အပိုင်း (၃၂၂) – ရှီမာယူလင်းနှင့် နာလန်ဂျီ တိုက်ခိုက်ခြင်း
Vol. 004 Ch. 322
ရှီမာယူလင်းသည် သန်မာသည်။ ထိုအချက်သည် ရှီမာယူယူအတွက် သံသယဝင်စရာမရှိပေ။ သို့သော် သူမသည် နာလန်ဂျီနှင့် ရှီမာယူလင်းတို့ တိုက်ပွဲကို မြင်တွေ့ခဲ့သည်။ ၂နှစ်အတွင်းတွင် သူ ကြောက်စရာ ကောင်းလောက်အောင် တိုးတက်လာသည်ကို သူမ အံ့သြတုန်းပင်ဖြစ်သည်။ စင်ပေါ်တွင် ရှီမာယူလင်း၏ ဝိညာဉ်စွမ်းအင်ကြောင် နာလန်ဂျီသည် လုံးဝပင် အရိုက်ခံရကာ ပြေးနေရသည်။ ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင် ထုတ်ရန် အာရုံ မစိုက်နိုင်တော့ပ။ သို့သော် ရှီမာယူလင်းသည် အေးအေးဆေးဆေးဖြင့် သူ့ ဝိညာဉ် စွမ်းအင်ကို ကြီးမားသော ဓားအသွင်ပြောင်းကာ နာလန်ဂျီအား ခုတ်ရန် လုပ်လိုက်သည်။
“လေပွေ ထွက်ခဲ့တော့” နာလန်ဂျီ အော်လိုက်သည်။
စံတင်ဝိညာဉ်အဆင့်ရှိသော အံ့ဖွယ်သားရဲသည် သူ့ဘေးတွင် ပေါ်လာကာ ရှီမာယူလင်းအား ချက်ချင်းပင် စတင် တိုက်ခိုက်လေသည်။
ရှီမာယူလင်းသည် လျင်မြန်စွာပင် သူ့ဓားရှည်ဖြင့် ကျွမ်းကျင်စွာ ကာကွယ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်သားရဲကို ခေါ်ထုတ်လိုက်သည်။
“နောက်ထပ် စံတင်ဝိညာဉ်အဆင့် အံ့ဖွယ်သားရဲပဲ” အားလုံးသည် စင်အား အံ့သြစွာ ကြည့်ကာ ပြောလိုက်သည်။
“သူတို့နှစ်ယောက်လုံးမှာ အံ့ဖွယ်သားရဲ သုံးကောင်စီရှိကြတာ မမိုက်ဘူးလား သူတို့ စွမ်းအားကတော့ တကယ်ကောင်းတာပဲ”
သူတို့နှစ်ယောက်၏ ဝိညာဉ်သားရဲများ ရှုံးနိမ့်သွားသော်လည်း နာလန်မိသားစုမှာ ထိုမျှလောက် အားကောင်းမည်ဟု ရှီမာယူယူ ထင်မထားပေ။ နာလန်ဂျီနှင့် ရှီမာယူလင်းတို့၏ ပြိုင်ပွဲမှာ ပြီးဆုံးရန် အချိန်ကြာဦး မည့်ပုံပင်။
လူငယ်မျိုးဆက်များ ပြိုင်ရာတွင် တစ်ပွဲလျှင် တစ်နာရီအတွင်းပြီးသည်။ သို့သော် သူတို့နှစ်ယောက်၏ တိုက်ပွဲမှာ နှစ်နာရီလုံး ကြာသည်။ သို့သော် ရှီမာယူလင်းသည် ဝိညာဉ်စွမ်းအင် အနည်းငယ်ပို သာသဖြင့် ခက်ခဲစွာ အနိုင်ရလိုကသည်။
ရှီမာယူလင်းသည် အနိုင်ရပြီးနောက် စင်ပေါ်မှဆင်းမလာပဲ ဆေးသောက်ပြီးမှာ သူ၏ မူလနေရာသို့ ပြန်လာပြီး ထိုင်ကာ မျက်စိမှိတ်ပြီး ကြေညာလေသည် “နောက် ဘယ်သူပြိုင်ချင်လဲ”
ထိုခက်ခဲသော ပြိုင်ပွဲတွင် သူ၏ ဝိညာဉ်စွမ်းအင်များ သုံးလိုက်ရပြီး သူသောက်လိုက်သော ဆေးသည် ပြန် ကုသရာတွင် အကူအညီဖြစ်ကာ သူ ပြန်ကောင်းလာသည်နှင့် နောက် စိန်ခေါ်မှုကို လက်ခံလိုက်သည်။
ဟူကျိယန်ကဲ့သို့ လူသည် တာဝန်မယူတတ်သော်လည်း သူ၏ သာမာန် ညီငယ်များသည် ထိုအခွင့်အရေး ယူကာ သူနှင့်တိုက်ခြင်းကြောင့် သူတို့ဝိညာဉ်အကောင်များ ဒဏ်ရာရသွားနိုင်သည်။ အကယ်၍ သူတို့နိုင်သွားပါက သူ အရှုံးပေးပြီဟုသာ တစ်ခွန်းတည်းပြောမည်။ သို့သော် လီမျိုးနွယ်မှ တစ်ယောက်သည် လျင်မြန်စွာပင် ထွက်လာသောကာ ထိုအခွင့်အရေးတွင် လီမိသားစု၏ ဂုဏ်ကို ပြန်ဆယ်နိုင်ရန် မျှော်လင့်ထား သည်။
သူသည် အဆင့်၃ ဝိညာဉ်နယ်ရှင်ဖြစ်ပြီး သင့်တော်သော အရည်အချင်းရှိသူဖြစ်သည်။ အမှန်တော့ ရှီမာယူလင်းသည် သူ့အား အရှုံးပေးလောက်အောင် ပင်ပန်းနေသည့် အခွင့်အရေးကို မျှော်လင့်ကာ တက်သွား ခြင်းဖြစ်သည်။ သို့သော် ရှီမာယူလင်း၏ စွမ်းအင်မှာ ထိုမျှလောက် တော်နေမည်ဟု ထင်မထားပေ။ သူသည် အခုလေးတင် ခက်ခဲသည့်ပြိုင်ပဲမှ ထွက်လာသော်လည်း ရှီမာယူလင်းသည် သူ့ပြိုင်ဘက်အသစ်အား အနိုင်ရ လိုက်သည်။
သူ နောက်ဆေးတစ်လုံးသောက်ကာ သူ ရှုံးသည်အထိ သို့မဟုတ် လက်လျော့်သည်အထိ ဆက်စောင့် ရသည်။
ရှီမာယူလင်းအား ကြည့်နေသော ရှီမာမိသားစုဝင်များသည် စိုးရိမ်လာသည်။ ရှီမာယူလင်း နောက်ထပ် တောင့်မခံနိုင်တော့ဟု ဝေကျိရွှီနှင့် တခြားသူများ ခံစားမိသော်လည်း ရှီမာယူယူသည် တည်ငြိမ်ဆဲပင်ဖြစ်သည်။
“နင် မစိုးရိမ်ဘူးလား” ဘေဂုံထန် လှည့်မေးလိုက်သည်။
“ငါ ဘာစိုးရိမ်ရမှာလဲ” ရှီမာယူယူ မေးလိုက်သည် “သူနိုင်ရင် နိုင်လို့ပေါ့.. သူမနိုင်ရင် သူ့ဘဝမှာ ဒါကြီးက ပါသွားမှာမဟုတ်ပဲနဲ့.. စိုးရိမ်စရာရှိလို့လား”
“မင်းကတော့ အကောင်းမြင်လွန်းတယ်” ရှီမာယူရှင်း ပြောလိုက်သည်။
“အကောင်းမြင်တာထက်ပိုတယ်” ရှီမာယူယူ ပြောလိုက်သည် “တကယ့် ခြမ်းခြောက်တာနဲ့ တွေ့မှာ သူ့ကို စိတ်ပူရမှာ၊ တခြားဟာအတွက် အစိုးရိမ်လွန်စရာမရှိဘူး၊ အနိုင်ရတာ အရှုံးပေးရတာက လက်တွေက အသုံးမဝင်ဘူး၊ ဒီလိုကိစ္စတွေနဲ့ ဘာလို့ ချုပ်နှောင်ခံနေမှာလဲ၊ ယူလင်းက အဲဒါတွေကို ရှင်းရှင်းလင်းလင်း သိတယ်”
ရှီမာမိသားစုများသည် သူမ ပြောသည်ကို နားထောင်ပြီးသည်နှင့် စိတ်မပေါ့ပါးသေးသော်လည်း သူ တိုက်ခိုက်သည်ကို ဆက်လက်စောင့်ကြည့်နေကြသည်။
နောက်ပွဲများသည် လျင်မြန်စွာပင် ဆက်လက်ကျင်းပသည်။ ရှီမာယူလင်းသည် သူ၏ ၁၀ခုမြောက် တိုက်ပြီးနောက်တွင် အဆုံးသတ်တိုက်ပွဲအတွက် ပြိုင်ဘက်ကိုခေါ်လိုက်သည်။
“ယူလင်းက ဆယ်ခါ အနိုင်ရတယ်၊ အဲတော့ သူ ထူးခြားတဲ့ ဆုရဖို့ ထိုက်တန်တယ်” ရှီမာမိသားစုသည် အားပေးသည်။
တခြားသော မိသားစုများသည် အံ့သြကြလေသည် “သူ ပထမတစ်ပွဲနဲ့တင် ပင်ပန်းနေပြီမဟုတ်ဘူး လား နောက်ကိုးပွဲကို ဘယ်လိုဆက်နိုင်သွားတာလဲ”
“သူ့မှာ ဆေးရဲ့အကူအညီယူလိုက်တာနဲ့ မြန်မြန်ပြန်ကောင်းနိုင်တဲ့ စွမ်းရည်ရှိလို့နေမှာ” တစ်စုံ တစ်ယောက်သည် လျင်မြန်စွာ သတိထားမိသွားသည်။
“ဟုတ်တယ်၊ သူဆေးကို တုန့်ပြန်နိုင်တဲ့အရည်အချင်းက ကောင်းတဲ့ပုံပဲ… မြန်မြန် အကျိုးသက်ရောက် လို့ပဲ နောက်ပွဲတွေကို သူ့စွမ်းအင်သုံးဖို့ ဖြစ်နိုင်သွားတာပဲ”
“ဘယ်လိုဆေးက အဲလောက်တောင် ကောင်းတာလဲ”
“ဘယ်သူသိမလဲ ငါလည်း မမြင်ဖူးဘူးလေ”
ထိုနေ့ပွဲများသည် ရှီမာယူလင်း အဆုံးသတ်သည်နှင့် ပြီးသွားသည်။ နှစ်ယောက်တွဲပြိုင်ပွဲတွက် နောက် တစ်ရက်ကျန်သေးသဖြင့် လီမိသားစု စိန်ခေါ်ရန် နောက်ဆုံးနှင့် ဒုတိယ အခွင့်အရေးပင်ဖြစ်သည်။
နောက်ရက်များတွင် ရှီမာယူယူသည် ပြိုင်ပွဲအားမတက်ရောက်ပဲ ခြံဝန်းတွင်ပင် လေ့ကျင့်ရန် နေလေ သည်။
“ဆရာကလည်း ပြန်ရောက်တာ ၁၀ရက်နီးပါးရှိတော့မယ် ဘာသတင်းမှလည်း မကြားသေးဘူး” သူမ အိပ်ရာပေါ်ထိုင်ကာ သူမ ခေါင်းနောက်ကို လက်ပစ်ထားသည်။ “စီနီယာအစ်ကိုကလည်း ဒီရက်ပိုင်း ပေါ်မလာဘူး၊ သူတကယ်ပဲ ပြန်သွားတာလား”
“ငါ့ ဂျူနီယာညီလေးက ငါ့အကြောင်း စဉ်းစားနေတာလား” အသံတစ်သံသည် အခန်းထဲမှ ရုတ်တရက် ထွက်လာသောကြောင့် သူမ လန့်သွားသဖြင့် အိပ်ရာပေါ်မှ ထခုန်မိတော့မလိုပင်။
“ဘယ်တုန်းက ကျွန်တော့် အခန်းရောက်နေတာလဲ” ရှီမာယူယူသည် ပြတင်းပေါက်မှ ပေါ် လာသော ယောကျ်ားအားကြည့်လိုက်ပြီး သူမ ဘေးမှ ခေါင်းအုံးဖြင့် ပစ်လိုက်လေသည်။ ဝူလင်းယူ သည် ခေါင်းအုံးအားဖမ်းလိုက်ပြီး သူ့ကျောနောက်ထားကာ “ဒါ သက်တောင့်သက်သာ ဖြစ်သားပဲ”
“ဒီရက်ပိုင်း ဘယ်တွေရောက်နေတာလဲ” ရှီမာယူယူသည် သူ့အား ကြည့်ပြီး မေးလေသည်။
“ငါ ခဏလောက် ပြန်သွားတာ” ဝူလင်းယူ ပြောလိုက်သည် “ငါ အလောတကြီး ပြန်သွားစရာရှိလို့ မင်းကို မပြောနိုင်ခဲ့တာ၊ အဲဒါကြောင့် ငါ ပြန်ရောက်ရောက်ချင်း မင်းကို ချက်ချင်းလာရှာတာပဲ”
“တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ မေးလိုက်သည် “ဆရာ တစ်ခုခုဖြစ်လို့လား”
“အဲအဘိုးကြီးက ဘာဖြစ်ရမှာလဲ၊ မင်းက သူ့အတွင်းဒဏ်ရာကို ကုပေးပြီးတော့ ပြဿနကြီး ပြီးတော့ ပြန်သွားတာပဲ…. ဒါပေမဲ့ သူ မင်းပြဿနာကို ရှင်းလို့ မပြီးသေးတော့ မလာနိုင်သေးဘူး” ဝူလင်းယူ ပြောလိုက်သည်။
“ဒါဆို ခင်ဗျားက ဘာလို့ ရုတ်တရက် ပြန်လာတာလဲ”
ဝူလင်းယူသည် တံခါးမှ ခုန်ထွက်လာကာ ခေါင်းအုံးအား ပိုက်ပြီး ရှီမာယူယူ၏ ခုတင်ဘောင်ကို မှီကာ ပြောလိုက်သည် “ပညာရှိစံအိမ်တော်က အဘိုးကြီးက ရုတ်တရက် ပြဿနာတက်လို့ င့ါကို ခေါ်တာ၊ ရက် နည်းနည်းလောက် အဲမှာနေပြီး ဖြေရှင်းပြီးတော့ ငါပြန်လာတာပဲ၊ မင်း နောက်ရက်နည်းနည်းလောက် စောင့်ဦး လို့ ဆရာက ငါ့ကို မှာလိုက်တယ်”
“သြော်”
“ငါ အရမ်းပင်ပန်းနေပြီ၊ ဒီမှာ ခဏနားမယ်” ဝူလင်းယူသည် မျက်စိမှိတ်လိုက်ရာ… ထိုအတိုင်းပင် အိပ်ပျော်သွားလေသည်။ ရှီမာယူယူသည် ပြောစရာစကားများ ရှိသော်လည်း သူ့အား ကြည့်ပြီးနောက် ပါးစပ်ပြင်ပြီးမှ မပြောလိုက်ရပေ။
မိုရှားသည် နတ်ဆိုးညွှတ်လက်ကောက်မှ ထွက်လာကာ ဝူလင်းယူ၏ ပင်ပန်းနေသော မျက်နှာအား ကြည့်ပြီးနောက် ပြောလိုက်သည် “သူ့ ဝိညာဉ်စွမ်းအင်က အားနည်းနေပြီ၊ သူ ဒီတစ်ခါကို သူ့ဝိညာဉ်စွမ်းအင်ကို ပြန်နလန်ထအောင် မလုပ်နိုင်ရင် သူ နေမကောင်းပဲနေမယ်၊ သူထွက်သွားရင် မကောင်းတာ တစ်ခုခုဖြစ်လိမ့်မယ် သူ့ဝိညာဉ်ပြန်ကောင်းအောင်လို့ ဆေးလုပ်ပေးလိုက်ပါ”
ရှီမာယူယူသည် ဝူလင်းယူ၏ ဖျော့တော့သော မျက်နှာအားကြည့်ကာ ပြန်ဖြေလိုက်သည် “ကောင်းပြီ”
မိုရှားသည် လက်ကောက်အတွင်းပြန်သွားကာ ရှီမာယူယူ သက်ပြင်းချမိသည်။ ထို့နောက် ဆေးဖက်ဝင် ပစ္စည်းများထုတ်ကာ သူ့အတွက် ဆေးဖော်ပေးလိုက်သည်။ နောက်နေ့မနက်တွင် ယူလင်းယူသည် နိုးလာကာ ရှီမာယူယူ သူမ ဆေးပစ္စည်းများ သိမ်းဆည်းနေသည်ကို ကြည့်နေလိုက်သည်။ အိမ်ထဲတွင် မီးဖိုလည်း ရှိနေသည်။ သူသည် အိပ်ချင်နေသော မျက်လုံးဖြင့် ကြည့်ကာ မေးလိုက်သည် “မင်းမနေ့က ဆေးဖော်ထားတာ လား”
“အင်း” ရှီမာယူယူသည် အားလုံးအား ဝိညာဉ်စေတီအတွင်းထည့်ကာ ဆေးကိုထုတ်ပြီး ပြောလိုက်သည် “မနေ့ညက မိုရှားထွက်လာတယ်၊ ပြီးတော့ ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအင်က ပျက်ဆီးနေတယ်လို့ ပြောတယ်၊ ဒီဆေးက ဝိညာဉ်စွမ်းအင် စုပ်ယူတဲ့အခါမှာ ကောင်းတယ်၊ ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအင် နလန်ထဖို့အတွက် အထောက်အကူဖြစ်မှာပါ” ဝူလင်းယူသည် နွေးနေသေးသော ဆေးကိုယူပြီး သူ့စိတ်ထဲမှ ချိုသာမှုကို ခံစားမိ သည်။ သူမ သူ့အတွက် ဆေးလုပ်ပေးသည်မှာ သူမ စိတ်ထဲတွင် သူ့အတွက် နေရာတစ်ခု ရှိနေပြီဟု ဆိုလိုခြင်း ဖြစ်လေသည်။