အပိုင်း (၃၁၉) – ဒီလူကတော့ ဆက်ရှိုနိုင်မှာ မဟုတ်ဘူး
Vol. 004 Ch. 319
နာလန်မျိုးနွယ်မှ လူကြီးများသည် ရှီမာယူယူရှိရာ ဘက်သို့ ကြည့်လိုက်သည်။ ရှီမာမျိုးနွယ် ဒီအဆင့်ထိ ရောက်လာတာ သူ့ကြောင့်လား။
“အံ့ဖွယ်သားရဲတွေကို ဒီလူ ထိန်းကျောင်းတာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူ ဆက်ရှိနိုင်မှာ မဟုတ်ဘူး” နာလန်မျိုးနွယ်မှ လူကြီး တည်ငြိမ်စွာပြောလေသည်။
“ဟုတ်တယ် လန်လေးပြောသလိုပဲ သူ့အရည်အချင်းက ကောင်းကင်ကိုတောင် အံတုနေတယ်၊ သူသာ ဆက်ရှိနေရင် ရှီမာမျိုးနွယ် ဘယ်အထိသွားနိုင်မလဲ မသိဘူး၊ အဲလိုဖြစ်လာဖို့ကို ငါတို့ တားရမယ်” လူကြီး တစ်ယောက်မှ ပြောလိုက်သည်။
“ဒါပေမယ့် သူ့ဘက်မှာ အထွတ်အထိပ်သားရဲရှိနေတယ်၊ သူ့ကို အလွယ်တကူ မရှင်းနိုင်မှာ စိုးတယ်” သက်ကြီးပုဂ္ဂိုလ် ၄ ကပြောလိုက်သည်။
“အဲဒါ သူ့စာချုပ်သားရဲလား” မျိုးနွယ်ခေါင်းဆောင် မေးလိုက်သည်။
“မဟုတ်ဘူး သူနဲ့ စာချုပ်ချုပ်ထားတာတော့ မဟုတ်ဘူး၊ သူ့ကို ကာကွယ်ပေးတဲ့ သားရဲပဲလို့ ကြားတယ်” သက်ကြီးပုဂ္ဂိုလ် ၄ ပြန်ဖြေလိုက်သည်။
“အထွတ်အထိပ်သားရဲက ထွက်မသွားဘူးလား” တစ်စုံတစ်ယောက်က မေးလိုက်သည်။
“သူက ပုံမှန်အခြေအနေဆိုရင် ထွက်သွားခဲတယ်” သက်ကြီးပုဂ္ဂိုလ် ၄ ပြောလိုက်သည် “တကယ်တော့ သူတို့ နဂါးတန်ပြန်တောင်မှာတုန်းက အထွတ်အထိပ်သားရဲထွက်သွားခဲ့သေးတယ်၊ သူ သူတော်စင်မြို့တော်မှာ မရှိခဲ့ဘူး၊ အဲတုန်းကအချိန်ကောင်းပဲ”
“ဒါပေမဲ့ ကျွန်တော်တို့ သူတော်စင်မြို့တော်မှာ သတ်လို့မရဘူးလေ”
“နည်းလမ်းမရှိတာတော့ မဟုတ်ဘူး” နာလန်မျိုးနွယ်၏ အဆင့်အမြင့်ဆုံး သက်ကြီးပုဂ္ဂိုလ် သည် ငြိမ်သက်နေရာမှ ပြောလေသည်။
“လူကြီးမင်း ၁” နာလန်မျိုးနွယ်မှ အားလုံးသည် သူ့အား ကြည့်လိုက်ကြသည်။
“နဂါးတန်ပြန်တောင်ရဲ့ ချုပ်နှောင်ထားတဲ့ သားရဲ” လူကြီးမင်း ၁သည် ထိုစကားမျှသာပြောသော်လည်း သူ့အကြည့်မှာ လူသတ်မည့် အကြည့်ဖြစ်လေသည်။
နာလန်မျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများတောက်ပါလာကာ ပြောလိုက်သည် “ဟုတ်တယ်၊ တစ်ခါလေ ကိုယ်တိုင် မလုပ်ရတာတွေရှိတတ်တယ်၊ လန် လီမူက မင်းကို စိတ်ဝင်စားနေတာမလား၊ သူ့ကို အပ်ထားလိုက်တော့”
နာလန်လန်သည် မျိုးနွယ်ခေါင်းဆောင် ဆိုလိုသည်ကို နားလည်သဖြင့် ပြောလိုက်သည် “လန် နားလည်ပါတယ်”
လီမူ၏ အရည်အချင်းမှာ လွှမ်းမိုးနိုင်သဖြင့် သူသည် အသက် နှစ်ဆယ် မပြည့်ခင်ပင် သူတော်စင်မြို့တော်ကို ဝင်ခွင့်ရခဲ့သည်။ သူသည် သူတော်စင်မြို့တော်မှ အခြေအနေများကို ပိုရင်းနှီးသည်။ သူသည် ရှီမာယူယူကို မုန်းတီးခြင်းကိုပါ ပေါင်းလိုက်လျှင် ရှီမာယူယူအား ဒုက္ခပေးရန် သူ့ကို လှည့်ဖျားခြင်းသည် ရင်ခုန်စရာပင်ဖြစ်သည်။
ပြိုင်ပွဲပေါင်း ၄၀တွင် ပထမနေ့တွင်ပင် ပွဲ ၃၀ ပြိုင်ပြီးသွားသည်။ ကျန် ၁၀ပွဲမှာ နောက်နေ့အတွက် ပြိုင်ရန် ထားရှိလေသည်။
ထိုနေ့တွင် လီမျိုးနွယ်ဝင်များသည် ပြိုင်ပွဲ တော်တော်များများတွင် ရှုံးနိမ့်ကာ အထူးသဖြင့် ရှီမာမျိုးနွယ်နှင့် ပြိုင်သောပွဲများတွင် ရှုံးနိမ့်ခဲ့သည်။ တစ်ယောက်ချင်းစီသည် ဝက်ခေါင်းဖြစ်အောင် အရိုက်ခံ ရပြီး ဒေါသအပြည့်ဖြင့် ကျန်ခဲ့ရသည်။
ရှီမာမျိုးနွယ်သည် သူတို့မျက်နှာများကို ပျော်ရွှင်စွာပင် ဦးတည်ထားခဲ့သည်။
ညသန်းခေါင်အချိန်တွင် လီမူသည် အဂ္ဂိရတ်ပညာရှင်အသင်းသို့ သွားရန် သတင်းရရှိခဲ့သည်။ သူ အနည်းငယ် သံသယဝင်မိသော်လည်း လီအိမ်တော်မှ ထွက်ကာ အဂ္ဂိရတ်ပညာရှင်အသင်းဘက်သို့ အလောတာကြီးလာလိုက်သည်။
“ရွှတ် ရွှတ်”
ရုတ်တရက်ပင် ရှိုက်သံကြားရသဖြင့် လီမူ ခြေလှမ်းများ ရပ်တန့်လိုက်သည်။
“ဒါက လန်ရဲ့ အသံပဲ”
“သခင်မလေး တကယ်ဝမ်းနည်းနေတဲ့ပုံပဲ” နာလန်လန်၏ အစေခံမိန်းကလေး၏ အသံသည် ခြံဝန်းမှ ထွက်လာသည်။
ခြံဝန်းအပြင်တွင်ရပ်နေသော လီမူသည် ချက်ချင်းပင် စိုးရိမ်သွားသည်။ သူသည် ဂရုမစိုက်တော့ပဲ နာလန်လန်ရှိရာ ခြံဝန်းသို့ ချက်ချင်းပင် ပျံဝင်သွားသည်။ ထင်ထားသည့်အတိုင်းပင် ခြံဝန်းအတွင်းရှိ အဆောင် တစ်ခုတွင် ငိုရှိုက်နေသော နာလန်လန်အား တွေ့လိုက်သည်။
“လန်” သူသည် နာလန်လန်၏ မျက်နှာမှ စီးကျနေသော မျက်ရည်များကို ကြည့်ကာ သူ့ စိတ်များ နာကျင်မိသည်။
နာလန်လန်သည် ရုတ်တရက် ယောက်ျားလေးတစ်ယောက်၏ အသံကို ကြားလိုက်သောအခါ တိတ်သွားလေသည်။
“အာ”
အစေခံမိန်းကလေးသည် ချက်ချင်းပင် နာလန်လန်ရှေ့လာကာ ငေါက်လေသည် “ဘယ်လို တေလေ ဂျပိုးလဲ နာလန်အိမ်ကို ညကြီးလာပြီး ကျူးကျော်ရဲတယ်”
“လန် မကြောက်ပါနဲ့ ငါပါ” လီမူသည် အလောတကြီးလျှောက်သွားကာ သူဘယ်သူလဲ ဆိုသည်ကို မြင်အောင် ပြလိုက်သည်။
“အစ်ကိုကြီးလီလား” နာလန်လန်သည် လီမူအား တွေဝေစွာကြည့်လိုက်သည် “ဒီမှာ ဘာလုပ်နေတာလဲ”
လီမူသည် နာလန်လန်၏ မျက်နှာမှ မျက်ရည်များ စီးကျလာသည်ကို တွေ့သည်နှင့် အလျင်စလို လျှောက်လာလေသည်။ သူလက်ဆန့်ထုတ်ကာ သူမ မျက်ရည်ကို သုတ်ပေးလိုက်ပြီး ရင်နာစွာ ပြောလေသည် “လန် ဘာလို့ ဒီလိုငိုနေရတာလဲ၊ ဘယ်သူက နာကျင်အောင်လုပ်တာလဲ”
တကယ်တော့ သူအရင်က ကြိုက်သည်မှာ ကျောက်စိမ်းဖြစ်သည်။ သို့သော် နဂါးတန်ပြန်တောင်တွင် ရှိစဉ်က ကျောက်စိမ်း သူ့ကို ပြန်မကြိုက်သည်ကို သူသိခဲ့သည်။ နာလန်လန်ကို တွေ့ပြီးနောက် သူသည် ထိုကဲ့သို့ ပိုင်ဆိုင်လိုသည့် ခံစားချက်မျိုး မခံစားဖူးပေ။ ထို့နောက် နာလန်လန်အား တွေ့ပြီးနောက်တွင် သူမအား နှစ်သက်သွားမိသည်။
နာလန်လန်သည် လှပကာ သူမ၏ နိုးကြားသောပုံစံ ထည့်ပေါင်းလိုက်သောအခါ ဂုဏ်သရေရှိကာ ပြည့်စုံသော ရောင်ဝါထွက်လေသည်။ သူမသည် လွယ်ကူစွာပင် လီမူအား လှည့်စားနိုင်ခဲ့သည်။ ထိုသည်မှာ မိုးရွာသောအနေ့တွင် တစ်စုံတစ်ယောက်က ထီးလာပေးသည်နှင့် တူသည်။ သူမ မျက်လုံးများသည် ဝမ်းနည်းမှု များဖြင့် ပြည့်နေကာ လီမူသည် ချက်ချင်းပင် နှစ်မြုပ်သွားလေသည်။ သူသည် ရပ်တန့်ရန်အတွက် သူမကို လက်မောင်းအတွင်း ဖက်ကာ သူမအား နှစ်သိမ့်ပေးလေသည်။
နာလန်လန် မေးခွန်းအမေးခံလိုက်ရချိန်တွင် သူမ မျက်ရည်ကျပြန်သည်။ သူမသည် ခေါင်းကို တစ်ဖက်လှည့်ကာ ပြောလေသည် “အစ်ကို မမေးတာ ကောင်းပါမယ်”
“ဘယ်လိုလုပ် မမေးပဲနေမလဲ၊ မင်းက ဒီလောက်ငိုနေတာကို ဘယ်သူပဲဖြစ်ဖြစ် ငါသူ့ကို အလွတ် မပေးဘူး၊ လန် အစ်ကို့ကိုပြော သူ့ကို လက်တုန့်ပြန်ပေးမယ်” လီမူသည် ဒေါသထွက်စွာ ပြောလေသည်။
“ကျွန်မ..မပြောနိုင်ဘူး” နာလန်လန် ပြောလိုက်သည် “အစ်ကိုကြီးလီ အစ်ကိုက လန်အပေါ်မှာ ကောင်း တယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ ထပ်မမေးပါနဲ့တော့၊ မဟုတ်ရင် ကျွန်မရှက်လို့ ကိုယ့်ကိုယ်ကို သတ်သေမိတော့မယ်”
သူမ စကားလုံးများသည် တစ်စုံတစ်ခုကို ကာကွယ်သည်ဟု လီမူခံစားရသည်။ သူမ လည်ပင်းတွင် အနီရောင်အမှတ် ရေးရေးရှိနေကာ သူ ချက်ချင်းပင် အင်္ကျိကို မတင်လိုက်ရာ ဒဏ်ရာတစ်ခုပေါ်လာလေသည်။
“ဒါက” သူသည် ထိုဒဏ်ရာအားမြင်လိုက်သောအခါ အံ့သြသဖြင့် မျက်လုံးပြူးသွားလေသည်။ သူမျက်နှာမှာ နာကျင်သည့်ပုံစံဖြစ်သွားပြီး မယုံကြည်စွာ ပြောလိုက်သည် “မင်း…မင်း အနိုင်ကျင့်ခံရတာလား”
နာလန်လန်သည် တိတ်ဆိတ်နေကာ ငိုသာငိုနေသည်။
အစေခံမိန်းကလေးသည် ဘေးမှ ပြောလေသည် “သခင်ကြီးလီ ဒါ သခင်ကြီးထင်သလို မဟုတ်ပါဘူး ကျွန်မတို့ သခင်မလေးက ဖြူစင်ပါတယ် ဒါပေမဲ့…ဒီအစေခံကသာ စောစောရောက်မသွားရင် အဲလူယုတ်မာက သခင်မလေးကို မတော်တရော် လုပ်သွားမှာကြောက်တယ်”
လီမူ ထိုအကြောင်း ကြားသောအခါ ပင့်သက်ရှိုက်လိုက်သည်။ သူ ဒေါသထွက်လာကာ လက်နှစ်ဖက်ဖြင့် နာလန်လန်၏ ပခုံးကို ကိုင်ကာ ပြောလိုက်သည် “ဘယ်သူလဲ မင်းကို ဘယ်သူက ဒီလိုလုပ်ရဲတာလဲ”
“မမေးပါနဲ့တော့ အစ်ကိုကြီးလီ အစ်ကိုက ကျွန်မကို ကောင်းကောင်းဆက်ဆံရင်တောင် မသိတာကောင်းပါလိမ့်မယ်၊ မဟုတ်ရင် ဒီသတင်းကို တခြားသူတွေဆီပျံ့သွားရင် ကျွန်မ သူများတွေကို မျက်နှာချင်း မဆိုင်ရဲတော့ဘူး” နာလန်လန်သည် ရှိုက်ငိုလေသည်။
“အဲဒါ ဘယ်သူပဲဖြစ်ဖြစ် သူ ဘာမှမပြောနိုင်အောင် ငါသေချာပေါက် လုပ်ပစ်မယ်” လီမူပြောလိုက်သည် “လန် အဲဒါ ဘယ်သူလဲဆိုတာကို ပြောရမယ်၊ ငါ မင်းအတွက် လက်စားချေပေးမယ်၊ သူ့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မယ်”
“အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်မယ်ဆိုတာ ဘာပြောတာလဲ အဲလိုမပြောပါနဲ့၊ သူတော်စင်မြို့တော်က လူသတ်ဖို့ကို ခွင့်မပြုထားတော့ သူများကြားရင် မကောင်းဘူး” နာလန်လန်သည် သူ့အားတွေးပေး သလိုမျိုး ပြောလိုက်သည်။
“ငါသိပါတယ်” လီမူပြောလိုက်သည် “ဒါပေမဲ့ ဘယ်နေရာတွေက ဝင်ပြီးရင် ပြန်ထွက်လို့မရဘူးဆို တာတွေကို ငါသိပါတယ်၊ ငါ လှုပ်ရှားစရာမလိုပဲ သူ့အလိုလို ဖြေရှှုင်းပြီးသား ဖြစ်သွားလိမ့်မယ်”
သူ ပြောသည်နှင့်တပြိုင်နက် လီမူသည် တစ်စုံတစ်ခုကို သတိရသွားသလိုနှင့် သူ့အမူအရာသည် တွေဝေသွားသည်။
နာလန်လန်နှင့် အစေခံမိန်းကလေးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ တစ်စုံတစ်ရာအား သိသလိုပုံမျိုးပင်။
“အဲလိုနေရာ တကယ်ရှိတာလား” နာလန်လန်၏ အကြည့်သည် အလွန်ပင် ရိုးသား သည့်ပုံမျိုး ဖြစ်လေသည်။
“အင်း” လီမူခေါင်းညိတ်ပြီး ပြောလေသည် “အသက် ၂၀အောက်လူတွေ သူတော်စင်မြို့တော်ကို ဝင်လို့မရတာ သိတယ်မလား”
“သိပါတယ်” နာလန်လန် ခေါင်းညိတ်သည် “ကျွန်မ တခြားသူတွေကို သွားမေးပေမယ့် အကြောင်းအရင်းကို မသိခဲ့ဘူး”
“ဘာလို့လဲဆိုတော့ မင်းတို့ အသက်၂၀မပြည့်ခင် ဒီကို မရောက်ဖူးလို့မသိတာ၊ ဒီကိုရောက်လာတဲ့သူတွေက မထင်မှတ်ထားတဲ့ အဲနေရာမှာ အဆုံးသတ်သွားမယ်” လီမူပြောလိုက်သည် “ဒီမှာမွေးတဲ့သူတွေက ရောင်ဝါကို ကင်းလွတ်ခွင့်ရှိတော့ သူတို့က ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ အပြင်ကလူတွေ ဒီကိုလာရင် မထင်ထားတဲ့နေရာကို သွားရပြီး ဒုက္ခရောက်နိုင်တယ်”
ထိုတစ်ကြိမ်တွင် နာလန်လန်သည် အလွန်အံ့သြသွားသည်။ သူတော်စင်မြို့တော်မှာ အဲလို လျှို့ဝှက်ချက် ရှိနေတာလား။