← Chapters

အပိုင်း (၃၂၁) – ငါမပြိုင်ချင်ဘူး

Vol. 004 Ch. 321

အပိုင်း (၃၂၁) – ငါမပြိုင်ချင်ဘူး

Vol. 004 Ch. 321

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကာ နာလန်ဂျီနှင့် ကျန်သောသူများသည် ရှေ့တိုးပြီး စင်ပေါ်ကို တက်လိုက်ကြသည်။

“ဆန်းချောင်လီလား”

သူတို့သည် စင်ပေါ်တက်လာသော ပုံရိပ်အားမြင်သည်နှင့် အားလုံးသည် အံ့သြသွားခဲ့သည်။

သူသည် အင်အားမကောင်းသောကြောင့်မဟုတ်ပဲ သူသည် သူ့မိသားစုတွင် နှိမ့်ချနေကာ အင်အားနှင့် စွမ်းအားပြသရမည့် ကိစ္စမျိုးဆိုလျှင် စိတ်ဝင်စားခဲသည်။ တစ်ယောက်ယောက်က သူ့အား စိန်ခေါ်သည် ဆိုလျှင်တောင် သူ မပါဝင်တတ်ပေ။ သူ အရင်ထွက်လာမယ်လို့ ဘယ်သူထင်မှာလဲ။

“အစ်ကိုချောင်လီက ဘာလို့တက်သွားတာလဲ” လူများ အံ့သြသွားသလိုပင် ဆန်းမိသားစုများသည်ပင် အံ့သြသွားသည်။ ဆန်းချောင်လီနှင့် ရင်းနှီးသောလူ တစ်ယောက်ကပင် သူ့မေးစေ့ကို ပွတ်ကာ ပြောလိုက်သည် “သူ အဲကောင်လေးနဲ့ တိုက်ချင်လို့သွားတာတော့ မဟုတ်လောက်ပါဘူးနော်”

“အဲကောင်လေး ဟုတ်လား ဘယ်သူလဲ” အားလုံးသည် သူပြောသည်ကို ကြားသည်နှင့် မည်သူ့ကို ရည်ညွှန်းသည်ကို သိချင်နေကြသည်။

“ရှီမာယူယူ” ထိုလူသည် ပြန်ဖြေလိုက်သည်။

အမှန်တကယ်ပင် စင်ပေါ်တွင် ဆန်းချောင်လီသည် သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရာ သူ့မျက်လုံးများသည် ရှီမာမိသားစုဘက်တွင် ကျရောက်သွားလေသည်။ သူသည် ရှီမာယူယူအားကြည့်ကာ သူမအား စိန်ခေါ်လိုက်သည် “မင်း ငါနဲ့ ပြိုင်ချင်လား” အားလုံးသည် အလွန်အံ့သြသွားလေသည်။ သူသည် ဟူကျယန် သို့မဟုန် နာလန်ဂျီကို မရွေးပေ။ သူသည် ရှီမာမိသားစုဘက်ကြည့်နေသော်လည်း သူ့မျက်လုံးများ သည် ရှီမာလင်းဆီတွင် ရှိမနေပါ။ သူသည် မည်သူ့ကိုမှ ရွေးပြီး မျက်စိကျဖူးခြင်း မရှိခဲ့ပေ။ သူသည် တခြား သာမာန်လူငယ်များနှင့် မတူသည်ကို အားလုံးက သိကြသည်။ ထိုမူမမှန်သည့်လူများမှလွဲ၍ သူ့တွင် တခြားသော အပေါင်းအဖော်မရှိပေ။ သူသည် အားလုံးကို လက်လျော့ကာ အဂ္ဂိရတ်ပပညာရှင် သခင်ကို ရွေးလိုက်တာလား။ သူ့စွမ်းအားတွေက အဲဒီ ပါရမီရှင်တွေထက် ကောင်းနေတာလား။ အခုတော့ သူဘာပြောမည်ဆိုသည်ကို အားလုံးက စိတ်ဝင်စားနေကြသည်။

ရှီမာယူယူသည် သူ သူမအား ကြည့်နေမည်ဟု ထင်မထားပေ။ အံ့သြစွာပင် သူမသည် ခေါင်းရမ်းကာ “ငါ မပြိုင်ချင်ဘူး”

“ဘာလို့လဲ ငါ့ကို အထင်သေးလို့လား” ဆန်းချောင်လီ၏ အမူအရာသည် မဲ့သွားသည်။

“မင်းက အရမ်းအားကောင်းတယ်၊ ပြီးတော့ မင်းက နှစ်ယောက်တွဲပြိုင်တဲ့ နေရာမှာ ကောင်းတယ်” ရှီမာယူယူ ရှင်းပြသည် “ငါက တိုက်ရတာကို မကြိုက်တာမဟုတ်ဘူး၊ ဒီလူတွေ အားလုံးရှေ့မှာ တိုက်ရတာကို မကြိုက်တာ”

ဆန်းချောင်လီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည် “တကယ်လို့ ငါမင်းကို တခြားနေရာမှာ လာရှာရင် မင်း နှစ်ယောက်ချင်း တိုက်ချင်လား”

“ဖြစ်နိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ငါနားလည်ပါပြီ” ဆန်းချောင်လီ ခေါင်းညိတ်လိုက်သည် “ငါ သေချာပေါက် မင်းကိုလာရှာမယ်” သည်လိုနှင့် သူသည် နောက်ြန်လှည့်ကာ ဆန်းမိသားစုနေရသို့ ပြန်သွားလေသည်။

စင်အားကြည့်နေသော အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် လက်မှိုင်ချစွာ ကြည့်မိကြသည်။ သူတို့က သူတို့ကိစ္စကို ဒီလောက်မြန်မြန် ဖြေရှင်းလိုက်တာလား။ သူတို့သည် စိတ်လှုပ်ရှား စရာကောင်းသော ပြိုင်ပွဲကိုကြည့်ရပြီး တစ်ဖက်မှာ အရှက်ရစရာကောင်း လောက်အောင် ရှုံးနိမ့်သည်ကို ကြည့်ရမည်ဟု ထင်ထားကြသည်။ သို့သော် အားလုံးမျှော်လင့်သည်ထက် ပြဿနာမှာ လျင်မြန်စွာပင် ဖြေရှင်းပြီး ဖြစ်လေသည်။ ပြိုင်ပွဲအတွက် တစ်ယောက်အား ချည်းကပ်ခြင်းသည် စိန်ခေါ်သူသည် ထိုလူအား အားလုံးရှေ့တွင် အထင်သေးခြင်းကို ဖြစ်စေသည်။ ပါဝင်သူသည် စိန်ခေါ်သူအား ငြင်းဆန်သည့် အခြေအနေ မဖြစ်ဘူးပေ။ ထို့ကြောင့် ရှီမာယူယူသည် ရိုးရှင်းစွာပင် စိန်ခေါ်မှုအား မျက်စိတစ်မှိတ် အတွင်း ငြင်း ဆန်မည်ဟု ထင်မထားကြပေ။ စိန်ခေါ်သူအနေနှင့် ငြင်းဆန်ခြင်းခံရပါက အလွန်ပင် အရှက်ရဖွယ်ဖြစ်သည်။ သို့သော် ဆန်းချောင်လီသည် ရှီမာယူယူအား စကားအနည်းငယ်ပြောကာ သူ့နေရာသို့ အေးအေးဆေးဆေး ပင် ပြန်သွားလေသည်။ အငြင်းခံရခြင်းအတွက် ကသိကအောက်မဖြစ်ပဲ ပုံမှန်အတိုင်းပင်။

“သူတို့နှစ်ယောက်လုံးက ထူးကို ထူးဆန်းတယ်”

စိန်ခေါ်သူနှင့် ပြိုင်မည့်သူမှာ အေးဆေးနေသဖြင့် ပြဿနာမှာ လျင်မြန်စွာပင် ပြီးဆုံးသွားလေသည်။

ဆန်းချောင်လီ သူ့နေရာသူ လျင်မြန်စွာပြန်သွားသည်ကို ကြည့်၍ ပါရမီရှင်များသည် အယူခံဝင်ရန် အခွင့်အရေးပျောက်သွားလေသည်။ ရှီမာယူလင်း မျက်နှာမပျက်သော်လည်း ဟူကျိရန်၏ မျက်နှာမှာ အတင်း ပြုံးထားရပြီး နာလန်ဂျီ၏ အမူအရာမှာ ပေါက်ကွဲမတတ် မည်းနေသည်။ ရှီမာယူယူ စိန်ခေါ်မှုအား လက်ခံသည်ဆိုလျှင်တောင် သူသည် နောက်တစ်ယောက်အား စိန်ခေါ်ရမည်။ သို့သော် သူပြန်သွားသည်မှာ သူသည် တခြားသူများကို ပြိုင်ဘက်အဖြစ်မသတ်မှတ်ပဲ သူတို့နှင့် နှစ်ယောက်တွဲ ပြိုင်ရန် ဆန္ဒမရှိဟု ဆိုလိုသည်။

ဒိုင်လူကြီးသည် ဖြစ်ပျက်သမျှကို နားမလည်တော့ပဲ ခဏကြာမှပင် သတိပြန်ဝင်လာသည်။ သူသည် စင်ဘေးတွင် ရပ်ကာ ခေါ်လိုက်သည် “နောက်ထပ် ဘယ်သူပါလဲ စင်ပေါ်ကို တက်ခဲ့ပါ” ထိုသို့ ပြောပြီးသည်နှင့် သူ စင်ပေါ်မှ ဆင်းသွားလေသည်။

“ကျွန်တော်” နာလန်ဂျီသည် သက်ပြင်းချကာ စင်ပေါ်တက်လာသည်။ သူသည် ဆန်းချောင်လီအား ညွှန်ပြပြီး ပြောလိုက်သည် “ဆန်းချောင်လီ ငါ နဲ့ ပြိုင်ချင်လား”

“ဝါး… သူ ဆန်းချောင်လီကို ရွေးလိုက်တာပဲ” ဖက်တီးကျူသည် သူ့အတွေးအား ကျယ်လောင်စွာ ပြောလိုက်သည်။

“သူရှက်သွားလို့ပါ” ဝေကျိရွှီသည် သူ့ယပ်တောင်အား ဝေ့ရမ်းနေသည်မှာ မင်းသားတစ်ယောက်၏ ပုံစံကဲ့သို့ ဖြစ်နေသည်။ ရှီမာယူယူသည် ယပ်တောင်အားကြည့်လိုက်ရာ ထိုယပ်တောင်သည် အံ့ဖွယ်ရှေးဟောင်း ပစ္စည်းနှင့် အလှဆင်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ ယပ်တောင်ကိုင်ထားခြင်းသည် လူတစ်ယောက် ၏ ပုံစံတစ်ခုလုံးကို ပြောင်းလဲပေးသည်။

“ငါ့ကို အဲဒါ ခဏငှား” သူမသည် ဝေကျိရွှီ၏ ယပ်တောင်ကို ယူလိုက်ပြီး ယပ်ခတ်နေလိုက်သည်။ “ငါ့ ကြည့်ရတာ တကယ်ကြည့်ကောင်းတဲ့ လူကြီးလူကောင်းပုံပေါက်မနေဘူးလား”

ဝေကျိရွှီ နောက်ယပ်တောင်တစ်ချောင်းထုတ်ကာ ရှီမာယူယူအား ကြည့်ပြီး ပြန်ဖြေလိုက်သည် “မင်း ကြည့်ရတာ ဒုက္ခရောက်နေတဲ့ အပျင်းကြီးတဲ့လူကျနေတာပဲ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ငါ့လိုမျိုး ဖြူစင်တဲ့ အပျင်းကြီးတဲ့သူ ဘယ်မှာ ရှိနိုင်မှာလဲ”

“ဟူး..”

ဖက်တီးကျူသည် ရယ်မောလိုက်ကာ သူ သတိထားမိချိန်တွင် ရှီမာယူယူ သူ့အား စိုက်ကြည့်နေလေ သည်။ သူ လျင်မြန်စွာပင် စကားလမ်းကြောင်းလွဲကာ “ကျိရွှီ သူ့ ရှက်သွားတယ်လို့ ဘာလို့ပြောတာလဲ”

“ရှင်းပါတယ်” ဝေကျိရွှီ ပြောလိုက်သည် “ဆန်းချောင်လီက ရှီမာယူယူဆီက အငြင်းခံရပြီး အေးဆေးပဲ ပြန်သွားတာလေ ဆိုလိုတာက သူက နှစ်ယောက်ချင်းပြိုင်ဖို့ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူးဆိုတာပဲ၊ နာလန်ဂျီတော့ အငြင်းခံရတော့မယ် ထင်တာပဲ”

ရှီမာယူယူ သဘောတူသည်။ သူမသည်လည်း စိတ်ကူးတူသည်။

“ဆန်းချောင်လီ၊ မင်းက ငါနဲ့ နှစ်ယောက်ချင်းတိုက်ရဲလား” နာလန်ဂျီသည် ကျယ်လောင်စွာ ထပ်မေးလေသည်။ ပထမတစ်ခေါက်တွင် ဆန်းချောင်လီ ပြန်မဖြေပေ။ အခု သူ ထပ်မေးသောအခါ ဆန်းချောင်လီသည် ရိုးရှင်းစွာပင် ပြန်ဖြေလိုက်သည် “ငါ အဲလို တိုက်ပွဲတွေကို စိတ်မဝင်စားဘူး”

သူမ စိတ်မဝင်စားဘူး….

အားလုံးသည် သူပြောလိုက်သောစကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ခုနလေးတင် သူ တခြားတစ်ယောက်ကို စိန်ခေါ်ခဲ့တယ်လေ၊ ဒါပေမဲ့ အခု စိတ်မဝင်စားဘူးတဲ့လား၊ ဒါဆိုရင် နာလန်ဂျီ ဘာဖြစ်သွား မလဲ။

နာလန်ဂျီ မျက်နှာပျက်သွားပြီး ဆန်းချောင်လီအား စိုက်ကြည့်ကာ အော်လိုက်သည် “မင်းစိတ်မဝင်စား တာလား ကြောက်တာလား”

“ငါမကြောက်ပါဘူး ဒီအတိုင်းပဲ မပြိုင်ချင်တာ” ဆန်းချောင်လီ ပြောလိုက်သည် “ငါ မပြိုင်ချင်ဘူး” ပြောပြီးသည်နှင့် သူ မျက်လုံး ပြန်ပိတ်လိုက်သည်။ ထိုပြိုင်ပွဲမှာ လူတစ်ယာက်၏ သတ္တိကြောင့် ပြိုင်ရခြင်းမဟုတ်တော့ပဲ ပြိုင်ချင်သည် မပြိုင်ချင်သည်ဟူ၍ ဖြစ်နေတော့သည်။ ရှီမာယူယူ ထိုစကားကြားသောအခါ ဆန်းချောင်လီအား စိတ်ဝင်စားမိသွားသည်။

သူ၏ ကိစ္စတစ်ခုအပေါ်ကို ကြည့်သည့် အမြင်သည် သူမနှင့် တူသည်။ တစ်စုံတစ်ခုကို ကြောက်ရွံ၍ မဟုတ်ပဲ လုပ်ချင်လျှင် လုပ်ပစ်လိုက်သည်။ အရည်အချင်းရှိသော သူများပင် ထိုကဲ့သို့ ပြောကြသည်။ တစ်စုံတစ်ယောက်ပြောလိုက်သော စကားကြောင့် တုန်လှုပ်ခြင်းမရှိပေ။ သူသည် သူမ အဖြေကြား ပြီးနောက်တွင် မကျေမနပ်မဖြစ်ပဲ တခြားသော သူများကို စိန်မခေါ်ပဲ စင်ပေါ်မှဆင်းသွားခဲ့သည်။ ထိုအရာသည် သူမတို့နှစ်ယောက် တူညီသောအရာပင်။

နာလန်ဂျီသည် စင်ပေါ်တွင် အမြစ်တွယ်ကာ ကသိကအောင့် ဖြစ်နေလေသည်။ အကြောင်းမှာ သူသည် ဆန်းချောင်လီကဲ့သို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိသောကြောင့်ပင်။ စိန်ခေါ်ခြင်းကို လက်ခံရန် ဖိအားပေး၍ မရပေ။ ပြိုင်ဘက်မှာ ငြင်းဆန်ပါက သူ့အား ဖိအားပေးလို့မရပေ။ ထိုကဲ့သို့ အခြေအနေမျိုးကို ဘယ်သူမှ မမြင်ဖူး ခဲ့ကြပေ။

“ဆန်းချောင်လီက ငြင်းလိုက်တော့ ဒီတစ်ချီကို အနိုင်လို့သတ်မှတ်ပါတယ်၊ နောက်တစ်ဆင့် တက်လို့ရပါပြီ” ဒိုင်လူကြီး ကြေညာလိုက်သည်။

ဒိုင်လူကြီးသည် အနိုင်ရသူဟု ကြေညာလိုက်သော်လည်း အမှန်တကယ် အနိုင်ရခြင်းမဟုတ်ပေ။ သို့သော် နာလန်ဂျီ ဘာမှမပြောပဲ သူ့နောက်ပြိုင်ဘက်အား ဒေါသပုံချလိုက်သည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ သူ့မျက်လုံးများသည် ရှီမာယူလင်းဆီသို့ ရောက်သွားသည် “ရှီမာယူလင်း မင်း ငါနဲ့ နှစ်ယောက်တိုက်ရဲလား”

ရှီမာယူလင်းသည် သူ၏ စိန်ခေါ်မှုကို မအံ့သြတော့ပဲ ရှောင်ရန်လည်း စိတ်ကူးမရှိပေ။ သူသည် မတ်တတ်ရပ်ကာ စင်ပေါ်သို့ ပျံတက်သွားလိုက်သည်။

နာလန်ဂျီသည် ရှီမာယူလင်းအားကြည့်ပြီး ပြောလိုက်သည် “ငါ သိနေတယ်၊ ငါတို့ နှစ်ယောက်ပြိုင်ရ တော့မယ်ဆိုတာကို”

ရှီမာယူလင်းသည် နာလန်ဂျီအား အသက်မပါလိုကြည့်ပြီး ပြောလိုက်သည် “အဲဒါဆိုလည်း စလိုက်ရအောင်”

All Chapters