← Chapters

ဆု

Vol. 154 Ch. 2143

ဆု

Vol. 154 Ch. 2143

ဝူလင်းယူသည် အနည်းငယ် ဒဏ်ရာရထားသော်လည်း သူမဘေးသို့ ချက်ချင်းပင် လျှပ်တပြက်ရောက်သွားပြီး သူမကိုတြွလိုက်သည်။ ရှီမာလျူရွှမ် နှင့် ယွိခဲ့လော့တို့လည်း ပျံလာပြီးပြောလိုက်သည် “ခုနကဖြစ်သလိုပဲဖြစ်တာ လား”

ဒိကျဲ့လည်း ပြေးသွားချင်သော်လည်း တိုက်ပွဲစနေပြီဖြစ်ရာ သူလည်း ရှုပ်ယှက်ခတ်နေသဖြင့် မသွားနိုင်ပေ။

ရှီမာယူယူသည် မျက်နှာများဖြူဖျော့ကာ ဝူလင်းယူ၏ ရင်ခွင်ထဲသို့ လဲကျ သွားသည်။ သူတို့၏ စိုးရိမ်နေသည့် မျက်လုံးများကိုမြင်သောအခါ သူမ အဆင် ပြေသည်ဟု ပြောဟန်ပြင်သည်။ သို့သော် ပါးစပ်ကိုသာ ဖွင့်ရပြီး မပြောနိုင် သဖြင့် မျက်တောင်ခတ်ကာ သူတို့ကို ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ အဖေအဆင့်တက်တာနဲ့ ပတ်သက်မယ်ထင်တယ်” ယွိခဲ့ လော့ပြောလေသည် “ဒီလိုသာဆိုရင် သူမက ဘယ်လိုခံနိုင်မှာလဲ.. ဒါပေမဲ့ အခု အဖေ့ဝိညာဉ်အမှတ်ကိုလည်း ထိမရဘူး”

“ဖုန်း”

သူတို့စိတ်ပျံ့လွင့်နေချိန်တွင် တစ်ယောက်မှ ချောင်းမြောင်းတိုက်ခိုက်ရာ ချန်ကျိုသည် လက်ဝါးဖြင့် ထိုလူကို သေအောင်ရိုက်လိုက်သည်။

“အဲဒီဘေးကိုသွားတိုက်ခိုက်ကြ ရှီမာယူယူကို သတ်နိုင်တဲ့လူဆိုရင် အရည်အသွေးမြင့်ကျောက် ၅ သိန်းရမယ်” ဟွာဝူရှန့်သည် အော်ပြောလေ၏။

အရည်အသွေးမြင့် ကျောက် ၅ သိန်း…

အားလုံး၏ မျက်လုံးများ နီရဲသွားသည်။ သာမန်စစ်သားများမဆိုထားနှင့် သူတို့ဘဝတွင် အရည်အသွေးမြင့်ကျောက်များကို တစ်ခါမှမတွေ့ဖူးပေ။ သန်မာသည့်လူများအတွက် အလွန်ပင်ဆွဲဆောင်နိုင်သည့် ဆုပင်ဖြစ်သည်။ သူတို့သည် ကျောက်ကိုစုပ်ယူနိုင်သည်။ အရည်အသွေးမြင့်ကျောက်မှ ဝိညာဉ် စွမ်းအားမှာ အလွန်များပြားလှသည်။ သူတို့သည် စွမ်းအားများတိုးစေနိုင်သည့် ကျင့်စဉ်အရင်းအမြစ်များကို ထိုကျောက်များနှင့် အလဲအလှယ်လုပ်နိုင်သည်။

ရုတ်တရက်ဆိုသလိုပင် ဒါဇင်မျှသောလူအုပ်ပြီးသည် လာတိုက်ခိုက်ကြ သည်။ အင်အားသန်မာသော အဘိုးကြီးများလည်းပါလာသည်။ အရိပ်မည်းနှင့် ချန်ကျိုတို့သည် တိုက်ခိုက်ပြီးရင်းတိုက်ခိုက်ကာ၊ သတ်ပြီးရင်းသတ်သော်လည်း အဆုံးမရှိရောက်လာသော လူများမှာ သူတို့ကိုလွှမ်းမိုးသွားလေသည်။

မိုယွိသည် မြို့တံခါးမှပျံလာပြီး တိုက်ပွဲတွင် ဝင်ပါလာသည်။ ယွိခဲ့လော့ နှင့် ရှီမာလျူရွှမ်တို့သည် သားရဲများအားလုံးကို ခေါ်ထုတ်လိုက်သည်။ သို့သော် သူတို့သည် များပြားလှသောအရေအတွက်ကို မခုခံနိုင်ပေ။

“မင်းတို့တွေက အသက်ကိုမနှမြောဘဲ ပိုက်ဆံပဲယူချင်ကြတယ်ဆိုရင် လည်း မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့” ခရမ်းလေးသည် ဒေါသထွက် ကာ လေပေါ်သို့ပျံတက်သွားပြီး သူ၏သေးငယ်သောခန္ဓာကိုယ်သည် ခရမ်း ရောင်တိမ်တိုက်အဖြစ်ပြောင်းသွားလေသည်။ ခရမ်းရောင်တိမ်တိုက်သည် ရုတ်တရက် ကြီးထွားလာပြီး လျင်မြန်စွာပင် ဧရိယာအကျယ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

သူတို့ကို မိုးကြိုးပစ်လိုက်သည်နှင့် ထိုဧရိယာအတွင်းရှိ မည်သူမှ ကျောက် များရတော့မည်မဟုတ်ပေ။

ခရမ်းလေး၏ ခန္ဓာကိုယ်အစစ်အမှန်ကို ရှီမာယူယူ ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပြီး ခရမ်းရောင်ဘေးဒုက္ခတိမ်တိုက်ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားပေ။ အောက်တွင် တစ္ဆေလောကမှလူအများအပြာဂရှိသည်ကို မြင်သောအခါ သူမ သည် ခရမ်းလေးကိုအော်လိုက်သည် “ခရမ်းလေး ပြန်လာခဲ့”

ခရမ်းလေးသည် နားမထောင်ဘဲ လေထဲတွင် ဘေးဒုက္ခတိမ်တိုက်ကို ဆက်စုနေသည်။

“မင်းကျူးလွန်မယ့် လူသတ်မှုတွေအကုန် သူမခေါင်းပေါ် ကျသွားလိမ့် မယ်… အဲဒါတွေကို သူမ တာဝန်ယူစေချင်တာသေချာလား” ထူးကဲသည့် အမျိုးသမီးအသံတစ်သံသည် လေထဲတွင်ပေါ်လာရာ ခရမ်းလေးသည် ထိုစကားတစ်ခွန်းနှင့်ပင် ရပ်တန့်သွားသည်။

ရှီမာယူယူနှင့် ယွိခဲ့လော့တို့သည် ထိုစကားကြားသောအခါ အံ့အားသင့် သွားကာ အသံလာရာဆီသို့ကြည့်လိုက်သည်။

ချန်ရှန်းသည် လေဟာပြင်မှထွက်လာပြီး သူမအနောက်မှထွက်လာသော လူတစ်စုသည် လျင်မြန်စွာပင် ရှီမာယူယူကို ကာကွယ်လေသည်။

“အမေ”

“အဘွား”

ချန်ရှန်းသည် သူတို့နှစ်ယောက်ကိုကြည့်ပြီးနောက် ခရမ်းလေးကို ကြည့် ပြီးဆက်ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက် သူမလက်ထဲမှာ အသက်တွေ အများကြီး စတေးခဲ့တုန်းက သေဆုံးခြင်းဘေးဒုက္ခဖြစ်ခဲ့တယ်.. အခု အဲလို အဖြစ်မျိုးထပ်ဖြစ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ မင်းမသိဘူးလား”

ဘယ်လိုဖြစ်မှာလဲ။ ဘေးဒုက္ခတိမ်တိုက်အနေနဲ့ သူသိတာပေါ့။

“မင်း ဒီလိုမျိုး မဆင်မခြင်တိုက်ခိုက်လိုက်မယ်ဆိုရင် တစ္ဆေမျိုးနွယ်က တစ်ယောက်ယောက်သေသွားရင် သူမကို ဘယ်လိုလုပ်မှာလဲ မင်းသမီးလေး တစ်ယောက်အနေနဲ့ နောက်ဆိုရင် မျိုးနွယ်ကို မျက်နှာဘယ်လိုပြမှာလဲ”

ချန်ရှန်း၏ စကားတစ်ခုချင်းစီသည် ခရမ်းလေး၏ နှလုံးသားထဲသို့ နစ်ဝင် သွားကာ တွန်းအားနှင့် ကျိုးကြောင်းဆီလျော်မှုကို ပြန်သုံးသပ်စေသည်။ ပြီးသည်နှင့် ခရမ်းရောင်တိမ်တိုက်သည် ဖြည်းဖြည်းချင်းပြန်စုသွားကာ ကြောင် လေးအဖြစ် စုစည်းသွားကာ ရှီမာယူယူ၏ ရင်ခွင်ထဲသို့ကျသွားလေသည်။

ရှီမာယူယူသည် ကြောင်လေးကိုဖက်ပြီး ခံစား ချက်များပြေလျော့အောင် သူ့ခေါင်းကိုအသာနမ်းလိုက်သည်။

“ညောင် ညောင်…” ရှောင်ဟုသည် ခရမ်းလေး၏ခေါင်းပေါ်သို့ ပြေးလာ ပြီး ခပ်ကြမ်းကြမ်းနင်းကာ မကျေနပ်ကြောင်းပြလေသည်။

ဒီကောင်က ယူယူ့ကို သတ်လုနီးပါးဖြစ်သွားတာပဲ။

အဲလူတွေက သူတို့ရဲ့ခုခံမှုကို ဖောက်နိုင်ရင်တောင် ရှိနေသေးတာပဲ။ ဘယ်သူလာလာ မီးမြှိုက်ပစ်လိုက်မယ်။

ငှက်ပေါက်စသည် ရှောင်ဟုပေါ်လာကတည်းကပင် ပါးကိုက်နားကိုက် ဖြစ်နေကာ ယခုအချိန်တွင် ရှောင်ဟုသည် ရှေ့တွင် ခရမ်းလေး၏ခေါင်းကို ဆိတ်နေပြန်သည်။

“မင်းက ဘယ်သူလဲ” လူတစ်စုရုတ်တရက်ပေါ်လာသည်ကို မြင်သော အခါ ရွှီယွိသည် သတိကပ်လာသည်။

ထိုလူများ၏ရောင်ဝါသည် တခြားသူများနှင့် ကွဲပြားသည်။ ထို့ကြောင့် သူတို့သည် သာမန်လူများမဖြစ်နိုင်ပေ။

“မင်းက ငါ့ကိုစကားပြောဖို့ အရည်အချင်းမရှိဘူး” ချန်ရှန်းသည် သူ့ကို ကြည့်ပင်မကြည့်ဘဲ လျစ်လျူရှုလိုက်သည် “ဟွမ် အခုရပ်လိုက်”

မကြာမှီတွင် ဟွမ်သည် ရှီမာယူယူဘေးတွင်ပေါ်လာပြီး ချင်းဟွမ်လည်း ပြန်လာကာ သူ၏စစ်တပ်ရှေ့သို့ဆင်းသက်လိုက်သည်။

“ချင်းဟွမ် မင်းက သတ္တိတွေရှိနေပါလား ဟင်” ချန်ရှန်းသည် သူ့ကို နှိမ့်ချ သလိုကြည့်လိုက်သည် “ငါပြောတာက ငါက တစ္ဆေလောကရဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းချင်တယ်.. ဒါပေမဲ့ မင်းက ငါ့စကားတွေကို တစ်ဖက်နားဝင် တစ်ဖက် နားထွက်လုပ်တယ်ပေါ့ ဟုတ်လား.. မဟုတ်ရင် ငါတို့နဝမမရဏာမျိုးနွယ်က ဒီ နှစ်တွေမှာ ပေါ်မလာလို့ မင်းကိုယ်မင်း ဒီကမ္ဘာကြီးရဲ့ အုပ်စိုးသူလို့ထင်နေတာ လား”

သူ၏အစွမ်းအစကိုပြသပြီး အနိုင်ယူနိုင်သည်ကို ပြသရန်ကြိုးစားခဲ့သည့် ချင်းဟွမ်သည် ထိုအခိုက်တွင် ငြင်းမရတော့ပေ။

“ကြည့်ရတာ တစ္ဆေလောကရဲ့ တကယ့်အုပ်စိုးသူက ဘယ်သူလဲဆိုတာ သိသွားပြီထင်တယ်” ချန်ရှန်း ပြောလိုက်သည် “အများကိစ္စနဲ့ ကိုယ်ရေးကိုယ် တာကိစ္စကို ပြောရရင် မင်းက ငါ့မြေးမလေးကို မင်းရဲ့လောဘအတွက် ဆင်ခြေ အဖြစ်သုံးခဲ့တယ်.. ဟင်း မင်းသတ္တိကမနည်းပါလား”

ချင်းဟွမ်သည် သူမအား တအံ့တဩကြည့်သည်။ ပြီးနောက် ရှီမာယူယူ ကိုကြည့်လိုက်သည်။ သူမက ရှီမာယူယူရဲ့အဘွားဖြစ်နေတာကိုး။

“မင်း မသိသလိုမလုပ်နဲ့ ယူယူက နဝမမရဏာမျိုးနွယ်ရဲ့ ဘုရင်မငယ် တစ်ယောက်အနေနဲ့ သူမရဲ့ခန္ဓာကိုယ်မှာ အားကောင်းတဲ့ နဝမမရဏာမျိုးနွယ် ရောင်ဝါရှိပြီးသားပဲ မင်းမမြင်ဘူးလား.. နောက်ပိုင်း မင်းမျက်လုံးတွေ ဆိုးဝါး လာတယ်လို့တော့ ငါ့ကိုမပြောနဲ့” ချန်ရှန်းသည် နှာမှုတ်လေသည်။

“ကျုပ်တကယ်မသိဘူး.. သိခဲ့မယ်ဆိုရင် ကျုပ်မလုပ်…”

“မင်းမသိဘူးဟုတ်လား.. သူမရဲ့နာမည်ကြောင့်မဟုတ်ရင် သူမကို မသတ်ဘူးလား ဒါမှမဟုတ် တစ္ဆေလောကကို မသိမ်းပိုက်တော့ဘူးလား” ချန်ရှန်းပြောလေလေ သူမ၏လေသံမှာမာလေလေဖြစ်သည် “မင်းတို့ကို ငါ လေ့ကျင့်ပေးတုန်းက ပြောခဲ့တယ် မင်းတို့ ဒီအဆင့်ထိရောက်လာရင် မင်းတို့ သုံးယောက်လုံးက သုံးချောင်းထောက်ပုံစံရှိနေရမယ်.. ဘယ်သူမှ အဲဒါကို ဖျက်ဆီးလို့မရဘူး.. ငါသာ ထွက်မလာဘူးဆိုရင် မင်းရဲ့ရည်မှန်းချက်ကို ပြည့် အောင်လုပ်မှာပဲမလား”

တစ္ဆေလောက၏လက်ရှိအခြေအနေကို နဝမမရဏာမျိုးနွယ်မှ ထိန်းချုပ် ထားပြီး တစ္ဆေလောကကို အကောင်းဆုံးစီမံနေကြောင်းကို ထိုအခါမှသာ ရှီမာ ယူယူသိသွားလေသည်။

မင်းသားအိုကြီးများသည် နဝမမရဏာမျိုးနွယ်အကြောင်းကို သိထားကြ သည်။ သို့သော် သူတို့သည် အချိန်ကြာရှည်စွာ ထွက်ပေါ်လာခြင်းမရှိသဖြင့် တဖြည်းဖြည်းမေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ကြသည်။ မထင်မှတ်စွာပင် ရှီမာယူ ယူ၏ခန္ဓာကိုယ်ထဲတွင် နဝမမရဏာမျိုးနွယ်၏ သွေးများစီးဆင်းနေပြီး နဝမ မရဏာမျိုးနွယ်၏ ဘုရင်မငယ်ဖြစ်နေပြန်သည်။

တကယ်ကို အံ့ဩစရာပဲ။

ထိုအခိုက်တွင် သူတို့သည် ရှီမာယူယူကို တွန်းမပို့ခဲ့မိသည့်အတွက် ဝမ်း သာမိသည်။ မဟုတ်လျှင် သူတို့ပါ သေသွားနိုင်သည်။

“အိုး အသက်ဝင်လှပါလား” လေထဲမှ နောက်အသံတစ်သံထွက်လာသည် “ဘာလို့ရပ်လိုက်တာလဲ ဆက်ပြီးတိုက်ခိုက်မလို့မဟုတ်ဘူးလား”

အားလုံး ကြည့်လိုက်ကြသော်လည်း မည်သည့်လေဟာပြင်လိုဏ်ခေါင်း ကိုမှမတွေ့ရဘဲ လျင်မြန်စွာထွက်ပေါ်လာသော မီးခိုးမည်းများသည် လူ ပုံသဏ္ဍာန်အဖြစ် တဖြည်းဖြည်း စုစည်းလာသည်ကိုသာ မြင်လိုက်ရသည်။

ပြီးနောက် ထိုလူများသည် အရိပ်မည်းကဲ့သို့ တူညီသော အင်္ကျီအမည်း များဝတ်ဆင်ထားကြသည်။ သူတို့တွင် တစ္ဆေမျိုးနွယ်နှင့် ဝိညာဉ်မျိုးနွယ်တို့၏ အရှိန်အဝါမရှိပေ။ သို့သော် သူတို့ဆီမှ အားကောင်းသော အင်အားကြီးတစ်ခုကို ခံစားမိကြသည်။

ထို့နောက် ကြီးမားသောအရိုးပလ္လင်ကြီးတစ်ခု လေထဲတွင် ပေါ်လာ သည်။ အားလုံး သေချာမကြည့်ရခင်မှာပင် စွဲမက်ဖွယ်ကောင်း‌သော လူတစ် ယောက်သည် ခုံပေါ်တွင်ပေါ်လာသည်။

ထိုလူသည် သူတို့ကိုပြုံးပြသည်။ ထိုအပြုံးသည် နွေဦးလေပြည်ဖြတ်သွား သကဲ့သို့ဖြစ်နေသော်လည်း သူတို့အတွက် သေမင်းကိုတွေ့လိုက်ရသလို ခံစား လိုက်ရသည်။

ဟေးဒီးစ်သည် ချင်းဟွမ်နှင့် ဝိညာဉ်နယ်မြေမှလူများကိုကြည့်ပြီး သူ၏ ညာဘက်လက် လက်မရှိလက်စွပ်ကိုလှည့်ပြီး ညင်သာစွာပြောလေသည် “မင်း က ငါတို့မရဏာလောကရဲ့ သခင်မလေးကို သတ်ချင်နေတယ်လို့ ကြားတယ် ဟားဟား…”

***

All Chapters