← Chapters

အပိုင်း (၃၂၉) – အထွတ်အထိပ်သားရဲများစွာ

Vol. 004 Ch. 329

အပိုင်း (၃၂၉) – အထွတ်အထိပ်သားရဲများစွာ

Vol. 004 Ch. 329

အချိန်အတော်ကြာမှပင် ရှီမာယူယူနိုးလာသည်။ သူမ ခေါင်းအုံးသည် မျက်ရည်များဖြင့် စိုရွှဲနေသည်။

“ယူယူ နိုးလာပြီလား” ရှီမာယူလင်းသည် သူမနိုးလာသည်ကို စောင့်ကြည့်ရင်း မေးလိုက်သည်။

ရှီမာယူယူသည် သူမ လက်ဖြင့် ခေါင်းအား ပွတ်ရန် လုပ်သော်လည်း ရှီမာယူလင်းသည် သူမ လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို သိလိုက်ရသည်။ သူမသည် သူ့လက်အားလွှတ်လိုက်ရာ သူ့လက်များသည် သူမဆုပ်ကိုင်ထားသဖြင့် ပူနေသည်ကိုသိလိုက်သည်နှင့် တောင်းပန်စွာပြောလိုက်သည် “တောင်းပန်ပါတယ် နာ သွားပြီထင်တယ်”

“ရပါတယ်” ရှီမာယူလင်း ပြုံးပြီး ပြောလေသည် “နေလို့မကောင်းတဲ့နေရာ ရှိသေးလား”

ရှီမာယူယူ ထကာ ပြောလိုက်သည် “ငါအခု အဆင်ပြေသွားပြီ ဟာစွန်ဘယ်ရောက်နေလဲ”

“သူ စုံစမ်းစရာရှိတယ်ဆိုပြီး ထွက်သွားတယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ငါ ဘာဖြစ်သွားတာလဲ” သူမသည် ခေါင်းကို ပွတ်ကာ ခေါင်းကိုက်မှုကို သက်သာစေရန် ကြိုးစားလိုက် သည်။

“မင်းဘာဖြစ်သွားလဲ ဆိုတာ မသိဘူးလား” ရှီမာယူလင်း မေးလိုက်သည်။

ရှီမာယူယူခေါင်းရမ်းကာ ပြောလိုက်သည် “ငါ ငိုတာပဲမှတ်မိတာပဲ ကျန်တာ မမှတ်မိတော့ဘူး”

ရှီမာယူလင်းသည် ဖြစ်ပျက်သမျှကို ရှင်းပြလိုက်ရာ သူမသည် မြစ်အား မြေအောက်သို့ ပြန်သွားရန် အမိန့် ပေးလိုက်သည်ဟု ကြားသောအခါ သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ငါက အဲလောက် အင်အားကြီးတာလား” သူမ ကိုယ့်ကိုကိုယ် ချီးမွမ်းသည့် အမူအရာဖြင့် မျက်တောင်ခတ် လိုက်သည်။

သူဘာကြောင့်လဲတော့ မသိပေ။ ရှီမာယူလင်းသည် သူမအား ထိုကဲ့သို့ မြင်တိုင်းပင် သူ့စိတ်ထဲမှ အထုံး ဖြေလိုက်သကဲ့သို့ပင်။

“ဒါဆိုရင် ကြက်သွေးရောင်မီးတောက်က ငါ့ကိုကယ်ခဲ့တာပေါ့” ရှီမာယူယူသည် ရုတ်တရက် ထ အော် လိုက်သည်။

“ဘာဖြစ်လို့လဲ” ရှီမာယူလင်းသည် ပူပန်စွာ မေးလိုက်သည်။

“ငါ နိုးလာတာတော့ မှတ်မိတယ်၊ ငါ ကောင်လေးချောချောလေးကို မြင်လိုက်တယ်၊ ပြီးတော့ သူ့ကို ကြက်သွေးရောင် မီးတောက်လို့ ခေါ်လိုက်တယ်၊ ငါ အိမ်မက် မက်နေတယ်ထင်နေတာ၊ ဒါပေမဲ့ အဲဒါ တကယ် ဖြစ်နေတာပဲ” ရှီမာယူယူသည် အံ့သြစွာ ပြောလေသည်။

ရှီမာယူလင်းသည် ရှီမာယူယူအား စိတ်တိုစွာကြည့်လိုက်သည်၊ သူမ အော်လိုက်သည်မှာ နာကျင်၍ သို့မဟုတ် အဆင်မပြေဖြစ်သောကြောင့်ဟု ထင်လိုက်သော်လည်း ထိုအဓိပ္ပာယ်မရှိသော ကိစ္စကြောင့် ဖြစ်နေ သည်။

ခဏအကြာတွင် ဟာစွန်သည် ဒဏ်ရာရလာကာ ပြန်လာသည်။

“မင်း ဒဏ်ရာရလာတယ် ဟာစွန်” ရှီမာယူယူသည် အိပ်ရာပေါ်မှ ဆင်းကာ ဟာစွန်အား ကြည့်လိုက် သည်။

“နည်းနည်းပါ” ဟာစွန် ပြောလိုက်သည်။

ရှီမာယူယူသည် အချိန်တစ်ခုထိ အနားယူပြီးဖြစ်၍ အိပ်ရာပေါ်မှ ထကာ ဟာစွန်ဆီသို့ လျှောက်သွားပြီး သူ့ပခုံးအား တွဲလိုက်ချိန်တွင် သူ့ပခုံးမှ ခါးအထိ ကွဲရာဖြစ်နေသည်ကို သတိထားမိလိုက်သည်။

“ဘယ်လိုဒဏ်ရာရလာတာလဲ” ရှီမာယူယူသည် ဟာစွန်စားရန် ဆေးထုတ်ရင်း မေးလိုက်သည်။ သူမ သည် သူ့ဒဏ်ရာအား သန့်ရှင်းစေရန် သူမ အချိန်ယူပြီးလုပ်ထားသော ဆေးရည်ကိုပါ ထုတ်ပြီး ဆေး လိမ်း ပြီးသောအခါ သူ့ ဒဏ်ရာအား စည်းပေးလိုက်သည်။

“အရှင်က မင်းကို အဲသက်ရှိတွေကို နှိပ်စက်နေတဲ့ အကောင်ဆီ ခေါ်သွားခိုင်းလို့ ဘယ်လောက် အန္တရာယ်များလဲဆိုတာ သွားကြည့်တာ” ဟာစွန် ပြောလိုက်သည် “ဒါပေမဲ့ သွားတာမကြာသေးဘူး ဒဏ်ရာရ လိမ့်မယ်လို့ ထင်မထားဘူး”

“ကြက်သွေးရောင် မီးတောက်က ငါ့ကို အဲသက်ရှိဆီသွားစေချင်တာလား” ရှီမာယူယူသည် ကြက်သွေး ရောင် မီးတောက် ဘာလို့အဲလိုလုပ်ခိုင်းသည်ကို နားမလည်စွာ ဟာစွန်အား ကြည့်လိုက်သည်။ ထို သက်ရှိသည် အချိန်ကြာရှည်စွာ ဖိနှိပ်ခဲ့သောကြောင့် သူမ ဆရာပင်လျှင် မနီးကပ်စေလိုပေ။ သို့သော် ကြက်သွေးရောင်မီးတောက်က သူကို သွားစေချင်တာလား။ ထိုသက်ရှိက သူမကို တစ်ချက်တည်းနဲ့ သုတ်သင် လိုက်မှာကို သူ မကြောက်ဘူးလား။

“မင်းကို အဲဒီကိုခေါ်သွားရင် အကျိုးရှိမယ်လို့ သူပြောတယ်” ဟာစွန် ပြောလိုက်သည်။

“ကောင်းပြီ” သူအား ကြက်သွေးရောင်မီးတောက်က ထိခိုက်အောင် မလုပ်ဟု သူမ ယုံကြည်သည်။ “ဒါပေမဲ့ မင်းနဲ့ ဆရာတောင် ကပ်လို့မရတာ ငါ ဘယ်လိုသွားလို့ ရမလဲ”

“မင်း ရှေ့ကို သွားလိုက်ရင် ရပြီလို့ ပြောတယ်” ဟာစွန်သည် ကြက်သွေးရောင် မီးတောက် ပြောခဲ့ သည်ကို ပြန်ပြောပြနေသည်။

“တကယ်ပဲ ငါ့ကို ဘာလို့ သူကိုယ်တိုင် မပြောတာလဲ” ရှီမာယူယူသည် မကျေနပ်စွာ ရွေရွတ်ကာ ဟာစွန်နှင့် ရှီမာယူလင်းဘက်လှည့်ကာ ပြောလိုက်သည် “ဒီနေရာက ဘေးကင်းသေးတယ် မင်းတို့နှစ်ယောက် ငါ့ကို ဒီမှာပဲစောင့်ပါလား”

“မရဘူး” ရှီမာယူလင်းသည် ချက်ချင်းပင် ငြင်းဆန်သည် “အဲမှ အဲလောက်အန္တရာယ်များတာ၊ မင်းကို ဘာလို့ တစ်ယောက်တည်း လွှတ်ရမှာလဲ”

ဟာစွန် ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းထွက်သွားတာနဲ့ ဒီနေရာက မလုံခြုံတော့ဘူး”

ထိုမြေအောက် မြစ်သည် သူမ ဟိန်းဟောက်လိုက်သောကြောင့် နောက်ဆုတ်သွားခြင်းဖြစ်ကာ သူမ ထွက်သွားသည်ကို သိသည်နှင့် ထို ထူးဆန်းသော ရေသည် ပြန်လာနိုင်သည်။ ရှီမာယူယူသည်လည်း ထိုသို့ တွေးမိသည်။ သူတို့ လမ်းတွင် အန္တရာယ်တွေ့လာပါက သူတို့ကို ဝိညာဉ်စေတီတွင် ထည့်ထားလို့ရသည်။ ထို့ကြောင့် သူတို့အား သူမနှင့်အတူ လိုက်ရန် သဘောတူလိုက်သည်။

“ဒါပေမဲ့ ငါတို့်ဘယ်သွားကြမလဲ” ရှီမာယူယူသည် လှည့်ပတ်ကြည့်လိုက်ရာ သူမဘယ်ရောက်နေသည် ကို မသိတော့ပေ။ သူမ ဘယ်လို အဲသက်ရှိကို ရှာရမလဲ။

“အရမ်းကြမ်းတယ်” ရှီမာယူလင်း ပြောလိုက်သည်။

“မင်း နှလုံးသားကို သုံးပါ” ကြက်သွေးရောင် မီးတောက်၏ အသံသည် ရုတ်တရက် ထွက်လာသည်။

ရှီမာယူယူသည် အံ့သြသွားသော်လည်း လျင်မြန်စွာ မျက်စိမှိတ်ပြီး ခံစားလိုက်သည်။ ထို့နောက် ရုတ်တရက်ပင် သူမ ကိုယ်ထဲမှ အနက်ရောင် ဝိညာဉ်စွမ်းအင်သည် လှုပ်ရှားကာ ထိုအနက်ရောင် ကိုယ်ဝါသည် သူမ ခန္ဓာကိုယ်မှ ထွက်ရန် ပြင်းပြလာသည်။

“ဟင်” ရှီမာယူယူသည် မျက်စိဖွင့်ကာ သူတို့နှစ်ယောက်အား ကြည့်ကာ မေးလိုက်သည် “မင်းတို့ အဲအသံကို ကြားကြလား”

“ဘာအသံလဲ” ရှီမာယူလင်းနှင့် ဟာစွန်တို့သည် ခေါင်းခါကြသည်။ သူတို့သည် သူမ ခန္ဓာကိုယ်မှ အနက် ရောင် စွမ်းအင် ထွက်လာရန် ကြိုးစားသည်ကိုသာ ခံစားရပြီး ဘာအသံမှ မကြားရပေ။

ရှီမာယူယူ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည် “ငါ ညွှန်ကြားချက်လိုမျိုး တစ်ခုခုကို ကြားလိုက် တယ်၊ အဲသက်ရှိက ပြောတာလည်းဖြစ်နိုင်တယ်၊ ဒါပေမဲ့ အခု ဘယ်သွားရမလဲဆိုတာ သိပြီ သွားရအောင်”

သူမသည် သူတို့အား သေချာသော လမ်းခွဲရှိရာ ဦးတည်ချက်ဘက်သို့ ခေါ်သွားလိုက်သည်။ သူမ မျက်စိမှိတ်ကာ ထပ် ခံစားပြီး ခေါ်သွားရန် ဦးတည်ဘက်သို့ ညွှန်ပြလိုက်သည်။ သူတို့ လမ်းတစ်ဝက်ရောက်သော အခါ နောက်ဆုံးတွင် ဝင်္ကပါလမ်းကို ရှာတွေ့လေသည်။

“တစ်ခုခုထူးဆန်းနေပြီ” ရှီမာယူလင်းသည် သူတို့သွားပြီး မကြာခင်တွင် ရပ်လိုက်သည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူ ရပ်ပြီး မေးလိုက်သည်။

“ဒီမှာ အပူချိန်ကျသွားတာ ခံစားမိလား” ရှီမာယူလင်း ပြောလိုက်သည်။

ဝိညာဉ်သခင် တစ်ယောက်အနေနှင့် သူ့ခန္ဓာကိုယ်ထဲမှ ကိုယ်ရောင်ကိုယ်ဝါကြောင့် သူသည် အပူချိန်ကို မှန်ကန်စွာ ခံစားနိုင်သည်။ သို့သော် သူ ထိုနေရာသို့ ဝင်လာချိန်တွင် သူ့ခန္ဓာကိုယ်သည် စတင်လှုပ်ခတ်နေသည် ကို ရုတ်တရက်ခံစားလိုက်ရသည်။

“ငါ ဘာမှ မခံစားရပါဘူး” ရှီမာယူယူသည် ဟာစွန်အား ကြည့်ကာ ပြောလိုက်သည်။ ဟာစွန်သည် လည်း ခေါင်းရမ်းကာ ပြောလိုက်သည် “စိမ့်စိမ့်လေးတော့ ဖြစ်တယ် အေးတော့မအေးဘူး”

“ယူလင်း မင်းအဆင်ပြေရဲ့လား” ရှီမာယူယူသည် လျှောက်လာကာ သူ့အား စမ်းကြည့်ကာ ပြောလိုက် သည် “မင်း အပူချိန်ကျနေတယ်”

“သူ့ကို သက်ရောက်မှုများဖြစ်လို့လား” ဟာစွန် ထင်မြင်ချက်ပေးလိုက်သည်။

“မင်း နားချင်…”

“ရတယ်၊ ငါဆက်သွားမယ်” ရှီမာယူလင်းသည် သူမ ပြီးအောင်မပြောရသေးခင် ဖြတ်ပြော လိုက်သည်။

“အင်း အပူချိန်က တိုးလာတယ်” ရှီမာယူယူသည် ရှီမာယူလင်း လက်မှ အပူချိန်တိုးလာသည်ကို ခံစား ရင်းပြောလိုက်သည်။

ရှီမာယူလင်းသည် တစ်ခုခုပုံမှန်မဟုတ်သည်ကို ရုတ်တရက်ခံစားမိပြီး ပြောလိုက်သည် “မင်း ငါ့လက်ကို ကိုင်ပြီးတာနဲ့ အေးတယ်လို့ မခံစားရတော့ဘူး”

“ဒါဆိုလည်း ဆက်ကိုင်ထားမယ်လေ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ရှီမာယူလင်းလက်ကို ကိုင်ကာ ရှေ့သို့ဂရုတစိုက်ဖြင့် သွားလေသည်။

ရှီမာယူလင်းသည် သူမလက်မှ နွေးထွေးမှုကို ခံစားရပြီး မတည်ငြိမ်သော သူ့အား တည်ငြိမ်သွားစေ သည်။

“မင်း ပတ်ပတ်လည်ကို ကြည့်လိုက်” ဟာစွန်သည် အမှောင် နံရံများကို ညွှန်ပြရင်း ရုတ်တရက် ပြောလိုက်သည်။

“ဘယ်လိုလုပ် အဲမှာ ဝိညာဉ်သားရဲတွေ အဲလောက်များနေတာလဲ” ရှီမာယူယူ ပြောလိုက်သည်။

နံရံနှစ်ဖက်လုံးတွင် ကျောက်တုံးများပေါ်တွင် ဝိညာဉ်သားရဲများသည် ကြာရှည်စွာ ရှိသကဲ့သို့ နံရံများတွင် ဆေးဆွဲထားကာ အသက်ရှုခြင်းမရှိ၊ ကိုယ်ရောင်ကိုယ်ဝါ စီးဆင်းခြင်းမရှိပေ။

“အဲဒီသားရဲတွေ အကုန်လုံးက အနည်းဆုံး အထွတ်အထိပ်သားရဲတွေပဲ” ဟာစွန်သည် ကြည့်ရင်း ပြောလေ သည်။ ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ဘာမှန်း မပြောတတ်သော်လည်း ဟာစွန်ပြောသည်ကို ယုံကြည်ကြ သည်။

“ယိလင်းတိုင်းပြည်မှ အထွတ်အထိပ်သားရဲတွေ အများကြီးမရှိဘူးလို့ထင်နေတာ ဒီကို ရောက်နေကြတာ ကိုး” ရှီမာယူလင်း စဉ်းစားကြည့်သည်။

“ဒါတွေက စောင့်ရှောက်သူ သားရဲတွေလို့ထင်တယ်”

All Chapters