မိုးကြိုးဘေးဒုက္ခနောက်တစ်ခု
Vol. 154 Ch. 2147
ဟန်ဖန်းနှင့်ဟန်ရှန်းတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ခေတ္တမျှတွေဝေသွားပြီးမှ ပျံသွားလေသည်။
ရှီမာယူယူသည် သူတို့ထွက်သွားသည်ကို ကြည့်ပြီးနောက် ထိုတရားကျင့် ကြံသည့်ဧရိယာတွင် မည်သူမှမကျန်ခဲ့သည်ကို သေချာအောင်ကြည့်လိုက်၏။ ပြီးနောက် ထိုဧရိယာတစ်ခုလုံးကို ကောင်းမွန်စွာပိတ်ကာ ခရမ်းလေးကို ကျင့် ကြံသည့်အခန်းအထက်တွင် ထားလိုက်သည်။
“ခရမ်းလေး ဒီတစ်ခါ တစ်ဇွတ်ထိုးလုပ်လို့မရဘူး… အဘိုးကို ကောင်း ကောင်း ကာကွယ်ထားရမယ် သိပြီလား” ရှီမာယူယူသည် သူ့ကို ထပ်ခါထပ်ခါ မှာလိုက်သည်။
“ငါက ဘယ်တုန်းက တစ်ဇွတ်ထိုးလုပ်လို့လဲ” ခရမ်းလေးသည် ခံပြင်းစွာ ဖြင့် စောဒကတက်လေသည်။ သူက ဘယ်တုန်းကမှ တစ်ဇွတ်ထိုးမလုပ်ဖူးဘူး.. ဟုတ်ပြီလား။
“အင်း ခရမ်းလေး မင်းက တစ်ဇွတ်ထိုးမလုပ်တတ်ပါဘူး” ရှီမာယူယူ သည် အလေးအနက်ခေါင်းညိတ်လိုက်သည်။ သို့သော် သူမမျက်နှာမှ အမူအရာ သည် အဓိပ္ပာယ်ရှင်းလင်းနေရာ ယုံကြည်ရလောက်သည်။
သို့သော် ဤကဲ့သို့ကိစ္စကြီးတွင် ခရမ်းလေးသည် သူမကို ဆွဲချမည်မဟုတ် သည်ကို သူမ သိသည်။ သူမသည် သူ၏ခေါင်းကိုပုတ်ပြီး ခုန်တက်ကာ မိုးကြိုး ဘေးဒုက္ခဆီသို့ ပျံသွားလိုက်သည်။
“မင်းတို့တွေက အတင့်ရဲလိုက်တာ.. ဒီလိုကိစ္စကိုတောင် လုပ်ရဲတယ်” ဝိညာဉ်တိမ်တိုက်သည် သူမကိုမြင်သည်နှင့် ဆူငေါက်လေသည် “ဒီလိုလုပ်တာ မင်းနဲ့ ကမ္ဘာကြီးကိုတောင် ပျက်စီးသွားစေနိုင်တယ်ဆိုတာ သိရဲ့လား”
“ကောင်းကင်တာအိုကြောင့်လား” ရှီမာယူယူ မေးလိုက်သည်။ “ကောင်း ကင်တာအိုခွင့်မပြုလို့ အကုန်လုံးက ဒီမှာပဲတန့်သွားကြတာမလား ကောင်းကင် တာအိုဆိုတာ ဘာလဲ.. ဘယ်သူကထိန်းချုပ်ထားတာလဲ.. သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္ဘာကို ဘာလို့သူများက ထိန်းချုပ်နေတာလဲ”
“ကောင်းကင်တာအိုကို မင်းပြောင်းလဲချင်ရင် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အနာဂတ်မှာပဲဖြစ်လိမ့်မယ်” တိမ်တိုက်ဝိညာဉ်သည် လေးနက်စွာပြောလေသည် “ဒါပေမဲ့ အခုတော့ ကောင်းကင်တာအိုက ဒီလိုပဲ ဖြစ်နေတုန်းပဲ.. သူလိုချင်တဲ့အတိုင်း မင်းလိုက်လုပ်ရလိမ့်မယ်.. မင်း ဒီနေ့ကို မကျော်ဖြတ်နိုင်ရင် ဘာပြောဖို့လိုဦးမှာလဲ”
“ပြောင်းလဲရမယ်.. အနာဂတ်အကြောင်းကို မင်းဆက်တွေးနေလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “မဟုတ်ရင် ဘယ်တော့မှပြောင်းလဲနိုင်မှာမဟုတ် ဘူး”
“စွမ်းအားလုံလုံလောက်လောက်မရှိဘဲ ပြောင်းလဲချင်တယ်ဆိုရင် ဒါက သေလမ်းရှာတာပဲ” တိမ်တိုက်ဝိညာဉ် အော်လိုက်သည် “ဒီနေ့ ဘေးကပ်ဆိုးကြီး ကိုသာ ဘယ်လိုရှင်သန်အောင်လုပ်မလဲဆိုတာ အရင်စဉ်းစားသင့်တယ်” ဝိညာဉ်တိမ်တိုက်သည် အေးစက်စွာနှာမှုတ်လိုက်သည်။
“ငါကောင်းဖို့အတွက် မင်းဒီလိုလုပ်တယ်ဆိုတာ ငါသိပါတယ.. ဒါပေမဲ့ ဒီလောက်အားကောင်းတဲ့ မိုးကြိုးဘေးဒုက္ခဖြစ်လိမ့်မယ်လို့ ငါ မသိထားဘူးလေ ငါ့ကိုမကူညီနိုင်ဘူးလား” ရှီမာယူယူသည် ခါးကုန်းပြီး ဆောင့်ကြောင့်ထိုင်လိုက် ကာ သူမ၏လက်ချောင်းကိုဆန့်ထုတ်ပြီး ဒေါသထွက်နေသော တိမ်တိုက် ဝိညာဉ်ကို ပုတ်လိုက်သည်။
“မင်းကိုမကူညီတာမဟုတ်ဘူး ဒီမိုးကြိုးဘေးဒုက္ခက အခုကိုဖြစ်နေပြီ” တိမ်တိုက်ဝိညာဉ်သည် အေးစက်စွာ နှာမှုတ်လေသည် “မဟုတ်ရင် မင်းပြန်လာ ပြီး သူ့အတွက်လုပ်ပေးနိုင်မယ်ထင်လား.. အဲလူတွေရော မိုးကြိုးဘေးဒုက္ခထဲ မှာ မပါတော့ဘူးလား.. အထဲကနေရော.. အဲလူတွေကို လွှတ်ပြီး ဘေးဒုက္ခထဲ မပါအောင်လုပ်မယ်.. ပြီးတော့ မိုးကြိုးဘေးဒုက္ခအဆင့်ကို မတက်အောင်လုပ် မယ်.. ငါမင်းအတွက် လုပ်ပေးနိုင်တာဒါပဲ”
ဤကဲ့သို့နေရာတွင် တစ်စုံတစ်ယောက်သာ ဧကရာဇ်အဆင့်သို့ တက် မည်ဆိုပါက ကောင်းကင်တာအို၏ အာရုံကိုသေချာပေါက် ဆွဲငင်နိုင်မည်ဖြစ် သည်။ ပြီးနောက် ကောင်းကင်တာအို၏ တာဝန်အရ ဤအချိန်တွင် သက်ညှာ ပေး၍မရနိုင်ပေ။ မဟုတ်လျှင် သူ ပြန်ရှင်းပြနိုင်တော့မည်မဟုတ်ပေ။
“ဒါဆိုလည်း.. ဆက်တိုက်ပစ်မယ့် မိုးကြိုးလား.. ဒါမှမဟုတ် သေမှရပ် သွားမယ့်မိုးကြိုးလား” ရှီမာယူယူ မေးလိုက်သည်။
“နောက်ကတစ်ခုပဲ” တိမ်တိုက်ဝိညာဉ်ပြောလိုက်သည် “အဲတော့ မင်းတို့ နှစ်ယောက်လုံး ဒီနေ့သေမှာပဲ.. ပြီးတော့ နောက်ဆိုရင် သောက်စရာ အသီးဝိုင် ဆိုတာမရှိတော့ဘူး.. ငါပြောမယ် မင်းရဲ့ကျန်တဲ့ဝိုင်တွေကို ငါ့ကိုပေးထားခဲ့ လိုက်တော့.. ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းရရပေါ့…”
ရှီမာယူယူမှာ “…”
ဒီကောင်လေးက တကယ်ကိုမကောင်းတဲ့ကောင်ပဲ။
“မင်းက ငါသေတာကို ဒီအတိုင်းကြည့်နေတော့မှာလား” သူမသည် ဘာမှ မပြောတော့ဘဲ တိမ်တိုက်ဝိညာဉ်ကို ကြီးမားသောမျက်လုံးများဖြင့် ကြည့်လိုက် ၏။
တိမ်တိုက်ဝိညာဉ်သည် သူမ တောင်းဆိုလာသည်ကို စောင့်နေတုန်းပင်။ သို့သော် ထိုအချက်တွင် ထိုကောင်လေးသည် အလွန်မုန်းဖို့ကောင်းသည်။ သူမ သည် စကားမပြောဘဲ ပိုတောက်ပသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
“မင်းရဲ့ခန္ဓာကိုယ်မှာ သူ့ရဲ့ဝိညာဉ်ပုံတူရှိနေတာပဲ.. ပြီးတော့ အခုမှ ဝိညာဉ်ပုံတူကို ဆွဲနှုတ်လို့လည်းမရတော့ဘူး” တိမ်တိုက်ဝိညာဉ်သည် ကြင်နာ စွာပင် ရှင်းပြလေသည်။
“အဲဒါကို ငါ ဘာလုပ်သင့်လဲ”
“မင်းကို သေအောင် မိုးကြိုးပစ်ချရုံပဲ”
“တိမ်တိုက်ဝိညာဉ်…”
“ဟုတ်ပြီ ငါ့ကို အဲလိုမျိုးလာမကြည့်နဲ့.. ငါ မင်းကိုပြောပြီးသားပဲ” တိမ်တိုက်ဝိညာဉ် ပြောလိုက်သည် “ဒါပေမဲ့ ဒီလိုဘေးဒုက္ခအမျိုးအစားဆိုရင် ဘယ်သူမှမရှင်သန်နိုင်ဘူး.. ဒါကအသုံးဝင်မလား အသုံးမဝင်မလားတော့ မသိ ဘူး.. ငါပြောနိုင်တာက ငါစဉ်းစားမိတဲ့နည်းလမ်းပဲ”
“ငါ ဘာလုပ်ရမလဲ မြန်မြန်ပြော”
“သူ အဆင့်တက်လို့ရတယ်.. ဆိုလိုတာက မပြည့်စုံတဲ့ ကောင်းကင် တာအိုကို ပြင်ဆင်ဖို့နည်းလမ်းရှာရမယ်.. ဒါပေမဲ့ အခု ကောင်းကင်တာအိုက မသိဘူး.. မင်းရဲ့နည်းလမ်းကို ကောင်းကင်တာအိုကို အသိအမှတ်ပြုခိုင်းရင် အဆုံးသတ်ကို ပြောင်းလဲနိုင်တယ်.. ငါက ဒီအတိုင်းပြောတာနော် ဖြစ်နိုင်ချေကို ပဲပြောတာ” တိမ်တိုက်ဝိညာဉ်ပြောလေသည်။
နည်းလမ်းရှိလျှင် ထိုနည်းလမ်းသည် စိတ်ချရသည့်နည်းလမ်းသာဖြစ် သည်။
“မင်းပြောချင်တာကို ငါ နားလည်ပါတယ်” ရှီမာယူယူသည် သူ့ခေါင်းကိ ထိပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် “ကျေးဇူးပဲ”
“မြန်မြန် ဆင်းတော့ စတော့မယ်” တိမ်တိုက်ဝိညာဉ်သည် သူမ၏ လက် ကို ရွံရှာစွာဖြင့်ရှောင်လိုက်သည်။
ရှီမာယူယူသည် အသီးဝိုင်အားလုံးနှင့် အမူးပြေဆေးများကိုထုတ်လိုက် သည် “ဒီဘေးကပ်ဆိုးကြီးကနေ ငါ အသက်မရှင်နိုင်ရင် ဒါကမင်းရဲ့နောက်ဆုံး အသီးဝိုင်ဖြစ်သွားမှာပဲ”
တိမ်တိုက်ဝိညာဉ်သည် အသီးဝိုင်ကိုသိမ်းပြီး သူမကိုကြည့်ကာ အလေး အနက်ပြောလေသည် “ဒီတစ်ခါ ငါ မင်းကိုသက်ညှာမှာမဟုတ်ဘူး”
“ငါသိပါတယ်” ရှီမာယူယူသည် ပြုံးပြပြီးနောက် မြေပြင်ဆီသို့ ပျံသွား လိုက်သည်။
သူမသည် ကျင့်ကြံသည့်အခန်း ပတ်ပတ်လည်တွင် အစီအရင်များစွာကို အလျင်အမြန်ပင် စီမံလိုက်သည်။ ပြီးနောက် မိုးကြိုးကာပစ္စည်းများအားလုံး ထုတ်ကာ ကုသသည့်ဆေးများနှင့် အကြီးအကဲဖြူပြင်ဆင်ပေးထားသည့် ဝိညာဉ်သစ်ပင်၏ အဆီအနှစ်များကို ထုတ်လိုက်သည်။
သူမသည် ဆေးနှင့် အဆီအနှစ်များကို နှစ်ပုံပုံလိုက်သည်။ အရင်ဆုံး ဆေး စားလိုက်သည်။ ပြီးနောက် ထိုဆေးများကို ဝိညာဉ်စွမ်းအားဖြင့် ထုပ်ပိုးလိုက် သည်။ ထိုမှသာ သက်ရောက်မှုမရှိနိုင်မည်ဖြစ်သည်။ အပြင်းအထန်ဒဏ်ရာရ လာလျှင် သူမသည် ဆေးစားရန် အားပင်ရှိမည်မဟုတ်ပေ။
ထိုသို့လုပ်ပြီးနောက် ဘေးဒုက္ခတိမ်တိုက်ကိုကြည့်လိုက်သည်။ အပေါ် တွင် အားကောင်းသည့် စွမ်းအားမှာ ပြိုကျတော့မလိုဖြစ်နေသည်ကို ခံစားမိရ သည်။
တရားကျင့်ကြံခန်းမှာ ပိတ်ထားတုန်းပင်။ တစ္ဆေဘုရင်၏ လက်ရှိအခြေ အနေမည်သို့ရှိသည်ကို သူမ မသိပေ။ သို့သော် နောက်ဆုံးအဆင့်မှာ အလုပ်ဖြစ် မည်မဟုတ်ပေ။
မိုးကြိုးဘေးဒုက္ခသည် သူ အပြည့်အဝအဆင့်တက်ပြီးနောက်မှ ပေါ်လာ မည်ဖြစ်သည်။ ထိုအချိန်တွင် အတိတ်နမိတ်ပေါ်လာပြီး အဆင့်တက်သည် အထိ မိုးကြိုးအပစ်ခံရမည်ဖြစ်သည်။
သူအဆင့်တက်ခြင်း နှောင့်ယှက်ခံရလျှင် နောက်တစ်ကြိမ်အဆင့်တက် ရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် တစ္ဆေဘုရင်ထွက်လာသည့်အချိန်ထိ အနည်းဆုံးတောင့်ခံရ မည်။
ပြီးတော့ တိမ်တိုက်ဝိညာဉ်ပြောတဲ့ နည်းလမ်း… ကောင်းကင်တာအိုက တစ္ဆေဘုရင်ကို အသိအမှတ်ပြုအောင် သူမ ဘယ်လိုလုပ်ရမလဲ။ ကစဥ့်ကလျား ရေကို ထုတ်သင့်လား။
စည်းစားပြီးနောက် ခဏကြာလျှင် အခွင့်အရေးမရတော့မည်ကို စိုးသဖြင့် သူမသည် ကျောက်စိမ်းပုလင်းဖြင့် ကစဥ့်ကလျားရေကို အပြည့်ခပ်ထားလိုက် သည်။
ထိုကိစ္စများကိုလုပ်ပြီးနောက် မိုးကြိုးဘေးဒုက္ခကျလာသည်။
အစပိုင်း မိုးကြိုးဘေးဒုက္ခမှာအားမကောင်းပေ။ သို့သော် ပြီးခဲ့သည့် အင်အားကြီးသည့် မိုးကြိုးဘေးဒုက္ခနှင့် ယှဉ်နိုင်သည်။ သူမပြင်ဆင်ထားသည့် အစီအရင်များမှာလည်း တစ်ခဏအတွင်း၌ ပျက်စီးသွားလေသည်။
အပြင်မှလူများသည် မိုးကြိုးဘေးဒုက္ခ၏စွမ်းအားကိုမြင်သောအခါ ကြောက်လန့်ကုန်ကြသည်။
မိုးကြိုးဘေးဒုက္ခသာ သူတို့ဆီကျလာပါက တစ်ဒင်္ဂအတွင်း ပြာဖြစ်သွား နိုင်သည်။
“အစီအရင်က နောက်ဆုံးတော့ နည်းနည်းတိုးတက်လာပြီ…. မိုးကြိုး သွား ဒါဇင်ထက်ကျော်တောင် ဖမ်းနိုင်နေတယ်” ဟေးဒီးစ်သည် သူမကို ချီးကျူး ခဲလှသည်။ သို့သော် ထိုချီးကျူးစကားကို သူမ မကြားပေ။
သူ့စကားကိုကြားလိုက်သော တခြားသူများသည် ဆွံ့အသွားကြသည်။ ဒီအချိန်မှာတောင် အဲဒါကို အာရုံစိုက်နိုင်သေးတာလား။
ဟေးဒီးစ်ရဲ့ အမြင်က သူများတွေနဲ့ မတူဘူးလား။
မိုးကြိုးများကျလာသည်ကို မြင်လိုက်ချိန်တွင် ယွိခဲ့လော့သည် ငိုလုနီးပါး ဖြစ်သွားသည်။
သူမရဲ့သမီးက ဒီလောက်ကြောက်ဖို့ကောင်းတဲ့ဟာကို ဘာလို့ ရင်ဆိုင်နေ ရတာလဲ။
ယခုမှပင် ယူအာပေးဆပ်ခဲ့သည့် တန်ရာတန်ကြေးကို သူမ နားလည်သွား လေပြီ။
မိုးကြိုးဘေးဒုက္ခများသည် တစ်လုံးပြီးတစ်လုံးကျလာသည်။ တချို့သော မိုးကြိုးဘေးဒုက္ခများကို ခရမ်းလေးစားလိုက်သည်။ တချို့မှာ ရှီမာယူယူ၏ ဝိညာဉ်စွမ်းအားကြောင့် ပြိုကွဲသွားပြီး တချို့မှာ အိမ်များဆီသို့ကျလေသည်။ အိမ်အများအပြားသည် မိုးကြိုးအပစ်ခံရသဖြင့် မီးလောင်ကျွမ်းသွားကြသည်။
အချိန်အတိုင်းအတာတစ်ခုထိ အင်ပါယာမြို့တစ်ခုလုံးသည် အဆုံးမဲ့ မီးလျှံများနှင့် မရေတွက်နိုင်သည့်မိုးခြိမ်းသံများနှင့်အတူ လွှမ်းမိုးနေလေသည်။
***