← Chapters

အပိုင်း (၃၂၇) – ခန္ဓာကိုယ် တည်ဆောက်မှု အံ့သြလောက်အောင် ပြောင်းလဲခြင်း

Vol. 004 Ch. 327

အပိုင်း (၃၂၇) – ခန္ဓာကိုယ် တည်ဆောက်မှု အံ့သြလောက်အောင် ပြောင်းလဲခြင်း

Vol. 004 Ch. 327

ရှီမာယူယူသည် ဟာစွန်၏ ပခုံးပေါ်တွင်ရှိနေကာ အနက်ရောင်မြူခိုးလုံး နီးကပ်လာသည်ကို ကြည့်နေ လိုက်သည်။ သူတို့ ဘယ်လောက်ပင် မြန်အောင်သွားပါစေ ထိုအနက်ရောင် မြူခိုးလုံးသည် ဖမ်းမိမည် ဖြစ်သည်။

“ဘုတ်” ဟာစွန်သည် ရှီမာယူယူနှင့် ရှီမာယူလင်းအား ချလိုက်ရာ သူတို့နှစ်ယောက်သည် မှင်တက်သွား လေသည်။ သူတို့ရှေ့မှာ ဘာလို့ အနက်ရောင်မြူခိုးလုံးရှိနေတာလဲ။

“ဒီအနက်ရောင် မြူခိုးလုံးက အနက်ရောင် ရောင်ဝါရှိတယ်၊ မင်းရဲ့ မီးတောက်အရည်အချင်းကို သုံးကြည့်” ဟာစွန်သည် ပြောရင်းနှင့် လှည့်ကာ ထို လိုက်လာသော အနက်ရောင်မြူခိုးလုံးအား မီးနှင့် တိုက်ထုတ်လိုက် သည်။

ရှီမာယူယူနှင့် ရှီမာယူလင်းတို့်သည် အကြောင်းအရင်းကို မေးရန် အချိန်မရှိသည်ကို သိသဖြင့် သူတို့၏ မီးတောက်ကို အသုံးပြုကာ သူတို့လမ်းအား ပိတ်နေသော အနက်ရောင်မြူခိုးအား တိုက်ခိုက်လေသည်။

“ဝူး….” ထိုအနက်ရောင်မြူခိုးလုံးသည် တိုက်စားရန် သန်မာသော်လည်း ဟာစွန်ပြောသည်မှာ မှန်သည်။ အနက်ရောင်ကိုယ်ရောင် နှင့် မီးတောက်မှာ ရန်သူဖြစ်သည်။

“ချွတ် ချွတ်”

အနက်ရောင် မြူခိုးလုံးသည် သူတို့တိုက်ခိုက်လိုက်သောအခါ အနံ့ထွက်လာပြီး ခေတ္တမျှ လူးလွန့်ပြီး ပျောက်ကွယ်သွားလေသည်။

“အသုံးဝင်တယ်”

ရှီမာယူယူနှင့် ကျန်နှစ်ယောက် မျက်လုံးများ တောက်ပလာပြီး ကောင်းကင်မှ မီးလုံးများ ကျလာသဖွယ် အဆက်မပြတ် ပစ်တော့သည်။

ထို အနက်ရောင်မြူခိုးများသည် ရှေ့သို့ တစ်လက်မမျှ တိုးလာ၍မရသော်လည်း နောက်လည်း ပြန် ဆုတ်မသွားချေ။

“အနက်ရောင် မြူခိုးလုံးက ပိုပိုများလာပြီ” သူတို့ထုတ်လွှတ်သော မီးတောက်လုံးများသည် အနက်ရောင် မြူခိုးလုံးများ ရောက်လာသည့် အရှိန်အတိုင်း အရေအတွက် ကွာလာသည်။။ တဖြည်းဖြည်းနှင့် သူတို့လမ်းသည် တိုးလာကာ နောက်ပြန်မဆုတ်ကြတော့ပေ။

ထို မီးတောက်လုံးများသည် အနက်ရောင် မြူခိုးလုံးအား ဖိအား မပေးနိုင်တော့ပေ။

“အဲဒါတွေက ဘာတွေလဲ” ရှီမာယူယူ သတိထားမိသွားသည် “ငါတို့ သူတို့ကို တိုက်ရင် တိုက်သလောက် ပိုထူလာတယ်”

“ကြည့်ရတာ ငါတို့ သူတို့ရဲ့ ပုံကွဲကိုပဲ တိုက်နိုင်တယ်ထင်တယ် ဗဟိုချက်ကို မထိဘူး၊ အဲဒါကြောင့် ငါတို့ ဖျက်ဆီးတိုင်း ပွားလာတာ” ရှီမာယူလင်း ပြောလိုက်သည်။

“ဟူး ဟာစွန်ဘက်က ပွားနှုန်းက နှေးတယ်” ရှီမာယူယူသည် လှည့်ကာ ဟာစွန့်ဘက်သို့ ကြည့်လိုက် သည်။ သူတို့နှစ်ဖက်မှ အနက်ရောင်မြူခိုးလုံးအား ရှင်းပစ်သည့် အရှိန်နှုန်းမှာ မတူညီသည်ကို သိလိုက်သည်။

“ဒါပေမဲ့ ဟာစွန့်အဆင့်က ငါတို့်ထက် မြင့်တယ်လေ၊ သူ့ မီးတောက်ကလည်း ငါတို့ထက် ပိုအားကောင်း မှာပဲ၊ အဲဒါကြောင့် အဲလိုဖြစ်နေတာ” ရှီမာယူလင်း ပြောလိုက်သည်။

“မီးတောက်အပူချိန်က မြင့်လို့များလား” ရှီမာယူယူ ထိုအချိန်တွင် စဉ်းစားမိလိုက်သည်။ သူမသည် အတွင်းပိုင်း ရွှေမီးတောက်ကို ဆွဲကာ မျက်နှာချင်းဆိုင်သို့ ပစ်လိုက်သည်။

“ဝူ….” အနက်ရောင် မြူခိုးများသည် ချက်ချင်းပင် ပြာအဖြစ် လောင်ကျွမ်းသွားလေသည်။ သူတို့ နှစ်ယောက်လုံး လန့်သွားကြသည်။

“ဒါလား” ရှီမာယူယူသည် သူတို့ရှေ့မှ လမ်းရှင်းသွားသည်ကို မြင်သောအခါ ခဏမျှ တုန့်ပြန်နိုင်ခြင်း မရှိပေ။

“အပြင်ကို ခဏလောက်ကြည့်လိုက်” ဒီတစ်ခါ ရှီမာယူယူကို အံ့သြသွားသူမှာ ရှီမာယူလင်း ဖြစ်သည်။ သူမ အခု ထုတ်လွှတ်လိုက်တာ ဘယ်လိုမီးတောက်လဲ။ ထိုမီးတောက်၏ ကြောက်မက်ဖွယ် အပူချိန်ကို သူလည်း ခံစားမိသည်။

“ဆက်ကြည့်ထား ငါ ဟာစွန့်ကို သွားကူညီလိုက်ဦးမယ်” ရှီမာယူယူသည် ကြက်သွေးရောင်မီးတောက် ၏ အသုံးဝင်ပုံကို သိရှိပြီး ဟာစွန်ဆီသို့ ပြေးသွားလေသည်။ သူမ မီးတောက် ထုတ်လွှတ်ကာ အနက်ရောင် မြူခိုးရှိသည့်ဘက်သို့ ပစ်လွှတ်လိုက်သည်။

“ဝူ…..”

တူညီသော အသံကြားရပြီးနောက် အနက်ရောင်မြူခိုးလုံးများသည် တစ်ခုချင်းစီ ပျောက်ကွယ် သွားလေသည်။

“နောက်ဆုံးတော့ အမြစ်ပြတ်သွားပြီ” ရှီမာယူယူသည် အသက်ပြင်းပြင်းရှုကာ ဟာစွန်ဘက် လှည့်ပြီး ပြောလိုက်သည် “မင်း အဆင်ပြေလား”

“အဆင်ပြေတယ်” ဟာစွန်သည် ခေါင်းရမ်းကာ ပတ်ဝန်းကျင်အား စစ်ဆေးလိုက်ပြီး ပြောလိုက်သည် “ငါတို့ သွားရမယ့် ဘက်ကိုရွေးရမယ်”

“ဒီတိုင်းသာ ရွေးလိုက်တော့၊ ထွက်လို့ရမလား ကြည့်တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သုံးယောက်သည် ခရီးဆက်ကြပြန်သည်။ ဒီတစ်ကြိမ်တွင် ဘေးချင်းကပ် လျှောက်ကြလေသည်။

“ယူယူ အဲဒါ ဘယ်လိုမီးတောက်လဲ” ရှီမာယူလင်း မေးလိုက်သည်။

“င့ါ စာချုပ်သားရဲရဲ့ သက်ရှိမီးတောက်ပဲ” ရှီမာယူယူ ပြန်ဖြေသည် “အဲမီးတောက် အသုံးဝင်ပုံကို ငါ အစောက မသိခဲ့ဘူး၊ အခုမှ စသုံးဖူးတာပဲ၊ ဟာစွန် ပြီးခဲ့တဲ့ တစ်ခေါက်က မင်းကြုံခဲ့ရတာ ဒီလို အနက်ရောင် မြူခိုးလား”

ဟာစွန် ခေါင်းရမ်းကာ ပြောလိုက်သည် “ပြီးခဲ့တဲ့ တစ်ခေါက် ငါလာတုန်းက တခြားတစ်ခုနဲ့ တွေ့ခဲ့တာ၊ ယန္တရားနဲ့ တည်ဆောက်ထားတာတော့ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အခုတွေ့ရတာလောက် မရိုးရှင်းဘူး”

“အဲဒီ အနက်ရောင် မြူခိုးတွေက အနက်ရောင်ရောင်ဝါရှိတယ်၊ အဲသတ္တဝါကလည်း ပင်ကို အနက်ရောင် ရှိမယ်ထင်တယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မတွေ့ရပါစေနဲ့ ဆုတောင်းပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်းမှာ အဲမီးတောက် ရှိနေတာပဲ အဲလိုတိုက်ခိုက်မှုကို မတွေ့ရင် ဘာပြဿနာမှ မဖြစ်လောက်ပါဘူး၊ တခြားဟာနဲ့ တွေ့မှာပဲ စိုးရိမ်တာ” ဟာစွန် ပြောလိုက်သည်။

သူတို့သည် တစ်နာရီခွဲမှ လှည့်ပတ်သွားလာပြီးချိန်တွင် လမ်းခွများကို တွေ့လေသည်။ သူတို့သည် အချိန်တိုင်းတွင် စိတ်ထဲရှိရာလမ်းကို ရွေးခဲ့သည်။ သူတို့ဘယ်ရောက်နေသလဲ ဆိုသည်ကို အမှန်တကယ်ပင် မသိကြပေ။

“ရေသံကြားသလိုပဲ” ဟာစွန် ပြောလိုက်သည်။

“ငါတို့ ထွက်လို့ရပြီလား မသိဘူး” ရှီမာယူယူသည် ပျော်ရွှင်စွာ အော်လိုက်သည်။

သူတို့သည် ရေသံနောက်လိုက်ခဲ့ရာ အမှောင်ရေ စမ်းချောင်းကို တွေ့လိုက်ရသည်။

“အမှောင်ရေပဲ အပြင်နဲ့ ဆက်နေလား တော့ မသိဘူး” ရှီမာယူယူ ပြောလိုက်သည်။

“မြစ်ဘေးကို ကြည့်လိုက်” ရှီမာယူလင်းသည် ကမ်းစပ်ကို ညွှန်ပြရင်း ပြောလေသည်။

သူတို့သည် အလျင်စလိုလျှောက်မသွားရခြင်းမှာ ကမ်းစပ်တွင် အရိုးစုများ ရှိနေခြင်းကြောင့်ပင် ဖြစ် သည်။

“အဲလူတွေက ဘယ်သူတွေလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒီမှာ အဆုံးသတ်သွားတဲ့သူတွေ ဖြစ်နိုင်တယ်” ရှီမာယူလင်း ပြောလိုက်သည်။

“သူတို့မျက်နှာတွေက ငါတို့ဘက်လှည့်နေကြတယ်၊ ဆိုလိုတာက သူတို့က အမှောင်မြစ်ကနေ ထွက်ပြေး တယ်ဆိုတာပဲ၊ ဒီမြစ်က ဘေးကင်းမယ့်ပုံမပေါ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ပလုံ ပလုံ”

ပလုံစီသောအသံများ ရုတ်တရက်ကြားလိုက်ရသည်။ ရေများသည် စတင် ဆူပွက်လာသည်။

“ပြေးတော့” ဟာစွန်သည် အထွတ်အထိပ်မ္ဆိာဖြစ်သဖြင့် အန္တရာယ်ကို ပိုခံစားနိုင်သည်။ သူသည် ပွက်သံ ထပ်ကြားသည်နှင့် အန္တရာယ်အရိပ်အယောင်ကို ခံစားမိလိုက်သည်။

ရှီမာယူယူ လျင်မြန်စွာ လှည့်ပြီးထွက်ပြေးလေသည်။ သူမ ပြေးရင်းှနင့် လှည့်ကြည့်ရာ အမှောင်မြစ်သည် ရေစက်များ ထုတ်လွှတ်ကာ သူတို့နောက်အား လိုက်လာလေသည်။

“သေစမ်း အဲဒါရေရောဟုတ်ရဲ့လား” သူမသည် မြင်လိုက်သောအရာကို မှင်တက်သွားကာ ကျိန်ဆဲမိ တော့သည်။

“မြစ်က အနက်ဖြစ်နေတယ်၊ မြစ်ရေတော့မဖြစ်နိုင်ဘူး” ဟာစွန် ပြောလိုက်သည် “အနက်ရောင် ရောင်ဝါ စီးဆင်းနေတာ ဖြစ်နိုင်တယ်”

သူတို့ သုံးယောက်သည် ပြေးနိုင်သလောက် လျင်မြန်စွာ ပြေးကြသည်။ သူတို့ကိုသာ ရေက မှီသွားပါက အဆုံးသတ်သွားမည်ဟူသော ခံစားချက်မျိုးဝင်မိသည်။

“ဝေါင်း”

ဟိန်းသံသည် လေးဘက်လေးလံမှ ထွက်လာကာ သူတို့သုံးယောက်အား ရပ်ရန် ဖိအားပေးလိုက်သည်။

“အဲသတ္တဝါက ဘယ်လိုကြီးလဲ သူ့ဟိန်းသံကြီးက င့ါလိပ်ပြာကို ထိုးဖောက်တော့မလိုပဲ” ရှီမာယူလင်းသည် နာကျင်မှုကို တင်းခံကာ နားရွက်ကို ပိတ်လိုက်သည်။

“မြန်မြန်ပြေးတော့” ပထမဆုံး သတိဝင်လာသူမှာ ဟာစွန်ဖြစ်ကာ မှင်တက်နေသေးသော ရှီမာယူယူနှင့် ရှီမာယူလင်းတို့ကို ဖက်ပြီးနောက် ဆက်ပြေးလေသည်။

သူတို့သည် ဘယ် ညာပြေးကာ ထိုထူးဆန်းသော မြစ်ရေကို ရှောင်ရှားကြသည်။ သို့သော် ထိုမြစ်ရေသည် နံရံတစ်ခုနှင့် ကြုံလိုက်ချိန်တွင်လည်း နောက်ဆုတ်မသွားပေ။ ထိုရေသည် ခြေထောက်များ သကဲသို့  လိုက်လာကာ နံရံအား လှန်ပစ်လေသည်။

“သေစမ်း အဲဒါ ရေရောဟုတ်ရဲ့လား” ရှီမာယူလင်းသည် ဒီတစ်ကြိမ်တွင် ကျိန်ဆဲလေသည်။ သူသည် အရင်က ဒီလိုထူးဆန်းတာကို မမြင်ဘူးခဲ့ပေ။

ရီမာယူယူသည် ဟိန်းသံကြားလိုက်သည့်အခါတွင် အကြောများဆိုင်းသွားသည်။ သူမ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုသည် စတင်ကြီးထွားလာသည်ကို ခံစားမိပြီး ထိုအရာသည် သူမခန္ဓာကိုယ်မှ ဖောက်ထွက်ချင် သလိုပင်။

“ဘာလို့ ဒါကို ရင်းနှီးနေတာလဲ”

“ဒါဘာလဲ….. ဘာလို့ ငါ့ကိုလှုံဆော်နေရတာလဲ”

“ဟာစွန်က အဲဒါကြောင့် အဲရောင်ဝါကို ရင်းနှီးတယ်လို့ ပြောတာကိုး”

“ဘာလဲ ဘာလို့ အလောကြီးနေတာလဲ”

သူမသည် သူမ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်သည် သွေးကြောထဲသို့ ဆွဲသွင်းခံလိုက်ရသည့် လှိုင်းတစ်ခုအား သက်တောင့်သက်သာ မရှိစွာ ခံစားလိုက်ရသည်။ ထို့နောက်တွင် အနက်ရောင် ရောင်ဝါလှိုင်းသည် သူမ ခန္ဓာကိုယ် အပြင်တွင် ပေါ်ထွက်ကာလာ သူမအား ကိုင်ထားသော ဟာစွန်နှင့် ရှီမာယူလင်းတို့က တွန်းထုတ်လိုက်လေသည်။

“အာ..” ရှီမာယူယူသည် သူမ ရင်ဘတ်အား ဖက်ကာ မြေပေါ်တွင် ဒူးထောက်လျက်သား ကျသွားသည်။

“ယူယူ” ဟာစွန်နှင့် ရှီမာယူလင်းတို့သည် သူမအား အံ့သြစွာကြည့်လိုက်ကြသည်။ သူမ ဘာဖြစ်သွားတာလဲ။

“ရွှီး ရွှီး” သူတို့အား ရရှိချင်သော အမှောင်မြစ်ရေသည် နံရံမှ ပြန်ဆင်းသွားလေသည်။

“မင်းတို့ လာတဲ့နေရာကို ပြန်သွားလိုက်စမ်း” ရှီမာယူယူသည် ရုတ်တရက် အမိန့်ပေးလိုက်သည်။

ထိုမြစ်ရေသည် ဖြေးညင်းစွာ ဆင်းသွားကာ လာရာလမ်းအတိုင်း ပြန်စီးသွားလေသည်။

All Chapters