← Chapters

အပိုင်း (၃၃၀) – ချိပ်ပိတ်ခံထားရသော သတ္တဝါ

Vol. 004 Ch. 330

အပိုင်း (၃၃၀) – ချိပ်ပိတ်ခံထားရသော သတ္တဝါ

Vol. 004 Ch. 330

“စောင့်ရှောက်သူ သားရဲတွေ” ဟာစွန်သည် ချိပ်ပိတ်ခံထားရသော ဝိညာဉ်သားရဲများကို ကြည့်ပြီး ပြောလေသည် “သူတို့က ဒီမှာ ချိပ်ပိတ်ခံထားရလို့ ဖြစ်နိုင်တယ်၊ ပြီးတော့ တည်ဆောက်မှုကို ထိရဲတဲ့သူရှိရင် သူတို့ လွတ်နိုင်တယ်၊ သူတို့က စောင့်ရှောက်သူတွေဖြစ်နိုင်တယ်”

ရှီမာယူလင်းသည် သူ၏ ခွဲခြမ်းစိပ်ဖြာသည်ကို ယုံကြည်သည်။

“သူတို့က ဒီတည်ဆောက်မှုရဲ့ စောင့်ရှောက်သူတွေဆိုတော့ ငါတို့ကို မတိုက်ခိုက်နိုင်ဘူးလား” ရှီမာယူယူ ထိုအထွတ်အထိပ်သားရဲများကို ကြည့်ရင်း ပြောလိုက်သည်။

“မလုပ်ပါဘူး ငါတို့က တည်ဆောက်မှုကို မတိုက်ခိုက်သရွေ့တော့ အဲစောင့်ရှောက်သူတွေ နိုးမှာမဟုတ် ဘူး” ဟာစွန် ပြောလိုက်သည်။

“ဒါဆို ဒီကနေ မြန်မြန်ထွက်ရအောင်၊ အဲဒီစောင့်ရှောက်သူတွေက ဆိုးတယ်လို့ ငါ ပြင်းပြင်းထန်ထန် ခံစားမိနေတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အင်း သွားကြမယ်”

သူတို့သုံေးယာက်သည် ထိုစောင့်ရှောက်သူများကို လျင်မြန်စွာ ဖြတ်သွားကာ ရှေ့သို့ ဆက်သွားကြ သည်။ သူတို့ မမြင်လိုက်ရသည်မှာ သူတို့ထွက်သွားသည်နှင့် အေးခဲနေသော အထွတ်အထိပ်သားရဲတစ်ကောင် သည် မျက်စိဖွင့်လာကာ သူတို့ထွက်သွားသည်ကို အချိန်ကြာသည်အထိ စောင့်ကြည့်နေလေသည်။ သူတို့ မျက်စိရှေ့မှ ပျောက်သွားမှပင် မျက်စိပြန်မှိတ်သွားတော့သည်။

သူတို့ ထွက်သွားပြီးနောက်တွင် ရှီမာယူယူ လှည့်ကာ သူမနောက်ကို ကြည့်လိုက်သည်။ သူမ အနည်းငယ် သံသယဝင်မိသည်။

“ဘာလဲ” ရှီမာယူလင်း မေးလိုက်သည်။

“အခုလေးတင် ငါတို့ကို တစ်ခုခုက ကြည့်နေသလိုပဲ” ရှီမာယူယူသည် ပြောလိုက်သည် “ဒါပေမဲ့ ငါလှည့်ကြည့်တော့ သူတို့မျက်လုံးတွေ ပိတ်နေတာပဲ”

“မင်း စိတ်လှုပ်ရှားပြီး စိတ်ကူးနေမိလို့နေမှာပါ” ရှီမာယူလင်း ပြောလိုက်သည်။

“ဖြစ်နိုင်ပါတယ်” ရှီမာယူယူသည် ထိုနေရာတွင် ဘာမှမတွေ့သဖြင့် ဂရုမစိုက်တော့ပေ။

ထိုအချိန်တွင် အရှေ့မှသွားနေသော ဟာစွန်သည် ရုတ်တရက် ရပ်လိုက်သည်။

“ဘာလို့လဲ ဟာစွန်”

“ငါတို့်ရှေ့ကလမ်းကို ငါအရင်က သွားဖူးတယ်” ဟာစွန် ပြောလိုက်သည် “ဒါပေမဲ့ ငါ တစ်ဝက်လောက် ပဲသွားရသေးတယ် သတိမေ့သွားတာပဲ”

သူ ပြောလိုက်သောစကားကြောင့် ရှီမာယူယူနှင့် ရှီမာယူလင်းတို့ စိုးရိမ်ပူပန်သွားသည်။ ဒါက အရင် သူ့ကို အဘိုးနတ်ဆိုး ကယ်ခဲ့တဲ့နေရာလား။

“ဒီနေရာက ဘာလဲ” သူမသည် ရှီမာယူလင်း လက်အားလွှတ်ကာ ရှေ့တိုးပြီး မေးလိုက်သည်။

ဟာစွန်သည် အသံဖျော့စွာ ပြန်ဖြေလေသည် “ဆွဲအားနဲ့ ဖိအား”

ရှီမာယူယူ ပတ်ဝန်းကျင်အား အာရုံခံကာ အကူအညီမဲ့စွာ ပြောလိုက်သည် “သူက ဒီလမ်းဆုံးတာနဲ့ ရှိလောက်တယ်၊ ငါတို့် ဖြတ်လျှောက်ရမှာပဲ ရွေးစရာမရှိဘူး”

သူတို့သုံးယောက်သည် အချိန်ယူပြီး အသက်ပြင်းပြင်းရှုကာ ထိုလမ်းအား စင် လျှော်ကတော့သည်။

သူတို့ လမ်းကို စတင်နင်းလိုက်သည်နှင့် ရှီမာယူယူသည် သူမခြေထောက်များ ချက်ချင်းပင် လေးလံ လာသည်ဟု ခံစားလိုက်ရသည်။ သူမ ခြေထောက်များသည် လေးလံစွာဦးဆောင်ကာ ခြေလှမ်းတိုင်းတွင် အားထည့်နေရသည်။

သူတို့ လျှောက်လာသည်မှာ မီတာ ၁၀၀မပြည့်ခင်မှာပင် သူတို့ အသက်ရှုလည်း ကြပ်လာသည်။ သူတို့အား ဖိအား ပေးနေသလို ခံစားလာရသည်။

“ခွပ်”

ရှီမာယူလင်း၏ ခန္ဓာကိုယ်သည် အားအနည်းဆုံးဖြစ်ကာ ဖိအားအောက်တွင် ပျော့ခွေသွားလေသည်။ သူသည် ပထမဆုံး ဒူးထောက်ကျသွားကာ သူ့ဒူးခေါင်းမှ အသံထွက်လာသည်။

“ယူလင်း” ရှီမာယူယူသည် ခက်ခဲစွာ ရှေ့တိုးနေရင်းမှ ရှီမာယူလင်းအား ဆွဲထူရန် လက်ကမ်းပေးလိုက် သည်။

“ဖိအားက ပိုများလာပြီ” ရှီမာယူယူ ရှီမာယူလင်းအား ထိလိုက်ချိန်တွင် ဖိအား နှစ်ဆတိုးလာသည်ကို ခံစားမိလိုက်သည်။ ထိုနေရာသည် အသင်းအဖွဲ့နှင့် လှုံ့ဆော်၍ ရဟန်မတူပေ။

ရှီမာယူယူသည်လည်း တည့်တည့်မရပ်နိုင်တော့ပေ။ သူတို့နှစ်ယောက်သည် ခက်ခက်ခဲခဲ ဖိအား အပေးခံရကာ အရိုးများလည်း ကျိုးသွားသည်ကို ကြည့်ပြီး သူမ ပြောလိုက်သည် “သူက ငါတစ်ယောက်တည်း ကိုပဲ တွေ့ချင်တယ်ထင်တယ်၊ ငါတစ်ယောက်တည်း သွားတော့မယ်”

သူမ ပြောပြီးသည်နှင် ဟာစွန်နှင့် ရှီမာယူလင်းတို့ကို ဝိညာဉ်စေတီအတွင်း ထည့်ထားလိုက်သည်။

ရှီမာယူလင်းသည် ပတ်ဝန်းကျင် အပြောင်းအလဲအား ချက်ချင်းခံစားမိပြီး ဖိအားမှာ ချက်ချင်း မရှိတော့ သည်ကို သိလိုက်ရသည်။ ရှီမာယူယူ၏ စာချုပ်သားရဲများသည် သူ့ရှေ့တွင် ပေါ်လာသည်။

“မင်း ဒီဆေးကို အရင်စားသင့်တယ်” ဝိညာဉ်လေးသည် သူတို့ကို ဆေးကို ပစ်ပေးပြီး အပြင်ဘက်သို့ စိုးရိမ်စွာ ကြည့်လိုက်သည်။

“ဒါ ဘယ်နေရာလဲ” သူသည် ထူးဆန်းသော ပတ်ဝန်းကျင်ကို အံ့သြစွာ ကြည့်လိုက်သည်။

“ဒါ ယူယူရဲ့ နေရာပဲ” ဟာစွန်သည် ဆေးစားပြီးနောက် နားရန် ထိုင်လိုက်သည်။ သူသည် အပြင်ဘက်မှ အခြေအနေကို တစ်ပြိုင်နက်ကြည့်နေသည်။

ရှီမာယူလင်းသည် အလွန်သိချင်နေသော်လည်း ထိုအချိန်မှာ မေးရန်မသင့်တော်သဖြင့် သူလည်းပဲ အပြင်မှ မြင်ကွင်းကို ကြည့်နေလိုက်သည်။

ရှီမာယူယူသည် သူမတစ်ယောက်တည်း ကျန်ခဲ့ချိန်တွင် ပတ်ဝန်းကျင်မှ ဖိအားမှ လျော့ကျသွားသည်ကို ခံစားမိလိုက်သည်။ သူမသည် ဆေးတချို့ထုတ်ပြီး စားပြီးနောက် မမျှော်လင့်သော အခြေအနေများအတွက် ပါးစပ်တွင် တစ်လုံးကို ငုံပြီး ပြင်ဆင်ထားလိုက်သည်။

“သေစမ်း ဘယ်သူကများ ဒီတည်ဆောက်မှုကို လုပ်ထားတာလဲ၊ ငါတို့ ၂ရက် ၃ရက် လှည့်ပတ်သွား နေတာတောင် ဝိညာဉ်တစ်ခုတောင် မတွေ့ရဘူး၊ ကြောက်စရာကောင်းတဲ့ ဟာတွေတောင် လုပ်ထားလိုက်သေးတယ်” သူမသည် ရေရွတ်ကာ လျှောက်သွားပြီး သူမ အတွင်းပိုင်း ဝိညာဉ်စွမ်းအင်သည် အပြင်မှ ဖိအားကို တွန်းလှန်ရန် လည်ပတ်နေခဲ့သည်။

သူမ ရှေ့ဆက်လျှောက်သွားကာ ဝိညာဉ်စွမ်းအင် မကုန်ခင်တွင် ဆေးနှစ်လုံး ဝါးစားလိုက်ပြီး ဆက်သွား လိုက်သည်။ သူမ ခန္ဓာကိုယ်အနှံ့အပြားမှာ ကွဲထွက်ပြီး သူမလက်မှ သွေးစိမ်းများထွက်လာသည်။ သူမ အရိုးများသည် ကြက်သွေးရောင်မီးတောက်နှင့် ဆက်စပ်ထားသဖြင့် ခံနိုင်ရည်ရှိခြင်းဖြစ်သည်။

သူမ ရှေ့ဆက်လျှောက်ရာ ဖိအားသည် တိုးပွားလာသည်။ သူမ နှေးကွေးလာသည်။ သူမ ခန္ဓာကိုယ်တွင် မထိခိုက်ထားသော နေရာမရှိတော့ပေ။

နောက်ဆုံးအဆင့်တွင် သူမသည် ရှေ့ဆက်လျှောက်ရန်သာ သိသော စက်ရုပ်သဖွယ်ဖြစ်လာသည်။ သူမ ခန္ဓာကိုယ်သည် နာကျင်ကာ ထုံလာသည်။ သူမ ကိုယ်မှ သွေးများ တစ်စက်ပြီးတစ်စက် ထွက်လာသည် ကို ခံစားရသည်။

“ငါ ဒီအတိုင်းသာ ဆက်သွားရင် မံမီများ ဖြစ်သွားမလားပဲ” သူမသည် အဆက်မပြတ် ထွက်နေသော သူမသွေးများကို ကြည့်ကာ လှောင်ရုံအပြင် မတတ်နိုင်တော့ပေ။

သူမ ဝိညာဉ်စေတီအတွင်း ဝင်ရန် မစဉ်းစားမိခြင်း မဟုတ်ပေ။ သို့သော် သူမ ဝင်သွားပါကလည်း ပြန် ထွက်လာချိန်တွင် ထိုနေရာတွင်ပင် ရှိနေဦးမည်။ သူမသည် ရှေ့ဆက်လျှောက်သွားရမည်။

ဖိအားပိုများလာကာ သူမသည် တည့်တည့်ရပ်ရန်ပင် မလွယ်ကူတော့ပေ။ သူမ လက်နှစ်ဖက်သည် ဒူးကို ထောက်ထားခြင်းဖြင့်သာ တောင့်ခံရသည်။

နောက်ဆုံးတွင် နေ့တစ်ဝက်လျှောက်ပြီးနေက်တွင် သူမ တောင့်မခံနိုင်တော့ပဲ လဲကျသွားတော့သည်။

သူမ လဲကျကျခြင်းတွင် အမှောင်မြူခိုးတိမ်တိုက်သည် သူမဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။

“သေစမ်း မင်းဒီအတိုင်း မသေသွားဘူးလား” သူမသည် သူတို့ ထိုနေရာအား ဝင်ဝင်လာချင်း တွင် ကြုံ ခဲ့ရသော မြူခိုးကို တွေးမိလိုက်သည်။ ထို့နောက် သူမ မေ့မြောသွားသည်။

ဝိညာဉ်စေတီအတွင်းတွင်… သူတို့သည် အနက်ရောင် မြူခိုးအား မြင်လိုက်သည်နှင့် မျက်နှာပျက်သွား ကြသည်။ သို့သော် သူတို့ ဘာမှမလုပ်လိုက်ရသေးခင်ပင် နေရာတစ်ခုလုံး မှောင်မိုက်သွားပြီး ပြင်ပ လောက်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားတော့သည်။

နာကျင်မှု….

ထိုအရာသည် ရှီမာယူယူ ပထမဆုံးတွေးမိသည့်အရာပင်။ သို့သော် ဒီတစ်ကြိမ်တွင် တစ်နေရာတည်း မှလာသော နာကျင်မှုမဟုတ်ပဲ အရိုးများနှင့် တစ်ကိုယ်လုံးမှ လာသော နာကျင်မှုဖြစ်သည်။

သူမ တကယ်ပဲ နာကျင်မှုကို ခံစားရတာလား။

ရှီမာယူယူ သတိပြန်ထားကာ မျက်စိတ်ဖွင့်လိုက်သည်။

“မသေဘူးလား” သူမ ပထမဆုံးအတွေးဖြစ်သည်။

“ငါ မတူတဲ့ နေရာကိုရောက်နေတာပဲ” သူမ၏ ဒုတိယအတွေးဖြစ်သည်။

“ရှုး” သူမ ထိုင်ရန် စဉ်းစားလိုက်သော်လည်း သူမ အနည်းငယ် လှုပ်ရှားလိုက်သည့်အခါတွင် သူမ ခန္ဓာကိုယ် အနှံ့အပြားမှ နာကျင်မှုကို ခံစားလိုက်ရသည်။

ကံကောင်းစွာပင် သူမ ပါးစပ်ထဲမှ ဆေးလုံးတစ်လုံးကျန်နေသေးသည်။ သူမ ဆေး အသက်ဝင်စေရန် လျင်မြန်စွာပင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီးနောက် သူမကိုယ်သူမ သန့်စင်လိုက်သည်။

နေ့တစ်ဝက်အကြာမှပင် သူမ လှုပ်ရှားနိုင်တော့သည်။ သူမ အံကြိတ်ကာ ထလိုက်သည်။

“ဒါ ဘယ်နေရာလဲ” ထိုနေရာတွင် မီးမရှိပဲ တစ်ခုလုံး မှောင်မိုက်ကာ ထိုနေရာအား မသိနိုင်ပေ။

“မင်းနိုးလာပြီလား” အက်ကွဲသော အသံထွက်လာရာ သူမ ကြောက်၍ သေတော့မလိုပင်။

“မင်း ဘယ်သူလဲ” သူမ မီးတောက်လုံးအားထုတ်ကာ အားနည်းသော အလင်းရောင် သည် မှောင်မိုက် သော ပတ်ဝန်းကျင်အား မှန်းဆ၍ ရလာသည်။

ထိုရောသည် အလွန်ကြီးမားသော ဂူဖြစ်သည်။ သူမ မီးလုံးမှ အလင်းပင် ဂူတစ်ခုလုံးကို မထွန်းလင်း နိုင်ပေ။

“ဒီလောက်နှစ်အများကြီးကြာမှ… မီးကို မြင်ရတာပဲ” ထို အက်ကွဲနေသော အသံသည် ထပ်ထွက်လာ ကာ ရှီမာယူယူသည် အသံလာရာဘက်သို့ မီးလုံးအား ချက်ချင်းပင် ထွန်းလိုက် သည်။ မြင်လိုက်ရသော မြင်ကွင်း ကြောင့် သူမ အံ့သြကာ ခြေလှမ်းနှစ်လှမ်း လောက် နောက်ဆုတ် သွားလေသည်။

ထူထဲသော မြူခိုးတိမ်တိုက်သည် ဂူတစ်ဝက်လောက်တွင် ပေါ်လာကာ ရှေ့တွင် အရိုးစုအပုံလိုက်သည် သူမ အလင်းအား အရောင်ပြန်နေသည်။

သူမ တံတွေးမျိုချကာ မေးလိုက်သည် “မင်း မင်းဘယ်သူလဲ”

All Chapters