← Chapters

အပိုင်း (၃၁၈) – အရိုးထဲမှ တုန်လှုပ်ခြင်း

Vol. 004 Ch. 318

အပိုင်း (၃၁၈) – အရိုးထဲမှ တုန်လှုပ်ခြင်း

Vol. 004 Ch. 318

ဒိုင်လူကြီးသည် စင်ပေါ်မှ ပြိုင်ပွဲဝင်၂ယောက်အား ကြည့်ပြီး ကြေညာလိုက်သည် “ပထမပွဲ အနိုင်ရသူ ရှီမာမိသားစု”

ဆန်းမိသားစုဝင်သည် ဝိညာဉ်သားရဲကို ပြန်သိမ်းကာ ရှီမာယူရှင်းအား ခေါင်းညိတ်ပြပြီး စင်ပေါ်မှ ဆင်းသွားလေသည်။

သူတို့ ဒီလိုပဲ နိုင်သွားတာလား။

“အဆင့် ၆ သားရဲလေ၊ ငါ့ ဘဝမှာ အဲလောက် အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲကို မမြင်ဖူးဘူး”

“ပြီးတော့ အဲလောက်အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲက ဒီမိန်းမငယ်လေးရဲ့ အကောင်ပဲ… အံ့သြဖို့ ကောင်းလိုက်တာ”

“ပြီးတော့ စွမ်းအားကောင်းတဲ့ ထိန်းချုပ်သူမို့လို့ပဲ ဒီလောက်အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲကို အလွယ်တကူ ခေါ်ထုတ်နိုင်တာ”

“ပြီးတော့ ၂ကောင်တာင်မှ”

“ဒီပြိုင်ပွဲက ခက်တယ်၊ ငါတို့တောင်မှ ဝိညာဉ်သားရဲ တစ်ကောင်ရဖို့မလွယ်ဘူး၊ ဒါပေမဲ့ သူတို့မှာ ၂ကောင်ရှိနေတယ်”

“ငါ အခုချိန်ကစပြီး ရှီမာမိသားစု ကိုယ်စားပြုတွေကို မျှော်လင့်နေမိပြီ”

ဆန်းမိသားစု ကိုယ်စားပြုသည် အရှုံးကို စောစီးစွာ ဝန်ခံလိုက်သဖြင့် လူကြီးများ၏ ဆူပူမှုကို ခံရလေသည်။ သူတို့အရည်အချင်းသည် ထိုနေရာတွင် ပြသခွင့်ရှိကာ ပြိုင်ဘက်သည် အရှုံးမပေးမချင်း သူတို့ တိုက်ခိုက်ရန် လိုသည်။

လီမိသားစုဝင်နှင့် နာလန်မိသားစုဝင်များသည် ရွှေပြား ၈၀၀ ရှုံးသွားသည့် သူများထက်ပင် မပျော်မရွှင် ဖြစ်နေကြသည်။

“ဘယ်လိုလုပ် ရှီမာမိသားစုမှာ အဲလို ဝိညာဉ်သားရဲရှိနေရတာလဲ” နာလန်မိသားစုဝင်သည် သူ့ဘေးမှ တခြားသော သက်ကြီးပုဂ္ဂိုလ်ကို ဒေါသဖြင့် လှည့်ပြောလေသည် “ရှီမာမိသားစုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့် ပါလို့ မပြောဘူးလား သူတို့ အံ့ဖွယ်သားရဲအများကြီးရသွားတာကို ကျွန်တော်တို့ ဘာလို့မသိရတာလဲ”

ရှီမာယူလီတွင် အံ့ဖွယ်သားရဲတစ်ကောင်၊ ရှီမာယူရှင်းတွင် အံ့ဖွယ်သားရဲ ၂ကောင်ရှိသည်။ သူတို့သာ ရှီမာမိသားစု၏ လူငယ်မျိုးဆက်ကို သေချာလေ့လာကြည့်ပါက သားရဲအရေအတွက်ကိုပင် ရေတွက်နိုင်မည် မဟုတ်ပေ။

အထူးဆန်းဆုံးကိစ္စမှာ ရှီမာယူရှင်းတွင် စံတင်ဝိညာဉ်အဆင့် ဝိညာဉ်သားရဲရှိနေခြင်းပင်ဖြစ်သည်။ တခြားသော မိသားစုဝင်များတွင်ပါ ထိုကဲ့သို့ သားရဲရှိနေပါက ပြိုင်ပွဲသည် အဓိပ္ပာယ်မရှိတော့ပဲ သူတို့ နိုင်မှာ အသေအချာပင်။

“ဒေါသမထွက်ပါနဲ့ ဆရာ… ကျွန်တော်တို့ ရှီမာမိသားစုကို စောင့်ကြည့်ဖို့ လူတွေ လွှတ်ခဲ့ပါတယ် ဒါပေမဲ့ သူတို့မိသားစုမှာ သားရဲထိန်းကျောင်းသူသခင် ခန့်လိုက်တယ်ဆိုတဲ့ သတင်းကို မရပါဘူး၊ ဒီ၂နှစ်အတွင်းကို သူတို့ ဝိညာဉ်သားရဲတွေကို လေ့ကျင့်ဖို့ ပို့တာကိုလည်း မတွေ့ပါဘူး” မိသားစု လူကြီး ရှင်းပြသည်။

“သေစမ်း” နာလန်မိသားစု၏ ခေါင်းဆောင်သည် ဒေါပေါက်ကွဲလေသည်။ “သူတို့ မလုပ်ဘူးဆိုရင် အဲဒီ သားရဲတွေအကုန်လုံးက ဘယ်ကနေရောက်လာတာလဲ၊ ရှီမာခစ်က သူတို့ရဲ့ စွမ်းအားနဲ့ ဝိညာဉ်သားရဲတွေရဲ့ စွမ်းအား အဆင့်တွေကို ပြောပြီးသားလေ၊ သူတို့မှာ အဲဒီ ဝိညာဉ်သားရဲတွေရှိတဲ့အကြောင်းကို သူမပြောဘူး”

“ရှီမာခစ်က အဲဒီအကြောင်းကို လွန်ခဲ့တဲ့ ၂နှစ်ကပြောခဲ့တာဆိုတော့… သူတို့က ဒီ၂နှစ်အတွင်းကို အဲ လူငယ်တွေက ဝိညာဉ်သားရဲတွေ ပျိုးထောင်လိုက်တာလို့ ပြောချင်တာလား” မိသားစု လူကြီးက ခန့်မှန်းလိုက်သည်။

“မဖြစ်နိုင်ဘူး၊ ကျွန်တော့်ဘဝနဲ့ ကျိန်ပါတယ်၊ အဲဒီ ရှီမာမျိုးနွယ်မှာ သားရဲထိန်းကျောင်းသူ သခင်မရှိပါဘူး” နောက်လူကြီးတစ်ယောက်က ရှင်းပြသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါဆေိုရင် အဲဒီဝိညာဉ်သားရဲတွေကို သူတို့ကပဲ မိသားစုကို ပေးလိုက်တာ လို့ ပြောချင်တာလား” လူကြီးပိုင်းတချို့မှာ နားမလည်ကြပေ။ သူတို့သည် ဆွေးနွေးရင်းနှင့် အောက်မှ အဖြစ်အပျက်များကို ကြည့်နေလေသည် “ရှီမာယူယန်မှာ ဝိညာဉ်သားရဲ၂ကောင်ရှိတယ်၊ ပြီးတော့ အဲဒါက အဆင့် ၆ ရှိတယ်”

“ဘယ်လို ဖြစ်နိုင်မှာလဲ” အခြေအနေတစ်ခုလုံးသည် ရယ်စရာကဲ့သို့ နာလန်မျိုးနွယ်များ ခံစားရသည်။ ဘယ်လိုလုပ် ရှီမာမျိုးနွယ်ရဲ့ လူငယ်တွေက ဒီလောက် သားရဲအများကြီးရှိမှာလဲ။

လူကြီးပိုင်းများသည် ရှုပ်ထွေးသွားသည်။ “ဘယ်လိုဖြစ်နိုင်မှာလဲ အဲဒီဝိညာဉ်သားရဲတွေကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ငါတို့ကြားသမျှထဲမှာလည်း ရှီမာမိသားစုမှာ ဝိညာဉ်သားရဲရှိတဲ့အကြောင်းကို ပြောတာမကြားဖူးဘူး”

နာလန်မျိုးနွယ်ခေါင်းဆောင်သည် ထိုလူကြီးအား တစ်ချက်လောက် ရိုက်ချင်မိသည်။ သူတို့အရင်က မမြင်ဘူးရင် အဲဒီသားရဲတွေက ဘယ်ကရောက်လာတာလဲ။ သူတို့ကို ဘယ်သူက စုဆောင်းထားတာလဲ။

“သခင် လူကြီးမင်း ၄ရဲ့ ထောက်လှမ်းရေးအရည်အချင်းက အမြဲတမ်း မိသားစုအတွင်းမှာ ထိပ်ပဲလေ၊  သူပြောတဲ့ ရှီမာမိသားစုမှာ အရင်က ဝိညာဉ်သားရဲထိန်းကျောင်းသူမရှိဘူးဆိုတာ အမှန်ပဲလို့ ကျွန်မ ထင်တယ်” နာလန်လန်သည် ဘေးမှဝင်ပြောလေသည်။

သူမ၏ ဒီနေ့ပုံစံသည် အရင်ကနှင့် ကွဲပြားသွားသောကြောင့် သူမသည် နာလန်မိသားစုနှင့်အတူ ပြိုင်ပွဲ လာကြည့်နိုင်ခြင်းဖြစ်သည်။

ပြိုင်ပွဲစသည်မှ သူမ နေရာသို့ ပြန်သွားသည်အထိ သူမ တိတ်ဆိတ်နေခြင်းသည် အားလုံး၏ အာရုံကို ပိုမို ဆွဲဆောင်လိုက်သလိုပင်။

နာလန်မျိုးနွယ်ခေါင်းဆောင် ဒေါထွက်နေသော်လည်း သူမ အတွေးကြောင့် ဒေါသမထွက်တော့ ပဲ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ကြားတဲ့ ရှီမာမျိုးနွယ်အကြောင်းက သိပ်မထူးခြားဘူးလေ၊ ဝိညာဉ်သားရဲ ထိန်းကျောင်းသူသခင် မရှိပဲနဲ့တော့ ဝိညာဉ်သားရဲတွေနဲ့ စာချုပ်မချုပ်လို့တော့ မရဘူး၊ သူတို့ အဲလောက် ကံမကောင်းဘူး”

“ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မသိပြီထင်တယ်” နာလန်လန် ပြောလိုက်သည်။

“မင်းသိတာလား” လူကြီးသည် မယုံကြည်နိုင်သေးပေ “မင်းက ဒီနှစ်တွေကို အိမ်မှာမနေပဲ  လေ့ကျင့် နေခဲ့တာကို အပြင်မှာဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်လိုသိမှာလဲ”

“ဟုတ်ပါတယ်” နာလန်လန် ဝန်ခံသည် “ဘာတွေဖြစ်နေလဲ ကျွန်မ မသိဘူး ဒါပေမဲ့ ကျွန်မ လူတစ်ယောက်နဲ့ ရင်းနှီးတယ်”

“ဘယ်သူလဲ”

“ရှီမာယူယူ” သူမ ပြောရင်းနှင့် စင်ပေါ်တွင်ရပ်နေသော ရှီမာယူယူဘက်သို့ ကြည့်လိုက်သည်။

“ဟင်” နာလန်မိသားစုဝင်များ အားလုံးသည် ရှီမာယူယူအား သိသော်လည်း မယုံကြည်နိုင်သေးပေ “မင်း ပြောချင်တာက သူက အဲဒီဝိညာဉ်သားရဲတွေနဲ့ တစ်ခုခုရှိတယ်လို့ ပြောနေတာလား”

“သူက အဲဒီသားရဲတွေအကုန်လုံးကို တစ်ယောက်တည်း ထိန်းကျောင်းတယ်လို့ ပြောနေတာတော့ မဟုတ်လောက်ပါဘူးနော်”

တစ်ဖက်မိသားစု ခေါင်းဆောင်သည် သံသယဝင်လာသည်။ နာလန်လန် ကိုယ်တိုင်သည်လည်း ထို ကိစ္စတစ်ခုလုံးကို သံသယရှိလာသည်။

နာလန်မိသားစု လူကြီးသည် တည်ငြိမ်စွာဖြင့် “ရှင်းပြပါ” ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ” နာလန်လန် ခေါင်းညိတ်ပြီး ပြောလိုက်သည် “ရှီမာယူယူနဲ့ ကျွန်မတို့ နှစ်ယောက်လုံးက ဒုံချန်းတိုင်းပြည်ကလာတယ်ဆိုတာ ဆရာတို့အားလုံး သိပြီးသားဖြစ်မှာပါ၊ အဲတော့ ကျွန်မ သူ့အကြောင်းကိုသိပါတယ်၊ ဆရာတို့သိတာက သူက အခု အဆင့် ၄ အဂ္ဂိရတ်ပညာရှင်ဆိုပြီး သိထားတာမလား”

“မြို့တော်က လူတွေအားလုံးလည်း သိနေလောက်ပါပြီ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ သူရောက်လာတာနဲ့ သူက လီမူကို အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ အနိုင်ရတဲ့အကြောင်းက တစ်မြို့လုံးကို ပျံ့သွားပါတယ်၊ ပြီးတော့ သူ့အရည်အချင်းက အဂ္ဂိရတ်ပညာပါဆိုပြီး အားလုံးသိသွားကြပါတယ်၊ ဒါပေမဲ့ အားလုံး မသိသေးတာရှိသေးတယ်” နာလန်လန်သည် လူအုပ်ကို ကြည့်ပြီးပြောလေသည်။

“ဘာလဲ”

“လွန်ခဲ့တဲ့ ၆နှစ်က ရှီမာယူယူက ဘာမှမလုပ်နိုင်တဲ့ အသုံးမကျတဲ့သူဖြစ်ခဲ့တာ၊ သူ့မှာ ဘာစွမ်းအင်မှ မရှိဘူး၊ နောက်မှ သူ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာတာ”

နာလန်လန်သည် အေးဆေးစွာ ပြောနေသော်လည်း နာလန်မိသားစု တစ်ခုလုံးသည် သူမ ပြောသည်ကို တွေးမိနေသည်။

“သူက အဂ္ဂိရတ်ပညာကို စသင်တာ ၆နှစ်ပဲ ရှိသေးတာလို့ ပြောနေတာလား”

နာလန်လန် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါတယ် သူက အသုံးမကျတဲ့သူဆိုတာကို ဒုံချန်း တိုင်းပြည်တစ်ခုလုံး အသိပါ၊ ပြီးတော့ လွန်ခဲ့တဲ့ ၅နှစ် ဒုံချိန်းတိုင်းပြည်ရဲ့ ဘုရင်ရဲ့ ညစာစားပွဲမှာတော့ သူက အဆင့် ၂ အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီ၊ ဆိုလိုတာက သူက ၂နှစ်အတွင်းကို အဂ္ဂိရတ်ပညာ အဆင့် ၂ရောက်နေပြီ ဆိုတာပါပဲ၊ ဒီလိုနဲ့ သူက အခု အဂ္ဂိရတ်ပညာ အဆင့် ၄ အထက်ရောက်သွားတာပဲ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” နာလန်မိသားစု ခေါင်းဆောင်သည် သူမ ပြောသည့်အရာများကို မယုံကြည် နိုင်ပေ။ လူတစ်ယောက်က ဘယ်လိုလုပ် အဲလောက် အားကောင်းနိုင်တာလဲ။

နာလန်မိသားစုခေါင်းဆောင်သည် နာလန်လန်အားကြည့်ကာ သူမ လိမ်ပြောနေခြင်း မဟုတ်သည်ကို သိသည် “အဲလိုဆိုတောင် ရှီမာမိသားစုရဲ ဝိညာဉ်သားရဲတွေကို ဘာလုပ်တတ်မှာလဲ”

“ပြီးခဲ့တဲ့ ၅နှစ်ကပဲ သူက ဒုံချိန်းတိုင်းပြည်ရဲ့ အင်ပါယာမြို့တော်မှာ သားရဲတွေထိန်းကျောင်းပေးခဲ့တယ်၊ အဲအချိန်မှာ သူက ဝိညာဉ်သားရဲတွေကို ထိန်းကျောင်းနေနိုင်ပြီ” နာလန်လန် ပြောလိုက်သည် “သူ့စွမ်းအားနဲ့ ဆိုရင် ကျွန်မအထင်တော့ ပြီးခဲ့တဲ့ ၅နှစ်က ထိန်းကျောင်းခဲ့တဲ့ သားရဲအဆင့် အောက်တော့ ရောက်နေမယ်မထင်ဘူး”

“ဒါဆိုသူက သားရဲထိန်းကျောင်းသူသခင်လည်း ဟုတ်တယ်ဆိုတာ မင်းပြောနေတာပေါ့” နာလန်မိသားစု လူကြီးများသည် ပြောစရာစကားမရှိတော့ပေ။ သူ့လိုလူက ဘယ်လိုမှ လူသားမဖြစ်နိုင်ပေ။

ဒီလို ပါရမီရှင်က သူတို့မိသားစုမှာ ဘာလို့ မွေးမလာတာလဲ။

“အဲဒါတင်မဟုတ်ဘူး သူ့ဝိညာဉ်သားရဲကို ကျွန်မကိုယ်တိုင်မြင်ဖူးတယ်၊ သူနဲ့ စာချုပ်ချုပ်လိုက်ရင် လူပဲ ဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် အဆင့်ရော စွမ်းအားပါ တက်သွားတယ်” နာလန်လန် သတင်းပေးလေသည်။

သူမ ပြောသမျှကို နာလန်မိသားစုများ ကြားသောအခါ သူတို့မေးရိုးများသည် ကြမ်းပြင် ထိမတတ်ပင် ဖြစ်သွားလေသည်။

All Chapters