← Chapters

အပိုင်း (၃၂၀) – အစီအစဉ်အောင်မြင်ခြင်း

Vol. 004 Ch. 320

အပိုင်း (၃၂၀) – အစီအစဉ်အောင်မြင်ခြင်း

Vol. 004 Ch. 320

“သူတို့ သွားလို့မရတဲ့နေရာ ဟုတ်လား၊ အဲဒါဘယ်နေရာလဲ” နာလန်လန် မေးလိုက်သည်။

“အန္ထရာယ်တွေ ပြည့်နေတဲ့နေရာ” လီမူ ပြောလိုက်သည် “ငါ ဒီကိုရောက်တုန်းက အသက် ၂၀ မပြည့်သေးဘူး၊ ငါရောက်ပြီး ၃ရက်မြောက်နေ့မှာ ငါ အဲနေရာကို ရောက်သွားတယ်”

“ဒါဆို အဲတုန်းက ဘာမှမဖြစ်ဘူးလား” နာလန်လန် တုန်လှုပ်သွားသည်။

“ဘာမှမဖြစ်ဘူး” လီမူပြောလိုက်သည် “ဘာလို့လဲဆိုတော့ ငါက အရွယ်မရောက်သေးတော့ ငါ့ဆရာက ငါဒီကိုရောက်ကတည်းက မျက်စိဒေါက်ထောက် ကြည့်နေတာ၊ ညလယ်ခေါင်ကို ငါ ထွက်သွားတာကို မြင်ပြီး သူ ငါ့နောက်လိုက်ပြီး ငါအဲနေရာကိုသွားတာ တွေ့တာနဲ့ ငါ့ကို ပြန်ခေါ်ဖို့ ချက်ချင်းပဲ ဝိညာဉ်လက်နက်ကို သုံးခဲ့တယ်၊ အဲဒါ ထူးဆန်းတယ်လို့ ပြောလို့ရတယ်၊ အဲတုန်းက ငါ မသိတတ်သေးဘူး၊ ဒါပေမဲ့ ငါ့ဆရာက ငါ့ကို ဆွဲခေါ်ပြီး တဲ့နောက်မှာ ငါ သတိပြန်ရလာပြီး အဲနေရာကို ဘာလို့သွားလဲဆိုတာကို သိတောင် မသိလိုက်ဘူး”

“အဲနေရာက ဘာလို့ အဲလောက်အန္တရာယ်များတာလဲ” နာလန်လန် မေးလိုက်သည်။

“အန္တရာယ်များတာတင်မဟုတ်ဘူး လုံးဝ ကြေမွသွားမယ်” လီမူပြောလိုက်သည် “ငါ သတိရပြီးနောက်ကို သေဆုံးတဲ့ ရောင်ဝါကို ရုတ်တရက် ခံစားလိုက်ရတယ်၊ အရမ်း ကြောက်ဖို့ကောင်းတယ်၊ ငါ့ကို သတ်ဖို့ကို ရပ်စောင့်နေသလိုပဲ၊ ငါ ပြန်လာတဲ့နောက်မှ အဲဒီကို သွားတဲ့ စံတင်ဝိညာဉ် ဆယ်ယောက်လောက် က ပြန်မလာခဲ့ဘူးလို့ ဆရာပြောတာ ကြားခဲ့ရတယ်”

“ဟူး”

နာလန်လန်နှင့် အစေခံမိန်းကလေးတို့သည် ပင့်သက်ရှိုက်လိုက်ကြသည်။ စံတင်ဝိညာဉ် ဆယ်ယောက် က ရင်ဆိုင်တွေ့ပြီး သုတ်သင်ခံလိုက်ရတယ်၊ အဲဒါ ဘယ်လိုနေရာမျိုးပါလိမ့်။

“အဲဒါကြောင့် ငါပြောတာ၊ အဲလူက ဘယ်သူပဲဖြစ်ဖြစ် သူ့ကို အဲနေရာကို ပို့လိုက်ရင် ငါတို့ ဘာမှ လုပ်စရာမလိုဘူး၊ မင်းအတွက်လည်း လက်စားချေပြီးသားဖြစ်မယ်” လီမူပြောလိုက်သည်။

“ကျွန်မ…” နာလန်လန်သည် သူမ မပြောချင်သည့်ပုံဖြင့် တွေဝေသွားပြန်သည်။

“သခင်မလေး၊ အဲဒီ ရှီမာယူယူက သခင်မလေးကို ဒီလိုဖြစ်အောင် လုပ်လိုက်တာကို ဘာတွေ တွေဝေနေတာလဲ” အစေခံ မိန်းကလေးသည် လျင်မြန်စွာပြောကာ ရှီမာယူယူ၏ နာမည်အား မတော်တဆ ထုတ်ဖော်ပြောလိုက်သည်။

“ရှီမာယူယူလား သူက မင်းကို ကိုယ်ထိလက်ရောက် စော်ကားတဲ့သူလား” လီမူ မေးလိုက်သည်။

နာလန်လန်သည် အစေခံမိန်းကလေးအား စကားမှားပြောသည့်အတွက် အပြစ်တင်သလို ကြည့်လေသည်။

အစေခံမိန်းကလေးအား သူမ ကြည့်လိုက်သည်ကို လီမူမြင်သောအခါ ပြောလိုက်သည် “လန် ဒေါသ မထွက်နဲ့၊ သူမ တမင်တကာလုပ်တာမဟုတ်ဘူးဘေ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းကို စော်ကားတာ တကယ်ပဲသူလား”

နာလန်လန် ခေါင်းညိတ်လိုက်သည်။ သူမ မျက်ရည်များသည် ချုပ်တည်းရန် ခက်ခဲကာ ထပ်ကျပြန်သည်။ သူမ ရှိုက်ကာ “အစ်ကို သိမှတော့ ထပ်ပြီး မဖုံးတော့ဘူး၊ သူက ဒုံချန်းတိုင်းပြည်ကလာတယ်ဆိုတာ အစ်ကိုသိလား”

“သိတယ်” လီမူ ခေါင်းညိတ်လိုက်သည်။

“တကယ်တော့ ကျွန်မကလည်း အဲဒီကပဲ၊ ကျွန်မတို့ ငယ်ငယ်ကတည်းက သိလာတာ၊ ဒါပေမဲ့ ကျွန်မတို့ ဆက်ဆံရေးကတော့ အမြဲတမ်းဆိုးခဲ့တယ်” နာလန်လန် ပြောလေသည်။

လီမူသည် နာလန်လန် ပြည်နှင်ဒဏ်နယ်မြေမှ လာသည်ဟု ထင်မထားပေ။ သို့သော် သူမအပေါ်တွင် ထားရှိသော သူ့စိတ်မှာ ပြောင်းလဲခြင်းမရှိပေ။

“ဒုံချန်းတိုင်းပြည်မှာ ရှီမာမျိုးနွယ်နဲ့ နာလန်မျိုးနွယ်က အမြဲတမ်း ပြဿနာဖြစ်ကြတယ်၊ သူက ကျွန်မ မောင်လေးကို သတ်သွားပြီး ကျွန်မကတော့ သူ့အလောင်းကိုတောင် အခုထိ မတွေ့ရသေးဘူး” နာလန်လန် ငိုလေသည် “သူ့ကို သူတော်စင်မြို့တော်မှာ တွေ့ရမယ်လို့ ထင်တောင်ထင်မထားဘူး၊ အရင်ကတော့ အဆင်ပြေသေးတယ် ဒါပေမဲ့ ဒီနေ့ကို ကျွန်မမောင်လေး ဘာဖြစ်သွားလဲဆိုတာ သိချင်ရင် သူ့ကို တစ်ယောက်တည်းလာရှာပါလို့ ပြောတယ်”

“မင်း သူ့ကို တစ်ယောက်တည်း သွားရှာလိုက်တာလား” လီမူ မေးလိုက်သည်။

“အင်း” နာလန်လန် ခေါင်းညိတ်လိုက်သည်။ “မောင်လေး ဘာတွေဖြစ်ခဲ့လဲဆိုတာ ကွဲကွဲပြားပြား သိချင်တယ်၊ အဲဒါကြောင့် သွားခဲ့တယ်၊ သူ.. အဲလိုလုပ်လိမ့်မယ်လို့ ထင်မထားဘူး၊ ရွှတ် ရွှတ်၊ ကျွန်မ အစေခံ မိန်းကလေးသာ ကျွန်မကို စိတ်ပူလို့ နောက်ကနေလိုက်မလာရင်တော့ ကျွန်မ တစ်ခုခုဖြစ်သွားမှာ ကြောက်…”

နာလန်လန်သည် စကားဆက်မပြောနိုင်တော့ပဲ စားပွဲပေါ်သို့ ရှိုက်ကာ မှောက်လိုက်သည်။

လီမူသည် လက်သီးဖြင့် စားပွဲအားထိုးကာ ပြောလိုက်သည် “အဲဒီ ရှီမာယူယူက အရမ်း ရက်စက်တာပဲ ငါ့ကို အရှက်ခွဲရင်တော်ပြီပေါ့ မင်းကိုတောင် ထိရဲလိုက်သေးတယ်၊ ငါ သည်းမခံနိုင်တော့ဘူး၊ သူ့ကို သတ်တော့မယ်”

“မလုပ်ပါနဲ့” လန်လန်သည် သူ့လက်အား ကိုင်ကာ ပြောလေသည် “အစ်ကို့ရဲ့လူတွေက သူ့ကို ရန်သွားစလို့ မျက်စိရှေ့မှာပဲ ဝက်ခေါင်းဖြစ်အောင် အရိုက်ခံရတယ်လို့ ကျွန်မ အစ်ကိုပြောတာ ကြားလိုက်ရ တယ်၊ သူ့ကို ပြဿနာသွားရှာမယ်ဆိုရင် သူ့အကျင့်နဲ့ဆိုရင် လက်စားချေလိမ့်မယ်”

“မင်းပြောတာ ရှီမာမျိုးနွယ်က လူမြင်ကွင်းမှာ ငါ့လူတွေကို ဝက်ခေါင်းဖြစ်အောင် ရိုက်တယ် လို့ ပြောလိုက်တာလား”  လီမူသည် သူမပြောသည်ကို စကားဖမ်းပြီးမေးလေသည်။

“ကျွန်မ အစ်ကိုပြောတာကြားတာပါ” နာလန်လန် ပြောလေသည် “ဒါ ကျွန်မ ပြဿနာပါ ဒီလို အခြေအနေဖြစ်လာမှတော့ ခံနိုင်ရည်ရှိရတော့မှာပေါ့.. အစ်ကို့ကို ဘယ်လိုလုပ် ဆွဲသွင်းမလဲ၊ အစ်ကိုကြီးလီ လန်က အစ်ကိုရဲ့ ကြင်နာမှုတွေကို သိပါတယ်၊ ကျွန်မကို ဂရုစိုက်တာတွေလည်း သိတယ် ဒါပေမဲ့ ကျွန်မ ဒီလိုဖြစ်နေပြီဆိုတော့ အစ်ကိုနဲ့ မတန်တော့ပါဘူး အစ်ကိုထွက်သွားပြီး ကျွန်မကို မေ့လိုက်ပါတော့”

“ဘယ်လိုလုပ် ဖြစ်နိုင်မလဲ” လီမူပြောလိုက်သည် “မင်း ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ၊ မင်းက ငါ့နှလုံးသားထဲမှာ အမြဲအတူတူပဲ၊ ဒါပေမဲ့ အဲရှီမာယူယူနဲ့ ရှင်းဖို့ကတော့ မင်းပြောတာမှန်တယ်၊ ငါ သတိလက်လွတ် လုပ်လို့မရဘူး၊ သူ့ကို ရှင်းဖို့ လျှို့ဝှက်အစီအစဉ်ဆွဲဖို့ စဉ်းစားရမယ်၊ မဟုတ်ရင် သူ့ကို ငါ အမြဲတမ်း ဆရာလို ဆက်ဆံနေရမယ်”

“ဒါပေမဲ့…”

နာလန်လန်သည် စကားပြောချင်သော်လည်း လီမူသည် သူမအား ကြားဖြတ်ပြောလေသည် “လန် ထပ်မပြောပါနဲ့တော့ ငါ ဆုံးဖြတ်ပြီးပြီ သူ့ကို ရှင်းပစ်ဖို့ကို အစီအစဉ် စဉ်းစားရတော့မယ်”

“ကျွန်မ…” နာလန်လန်သည် ဆုံးရှုံးသည့် ပုံပေါက်နေသော်လည်း နောက်ဆုံးတွင် သူမ ခေါင်းမော့ကာ ပြောလိုက်သည် “ဒီအခြေအနေက ကျွန်မကြောင့်ဖြစ်လာတာပါ၊ အစ်ကို့ကို တစ်ယောက်တည်း ဒီဝန်ထုတ်ဝန်ပိုးကို မသယ်ခိုင်းနိုင်ဘူး၊ ဒီလိုဖြစ်လာမှတော့ အတူတူ နည်းလမ်းရှာကြတာပေါ့”

တစ်နာရီကြာသော် လီမူသည် နာလန်မျိုးနွယ်မှ ပြန်သွားလေသည်။

သူပြန်ပြီးနောက်တွင် နာလန်လန်သည် သူမ၏ ဝမ်းနည်းနေသည့် ပုံကို ပြောင်းပစ်ကာ အစေခံ ပေးသည့် ဆေးကို စားလိုက်သည်။

“ဒီ ငိုစေတဲ့ဆေးက အသုံးဝင်လိမ့်မယ်လို့ ထင်မထားဘူး၊ သခင်မလေးငိုလိုက်တာ သခင်လေး လီရဲ့ ရင်ကွဲတော့မလိုပဲ” အစေခံမိန်းကလေး ပြောလိုက်သည်။

“ဒီ ငိုစေတဲ့ဆေးရဲ့ သက်ရောက်မှုက မဆိုးဘူးပဲ၊ တစ်လုံးထဲစားလိုက်တာ ငိုချင်တိုင်း ငိုတော့တာပဲ၊ တကယ်ပဲ ငါ့ကို အားနည်းတယ်လို့ ထင်စေတာပဲ” နာလန်လန် ပြောလိုက်သည် “ဒီဆေးက နည်းနည်းခါး တာပဲ ရှိတယ်”

အစေခံမိန်းကလေးသည် ပျားရည်ပါသော တစ်စုံတစ်ရာကိုထုတ်ပြီး နာလန်လန်အား စားရန် ပေးလိုက်သည် “ဒီလီမူက ကိုင်တွယ်လို့ လွယ်လိုက်တာ၊ သခင်မလေး ဒီလိုပြောလိုက်တာနဲ့ စဉ်းစား ဉာဏ်မရှိတော့ဘူး၊ ဒါပေမဲ့ သူ့အစီအစဉ်က အဆင်ပြေပါ့မလား၊ အဲရှီမာယူယူက လှည့်စားလို့ရပါ့မလား”

“သူနဲ့ ကျောက်စိမ်းရဲ့ ဆက်ဆံရေးက မဆိုးဘူးလို့ကြားတယ်၊ အချိန်ရောက်ရင် ကျောက်စိမ်းက ငါးစာမိရင် အဆင်ပြေသွားလိမ့်မယ်” နာလန်လန် ပြောလိုက်သည် “လီမူက ရှီမာမျိုးနွယ်ကို ဘာတွေပဲ လုပ်လုပ် ငါတို့နဲ့ကိစ္စမဟုတ်တော့ဘူး.. သွားရအောင် ငါဒီနေ့ည ငိုလိုက်ရလို့ ပင်ပန်းသွားပြီ နားတော့မယ်”

လီမူသည် နာလန်မျိုးနွယ်မှ ထွက်ပြီးနောက် အဂ္ဂိရတ်ပညာရှင်အသင်းသို့ မသွားပဲ လီမျိုးနွယ်ကိုသာ တိုက်ရိုက်သွားလေသည်။ သူသည် လီမျိုးနွယ်၏ တည်ဆောက်မှုသခင်၏ အခန်းသို့ ဦးတည်လိုက်သည်။

နော်ကတစ်နေ့တွင် လူငယ်မျိုးဆက်များ၏ ပြိုင်ပွဲ ၁၀ပွဲသာ ကျန်ရှိသော်လည်း လူများ ထူထပ်ဆဲဖြစ်သည်။

နေ့တစ်ဝက်ကြာပြီးသောအခါ ပြိုင်ပွဲများ ဆက်လက်ကျင်းပလေသည်။ ရှီမာမျိုးနွယ်တွင် အယောက် ၃၀တွင် ၁၆ယောက်ကျန်လေသည်။ တခြားသုံးယောက်သည် ကံဆိုးကာ ဟူကျိယန်ကဲ့သို့ ပြိုင်ဘက်နှင့် တွေ့ပြီး အရှုံးပေးရလေသည်။

သို့သော် တိုင်းပြည်တစ်ခုလုံးသည် ရှီမာမျိုးနွယ်၏ ရလဒ်ကို အံ့သြကြသည်။ သည်လိုမျိုးကို သူတို့ အရင်က မမြင်ဖူးပေ။ သူတို့သည် အဆင့်နောက်ဆုံးမဖြစ်ပဲ လီမျိုးနွယ်မှ နောက်ဆုံး တစ်ယောက်သည် သေခြင်းနှင့် ရင်ဆိုင်ရလေသည်။ ရှီမာမျိုးနွယ်သည် အားအကောင်းဆုံး အဆင့် ၂အဖြစ် သတ်မှတ်ခံရသည်။

ဒိုင်လူကြီးသည် နောက်ဆုံး ရလဒ်ကို ကြည့်ပြီး ပြောလေသည် “ကျွန်တော်တို့ လူငယ်ပြိုင်ပွဲကို စတင်ပါတော့မယ် ခင်ဗျားတို့ မျိုးဆက်တစ်ခုထဲကို ပြိုင်ပြီး ကိုယ့်နေရာကိုယ် ကာကွယ်နိုင်ပါတယ်၊ နေရာ ၁၀နေရာကို ကာကွယ်နိုင်တဲ့သူတွေကတော့ အသင်းတွေကပေးတဲ့ အထူးဆုကို ရရှိမှာဖြစ်ပါတယ်၊ ၃ပွဲနိုင်တဲ့သူ ကလည်း ဆုရရှိမှာဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာဝင်ပြိုင်ချင်တဲ့သူတွေ စတင်ပြင်ဆင်လို့ရပါပြီ”

သူ ကြေညာပြီးနောက်တွင် အားလုံးသည် ပထမဆုံး ဝင်ပြိုင်မည့်သူကို သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။

All Chapters