အပိုင်း (၃၁၇) – ရှီမာမျိုးနွယ်၏ အံ့ဖွယ်သားရဲစုစည်းမှု
Vol. 004 Ch. 317
ရှီမာယူယူ ရှီမာမျိုးနွယ်တွင် ကြီးမားသော လှုပ်ခတ်မှုဖြစ်စေခဲ့သည့် သတင်းသည် တိုင်းပြည်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ အခုဆိုလျှင် ရှီမာယူယူနှင့် တခြားသူများသည် ပြည်နှင်ဒဏ်နယ်မြေမှ ရောက်ရှိလာကာ သန်မာခြင်း မရှိသည်ကို အားလုံးသိကြသည်။
ရလဒ်အရ လီမျိုးနွယ်မှ လူများ ရှီမာယူရန်အားမြင်သောအခါ သူ့အား အားနည်းသည့် ကြက်ငယ်လေး ကဲ့သို့ မြင်ကြသည်။
ဒူးထောက်ပြီး သူ့ကို ဘိုးဘေးလို ဆက်ဆံရမယ်ဟုတ်လား။
ရှီမာယူရန်၏ မျက်လုံးများသည် လခြမ်းသဖွယ်ကွေးသွားသည်။ ထိုအမူအရာသည် သူသည် ရှီမာယူယူ သူ့အား တောင်းဆိုရန် မလိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ သူသည် ထိုလူအား ဝက်ခေါင်းပုံဖြစ်ရန် ရိုက်တော့မည် ဖြစ်သည်။
လီမျိုးနွယ်ဝင်သည် ရှီမာယူရန်၏ အကြည့်ကိုခံရပြီးနောက် အရိုးထဲမှ ကြောက်လန့်သွားမိသည်။ သို့သော် သူ မတုန့်ပြန်ရသေးခင်ပင် ရှီမာယူရန်သည် သူ့ရှေ့ရောက်လာကာ မျက်နှာဆီသို့ ချိတ်ကို ပစ်လိုက် လေသည်။ သွားတစ်ချောင်းသည် ချက်ချင်းထွက်ကျကာ တစ်ကိုယ်လုံးသည် မြေပေါ်သို့ ပြင်းထန်စွာ ကျသွား လေသည်။
ထို ၂နှစ်အတွင်းတွင် သူတို့သည် ရှီမာယူယူကြောင့်ပင် ကျင့်ကြံခဲ့သည်။ သူမသည် သူတို့အား များစွာသော ကိုယ်ခံပညာများကိုပါ သင်ကြားပေးခဲ့သည်။
“သန်မာလိုက်တဲ့ စွမ်းအားပဲ”
စင်အားကြည့်နေသော သူများသည် ရှီမာယူရန်မသည် ထိုလူအား တစ်ချက်တည်းနှင့် အလဲထိုးနိုင် လိုက်သည်ကို မြင်သည်နှင့် တုန့်ပြန်မှုလုပ်ရန်ပင် မေ့လျော့နေခဲ့ကြသည်။
ဝိညာဉ်သခင်များသည် အနီးကပ်တိုက်ခိုက်မှု ပြိုင်ပွဲကို အကြောက်ဆုံးဖြစ်ရခြင်းမှာ သူတို့၏ ခန္ဓာကိုယ်မှာ အားနည်းသောကြောင့်ဖြစ်သည်။ တချို့မှာ သာမာန်လူထက်ပင် အားနည်းသည်။
သူ့ပြိုင်ဘက်မှ မထနိုင်သည်ကို ရှီမာယူရန်တွေ့သည်နှင့် လျှောက်သွားကာ သူ့ဗိုက်ပေါ်ထိုင်ပြီး ထိုလူ၏ မေးရိုးအား အဆက်မပြတ်ထိုးတော့သည်။
“ဒါ ဒါ..”
ပွဲကြည့်သူများသည် နောက်ထပ် လီမျိုးနွယ်ဝင်မှာ အရိုက်ခံရ၍ ဝက်ခေါင်းဖြစ်သွားမည်ကို မြင်ရသော အခါ မျက်စိမှိတ်လိုက်ရုံအပြင် မရှိတော့ပေ။
တကယ်ကို…ရက်စက်တာပဲ။
ထို့အပြင် ထိုလီမျိုးနွယ်ဝင်သည် ပွဲစသည်မှ စ၍ သူ၏ ပထမဆုံး အခွင့်အရေးကို လွတ်သွားခဲ့သည်။ အခု သူ့တွင် ဝိညာဉ်စွမ်းအင်ထုတ်ရန် မဖြစ်နိုင်တော့ပေ။ သူသည် အရိုက်ခံရ၍ သူ၏ စာချုပ်သားရဲကို ခေါ်ထုတ်ရန်ပင် မေ့သွားခဲ့သည်။ သူ့လက်ရှိအခြေအနေကို ပြန်မကာကွယ်နိုင်ခင် ရှီမာယူရန်သည် သူ့အား ကန်လိုက်သောအကြောင့် စင်ပေါ်မှ ကျသွားလေသည်။
“ဒုတိယပွဲ ရှီမာမျိုးနွယ် အနိုင်” ဒိုင်လူကြီးသည် ဒီနေ့အတွက် ကိစ္စများစွာကို မြင်လိုက်ရသည်ဟု ခံစား မိသည်။ ဘာလို့ ရှီမာမျိုးနွယ်ဝင်တွေက သူတို့ ပြိုင်ဘက်ကို ဝက်ခေါင်းဖြစ်အောင် လုပ်ရတာကို ကြိုက်ကြတာလဲ။
နောက်ပိုင်း ပြိုင်ပွဲဝင်၂ယောက်မှာ ရှီမာမျိုးနွယ်မဟုတ်သောကြောင့် ဒိုင်ယူပြကြီးများ စိတ်သက်သာစွာ သက်ပြင်းချမိသည်။
သိပ်မကြာခင်တွင် ရှီမာယူလီ တက်သွားသည်။ သူ့ပြိုင်ဘက်မှာ နာလန်မျိုးနွယ်ဝင်ဖြစ်သည်။
ရှေ့မှ လီမျိုးနွယ်ဝင်၂ယောက်မှာ ဆိုးဝါးစွာ အရိုက်ခံလိုက်ရသဖြင့် နာလန်မျိုးနွယ်ဝင်သည် စင်ပေါ် တက်သွားသည်နှင့် ရှီမာယူလီအား သတိရှိစွာ စောင့်ကြည့်လေသည်။ သူသည် ရှီမာယူလီ ချက်ချင်း နီးလာသည်ကို အဝေးသို့ရှောင်လေသည်။
“အဲလောက် နိုးကြားဖို့မလိုပါဘူး၊ ငါက ငါ့အစ်ကိုကြီးလို အနီးကပ် ကိုယ်ခံပညာမတတ်ပါဘူး” ရှီမာယူလီ ပြောလိုက်သည်။
“မင်းတို့ ရှီမာမျိုးနွယ်က အဲလောက်ပါးနပ်တာ၊ မင်းပြောတာ မှန်မမှန်ကို ဘယ်လိုသိမှာလဲ” နာလန်မျိုးနွယ်ဝင်သည် သူ့အားကြည့်ကာ ပြောလိုက်သည် “မင်းနဲ့ ငါနဲ့ ကပ်လို့မဖြစ်ဘူး”
ထိုသူပြောပြီးနောက်တွင် သူသည် ရှီမာယူလီအား တိုက်ခိုက်ရန် သူ၏ စာချုပ်သားရဲအား ခေါ်ထုတ်လိုက်သည်။
“င့ါသားရဲက အဆင့်၁အံ့ဖွယ်အဆင့်သားရဲပဲ၊ မင်းတို့ ရှီမာမျိုးနွယ်ဝင်တွေအားလုံးမှာ သူတော်စင်ဝိညာဉ်ရှိမယ်ဆိုတာ မယုံဘူး”
“ငါက တကယ် သူတော်စင်ဝိညာဉ်မဟုတ်ပါဘူး” ရှီမာယူလီ ပြန်ဖြေလေသည်။
“ဟားဟား ဒီရှီမာမျိုးနွယ်ဝင်ကတော့ သေတော့မှာသေချာနေပြီ” တစ်စုံတစ်ယောက်သည် ရယ်မော လေသည်။ သို့သော် သူ့စကားမပြောခင်မှာပင်…
“ငါက သူတော်စင်ဝိညာဉ်မဟုတ်ပေမယ့် ငါ့မှာလည်း အံ့ဖွယ်သားရဲရှိတယ်ဆိုတာ စိတ်မကောင်းစွာနဲ့ ပြော ရတော့မယ်”
ရှီမာယူလီသည် ပြောပြီးသည်နှင့် သူ၏ စာချုပ်သားရဲကို ခေါ်ထုတ်လိုက်သည်။ သူခေါ်ထုတ်လိုက်သော သားရဲမှာ အဆင့်၂အံ့ဖွယ်အဆင့် သားရဲဖြစ်ကာ သူတို့ ဘိုးဘွားပိုင်နယ်မြေတွင်ရှိစဉ်က ရှီမာယူယူ သူ့အား လက်ဆောင်ပေးထားခြင်းဖြစ်သည်။
“ဘာ” နာလန်မျိုးနွယ်ဝင်များသည် ရှီမာယူလီတွင် အံ့ဖွယ်သားရဲရှိခြင်းကို မယုံကြည်နိုင်ပဲ မျက်လုံးများ ပြူးသွားလေသည်။
“ပန်းလေး သွားတော့ သူ့ကို စင်ပေါ်က ပစ်ချလိုက်” ရှီမာယူလီ အမိန့်ပေးလိုက်သည်။
“ဟုတ် သခင်” ပန်းလေးသည် သူပေးသည့် နာမည်ကို သဘောမကျသော်လည်း တိုက်ခိုက်ပေးသည်။ သူ့သခင်၏ အမိန့်ကို ဖီဆန်ရန် မဖြစ်နိုင်ပေ။
အဆင့် ၂အံ့ဖွယ်သားရဲအား တိုက်ခိုက်မည့် လူနှင့် သားရဲ အစုံလိုက်သည် ပြဿနာတက်တော့သည်။ သို့သော် အချိန်တိုအတွင်းတွင် သူတို့သည် အတွဲလိုက် စင်ပေါ်မှ ပစ်ချခံလိုက်ရတော့သည်။
“ရှီမာမျိုးနွယ်ဝင်တွေက အဲလောက်တောင် သန်မာတာလား၊ ဘယ်လိုလုပ် သုံးပွဲကို သုံးပွဲနိုင်ရတာလဲ”
ပွဲကြည့်သူများသည် စတင် သံသယဝင်တော့သည်။ တစ်ပွဲ သို့မဟုတ် နှစ်ပွဲနိုင်သည်ဆိုလျှင်တောင် ကံကောင်းသည် သို့မဟုတ် တိုက်ဆိုင်သည်ဟု ပြောလို့ရသည်။ သို့သော် သူတို့ဆက်တိုက်နိုင်နေသဖြင့် ကံကောင်းခြင်းမဟုတ်ပဲ အမှန်တကယ် သန်မာခြင်းဖြစ်သည်။
“ဟုတ်တယ်၊ နည်းနည်းထူးဆန်းတယ်”
“ရှီမာမျိုးနွယ်က အဆင့်မရှိတော့ဘူးဆို နောက်ပိုင်းမျိုးဆက်တွေက အရင်မျိုးဆက်တွေထက် အားနည်း တယ်လို့ကြားတာပဲ၊ ဘယ်လိုလုပ် သူတို့တစ်ယောက်ချင်းစီက အဲလောက် သန်မာနေရတာလဲ”
“ဆက်စောင့်ကြည့်ရအောင်၊ သူတို့က အတော်ဆုံး ၃ယောက်ဖြစ်ချင်လည်း ဖြစ်နေမှာပဲ”
“အဲလိုလုပ်ဖို့ မလိုဘူးထင်တာပဲ ရှီမာမျိုးနွယ်က ဒီနှစ်တွေကို ခုန်တက်သွားချင်လို့ သူတို့အင်အားကို ဖုံးထားတဲ့ပုံပဲ”
“ငါလည်း အဲလိုထင်တယ်၊ ဒီတစ်ခေါက် အငယ်ပြိုင်ပွဲရဲ့ ချန်ပီယံကတော့ ရှီမာမျိုးနွယ် ဖြစ်မယ် ထင်တယ်”
တချို့လူများသည် ရှီမာမျိုးနွယ်အား အထင်ကြီးစွာကြည့်ကြသည်။
“သူတို့ ဆယ်ပွဲမနိုင်မချင်းတော့ နောက်ဆုံးဖြစ်နေမှာပဲ၊ သူတို့ ဆယ်ပွဲကို အနိုင်ရနိုင်မယ်လို့ ငါတော့ မထင်ဘူး” တစ်စုံတစ်ယောက်သည် စော်ကားလိုက်သည်။
“သူတို့ နိုင်မလား မနိုင်ဘူးလားဆိုတာတော့ ခဏနေပေါ်လာမှာပဲ”
ပွဲကြည့်သူများသည် သူတို့ထင်မြက်ချက်များကို ပြောနေကြသော်လည်း ကျန်ရှိသောပွဲများကို တိတ်တဆိတ်ပင် ဆက်ကြည့်ကြသည်။
သိပ်မကြာခင်တွင် ရှီမာယူရှင်းတက်သွားသည်။ သူမ ပြိုင်ဘက်မှာ ဆန်းမျိုးနွယ်ဖြစ်သည်။
ဆန်းမျိုးနွယ်သည် ရှီမာမျိုးနွယ်အား ဘယ်သောအခါမှ အထင်သေးခြင်းမရှိကာ အထူးသဖြင့် ပြီးခဲ့သော ပွဲများကြောင့် ပိုအထင်မသေးရဲပေ။
“စိတ်အေးအေးထားပါ ကျွန်မက ရှင်နဲ့ ရှင်းစရာမရှိဘူး၊ ရှင့်ကို ဝက်ခေါင်းဖြစ်အောင် မရိုက်ပါဘူး” ရှီမာယူရှင်းသည် သူမ ပြိုင်ဘက်အား ပြုံးပြီးပြောလေသည်။
သူမ ပြောသည်ကို ကြားသည်နှင့် လီမျိုးနွယ်နှင့် နာလန်မျိုးနွယ်တို့သည် မျက်နှာပျက်သွားကြသည်။ ဒါဆို သူမပြောချင်တာက ရှီမာယူလီနဲ့ ကျန်တဲ့သူတွေက သူတို့ ပြိုင်ဘက်ကို ဝက်ခေါင်းဖြစ်အောင် တမင် ရိုက်တာလား။
“ကျေးဇူးအများကြီးတင်ပါတယ်” ဆန်းမျိုးနွယ်မှ လူငယ်သည် ယဉ်ကျေးကာ သူမအား ခေါင်းညိတ်ပြ လိုက်သည်။ “စလိုက်ရအောင် လေပွေ ထွက်ခဲ့တော့”
“လာလာ ထွက်ခဲ့” ရှီမာယူရှင်းသည်လည်း သူမ စာချုပ်သားရဲအားခေါ်လိုက်သည်။
အဆင့် ၃အံ့ဖွယ်သားရဲ စင်ပေါ်တွင်ထွက်လာကာ မတိုက်ခင်တွင် ကျယ်လောင်စွာ ဟိန်းလိုက်သည်။
သူတို့နှစ်ယောက်လုံးသည် သူတို့မျိုးနွယ်၏ တပည့်များဖြစ်သောကြောင့် သူတို့ အံ့ဖွယ်သားရဲ အား တွေ့သည်ကို ဘယ်သူမှ မအံ့သြတော့ပေ။
ရှီမာယူရှင်းနှင့် သူမ ပြိုင်ဘက်သည် မလှုပ်ရှားပဲ သူတို့စာချုပ်သားရဲ တိုက်ခိုက်သည်ကို သာ စောင့်ကြည့်နေခဲ့သည်။ ဆန်းမျိုးနွယ်ဝငသည် သူ၏ ဝိညာဉ်သားရဲတွင် ပြိုင်ပွဲတွင် လျင်မြန်စွာ ရှုံးသွားသည်ကို မြင်သောအခါ အဆင့် ၂ အံ့ဖွယ်သားရဲနောက်တစ်ကောင်ကို ထုတ်လိုက်သည်။
“နောက်ထပ် အံ့ဖွယ်သားရဲတစ်ကောင်လား” ရှီမာယူရှင်းသည် သူမပြိုင်ဘက်တွင် အံ့ဖွယ်သားရဲ ၂ကောင် ရှိမည်ဟု ထင်မထားသဖြင့် အံ့သြစွာ ပြောလိုက်သည်။
လူအများသည် အံ့ဖွယ်သားရဲ ၂ကောင်အကြောင်းကို မပြောကြပဲ အဖိုးတန်ရတနာကဲ့သို့ပင် ဆက်ဆံကြသည်။ ထိုကဲ့သို့ ကြီးမားသော မျိုးနွယ်တွင် အံ့ဖွယ်သားရဲသည် သူတော်စင်သားရဲနှင့် ယှဉ်နိုင်သည်။
ထို့အပြင် အံ့ဖွယ်သားရဲများသည် အမှန်တကယ်ပဲ ထိုတိုက်တွင် တွေ့ရခဲသည်။
ထိုလူတွင် အံ့ဖွယ်သားရဲ၂ကောင်ပိုင်ဆိုင်ခြင်းသည် ဆန်းမျိုးနွယ်မှာ အမှန်တကယ်ပင် ထူးခြား သည်ကို ပြနေသည်။
ထိုလူသည် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပြီ အခုတော့ ငါ့ အံ့ဖွယ်သားရဲနှစ်ကောင်က မင်းရဲ့ အံ့ဖွယ်သားရဲကိုတိုက်လိမ့်မယ်၊ မင်းကို ငါထိခိုက်စေလိုဘူး အရှုံးပေးလိုက်တော့”
“ငါက အရှုံးကိုအလွယ်တကူပေးတတ်တဲ့ သူမဟုတ်ဘူး” ရှီမာယူရှင်းသည် ပြုံးကာ ပြန်ဖြေလေသည် “ရှင့်မှာ အံ့ဖွယ်သားရဲရှိရင် ငါ့မှာလည်းရှိတယ် ဖန်ဖန် ထွက်ခဲ့”
ဖန်ဖန်သည် ဘိုးဘွားပိုင်နယ်မြေမှာရှိစဉ်က ရှီမာယူယူ လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် အပြင်ထွက်ကာ ရှီမာယူရှင်းနောက်ကို လိုက်ခဲသည်။၏
“အဆင့် ၆ အံ့ဖွယ်သားရဲ”
ပွဲရှိ အားလုံးသည် ဖန်ဖန်၏ အဆင့်မြင်သောအခါ မှင်တက်သွားကြသည်။
လူကြီးများ သူတို့စာချုပ်သားရဲများ အဆင့်တက်သွားသည်မှစ၍ အဆင့် ၆ စာချုပ်သားရဲကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ သို့သော် ထိုကဲ့သို့ ငယ်ရွယ်သောသူဆီတွင် အဆင့်မြင့်စာချုပ်သားရဲ ပိုင်ဆိုင် လိမ့်မည်ဟု ထင်မထားကြပေ။
ဆန်းမျိုးနွယ်သည် ဖန်ဖန်အား မြင်သောအခါ ခါးသီးစွာ ပြုံးလိုက်သည်။ ထိုအကောင်သည် စံတင်ဝိညာဉ် နှင့် ယှဉ်နိုင်သော အားရှိသော အံ့ဖွယ်သားရဲဖြစ်သည်။ သူ ဘယ်လိုလုပ် ပြိုင်မလဲ။
သူသည် လက်အုပ်ချီကာ ရှီမာယူရှင်းအား ပြောလိုက်သည် “ငါအရှုံးပေးပါတယ်”