← Chapters

အပိုင်း (၃၂၅) – သူသိသွားပြီ

Vol. 004 Ch. 325

အပိုင်း (၃၂၅) – သူသိသွားပြီ

Vol. 004 Ch. 325

“လီမူ၊ မင်းတကယ်ရဲတင်းတာပဲ၊ မင်း ငါ့ကို သတ်ဖို့ ဉာဏ်ဆင်ရဲတယ်၊ ငါ အပေါ်ရောက်တာနဲ့ မင်းတို့ လီမျိုးနွယ်တွေ တစ်ယောက်မှ အလွတ်မပေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် အနာဂတ်အတွက် လုံးဝမစိုးရိမ်ပေ။ ဟာစွန်သည် ဝိညာဉ်စေတီအတွင်းရှိကာ သူနှင့်ဆိုလျှင် ဒီနေရာနှင့် ပတ်သတ်၍ စိတ်ပူစရာမရှိပေ။

“တကယ်တော့ မင်းကို ငါ့ဆရာလို ဆက်ဆံခိုင်းတာလောက်နဲ့ မင်းကို သတ်ဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမဲ့ မင်းတို့ ရှီမာမျိုးနွယ်က ပြိုင်ပွဲမှာ ငါတို့မျိုးနွယ်ကို အရှက်မခွဲသင့်ဘူး… လန်အပေါ်ကိုလည်း မတွေးသင့်တာတွေးပြီး မစော်ကားခဲ့သင့်ဘူး၊ သူမက ငါ့ရင်ထဲမှာ အသန့်ရှင်းဆုံး မိန်းကလေးပဲ၊ ဒါပေမဲ့ မင်းကြောင့် သူမမှာ အစွန်းအထင်းဖြစ်သွားပြီ၊ အဲအချက်ကတော့ မင်းကို ငါလုံးဝ ခွင့်မလွှတ်နိုင်တဲ့ အချက်ပဲ” လီမူသည် အပေါ်မှ အော်ပြောလေသည်။

“လန် ဟုတ်လား နာလန်လန်လား” ထူးဆန်းစွာနှင့်ပင် ရှီမာယူယူ ပထမဆုံးတွေးမိသူမှာ နာလန်လန် ပင်ဖြစ်သည်။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်က သူမအား ဘာမှမလုပ်ခဲ့ဘူးလေ၊ ဟုတ်တယ်မလား။

“ဟင် မင်းက လန်ရဲ့နာမည်ကို ခေါ်ဖို့တောင် မတန်ဘူး” လီမူသည် အေးစက်စွာ ငေါ့လိုက်သည် “ဒီနေ့ မင်းအသက်ကို ပေးရင်တောင် သူမရဲ့ ဖြူစင်မှုကို ဘယ်တော့မှ ပြန်ပေးလို့မရဘူး”

“မင်းရဲ့ အရှင်သခင်မကို ငါ ဘယ်တုန်းက မှဲ့တစ်ပေါက်စွန်းအောင် လုပ်လိုက်လို့လဲ” ရှီမာယူယူသည် ရှီမာယူလင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်ကာ နှာခေါင်းအား ကိုင်လိုက်သည်။

“မင်း ဘာလုပ်ခဲ့တယ်ဆိုတာကိုတော့ သိသင့်တယ်” လီမူ ပြောလိုက်သည် “မင်း အချိန်ဖြုန်းပြီး အပေါ်ကိုတက်ဖို့ လမ်းရှာဖို့ မစဉ်းစားတာကောင်းမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေ့ သေကိုသေရမယ်၊ ရှီမာယူလင်း အစက ငါ မင်းကို လုပ်ကြံဖို့ အစီအစဉ်မရှိဘူး၊ ဒါပေမဲ့ မင်းကိုယ့်ဘာသာ ခုန်ဆင်းလိမ့်မယ်လို့ ထင်မထားဘူး၊ ဒီလိုဖြစ်လာမှတော့ မင်းတို့နှစ်ယောက်လုံး ကိုယ့်လမ်းကို ပျော်ပျော်ရွှင်ရွှင်သာ သွားလိုက်တော့”

ရှီမာယူလင်းသည် ဝိညာဉ်စွမ်းအင်ကို စုစည်းကာ အဖုံးကို ပစ်လိုက်သော်လည်း တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိပေ။

“ဟား ဟား ဟား ကောင်းလိုက်တဲ့ ရိုက်ချက်ပဲ” လီမူသည် အပေါ်မှ အော်လေသည်။

လီမူအော်သံ မကြားခင်အထိ သူဘာကို ဆိုလိုချင်သည်ဆိုသည်ကို ရှီမာယူလင်း နားမလည်ပေ “ဖြတ်လမ်း တည်ဆောက်မှု”

“ဒီဖြတ်လမ်းတည်ဆောက်မှုက မင်းအတွက် စပယ်ရှယ်လုပ်ပေးထားတာ၊ ခရီးလမ်း ဖြောင့်ဖြူးပါစေ” လီမူ၏ အသံသည် အပေါ်မှ ထွက်လာကာ အသံတွင် အောင်မြင်မှုနှင့် ပျော်ရွှင်မှုများ ပါဝင်နေသည်။

သူတို့သည် ကြမ်းပေါ်ရှိ ရေညှိများကို သုတ်ပစ်ရာ အောက်ခြေသည် အမှန်တကယ်ပင် ဖြတ်လမ်း တည်ဆောက်မှုဖြစ်နေသည်။ တစ်ခုမှာ ရှီမာယူလင်း၏ အခုမှပစ်လိုက်သောကြောင့် အသက်ဝင်လာသည်။ ချက်ချင်းပင် ပွင့်သွားကာ သူတို့နှစ်ယောက်အား ဝန်းရံလိုက်သည်။

“ဒီ ဖြတ်လမ်းတည်ဆောက်မှုက ငါတို့်ကို ဘယ်ခေါ်သွားမလဲဆိုတာ ငါမသိဘူး” ရှီမာယူလင်းသည် ဖြတ် လမ်းတည်ဆောက်မှုကို လေ့လာနေသော်လည်း သူတို့အား မည်သည့်နေရာသို့ ခေါ်သွားမည်ကို သူ မပြော နိုင်ပေ။

“နေရာကောင်းတော့ မဟုတ်နိုင်ဘူး” ရှီမာယူယူ စကားဆုံးသည်နှင့် သူတို့နှစ်ယောက်သည် ဖြတ်လမ်း တည်ဆောက်မှုအတွင်းတွင် ပျောက်ကွယ်သွားလေသည်။

သူတို့ထွက်သွားသည်နှင့် ရှီမာယူလင်းသည် ရှီမာယူယူအား ချက်ချင်းပင် ဆွဲဖက်လိုက်သည်။

“လီမူ ဒီသခင်ကြီးကို ပြန်မလာစေနဲ့ မဟုတ်လို့ကတော့ ငါ မင်းတို့မျိုးနွယ် တစ်ခုလုံးကို အမှုန့်ချေ ပစ်မယ်” ရှီမာယူယူ ပျောက်ကွယ်သွားသည်နှင့် သူမ အသံသည် ထွက်လာခဲ့သည်။

ထိုအချိန်တွင် လီမူသည် အပေါ်ထပ်တွင် စောင့်နေကာ အဖုံးဖွင့်ပြီး မည်သူမှ မကျန်ခဲ့သည်ကို စစ်ဆေး လိုက်သည်။ အမှန်တကယ်ပင် အောက်တွင် ဘာမှမရှိတော့ပေ။

“သခင်လေးလီ” နာလန်လန်သည် သူမ မျက်နှာအား အဝတ်ပါးပါးဖြင့် ဖုံးထားပြီး အိမ်ထဲမှ ပေါ်ထွက်လာကာ လီမူနှင့် ထောင်ချောက်အား ကြည့်လိုက်သည်။

“လန် အစ်ကို မင်းအတွက် လက်စားချေပြီးပြီ” လီမူ ပြောလိုက်သည်။

နာလန်လန်သည် လက်နှစ်ဖက်ဖြင့် သူမ ပါးစပ်ကို အုပ်လိုက်ကာ “ရှီမာယူယူ ဘယ်မှာလဲ”

“အောက်က ဖြတ်လမ်းတည်ဆောက်မှုက ငါအရင်က ပြောတဲ့ ကြောက်စရာကောင်းတဲ့ နေရာကို သူတို့ ကို ပို့ပေးလိမ့်မယ်၊ အခုတော့ သူတို့ဘယ်တွေ သွားမလဲ ငါသိချင်နေတယ်” လီမူ ပြောလိုက်သည်။

“ဒါက… ပြဿနာတော့ မဖြစ်လောက်ပါဘူးနော်” နာလန်လန် ပြောလိုက်သည်။

“အေးဆေးပါ၊ သူတို့ကို ခေါ်လာတဲ့သူက ကျောက်စိမ်းရဲ့ အစေခံမိန်းကလေးပဲ၊ အချိန်ကျရင် ရှီမာမျိုးနွယ်က သူ့ကိုပဲ ရှာလိမ့်မယ်၊ အစ်ကိုတို့နဲ့ ဘာမှမဆိုင်တော့ဘူး”

လီမူ ပြောရင်းနှင့် ထောင်ချောက်ပေါ်ကို အဖုံးဖုံးလိုက်သည်။ အဆောင်နှင့် ကြမ်းပြင်သည် ပကတိ အတိုင်း ပြောင်းလဲမှုမရှိပေ။

“ကျေးဇူးပါ အစ်ကိုကြီးလီ” နာလန်လန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒီလောက် ကိစ္စလေးနဲ့ ဘာတွေကျေးဇူးတင်နေတာလဲ၊ အစ်ကိုလုပ်နေတာတွေ အကုန်လုံးက စိတ်ထဲက ပါလို့ လုပ်နေတာတွေချည်းပဲ”  လီမူသည် ပြောရင်းနှင့် ရှေ့တိုးကာ နာလန်လန်၏ လက်ကို ဆုပ်ကိုင်ပြီး ပြော လိုက်သည်။ “လန် အစ်ကို ပြောတာကို သိလား ဒီနေ့ လန့်ကို အစ်ကို မေးစရာရှိတယ်၊ အစ်ကို နဲ့ လက်တွဲမလား”

သူသည် အစပိုင်းတွင် နာလန်လန် သဘောတူမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမသည် လက်အား ပြန်ဆွဲလိုက်သည်။

သူမ လက်ပြန်ဆွဲလိုက်သောအခါတွင် လီမူ ရင်များ ပူသွားသည်။

“အစ်ကိုကြီးလီ အစ်ကိုက လူကောင်းတစ်ယောက်ပါ၊ အစ်ကိုနဲ့ လက်တွဲမယ့် မိန်းကလေးက တကယ် ကံကောင်းမယ့်သူပါ ဒါပေမဲ့ အဲမိန်းကလေးကတော့ လန်မဖြစ်နိုင်ဘူး၊ ကျွန်မတို့ တစ်လမ်းတည်းလျှောက်ရမယ့် ကံပါမလားဘူး” နာလန်လန် ပြောလိုက်သည်။

“ဘာလို့လဲ နာလန်မျိုးနွယ် ကြောင့်လား” လီမူသည် စိုးရိမ်စွာ မေးလိုက်သည်။

နာလန်လန် ခေါင်းခါကာ ပြောလိုက်သည် “ဒီနေ့မတိုင်ခင်အထိတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ နာလန်မျိုးနွယ်က ကျွန်မ ကံကြမ္မာကို ဆုံးဖြတ်ပေးဖို့ အခွင့်မရှိဘူး၊ ကျွန်မ မကြာခင်ကို နာလန်မျိုးနွယ်က ထွက် သွားတော့မှာပါ”

“ဘာလို့လဲ ဘယ်သွားမှာလဲ” လီမူသည် ရှေ့နှစ်လှမ်းတိုးလာကာ သူမ လက်ကို ဆုပ်ကိုင်ချင်မိသည်။ သို့သော် သူမသည် ဆက်တိုက် ရှောင်ရှားနေခဲ့သည်။

“အစ်ကိုလီ အခု ကျွန်မက ပညာရှိစံအိမ်တော်က လူဖြစ်နေပါပြီ” နာလန်လန် ပြောလိုက်သည်။

“မင်း ပညာရှိစံအိမ်တော်ကို ဝင်ရမယ်ဟုတ်လား” လီမူသည် အံ့သြသွားသည်။ သို့သော် သူ ချက်ချင်းပင် ပြောလိုက်သည် “လန့်အတွက် ပညာရှိစံအိမ်တော်ကို ဝင်တာ ပြဿနာမရှိပါဘူး၊ ပညာရှိစံ အိမ်တော်က လူက တခြားသူတွေနဲ့ လက်ထပ်လို့ရတာပဲ”

“အစ်ကို ထင်သလိုမဟုတ်ပါဘူး” နာလန်လန် ပြောလိုက်သည် “ပညာရှိစံအိမ်တော်က တစ်ခုဖြစ်တဲ့ လေစံအိမ်တော် သခင် ဆင်းလာတယ်၊ သူ ကျွန်မကို မြင်တော့ ကျွန်မကို ပညာရှိစံအိမ်တော် က မြင့်မြတ်တဲ့ သမီးတော်အဖြစ်ခေါ်သွားမယ်လို့ ပြောတယ်၊ မျိုးနွယ်ခေါင်းဆောင်နဲ့ တခြာသူတွေကလည်း သဘောတူ ကြတယ်၊ ကျွန်မ မနက်ဖြန်ကို မျိုးနွယ်ခေါင်းဆောင်နဲ့ မြင့်မြတ်တဲ့ တိုင်းပြည်ကို ထွက်သွားတော့ မယ်”

“ဘာ” လီမူသည် မယုံကြည်သဖြင့် နောက်ပြန်ဆုတ်သွားသည်။ “လန့်ရဲ့ စွမ်းအားက အဲလောက်မှ မသန်မာသေးတာ၊ ဘယ်လိုလုပ်သွားမှာလဲ”

“ကျွန်မ အဲရောက်ရင် အင်အား မြန်မြန်တိုးလာနိုင်တယ်လို့ စံအိမ်တော်သခင် ပြောတယ်၊ နှစ် နည်းနည်း လောက်ကြာတာနဲ့ အံ့ဖွယ်အဆင့်ကို ရောက်နိုင်မယ်၊” နာလန်လန် ပြောလိုက်သည် “ဒီနေ့ အဲဒါ ပြောဖို့လာတာ၊ အစ်ကို့ကို ဘေးမဖြစ်စေချင်ပါဘူး ဒါပေမဲ့ ကျွန်မ လာတာနောက်ကျသွားတယ်၊ အစ်ကိုလီ အစ်ကို့ကို ပြဿနာဖြစ်စေတာ လန်ပါ၊ လန့်ကို အစ်ကိုမေ့လိုက်ပါတော့”

သူမ ပြောပြီးသည်နှင့် အိမ်မှ ပြေးထွက်သွားလေသည်။ သူမ မျက်နှာမှ အပြစ်ကင်းမှုနှင့် ဝမ်းနည်းမှု မျက်နှာဖုံးမှာ ကွာကျသွားပြီး မဲ့ပြုံး ပြုံးလိုက်သည်။

လီမူသည် မှင်တက်စွာရပ်နေဆဲပင်ဖြစ်သည်။ သူ ဘာတွေးနေသည်ကို မသိရပေ။

နဂါးတန်ပြန်မြို့အနီးတွင် ရှီမာယူလင်းနှင့် ရှီမာယူယူတို့သည် ကျွမ်းပြန်စွာ ကျသွားလေသည်။

“အာ့”

“သေစမ်း အဲ ဖြတ်လမ်းတည်ဆောက်မှုကို ဘယ်သူလုပ်တာလဲ… မတည်ငြိမ်လိုက်တာ.. အာ့ ငါ့ တင်ပါးတော့”

ရှီမာယူယူသည် ကျိန်ဆဲလိုက်သည်။ တစ်ဆက်တည်းမှာပင် သူမ အသံတစ်သံကို ကြားလိုက်သည်။

“ယူလင်းလား” ရှီမာယူယူသည် နောက်ဆုံးမှ ရှီမာယူလင်းအား သတိရသွားကာ သူမသည် သူ့အပေါ် တွင် ထိုင်ထားသည်ကို သိလိုက်ရသည်။ သူမ ချက်ချင်း ထလိုက်ကာ သူ့အား ဆွဲထူကာ ပြောလိုက်သည် “အဆင်ပြေရဲ့လား”

“မိန်းကလေးတွေကို မျက်နှာသာမပေးသင့်ဘူး” ရှီမာယူလင်းသည် သူမအကူအညီနှင့် ထကာ ပြော လိုက်သည်နှင့် ရှီမာယူယူ မှင်တက်သွားလေသည်။

“မင်း ဘာပြောလိုက်တာလဲ” ရှီမာယူယူသည် သူ့လက်အား လွှတ်ပြီး ရယ်မောလိုက်သည်။

ရှီမာယူလင်းသည် သူမအား ကြည့်ကာ လေးနက်စွာ ပြောလိုက်သည် “မင်းဆီက မိန်းကလေး အနံ့ရ တယ်”

“ဟင်” ရှီမာယူယူသည် သူ ဘာကြောင့် ရုတ်တရက် ထိုကဲ့သို့ ပြောလိုက်သည်ကို သိချင်သွားသည်။

“မင်းက ယောကျ်ားလေးလို့ ထင်ရပေမယ့် ပြီးတော့ မင်းရဲ့ အံ့ဖွယ်သားရဲတွေကတောင် မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါကို မသိရင်တောင်မှ သူတို့က အနံ့နည်းနည်းတော့ ရကြမှာပဲ၊ အဲဒါက မင်း ဖုံးကွယ်ဖို့ နည်း လမ်းမရှိတဲ့ အကြောင်းအရင်းပဲ” ရှီမာယူလင်း ပြောလိုက်သည်။

ရှီမာယူယူ မျက်တောင်ခတ်ကာ ရှီမာယူလင်း၏ လေးနက်သော အမူအရာအားကြည့်လိုက်သည်။ သူမ ပခုံးတွန့်ကာ မေးလိုက်သည် “မင်း ဘယ်လိုလုပ် သိတာလဲ”

All Chapters