရှုံးပေးမှ ဒါမှမဟုတ် အရိုက်ခံရပြီး သတိမေ့သွားမှပဲ မင်း အနိုင်ရတယ်လို့ ပြောလို့ရမယ်”

“သြော်” ရှီမာယူလန်သည် နားလည်သလို ခေါင်းညိတ်လိုက်သည်။ လီမျိုးနွယ်ဝင်များ ရှေ့တွင် သူမ ဖြေးညင်းစွာ လျှောက်သွားကာ ခြေထောက်မြှောက်ပြီး ပြိုင်ဘက်၏ ရင်ဘတ်ပေါ်သို့ အောင်မြင်စွာ တက်နင်း လိုက်သည်။ သူ ပါးစပ်မှ သွေးများ ထွက်သွားကာ မေ့လဲသွားသည်ကို သူတို့ကြည့်နေခဲ့ရသည်။ ထို့နောက် သူမ စင်ပေါ်မှ ကန်ချလိုက်လေသည်။

“တတိယပွဲ ရှီမာမျိုးနွယ် နိုင်ပါတယ်” ဒိုင်လူကြီး ကြေညာလိုက်သည်။

ရှီမာယူလန်သည် သတိမေ့နေသော ပြိုင်ဘက်ကို ကြည့်ပြီး ပြုံးပြီး ပြောလိုက်သည် “ကျွန်မ အစတကည်းက ပြောတယ်မလား ကိုယ့်အဒေါ်ကို အရိုအသေပေးပါလို့ မဟုတ်ရင် ကိုယ့်မိဘက မမှတ်မိလောက်တဲ့ထိ ရိုက်ပစ်မယ်လို့ အခုတော့ နောင်တရပြီလား”

လီမျိုးနွယ်ဝင်များသည် လျင်မြန်သွား သူ့ကို သယ်သွားလေသည်။ အားလုံးသည် စင်ပေါ်တွင်ရှိနေသော ရှီမာယူလန်အား ကြောက်လန့်စားကြည့်နေကြသည်။

လီမျိုးနွယ်မှ လူကြီးသည် သူမအား ကြိမ်းမောင်းလေသည် “ငယ်သေးတာကို ရိုင်းလိုက်တာ၊ ရှီမာမျိုးနွယ်က မင်းကို အဲလိုပဲသင်ထားတာလား”

စင်ပေါ်မှ တခြားသူများလည်း ယူလန်အား အပြစ်တင်ကြလေသည်။ သို့သော် ထိုလူအများစုသည် နာလန်မျိုးနွယ်နှင့် လီမျိုးနွယ်များ ဘက်မှဖြစ်ကြသည်။

ရှီမာယူလန်သည် လီမျိုးနွယ်မှ စီနီယာများကို ကြည့်ကာ ပြန်ဖြေလေသည် “လူကြီးမင်းတို့ လီမျိုးနွယ်က အဂ္ဂိရတ်ပညာရှင် မျိုးနွယ်လို့ ပြောတယ်မလား၊ ဒါဆို သူ့ကိုကြည့်ပြီး ပြောနိုင်မှာပဲ သူ့မှာ အတွင်းပိုင်း ဒဏ်ရာမရှိ ဘူး၊ ပြန်ကောင်းဖို့ ရိုးရိုးဆေးသောက်လိုက်ရင် သက်သွားမှာပါ၊ လူကြီးမင်းတို့ မျိုးနွယ်က ဟူမျိုးနွယ်ကို တစ်ပိုင်း သေလောက်အောင်ထိ ရိုက်တာထက်စာရင် တော်ပါသေးတယ်၊ ကျွန်မက လူကြီးမင်းတို့အားလုံးထက် စိတ်ထား မြင့်မြတ်ပါတယ်၊ မဟုတ်ရင် လူကြီးမင်းတို့အားလုံးက အတုယောင်တွေ ဖြစ်ပြီး သူ့ ဒဏ်ရာ သေးသေးလေးတောင် မသိဘူးလား”

သူမ ပြောပြီးနောက်တွင် စင်ပေါ်မှဆင်းကာ ကျန်သောသူများ ရှိရာသို့ နောက်ပြန်လှည့်မကြည့်ပဲ သွားလေသည်။

သူမ စကားများသည် လီမျိုးနွယ်ဝင်များ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ သူတို့သည် အခုလေးတင် သူတို့မျိုးနွယ်ဝင် အရိုက်ခံရသောကြောင့် ကြိမ်းမောင်းပြောဆိုခဲ့သည်။ ပြီးတော့ တိုက်ပွဲအတွင်း ဒဏ်ရာရသည်မှာလည်း မလွဲမသွေဖြစ်ရမည်ဟု ပြောခဲ့သည်။ အခုတော့ သူတို့သည် ရှီမာယူလန်အား ပြောဆို ခဲ့သည်။ ဒါသည် သူတို့ ပြောခဲ့သောစကားများကြောင့် သူတို့မျက်နှာ အရိုက်ခံရသကဲ့သို့ ခံစားရခြင်းဖြစ်သည်။

ထို့အပြင် သူမ ပြောသည်မှာ အမှန်ဖြစ်သည်။ သူမသည် သူမပြိုင်ဘက်ကို ပြင်ပဒဏ်ရာ ရလောက်အောင်သာ လုပ်ခဲ့ခြင်းဖြစ်ပြီး ဆေးသောက်သည်နှင့် သက်သာမည်ဖြစ်သည်။ သို့သော် သူမအား ရက်စက်သည်ဟု ကျိန်ဆဲခဲ့သည်။ ဒါက သူတို့ လီမျိုးနွယ်ဝင်၏ ဒဏ်ရာကို မခွဲခြားတတ်လို့ဖြစ်သည်။ ထိုကိစ္စသည် သူတို့၏ အဂ္ဂိရတ်ပညာရှင်၏ ဂုဏ်ပုဒ်ကို ထိခိုက်သွားပြန်သဖြင့် နောက်တစ်ချက် အရိုက် ခံရသလိုပင်။

စင်အောက်မှ အော်သံများသည် ငြိမ်ကျသွားသည်။ လီမျိုးနွယ်တောင် ဘာမှမပြောတော့တာ သူတို့က ဘာပြောနိုင်မှာလဲ။

ရှီမာယူလန် လျှောက်လာသည်ကို ရှီမာယူယူကြည့်ကာ သူမအား ဝိညာဉ်သစ်သီးပေးကာ အပြုံးဖြင့် ပြောလေသည် “သူတို့ပြောတာက မင်း လူတစ်ယောက်ရဲ့ မျက်နှာကို မရိုက်သင့်ဘူးလို့ ပြောတာ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်းက သူတို့မျက်နှာကို လုံးဝပစ်မှတ်ထားလိုက်တာကိုး၊ မင်းက လီမျိုးနွယ်ကိုတောင် အပို၂ချက်ရိုက်လိုက်သေးတယ်၊ လှလိုက်တာ”

ရှီမာယူလန်သည် သူမ နေရာတွင်ထိုင်ကာ ဝိညာဉ်အသီးကို ကိုက်လိုက်ပြီး ပြောလိုက်သည် “အဲလို လုပ်ဖို့ မင်းပဲပြောတာလေ၊ လီမျိုးနွယ်ဝင်တွေနဲ့ တွေ့ရင် သူတို့မိဘတောင် မမှတ်မအောင် ရိုက်ရမယ်ဆို၊ သူ့မျက်နှာကို မရိုက်ရင် မမှတ်မိစရာမရှိဘူးလေ”

“ဒါဆို သူ့အောက်မေးရိုးကို အရင် ပစ်မှတ်ထားတာကို ဘယ်လိုတွေးမိသွားတာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“ငါ သွားတော့ သူသင်ပေးလိုက်တာ” ရှီမာယူလန်သည် ရိုးသားစွာပင် ပြန်ဖြေသည်။

“ဘယ်သူ သင်ပေးလိုက်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲလူ ယူယန်ပဲ နေမှာပေါ့” ဖက်တီးကျူ ခန့်မှန်းသည်။

“မဟုတ်ဘူး” ရှီမာယူလန် ပြန်ဖြေသည် “ယူလင်း”

“ဘာ”

ရှီမာယူယူနှင့် တခြားသူများသည် သူမအဖြေကြောင့် မှင်တက်သွားကြသည်။ သူမကို သင်ပေးလိုက်တာ ယူလင်းလား။

သူတို့မျက်နှာမှ အံ့သြမှုကို သူမ မြင်သောအခါ ပခုံးတွန့်ကာ ပြောလေသည် “ယူလင်း ဟုတ်ပါတယ်၊ ငါ သွားတော့မလို့လုပ်တုန်း သူက ဘေးရောက်လာပြီး နောက်တစ်ခါ ငါ့အလှည့်လို့ ပြောပြီး ပြိုင်ဘက်က အရှုံးပေးတယ်လို့ ပြောနိုင်ရင် ငါ ရိုက်လို့မရဘူးလို့ ပြောတယ်၊ ငါ စင်ပေါ်ရောက်တာနဲ့ သူပြောတကို သဘောပေါက်သွားတယ်၊ အဲဒါကြောင့် ပြိုင်ဘက်ကို စကားပြောခွင့်မပေးတာပဲ၊ အဲဒါနဲ့ သူ့မေးရိုးကို အရင် ပစ်မှတ်ထားလိုက်တာ”

ရှီမာယူယူနှင့် တခြားသူများသည် သဘောပေါက်လာသည်။ ဒါဆိုရင် ကြောက်ဖို့ အကောင်းဆုံးက အဲလူပေါ့။

“ယူယူ မင်းအစ်ကိုကြီး တက်သွားပြီ” ဖက်တီးကျူ ပြောလိုက်သည်။

ရှီမာယူယူ စင်ဘက်ကို ကြည့်လိုက်သည်။ တက်သွားသူမှာ သူမ အစ်ကို ၃ ရှီမာယူရန် ဖြစ်သည်။ သူ့ ပြိုင်ဘက်မှာလည်း လီမျိုးနွယ်ဝင်ဖြစ်သည်။ သူသည် ပြင်ပအကူအညီပေးသော သူဖြစ်သော်လည်း လီမျိုးနွယ်ဝင်ဟု သတ်မှတ်၍ရသည်။

ရှီမာယူယူ လက်အုပ်ချီက စင်ဘက်သို့ အော်လိုက်သည် “အစ်ကို ၃ အတော်ဆုံးပဲ”

သူမ အနည်းငယ် ပြုံးလိုက်သည်။

“အစ်ကို ၃ သိပါတယ်” ရှီမာယူယူသည် သူ့အား လက်ရမ်းပြလိုက်သည်။

ရှီမာယူရန်သည် သူမ ဆိုလိုသည်ကို သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။ သူ့ညီမ ပျော်အောင် လုပ်ပေးရန်အတွက် သူသည် ဒီလူကို သူ့မိဘတောင် မမှတ်မိအောင် ရိုက်ပေးရမည်။ ဒါက လွယ်ပါတယ်။

လီမျိုးနွယ်ဝင်သည် ရှီမာယူရန်ကို မြင်သောအခါ နဂိုကြောက်စိတ် ပျောက်သွားပြီး ပြောလေသည် “ငါ မင်းကို သိတယ်၊ မင်းက နယ်နှင်ထားတဲ့ ပြည်ကလာတာပဲ၊ မင်းက ငါ့ကို မိဘတွေ မမှတ်မိအောင် ရိုက်ချင် တယ်ဆိုရင် ဒီကိုလာပြီး ငါ့ကို မင်းဘိုးဘွားတွေလို နှုတ်ဆက်တာ ကောင်းလိမ့်မယ်”

All Chapters