မင်းတာဝန်ကိုမေ့လျော့တာပဲ
Vol. 154 Ch. 2145
“မင်းရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးသင့်ပါတယ်.. ဒါပေမဲ့ မင်းက အာဏာကိုလည်း ပျော်မွေ့ခဲ့တယ်.. မင်းကိုဆက်ပြီး သုံးဖို့က ငါ့မှာလုပ်ပိုင်ခွင့်ရှိ တယ်.. မင်းကိုမသုံးတော့ဘူးဆိုရင်လည်း မင်းကိုအကြွေးတင်နေတာမဟုတ် ဘူး.. ချင်းဟွမ် ဒီလောက်နှစ်တွေအများကြီး မင်းကမင်းတာဝန်ကိုမေ့လျော့ခဲ့ တယ်” ချန်ရှန်းသည် သူမ၏ ရှည်လျားသောအင်္ကျီလက်ကို ခါထုတ်ကာ ဒေါသ တကြီးပြောလေသည်။
“တာဝန်ဟုတ်လား ဘာတာဝန်လဲ.. ခင်ဗျားက ကျုပ်ကို ကောင်းကောင်း မွန်မွန်နဲ့ သေတာကိုထိုင်စောင့်စေချင်တာလား” ချင်းဟွမ် အော်လိုက်သည် “ခင်ဗျားသေဆို ကျုပ်ကသေပေးရမှာလား အဲဒါက တာဝန်လား”
“အား…” ရှီမာယူယူ၏ ခေါင်းများပြန်ကိုက်လာသည်။ သည်တစ်ကြိမ် တွင် အထူးတလည် ပြင်းထန်ကာ သူမ၏ခန္ဓာကိုယ်ပင် တုန်ယင်လာသည်။
ခန္ဓာကိုယ်ထဲမှ တခြားလူများ၏ ဝိညာဉ်ပုံတူသည် မည်သည့်တုံ့ပြန်ချက် မှမရှိပေ။ သူအဆင့်တက်တာက ကောင်းကင်နဲ့ဆန့်ကျင်နေလို့ ဒီလိုတုံ့ပြန်ချက် ပြတာလား။
သူမ၏အသိစိတ်ထဲမှ နာကျင်မှုသည် ဘာမှမတွေးနိုင်သလို အသက်ပင် ရှုမရအောင်လုပ်နေသည်။ တစ်စုံတစ်ယောက်သည် သူမကို ဖက်ထားသလိုဖြစ် နေပြီး တခြားတစ်ယောက်သည် သူမဆီထဲသို့ ဝိညာဉ်စွမ်းအားများသွင်းပေးနေ ကာ တစ်ယောက်မှာ သူမ၏အသိစိတ်ထဲသို့ ဝင်လာကာ သူမကို တည်ငြိမ် အောင်လုပ်ပေးနေသည်ကို ခံစားမိသည်။ သို့သော် မည်သူကမည်သူဖြစ်သည် ကို မပြောနိုင်ပေ။
သူမကို ထိုအတိုင်းမြင်ရချိန်တွင် အားလုံးသည် စိတ်ဓာတ်ကျပြီး ပူပန်မိ ကြသည်။ ဝူလင်းယူသည် သူမကိုပွေ့ဖက်ပေးထားပြီး ချန်ရှန်းသည် သူမအား ဝိညာဉ်စွမ်းအင်များ ထည့်ပေးနေပြီး ဟေးဒီးစ်သည် သူမ၏အသိစိတ်ပင်လယ် ကို ထိန်းချုပ်နေသည်။
တခြားသူများသည် အပြင်ဘက်တွင် သူတို့သုံးယောက်ကို မြင်ပြင်းကတ် နေကြသည်။ ဘာမှလည်းမလုပ်ပေးနိုင်ဘဲ အရမ်းကိုပိုလွန်းတယ်။
ကံကောင်းစွာပင် အချိန်မကြာလိုက်ပေ။ မကြာမီတွင် သူမ နိုးလာသည်။
“အဘိုး.. အဆင့်တက်သွားပြီ…” သူမသည် စကားတချို့ကို အားလျော့ စွာပြောနိုင်သည်။ ထိုအခိုက်တွင် ဝိညာဉ်စွမ်းအားများအားလုံးသည် ရုတ်တ ရက် တစ္ဆေလောက၏ အင်ပါယာမြို့ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားလေသည်။
အလွန်ကွာဝေးသည်ဆိုသော်လည်း ထိုနေရာမှ တချို့သော လှုပ်ရှားမှု များကို အာရုံခံ၍ရနိုင်သည်။ အင်ပါယာမြို့တော်တွင် မည်သို့ဖြစ်နေသည်ကို မည်သူမှမသိကြပေ။
“မင်းသမီးလေးက ဘုရင်ကြီးအကြောင်းပြောနေတာ.. ဘုရင်ကြီး အဆင့် တက်လို့များလား”
တစ္ဆေဘုရင်သည် တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသောလှုပ်ရှားမှုနှင့်ဆိုလျှင် ဧကရာဇ်အဆင်သို့ တက်သည်မှလွဲပြီး တခြားမဖြစ်နိုင်ပေ။
“ဒါက အဆင့်တက်တာ အောင်မြင်တာလား”
“ဖြစ်လောက်မယ် လှုပ်ရှားမှုကြီးလိုက်တာ”
“အဆင့်တက်တာသာ တကယ်အောင်မြင်သွားရင် ဘုရင်ကြီးက ဧကရာဇ်အဆင့်ဖြစ်သွားပြီလား.. ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ဘယ်သူမှမတက် နိုင်တော့ဘူးလို့ ပြောကြတယ်မလား.. ဘုရင်ကြီးက ဘယ်လိုလုပ်အောင်မြင် သွားတာလဲ”
“ဖြစ်နိုင်တာက လျှို့ဝှက်နည်းလမ်းတွေသုံးလိုက်တာလား”
“အဆင့်တက်တာသာ တကယ်အောင်မြင်သွားရင် နောက်ကို ငါတို့ကို ဘယ်သူမှ လာစိန်မခေါ်ရဲတော့ဘူး”
အားလုံးသည် အစပိုင်းထိတ်လန့်နေရာမှ နောက်ပိုင်းတွင် ပျော်ရွှင်သည့် စကားများပြောကြလေသည်။
ချင်းဟွမ် မှင်တက်သွားသည်။ တစ္ဆေဘုရင် အဆင့်တက်သွားတယ်ဟုတ် လား။ သူက ဘယ်လိုလုပ်နိုင်သွားတာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတောင် အဆင့်ကိုမကျော်ဖြတ်နိုင်တာ သူကဘယ်လိုလုပ်နိုင်တာလဲ။
အံ့အားသင့်မှုများသည် နောက်ဆုံးတွင် ဒေါသအဖြစ်ပြောင်းသွားလေ သည်။ သက်သေမရှိသော်လည်း တစ္ဆေဘုရင် အဆင့်တက်သည့်ကိစ္စသည် ရှီမာယူယူနှင့် ပတ်သက်လိမ့်မည်ဟု သူ၏အလိုလိုသိစိတ်မှပြောနေသည်။ တစ္ဆေဘုရင်သည် အဆင့်တက်မှုမပြီးသေးပေ။ ဤအချိန်တွင် ဖျက်ဆီးနိုင်ပါက အဆင့်တက်နိုင်မည်မဟုတ်တော့ပေ။
အစေစာက သူ့အသက်ကိုလိုချင်သည့်ကိစ္စ၊ ချန်ရှန်း၏ ခွဲခြားဆက်ဆံမှု၊ ခံစားချက်များအားလုံးပေါင်းပြီးနောက် သူ့စိတ်များရူးသွပ်သွားကာ အင်ပါယာ မြို့တော်ဆီသို့ အားလုံး၏ အာရုံရောက်နေချိန်တွင် သူ ရှီမာယူယူကို တိုက်ခိုက် လိုက်သည်။
ငါ ဒီနေ့အသက်ရှင်နိုင်တာထက် သေရင်တောင် သူမကို အတူဆွဲခေါ်သွား မယ်။
သူ့ဘဝမှာ အမုန်းဆုံးလူက ဘယ်သူလဲလို့မေးရင်တော့ ရှီမာယူယူအပြင် မရှိနိုင်ဘူး။
သူသည် သူမနှင့် အကြိမ်အနည်းငယ်ပင် မဆက်သွယ်ဖူးသော်လည်း သူမ သည် ဤမျှတိုတောင်းသော အချိန်အတွင်း၌ရောက်လာပြီး သူ၏အားထုတ်မှု များအားလုံးနှင့် သူ၏တောက်ပသောအနာဂတ်ကို ဖျက်ဆီးပြီး သူ၏ မျှော်လင့် ချက်ကိုလည်း ပြိုကွဲစေခဲ့သည်ကို သိသည်။
အရွယ်တောင်မရောက်သေးတဲ့လူက ဘာလို့ဒီလောက် စိတ်ပျက်စရာ ကောင်းရတာလဲ။ ဘယ်လိုဖြစ်လို့လဲ။
“ဟေး..”
ချင်းဟွမ်၏ ခန္ဓာကိုယ်သည် လေထဲတွင် အေးခဲသွားသည်။ အားလုံးသည် သူ့ကိုကြည့်လိုက်ကြရာ သူ၏ရင်ဘတ်တစ်ခုလုံး ဗလာကျင်းသွားကာ အသက် ၏ဝင်သက်ထွက်သက် ချက်ချင်းပင်ပျောက်ကွယ်သွားသည်။
ဟေးဒီစ်းသည် ဆန့်ထုတ်ထားသော လက်ကိုပြန်ရုတ်မသိမ်းရသေးပေ။ သူ့လက်ချောင်းများ ပြန်ထုတ်လိုက်ချိန်တွင် ချင်းဟွမ်၏ဝိညာဉ်တစ်ခုလုံးသည် မီးခိုးမည်းများအဖြစ်ပြောင်းသွားပြီး ပျောက်ကွယ်သွားလေသည်။
ဝိညာဉ်နယ်မြေ၏ လေးစားကြည်ညိုရသည့်လူသည် ထိုအတိုင်းသေဆုံး သွားလေပြီ။
သေသွားလေပြီ…
အားလုံးသည် ဟေးဒီးစ်ကို ကြောက်လန့်တကြားကြည့်ကြလေသည်။ သူ့အင်အားသည်လည်း ဧကရာဇ်တစ်ပါးကဲ့သို့ မရိုးရှင်းမှာကိုပင် ကြောက်ရ သည်။
ဟေးဒီးစ်သည် သူ၏လက်သည်းများကို အေးအေးဆေးဆေးပင်ပြန်ယူပြီး အေးစက်စွာ နှာမှုတ်လိုက်ရာ ကြားရသူတိုင်း ဆွံ့သွားလေသည်။
“ဒီလိုဆိုရင် ငါ ကြက်သွန်ဖြစ်တော့မယ်”
သူတို့၏ အုပ်စိုးသူမှာ ထိုအတိုင်းသေဆုံးသွားသည်ကို ဝိညာဉ်နယ်မြေမှ လူများမြင်သောအခါ ခေတ္တမျှမှင်တက်သွားကြလေသည်။
အရှင် မရှိတော့ဘူး။ အခု သူတို့ဘာလုပ်ကြမလဲ။
ဒါမပမဲ့ သူတို့မှာ စစ်သူကြီးရှိသေးတယ်။ စစ်သူကြီးနဲ့ဆိုရင် နောက်ထပ် ဘာလုပ်ရမလဲဆိုတာ သိမှာပဲ။
“ဘာ..”
သနားစဖွယ်အော်သံတစ်ခုသည် အားလုံး၏ အာရုံကိုမ်းစားသွားလေ သည်။ အမည်းလေးသည် သူ့ခန္ဓာကိုယ်ကို ကိုက်ခဲပြီး နှစ်ပိုင်းပြတ်သည်အထိ ဆွဲဖြတ်လိုက်လေသည်။
“စစ်သူကြီး.. စစ်သူကြီး.. သေပြီ”
တစ်ရက်တည်းမှာပင် သူတို့၏အထက်လူကြီး သေဆုံးသွားကာ သူတို့၏ စစ်သူကြီးမှာလည်း အရိုးပင်မကျန်တော့ပေ။
ခေါင်းဆောင်များအားလုံး ကြောက်ရွံ့သွားသည်။ သူတို့သည် ရှီမာယူယူ နှင့် ပဋိပက္ခများဖြစ်ခဲ့ကြသဖြင့် ရှီမာယူယူသည် သူတို့ကိုသတ်ပြီး သူတို့၏ အရှင်နောက်သို့ လိုက်ခိုင်းမည်ကို ကြောက်ရွံ့ကြသည်။
သို့သော် ရှီမာယူယူသည် သူတို့ကိုသတ်နိုင်သည့် စွမ်းအားပင်မရှိပေ။ သူမ သည် ဆေးသောက်ကာ သူမ၏အခြေအနေကို တည်ငြိမ်အောင်လုပ်နေရသည်။
ထိုမျှများပြားသောလူများကို သူမ မသတ်နိုင်ပေ။ အထူးသဖြင့် ဆုံးဖြတ် နိုင်ခွင့်မရှိသည့် စစ်သားများကို သတ်မည်မဟုတ်ပေ။
သူမသည် ချင်းဟွမ်ကိုသတ်နိုင်သည်။ သို့သော် လူအများအပြားကို မသတ်နိုင်ပေ။ မဟုတ်လျှင် တစ္ဆေလောကတစ်ခုလုံး ပွက်လောရိုက်သွားနိုင် သည်။
သူမသည် ထိုအမှန်တရားကိုနားလည်သလို တခြားသူများလည်း နားလည်ထားကြသည်။ ချန်ရှန်းသည် ရွှီယွိကိုပြောလိုက်သည် “မင်း စစ်သား တွေကိုပြန်ခေါ်သွားလိုက် မင်းတို့ကိစ္စကို နောက်မှတခြားတစ်ယောက်က ရှင်း ပေးလိမ့်မယ်”
ခေါင်းဆောင်များသည် စိတ်သက်သာရာရသွားကြသည်။ သူတို့ကို ယခု မသတ်လျှင် နောက်ဆိုလျှင်လည်း သူတို့၏အသက်ကိုယူမည်မဟုတ်ပေ။ ယခု သူတို့သည် ချန်ရှန်း၏အမိန့်ကို နာခံပြီး လူများကိုပြန်ခေါ်သွားကြရာ ချက်ချင်း ပင် အားလုံးပျောက်ကွယ်သွားကြသည်။
ဒိကျဲ့နှင့်တခြားသူများသည် လက်မလွှတ်ချင်သော်လည်း ထိုစစ်သားများ အားလုံး ပျောက်သွားသည်ကို မြင်လိုက်ရသည်။ သို့သော် ချန်ရှန်းသည် တစ္ဆေ လောကတစ်ခုလုံး၏ အရှင်ဖြစ်သည်။ တစ္ဆေလောကသာ တည်ငြိမ်လျှင် တစ္ဆေ လောကမှာ အရှုပ်အထွေးမဖြစ်နိုင်ပေ။
တစ်ဖက်မှ တပ်ကြီးနောက်ပြန်ဆုတ်သွားသည်နှင့် သူသည်လည်း စစ်တပ်ကို တစ္တေလောကသို့ ပြန်ခိုင်းလိုက်သည်။ နဝမမရဏာမျိုးနွယ်နှင့် မရဏာလောကမှလူများလည်း ပျောက်သွားကြသည်။ ထိုအချိန်တွင် ချန်ရှန်း တို့သာ ကျန်ခဲ့ကြသည်။
ခရမ်းလေးသည် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် အင်ပါယာမြို့ဘက်သို့ ကြည့်လိုက်သည်။ ပြီးနောက် ရှီမာယူယူ၏ ပခုံးပေါ်သို့ခုန်တက်ကာ သူမအား စကားတချို့ပြောလိုက်သည်။
ရှီမာယူယူ ထိုစကားကြားသောအခါ မျက်နှာမှာ ပြောင်းလဲသွားပြီး သူမ ၏ ခန္ဓာကိုယ်ကို ထိန်းညှိမနေဘဲ ဟေးဒီးစ်ကိုပြောလိုက်သည် “ဟေးဒီးစ် ရှင့်ရဲ့ ပုလ္လင်က ရှင်သွားချင်တဲ့ကမ္ဘာရဲ့ ဘယ်နေရာကိုမဆိုသွားနိုင်တယ်လို့ ပြောခဲ့ တယ်နော်…”
“မင်း ဘာလုပ်ချင်လို့လဲ မင်းကိုမပေးနိုင်ဘူးလို့ ငါပြောပြီးသားနော်” ဟေးဒီးစ် ပြောလိုက်သည်။
“ရှင့်ရဲ့ပုလ္လင်ကို ကျွန်မမလိုချင်ပါဘူး ဒါပေမဲ့ အင်ပါယာမြို့ကို ပို့ပေးနိုင် တယ်မလား” ရှီမာယူယူသည် ပူပန်စွာပြောလိုက်သည် “အဘိုးက ကပ်ဆိုးကြီး နဲ့တွေ့တော့မယ်လို့ ခရမ်းလေးပြောလို့ သွားကြည့်ရမှဖြစ်မယ်”
“မင်းက သေခြင်းတရားကို သွားတားမလို့လား.. မင်းရဲ့ ခြေလက်တွေက ဒီလောက်ပိန်သေးနေတာ ဒီလိုလုပ်လည်း ဘာအသုံးဝင်မှာလဲ”
“ခရမ်းလေးက မိုးကြိုးသွားကို စုပ်ယူနိုင်တယ်” ရှီမာယူယူသည် ခရမ်း လေးကို ဖက်ထားသည်။
ဟေးဒီးစ်သည် အနည်းငယ်တွေဝေနေသေးသည်။ ရှီမာယူယူသည် ဝူလင်းယူကိုခေါ်သွားပြီး ပြေးထိုင်နေလေပြီ။
ထို့နောက် အားလုံးထိုင်လိုက်ကြသည်။
“ရှီမာယူယူ ငါ့ပုလ္လင်က မင်းရဲ့ဖြတ်လမ်းအတွက်သုံးဖိုမဟုတ်ဘူး.. မင်းက သေချင်နေပြီလား” ဟေးဒီးစ်သည် အံကြိတ်လေသည်။
***