ဘာကြောင့်လဲ
Vol. 154 Ch. 2144
မရဏာလောကရဲ့ သခင်မလေးဟုတ်လား။
အားလုံးသည် အလိုလိုပင် ရှီမာယူယူကို အာရုံစိုက်မိသွားကြသည်။ ဤ နေရာတွင် သခင်မလေးဟု ခေါ်ဆိုရန်သင့်တော်သူမှာ သူမတစ်ယောက်သာ ရှိ သည်။ ပြီးနောက် သူမဘေးမှလူများသည် ထိုလူများနှင့် တူညီစွာပင် ဝတ်ဆင် ထားသည်။ ထို့ကြောင့် သူပြောသည့်လူမှာ သူမဖြစ်နိုင်သည်။
ဒါပေမဲ့ သူမက မရဏာလောကက မဟုတ်ဘူးမလား။
ပြီးတော့ မရဏာလောကက ဘယ်မှာရှိတာလဲ။
လူအများသည် မရဏာလောကဆိုသည်ကို မကြားဖူးကြကာ မည်မျှ အင်အားကောင်းသည်ကိုလည်း မသိကြပေ။ ထို့ကြောင့် ထိုလူများသည် ဟေးဒီးစ်ကို စူးစူးစိုက်စိုက်ကြည့်ချိန်တွင် ထူးထူးခြားခြားထိတ်လန့်ခြင်းမရှိပေ။
ထိုကိစ္စများသိရန်အတွက် သူတို့အဆင့်မှာ မလုံလောက်သလို အရည် အချင်းမရှိသည်ကိုတော့ သူတို့ မသိကြပေ။ ပြီးနောက် အဆင့်မြင့်သူများသည် မရဏာလောကနှင့်ပတ်သက်သည့် ဒဏ္ဍာရီများကို ကြားဖူးသည်။ အထူးသဖြင့် ချင်းဟွမ်နှင့် သူ၏လက်အောက်ငယ်သားများသည် ထိုကိစ္စကို ဆွေးနွေးခဲ့ကြ သည်။ ထို့ကြောင့် သူတို့အားလုံးသည် မရဏာလောက၏ တည်ရှိမှုကို သိကြ ပြီး မရဏာဘုရင်၏ အဆင့်အတန်းကိုလည်းသိကြသည်။
မထင်မှတ်စွာပင် ဤကဲ့သို့လူမျိုးသည် သူမကြောင့် လာခဲ့သည်။
ချင်းဟွမ်သည် ရှီမာယူယူကို ကြည့်ပြီး ရင်များတဒိတ်ဒိတ်ဖြစ်လာသည်။ ရှီမာယူယူသည် ထူးခြားသည်ဟု အမြဲခံစားခဲ့ရပြီး သူမ ကြီးထွားလာမည်ကို အမြဲတစေစိုးရိမ်ခဲ့သည်။ မထင်မှတ်စွာပင် သူမသည် မကြီးထွားသေးခင်မှာပင် ဤကဲ့သို့ အားကောင်းသောထီးများကို ရှာတွေ့နေပြီဖြစ်သည်။
ရှီမာယူယူ အဆင်မပြေဖြစ်နေသည်ကို ဟေးဒီးစ်မြင်သောအခါ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှီမာယူယူသည် သူ့ရှေ့တွင်ပေါ်လာသည်။ သူသည် သူမ၏ လက်ကိုဆုပ်ကိုင်ပြီး စမ်းသပ်ကာ မျက်မှောင်ကြုတ်လိုက်သည် “ဒီအချိန်ကို ဘာလို့ရွေးတာလဲ.. ငါတို့သာအချိန်မှီရောက်လာရင် မင်းတော့အန္တရာယ်များ တော့မယ်”
သူပြောသည့် အန္တရာယ်ဆိုသည့်အရာကို ရှီမာယူယူနားလည်သည်။ ပြီးနောက် သူမ၏အသိစိတ်ပင်လယ်၏ လက်ရှိအခြေအနေကို သိသည်။ သူမ ပခုံးတွန့်လိုက်သည် “ဒီအချိန်မှ ဖြစ်မယ်လို့ ဘယ်သူသိမှာလဲ.. ဒါက ကောင်းကင်ကိုဆန့်ကျင်တဲ့ကိစ္စလေ ပြီးတော့ ဘယ်လိုအန္တရာယ်ဖြစ်မလဲဆို တာ ခန့်မှန်းလို့မရဘူး”
“အဓိပ္ပာယ်မရှိတာ” ဟေးဒီးစ်သည် ပုပ်သိုးနေသောမျက်နှာဖြင့် အပြစ် တင်လေသည် “ကောင်းကင်ကို ဆန့်ကျင်တဲ့ တန်ရာတန်ကြေး…”
ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်သည် “အခုကို ခံစားရခက်နေပြီ တိတ်တိတ်လေး နေပေးလို့မရဘူးလား”
ဟေးဒီးစ် - “….”
တခြားသူများ - “…”
သူတို့တစ်ယောက်နှင့် တစ်ယောက် ပြောဆိုပုံများကို အရင်က မြင်နေကျ ဖြစ်သဖြင့် မရဏာလောကမှလူများသာ တည်ငြိမ်နိုင်ကြသည်။
“ဟေးဒီးစ် မရဏာလောကနဲ့ တစ္ဆေလောကအကြားမှာ သဘောတူညီ ချက်ရှိတယ်လို့ ငါ ကြားဖူးတယ်.. မင်း တစ္ဆေလောကဘက်က ဝင်ပါလို့မရဘူး” ချင်းဟွမ် ပြောလိုက်သည် “ဒီလိုလုပ်ရင် မင်းတို့သဘောတူညီချက်ကို ဖျက်တာ ပဲမဟုတ်ဘူးလား”
ဟေးဒီးစ်သည် ရှီမာယူယူဆီမှ အာရုံလွှဲကာ ချင်းဟွမ်ကိုကြည့်ပြီး ပြော လေသည် “ကောင်လေး ကြည့်ရတာ မင်းက မရဏာလောကအကြောင်းကို တော်တော်သိတဲ့ပုံပဲ.. မရဏာလောကနဲ့ တစ္ဆေလောကကြားက သဘောတူညီ ချက်ကိုတောင် သိနေတာပဲ”
ချင်းဟွမ်သည် ထိုစကားကိုကြားသောအခါ သူ့စိတ်သက်သာရာရသွား သည်။ ဤကိစ္စသာအမှန်ဖြစ်ပါက ယနေ့ကိစ္စသည် ကိုင်တွယ်ရန် လွယ်ကူသွား မည်။ ချန်ရှန်းသည် ဟန်ချက်ညီစေချင်သည်။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ် ပေးမည်မဟုတ်ပေ။
သို့သော် ပလ္လင်ပေါ်မှလူအတွက်တော့မဟုတ်ပေ။ သူသည် ထိုလူကို အရင်ကမတွေ့ဖူးသဖြင့် မခန့်မှန်းတတ်ပေ။
သို့သော် ဟေးဒီးစ်သည် သူ့ကို ကြာကြာပျော်ခွင့်မပေးပေ။ သူသည် စကားရပ်ကာ ပြောလေသည် “အဲဒါ ဘယ်လိုသဘောတူညီချက်ဆိုတာလဲကို မင်း မသိတာတော့ နှမြောဖို့ကောင်းတယ်”
“ဘာလဲ”
“အဲဒီသဘောတူညီချက်က မရဏာလောကက တစ္ဆေလောကကို အရင် စိန်မခေါ်ပါဘူးဆိုတာပဲ.. ဒါပေမဲ့ မရဏာလောကကလူကို အနိုင်ကျင့်တဲ့လူရှိ လာရင်တော့ သူတို့ကို ဂရုစိုက်ရမှာပဲ.. ဒါက ကိုယ်ရေးကိုယ်တာကိစ္စပဲ”
“သူမက တစ္ဆေလောကရဲ့ မင်းသမီးလေးလေ.. ဘယ်လိုလုပ် မရဏာ လောကကလူဖြစ်ရမှာလဲ” ရွှီယွိသည် အံကြိတ်ပြီးပြောလေသည်။
“ဒီဘုရင်ကြီးက ခံစားချက်ကောင်းနေတာ ရှားတယ်.. အဲတော့ မင်းကို ဒီနေ့ရှင်းပြလိုက်မယ်...အရိပ်မည်း”
အရိပ်မည်းသည် ရှေ့သို့ထွက်ပြီးပြောလေသည် “သခင်မလေး လူသား လောကကနေ တစ္ဆေလောကကို လာတုန်းက မတော်တဆ မရဏာလောကကို ရောက်လာတယ်.. ပြီးတော့ ငါတို့ဘုရင်နဲ့ အသိအကျွမ်းဖြစ်ခဲ့တယ်.. သူတို့တွေ ကစိတ်တူပြီးတော့ အမျိုးလိုခံစားရတယ်.. အဲဒါကြောင့် သူမကို မရဏာ လောကရဲ့ သခင်မလေးအဖြစ်အသိအမှတ်ပြုခဲ့တယ်.. မရဏာလောကက လူ တွေကလည်း သူမကိုသခင်မလေးအဖြစ် အသိအမှတ်ပြုပြီး သူမရဲ့ အမိန့်ကို နာခံခဲ့ကြတယ်”
“ကြားကြလား” ဟေးဒီးစ်သည် ခပ်အေးအေးပင် ပြောလေသည်။
ချင်းဟွမ်သည် ထိုကိစ္စများကို လုံးဝပင် ထင်မထားပေ။ အဲဒါကြောင့် အစောက ရှီမာယူယူ ဟေးဒီးစ်ကို အဲလိုလုပ်တာကို မရဏာလောကကလူတွေ မအံ့ဩကြတာကိုး။
“ငါ့သခင်မလေးက သိုသိုသိပ်သိပ်နေတတ်ပြီးတော့ မရဏာလောကကို ဒိုင်းကာလိုမသုံးဘူး.. ဒါပေမဲ့ တချို့တချို့တွေက မျက်လုံးမပါဘဲ ငါ့သခင်မလေး ကို အနိုင်ကျင့်ပြီး သတ်ချင်နေကြတယ်.. ဘုရင်ကြီး သခင်မလေးက ကြင်နာ တတ်ပါတယ်.. ကျွန်တော်တို့ သခင်မလေးကို ကူညီပါဦး” အရိပ်မည်း ဆက် ပြောလေသည်။
ရှီမာယူယူ၏နှုတ်ခမ်းထောင့်မှာ တွန့်တက်သွားသည်။ သူ ပြောလိုက်တာ အရမ်းထူးဆန်းနေတယ်လို့ ဘာလို့ခံစားလိုက်ရတာလဲ။
“ဒီဘုရင်ကြီးက အခုမှဆွေမျိုးစပ်နေတုန်းရှိသေးတယ် မင်းတို့က သူမကို ဒီလိုမျိုးဆက်ဆံတယ်ပေါ့.. မင်းပြောလေ ဒီဘုရင်ကြီးဂရုမစိုက်ရင် နောက်တစ် ခါကျ ဒီဘုရင်ကြီးကို ဒီလိုမျိုးအနိုင်ကျင့်မှာလား ဟင်” သူသည် ရှောင်ဝါလွှတ် လိုက်သည်နှင့် အောက်မှလူများသည် အားကောင်းသောဖိအားကို ခံစားမိလိုက် ကြသည်။ အထူးသဖြင့် အနီးတွင်ရှိသော ဝိညာဉ်နယ်မြေမှလူများသည် မခံနိုင် တော့ကြဘဲ မီးခိုးမည်းများအဖြစ် ပျောက်သွားကြလေသည်။
ချန်ရှန်းနှင့် နဝမမရဏာမျိုးနွယ်မှလူများသာ သူတို့အပေါ် လွှမ်းမိုးမှုမရှိ သည့်အလား အဆင်ပြေပြေရှိနေကြသည်။
ဒိကျဲ့နှင့်တခြားသူများပါ မသက်မသာဖြစ်နေကြသည်ကို ရှီမာယူယူမြင် သောအခါ သူ့အင်္ကျီကိုဆွဲပြီး ခေါင်းခါပြလိုက်သည်။
ဟေးဒီးစ်သည် သူမကို မကျေနပ်စွာဖြင့် ကြည့်လေသည်။ သို့သော်လည်း သူ၏စိတ်မှာ နူးညံ့သဖြင့် သူ၏အရှိန်အဝါကိုပြန်သိမ်းလိုက်သည်။
ရှီမာယူယူသည် သူ့ကို ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်သည်။
သူမ၏အသိစိတ်ပင်လယ်ထဲမှ တစ္ဆေဘုရင်၏ ဝိညာဉ်ပုံတူအတက်အကျ သည် အတော်ငြိမ်သွားရာ သူမလည်း သက်တောင့်သက်သာဖြစ်လာသည်။ သူမ မတ်တတ်ထကာ ချန်ရှန်းဆီသို့သွားပြီး ပြောလိုက်သည် “အဘွား အဖေ အမေတို့နဲ့ ခုနက ဆွေးနွေးပြီးသွားပြီ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ချင်းဟွမ်ရဲ့ အသက်ကိုယူရပါမယ်”
“သူ့ကို တခြားအပြစ်မပေးနိုင်ဘူးလား” ချန်ရှန်း မေးလိုက်သည်။
“သူ့ရည်ရွယ်ချက်နဲ့ သူလုပ်တာကိုတော့ နားလည်ပေးနိုင်ပါတယ် ဒါပေမဲ့ အမေနဲ့ သမီးကို အကြောင်းပြပြီး တိုက်ပွဲစတာကိုတော့ သည်းမခံနိုင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “သူသာ အဲဒီမှာပြဿနာမရှာရင် အဖေနဲ့အမေ လည်း လိုက်သတ်ခံရမှာမဟုတ်သလို အမေလည်း ပြန်လာပြီး အပြစ်ဒဏ်ခံ စရာမလိုဘူး.. ပြီးတော့ လက်ထပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ကို လည်း တစ္ဆေလောကကို လွှတ်ခဲ့သေးတယ်
အမေက သူ့ကိုလက်မထပ်ချင်သလို သူမရဲ့လူတွေကိုလည်း စစ်ထဲမပါ စေချင်ဘူး အဲဒါကြောင့် သူမကိုယ်သူမ အချုပ်ခံပြီး နှစ်ပေါင်းတစ်ရာကျော် အောင် အလင်းမမြင်ရဘဲနေလာခဲ့တာပါ
ပြီးတော့ သူကျတော့ရော.. သူ့အစီအစဉ်မအောင်မြင်လို့ အမေ့ရဲ့ ချိပ် စည်းကို လဲခဲ့တယ်.. သမီးသာာ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို မတော်တ ဆမရခဲ့ဘူးဆိုရင် အမေလည်း တစ်သက်လုံးအမှောင်ထဲကထွက်ရမှာမဟုတ် ဘူး.. သမီးတို့မိသားစုသုံးယောက်လည်း ဒီလေကိုရှုနိုင်မှာမဟုတ်ဘူး
ပြီးတော့ သူက သမီးကိုဆင်ခြေပေးပြီး တစ္ဆေလောကကို စစ်တပ်လွှတ် သေးတယ်.. အခု သူက လင်းယူကို ထိခိုက်အောင်လုပ်ခဲ့တယ်.. ဘယ်လိုပဲ ဖြစ် ဖြစ် သမီးသူ့ကို အလွတ်မပေးနိုင်ပါဘူး”
ချင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး သူ့မျက်လုံး ထဲမှ လူသတ်အကြည့်ကို အတင်းဖုံးထားရသည်။
ရှီမာယူယူ ခံစားမိသဖြင့် သူ့ကိုကြည့်လိုက်သည်။ ထို့နောက် ချန်ရှန်းကို ဆက်ပြောလေသည် “အဘွား သမီးက ကြင်နာတတ်တဲ့လူမဟုတ်ဘူး.. သမီးကို သတ်ချင်တဲ့လူကိုလည်း အတင်းလိုက်ပြီးပြုံးမပြနိုင်ပါဘူး.. အဲဒါအတွက်တော့ သမီး ပြန်ပေးဆပ်မှာပါ.. အဘွားက သူ့ကိုတစ္ဆေလောကနဲ့ ဟန်ချက်ကို ထိန်း စေချင်မှန်း သမီးသိပါတယ်.. ဒါပေမဲ့ သူတစ်ယောက်တည်းရှိတာမဟုတ်ဘူး လေ.. သူလုပ်နိုင်ရင် တခြားသူလည်းလုပ်နိုင်မှာပဲ.. ဒီနေ့ အဘွားသူ့ကို ကာကွယ်မယ်ဆိုရင် ဒီမြေးမ မလိမ္မာတာကိုပဲ အပြစ်တင်လိုက်ပါ”
ချန်ရှန်းသည် သူမ၏ ခိုင်မာသောမျက်လုံးများကိုကြည့်ပြီးပြောလေသည် “ဒါဆိုလည်း သမီးကိုပဲ အပ်ထားလိုက်ပြီ”
ချင်းဟွမ်သည် ထိုစကားကြားသောအခါ ချန်ရှန်း သူ့ကို ဤကဲ့သို့ လျင်မြန်စွာ လက်လျော့လိုက်မည်ဟုထင်မထားသဖြင့် ရုတ်တရက်ခေါင်းမော့ လာသည်။
“ဘာလို့လဲ” သူသည် သူ့ကိုယ်သူအပါအဝင် ချန်ရှန်းကိုလည်း မေးလိုက် သည်။
ချန်ရှန်းသည် ရှီမာယူယူ၏လက်ကိုကိုင်ပြီး သူ့ကိုကြည့်ကာ ပြောလေ သည် “သူမက ငါ့မြေးမို့လို့ပဲ.. ပြီးတော့ ဒါကသူမလုပ်ချင်နေတဲ့ဟာပဲ”
“ဟားဟားဟား…” ချင်းဟွမ် ပြုံးလိုက်သည် “ဒါကြောင့် ကျုပ်ကို လက်လျော့တော့မှာလား.. ကျုပ်က ခင်ဗျားအတွက် နှစ်ပေါင်းများစွာ ဝိညာဉ် နယ်မြေကို စီမံလာတာ ဒါပေမဲ့ ဒီကြိုးစားအားထုတ်မှုတွေက သူမရဲ့ စကားတွေ လောက်တောင် မတန်ဘူးလား”
***