← Chapters

အပိုင်း (၃၂၄) – ထောင်ချောက်အတွင်း ကျဆင်းခြင်း

Vol. 004 Ch. 324

အပိုင်း (၃၂၄) – ထောင်ချောက်အတွင်း ကျဆင်းခြင်း

Vol. 004 Ch. 324

ရှီမာယူယူမေးမှပင် သူ လာရင်းကိစ္စကို ရှီမာယူရန် သတိရသွားတော့သည်။ သူသည် ဖိတ်စာ ထုတ်ကာ ပြောလိုက်သည် “ပြိုင်ပွဲကို အောင်မြင်စွာ ပိတ်သိမ်းနိုင်တဲ့ အောင်ပွဲတဲ့၊ အသင်းဝင်တွေရဲ့ နောက် မျိုးဆက်တွေအတွက် သခင်များအသင်းက ညစာစားပွဲအတွက် လူတွေ ဖိတ်လိုက်တယ်၊ မင်းမရှိတော့ မင်းကို ဖိတ်ဖို့ ငါ့ကို ပေးခိုင်းလိုက်တာ”

ရှီမာယူယူ ဖိတ်စာယူပြီး ကြည့်လိုက်ရာ ကျင်းပမည့် နေရာကို မြင်လိုက်သည်နှင့် သူမ မျက်ခုံးပင့်လိုက် သည် “အဂ္ဂိရတ်ပညာရှင်များအသင်းဟုတ်လား”

“အင်း အဂ္ဂိရတ်ပညာရှင် သခင်တွေက ဧည့်ခံပွဲကျင်းပပေးတာ၊ သူတို့ နေရာမှာပဲ ကျင်းပမယ်” ရှီမာယူရန် ပြောလိုက်သည် “ငါတို့က သူတို့နဲ့ ပတ်သတ်မှုမှမရှိတာ သွားစရာမလိုပါဘူး”

“အဲဒါကောင်းတယ် ကျွန်တော်လည်း အဲလိုပွဲမျိုးကို စိတ်မဝင်စားဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အဲဒါဆိုရင် ငါသွားတော့မယ်” ရှီမာယူရန်ပြောလိုက်သည်။

“ကောင်းပြီ ကျေးဇူးတင်ပါတယ် အစ်ကို ၃” ရှီမာယူယူသည် လိုက်ပို့ရင်း ပြောလိုက်သည်။

နေ့လည်တွင် ရှီမာယူယူသည် နောက်ထပ် ဖိတ်စာတစ်ခုကို ရရှိသော်လည်း တခြားတစ်ယောက် နာမည် နှင့်ဖြစ်လေသည်။

“ကျောက်စိမ်းက ဧည့်ခံပွဲလာဖို့ ငါ့ကို ဖိတ်တာလား” ရှီမာယူယူသည် ဖိတ်စာအား ကြည့်ပြီး သူမ ဖိတ်လိုက်သည်ကို အံ့သြနေသည်။

“ငါမသိဘူး လာဖိတ်တဲ့သူက ငါ့ကို ဖိတ်စာပေးပြီး ချက်ချင်းထွက်သွားတာပဲ၊ တားဖို့မမှီလိုက်လို့ ငါ ယူလာတာ” ဖက်တီးကျူ ပြောလိုက်သည် “ယူယူ အဲဒါဆိုရင် မင်းဒီနေ့သွားမှာလား”

“သူမက ငါနဲ့ ဆွေးနွေးစရာရှိတယ်လို့ ရေးထားတယ်၊ သူမ ငါ့ကို ရှာတာ အကြောင်းရှိလိမ့်မယ်၊ အဲလို ဆိုရင် ငါ သွားသင့်တယ်၊ အချိန်ဖြုန်းသလိုပဲဆိုရင်တော့ ငါချက်ချင်းပြန်လာမယ်” ရှီမာယူယူ ပြောလိုက်သည်။

ကျောက်စိမ်းက သူမကို ဘာလို့ရှာတာလဲ။

“ငါတို့က အဖိတ်မခံရတော့ မသွားတော့ဘူး၊ မင်းဘာသာမင်းဆိုတော့ ဂရုစိုက်၊ မင်းအစ်ကိုတွေနဲ့ ကပ်နေနာ ကောင်းမယ်” ဖက်တီးကျူ သတိပေးလိုက်သည်။

“ငါသိပြီ”

ညနေတွင် ရှီမာယူယူနှင့် ရှီမာယူရန်တို့သည် အဂ္ဂိရတ်ပညာရှင်များအသင်းသို့ သွားကြလေသည်။

ပြိုင်ပွဲဝင် လူငယ်များ မျိုးဆက်များကို ဖိတ်ကြားသောပွဲဖြစ်သဖြင့် ဝေကျိရွှီနှင့် တခြားသူများသည် အိမ် တွင်ကျန်ခဲ့လေသည်။ ရှီမာယူယူသည် ထိုပွဲအား မတက်ဟု အားလုံးက ထင်ထားကြသဖြင့် သူမ ထွက်လာသည် နှင့် အားလုံးက အံ့သြကြသည်။ သူမ လာရသည့်အကြောင်းကို ကြားသောအခါ သူမအား အားလုံး ထည့်မစဉ်းစားတော့ပဲ သူမကိစ္စ သူမ လုပ်တော့သည်။

“လီမျိုးနွယ်က ပြိုင်ပွဲပြီးခါနီးမှ စိန်ခေါ်တဲ့အချိန်တုန်းက သူ နောက်ဆုံးပွဲကို နိုင်မယ်လို့ထင်မထားဘူး၊ မနိုင်ရင်လည်း အခု သူတို့က အင်အားအနိမ့်ဆုံးဖြစ်နေမှာ…အခုတော့ သူတို့ကို တွေ့ရမယ်ဆိုတော့ သိပ်တော့ မတွေ့ချင်ဘူး” ရှီမာယူယန် ပြောလိုက်သည်။

“သူတို့ကို မမြင်ချင်ယောင်သာ ဆောင်လိုက်” ရှီမာယူလင်းသည် မျက်စိမှိတ်ကာ သူ့အား မကြည့်ပေ။

“အဲလိုလုပ်လို့ရတာပဲ” ရှီမာယူယန်သည် ဆောင့်အောင့်ကာ ပြောလိုက်သည်၊ ထို့နောက် ရှီမာယူယူ အားကြည့်ကာ ပြောလိုက်သည် “ယူယူ မသွားဘူးလို့ ပြောထားတာမလား ဘာလို့ စိတ်ပြောင်းသွားတာလဲ”

“နေ့လည်တုန်းက ကျောက်စိမ်း ဖိတ်စာကို ရခဲ့တယ်၊ သူမက ကျွန်တော်နဲ့ တိုင်ပင်စရာရှိတယ်လို့ ပြော လို့၊ ဘာလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး သွားကြည့်မှသိမှာပဲ၊ ကျွန်တော် သူမ ကိုသိတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူလင်းသည် သူမအား ကြည့်လိုက်ရာ သူ့မျက်လုံးများ အရောင်လက်သွာသည်။ သူ ဘာမှမပြော သော်လည်း သူ့မျက်လုံးကို ပြန်မှိတ်ထားလေသည်။

ရထားလုံးသည် သူတို့အား ဧည့်ခံပွဲသို့ အချိန်မှီခေါ်သွားလေသည်။ အစေခံမိန်းကလေး၏ လမ်းညွှန်းမှု ဖြင့် ပွဲနေရာသို့ ခေါ်သွားလေသည်။

သူတို့ရောက်သွားချိန်တွင် လူများနေကာ အထင်ကရ မိသားစုများသည် ရောက်နှင့်ပြီးဖြစ်လေသည်။ လက်တွင် ဝိုင်ခွက်များကိုင်ထားကြကာ သုံး လေး ယောက်တစ်စု စုကာ စကားပြောနေကြသည်။ ရှီမာယူယူ သည် ဝိုင်ခွက်ကိုင်ကာ ထောင့်တွင် ရှီမာယူလင်း နှင့် စကားပြောနေလေသည်။

သိပ်မကြာခင်တွင် အစေခံမိန်းကလေး ရောက်လာကာ ပြောလေသည် “သခင်လေး ရှီမာ၊ ကျွန်မ သခင်မလေးက လာဖို့ ခေါ်ခိုင်းလိုက်ပါတယ်” ထိုလူအား ရှီမာယူယူသိသည်။ သူမသည် ကျောက်စိမ်း၏ အနီးကပ် အစေခံဖြစ်ကာ သူမအား ခေါ်သည်ဆိုသည်နှင့် သူမ မစဉ်းစားတော့ပဲ လိုက်လာခဲ့သည်။

“ငါလည်း လိုက်ခဲ့မယ်” ရှီမာယူလင်းသည် စိတ်ထဲတွင် ထင့်နေသည်။

“တောင်းပန်ပါတယ် သခင်လေး ယူလင်း သခင်မလေးက သခင်လေးယူယူကိုပဲ ခေါ်ခိုင်းလိုက်လို့ပါ” အစေခံသည် တောင်းပန်သလိုပြောကာ ရှီမာယူယူအားကြည့်ပြီး ပြောလေသည် “သခင်လေးယူယူ ကျွန်မ နဲ့ လိုက်ခဲပေးပါ”

ရှီမာယူယူ ရှီမာယူလင်းအား ခေါင်းညိတ်ပြကာ အစေခံနောက်လိုက်ပြီး ပွဲမှ ထွက်ခဲ့လေသည်။

ရှီမာယူလင်းသည် သူတို့ ထွက်သွားသည်ကို ကြည့်ပြီး ထိုင်ချလိုက်သည်။

ရှီမာယူယူသည် အစေခံနောက်လိုက်ကာ အဂ္ဂိရတ်ပညာရှင်အသင်း၏ နောက်ဘက်သို့ လာခဲ့လိုက် သည်။

သူမသည် ထိုနေရာအား အရင်ကမမြင်ဖူးသဖြင့် အစေခံသည် သူမအား နေရာအမှန်ခေါ်သွားရဲ့ လားဆိုသည်ကို မသေချာဖြစ်နေသည်။ အချိန်ကြာအောင် လျှောက်ပြီးသောအခါ အစေခံသည် လူများ နှင့်ပိုပို ဝေးရာကို သွားသည်ကို သူမ သတိထားမိလိုက်သည်နှင့် သူမသည် ခြေလှမ်းများ ရပ်တန့်လိုက်ကာ ပြောလိုက်သည် “မင်းရဲ့ သခင်မလေးကလည်း အဂ္ဂိရတ်ပညာရှင်ကလူပဲလေ၊ သူ့ အဆောင်က ဒီလူ လူပြတ်တဲ့နေရာတော့ မဟုတ်ဘူးမလား”

အစေခံမိန်းကလေးသည် ပြုံးပြီး ပြောလေသည် “သခင်မလေးက သူမအဆောင်မှာတွေ့မှာ မဟုတ်ပါ ဘူး၊ သူမက သခင်လေးကို ပြောစရာရှိလို့ တိတ်ဆိတ်ပြီး လူရှင်းတဲ့နေရာကို ခေါ်လာခိုင်းတာပါ ရောက်တော့ မှာပါ”

ရှီမာယူယူ သံသယဝင်လာသော်လည်း သူမ ဆက်လျှောက်နေလိုက်သည်။ ခဏကြာသောအခါ သူတို့ သည် လူပြတ်သော ခြံဝန်းသို့ရောက်လေသည်။ အဆောင်၏ အလယ်တွင် အစားအသောက်များနှင့် အရက်ကရား ရှိေလေသည်။

“သခင်လေးယူယူ ဒီမှ ခဏလောက်စောင့်ပေးပါ၊ သခင်မလေး ရောက်တော့မှာပါ” အစေခံသည် ပြောပြီး ထွက်သွားလေသည်။

ရှီမာယူယူ အဆောင်သို့ လျှောက်သွားကာ ပြင်ဆင်ထားသော စားပွဲအားကြည့်ပြီး သူမ နှုတ်ခမ်းထောင့် သည် တက်သွားကာ အေးစက်သော အပြုံး ပြုံးလိုက်သည်။

“တစ်ယောက်ယောက်ကတော့ ငါ့ကို တမင် မျှားခေါ်တာတာနေမှာ” သူမသည် တိုးညင်းစွာ ပြောလိုက် သည်။ ခြံဝန်း၏ တစ်ဖက်တွင် ပုန်းနေသော လီမူသည် ရင်ခုန်ကာ သူ့မျက်စိရှေ့မှ အခွင့်အရေးကို ကြည့်ပြီး ပြုံး လိုက်သည်။

ဘုန်း….

သူမ ခြေထောက်အောက်မှ ကြမ်းပြင်သည် ရုတ်တရက်ပွင့်သွားကာ သူမ ကျသွားလေသည်။

“ယူယူ” အလောကြီးနေသော အသံသည် ခြံဝန်းမှ ထွက်လာသော်လည်း မည်သူ့အသံဖြစ်သည်ကို ရှီမာယူယူ မသိလိုက်ခင်မှာပင် အမှောင်ထဲသို့ ကျသွားလေသည်။ အမှောင်ထဲတွင် တစ်စုံတစ်ယောက်က သူမ အား ခုန်အုပ်သလိုပင်။ အောက်မှ အပေါက်ကြီးသည် မီတာ ရာကျော် နက်သည်။ အုတ်ကြွတ်များ ပိတ်သွား သောအခါ အမှောင်များ ကြီးစိုးသွားသည်။

သူမ အလောတကြီး မီးတောက် ဖန်တီးလိုက်ပြီး လှည့်ပတ်ကြည့်ရာ သူမသည်လည်း ဘေးကင်းစွာ ကျသွားသည်ကို သိလိုက်ရသည်။ ခဏအကြာတွင် နောက်တစ်ယောက်ကျလာသည်။

“ယူလင်းလား” ရှီမာယူယူသည် ထိုလူအား မှတ်မိလိုက်သည်။ သူမ ဆုပ်ကိုင်လိုက်ကာ “မင်း ဘာလို့ ရောက်လာတာလဲ”

“မင်းထွက်သွားတာမြင်တာနဲ့ စိတ်ထင့်နေလို့ မင်းနောက်ကို လိုက်ခဲ့တာ၊ ဒါပေမဲ့ ငါရောက်တော့ မင်း ကျသွားတာမြင်လိုက်တာနဲ့ မင်းနောက်လိုက်လာတာ” ရှီမာယူလင်း ပြောလိုက်သည်။

“ကျေးဇူးပဲ” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။

မီးတောက်၏ အလင်းကို အသုံးပြုကာ သူတို့ပတ်ဝန်းကျင်အား စစ်ဆေးလိုက်သည်။ ထိုနေရာသည် သေးငယ်သော လေးထောင့်ကျသော အခန်းဖြစ်ကာ နံရံများသည် ရေညှိများဖြင့် ဖုံးအုပ်ကာ ထောင်ချောက်လုပ်ထားသည့်ပုံပင်။

“ငါတို့်ခြေထောက်အောက်က ရေညှိတွေက ထူးဆန်းနေတယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ဘာ” ရှီမာယူယူသည် ရေညှိများကို သေချာစွာကြည့်လိုက်ချိန်တွင် သူမ ခေါင်းအထက်တွင် ခြေသံများ ကြားရလေသည်။ ရှီမာယူယူ မျက်စိမှိတ်ကာ ခံစားလိုက်ပြီး ပြောလိုက်သည် “လီမူ မင်းလား”

“ဟား ဟား ရှီမာယူယူ မင်း ဘယ်လိုမှထင်မှာမဟုတ်ဘူး ငါပဲ” လီမူသည် အပေါ်မှ ရယ်မောကာ “မင်းသာ အင်အားမကြီးဘူးဆိုရင် ဘယ်လိုလုပ် ငါ့ထောင်ချောက်ထဲကျမှာလဲ”

“ကျောက်စိမ်းရဲ့ အစေခံက မင်းချလိုက်တဲ့ ငါးစားလား” ရှီမာယူယူသည် သူမအား ခေါ်လာသည့် အစေခံအား စဉ်းစားမိရာ သူမသည် ကျောက်စိမ်း၏ အနီးကပ်ဆုံး အစေခံဖြစ်သောကြောင့် သူမ လိုက်လာခဲ့မိ သည်။ ထိုအစေခံသည် လီမူအတွက် အလုပ်လုပ်ပေးနေလိမ့်မည်ဟု သူမ ထင်မထားပေ။

“မင်းက ထက်တာပဲ၊ ဒါပေမဲ့ အဲစိတ်ထက်တာကို ဒီနေ့သုံးလို့မရလိုက်တာတော့ နှမြောစရာပဲ” လီမူ ပြောလိုက်သည်။

“ဒီလိုနေရာ အသေးလေးတစ်ခုက ငါ့ကို ထိန်းချုပ်လို့ရမယ်ထင်နေလား” ရှီမာယူယူသည် သူ့အား အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ ပြန်ရောက်သောအခါ သူ့အား သင်ခန်းစာပေးရမည်။

“ဒီနေရာကို လျော့်မတွက်နဲ့ အဲဒီကျောက်တုံးတွေက အရမ်းမာတယ်၊ စံတင်ဝိညာဉ်တွေတောင် ဒီကို ရောက်ရင် လမ်းပေါက်ဖို့ တစ်နာရီလုံး တိုက်ခိုက်ရမယ်” လီမူ ပြောလိုက်သည် “မင်းမှာ သန်မာတဲ့ အံ့ဖွယ် သားရဲတွေရှိတာ ငါသိတယ် ဒါပေမဲ့ ဒီမှာ စက္ကန့်နည်းနည်းလောက် ဆိုရပြီ မင်းကို ငါ သေရွာပို့ပေးမယ်…”

All Chapters