ထွက်ပေါ်လာခြင်း
Vol. 154 Ch. 2148
သူမသာ ဤဘေးဒုက္ခမှ ရှင်သန်နိုင်လျှင် နောင်တများမကျန်အောင် လုပ် ချင်သည့်အရာကို လုပ်သွားမည်ဟု ရှီမာယူယူတွေးမိသည်။
အရင်က သူမလုပ်ချင်သည့်အရာများကို များများစားစား မလုပ်ခဲ့ရပေ။ သူမသာ ယနေ့ဤနေရာတွင် သေဆုံးလျှင် နောက်တစ်ခါ ထိုအရာများကို လုပ် ရန်အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
သူမအနောက်မှ မိုးကြိုးဘေးဒုက္ခသည် ပိုအားကောင်းလာပြီး ရှီမာယူယူ ကဲ့သို့ မိုးကြိုးအပစ်ခံရသည်ကို အသားကျသူပင် အကြိမ်အနည်းငယ်သာ ခံနိုင် ပြီး မြေပေါ်လဲကျသွားတော့သည်။ ထိုမိုးကြိုးများကို ခရမ်းလေးမှ စုပ်ယူခဲ့ သည်။ ခရမ်းလေးကြောင့်သာမဟုတ်ရင် သူမ သေသည်မှာ ကြာပြီဖြစ်သည်။
သူမ မြေပေါ်တွင်လှဲနေစဉ် မိုးပေါ်မှ မိုးကြိုးဘေးဒုက္ခကိုကြည့်ပြီး ကောင်းကင်တာအို၏ စွမ်းအားကို သက်ပြင်းမချဘဲမနေနိုင်ပေ။ သူမကြုံတွေ့ခဲ့ ရသည့် ပြီးခဲ့သည့်တစ်ခေါက်မိုးကြိုးဘေးဒုက္ခနှင့်ယှဉ်လျှင် သည်တစ်ကြိမ်မှာ ဘာမှမဟုတ်ပေ။
သို့သော် သူမ မြေပေါ်သို့လဲကျပြီးနောက်တွင် ထိုမိုးကြိုးများသည် သူမ ကိုမထိမှန်ပေ။ သို့သော် သူမအနားသို့ အကြိမ်တိုင်းကျခဲ့သည်။ ပြိုကွဲလာသော မိုးကြိုးငယ်များသာ သူမပေါ်သို့ကျလေသည်။
တိမ်တိုက်ဝိညာဉ်သည် သူမကိုအခွင့်အရေးပေးကာ သူလုပ်နိုင်သည့် အတိုင်းအတာအတွင်း အကြီးမားဆုံး ကာကွယ်ပေးခြင်းဖြစ်သည်။
သို့သော် သူမ၏အဘိုးဖြစ်သူကိုတော့ ညှာတာခြင်းမရှိ ပစ်ချသည်။ မိုးကြိုးဘေးဒုက္ခသည် အလွန်ကြမ်းလွန်းသဖြင့် ထိုမိုးကြိုးများကို မြင်လိုက်ချိန် တွင် သူမ၏ နှလုံးတစ်ခုလုံးတုန်ခါသွားသည်။ ကံကောင်းစွာပင် ဤအချိန်တွင် ခရမ်းလေးသည် အလွန်အားကောင်းနေပြီဖြစ်သည်။
“အုန်း…”
တရားကျင့်ကြံသည့်အခန်းတွင် တုန်ခါသွားပြီး အရောင်စုံအလင်းတန်း သည် တရားကျင့်ကြံသည့်အခန်းအပေါ်တွင် ပေါ်လာသည်။ ထိုအရာကိုကြည့် ပြီးနောက် ရှီမာယူယူသည် စိတ်အေးသွားသည်။
အနည်းဆုံးတော့ သူ ဒီအဆင့်အထိ တက်နိုင်နေပြီ။ သူသာ ဒီဘေးဒုက္ခက နေ ရှင်သန်နိုင်ရင် ဧကရာဇ်ဖြစ်ပြီ။
ကျင့်ကြံသည့်အခန်းတံခါးပွင့်လာပြီး တစ္ဆေဘုရင် ထွက်လာသည်။ သူ တံခါးဖွင့်လိုက်သည်နှင့် တံခါးရှေ့တွင်ဆေးများနှင့် ဝိညာဉ်အပင်အဆီအနှစ် ချထားသည်ကို တွေ့လိုက်ရသည်။
သူထွက်လာချိန်တွင် သူမ မရှိတော့မည်၊ စကားမပြောနိုင်မည်ကို ရှီမာယူ ယူကြောက်သဖြင့် တံခါးရှေ့တွင် တိုက်ရိုက်ချထားပြီး မှတ်စုတစ်ခုထားခဲ့ သည်။
တစ္ဆေဘုရင် ထိုအရာများကိုမြင်သောအခါ သဲ့သဲ့ပြုံးလိုက်သည်။
သူ့ခန္ဓာကိုယ်၏ ဝင်သက်ထွက်သက်မှာ ဦးတည်ရာမရှိလှည့်နေပြီး အပြည့်အဝမတည်ငြိမ်သေးပေ။ သို့သော် ခံစားချက်မှာ အလွန်နူးညံ့သည်။ သူ့ ဝင်သက်ထွက်သက်ငြိမ်သွားသည်နှင့် အဒေါ်ဖန်ကဲ့သို့ဖြစ်သွားလိမ့်မည်။
သူသည် ဆေးသောက်ပြီး ကြောက်ရွံ့မှုတစ်စုံတစ်ရာမရှိဘဲ မိုးပေါ်မှ ဘေး ဒုက္ခတိမ်တိုက်ကိုကြည့်လိုက်သည်။
သူသည် ရှီမာယူယူ၏ဘေးသို့ သွားပြီး လက်တစ်ချက်ဝှေ့ကာ သူမအား ကာကွယ်ရန် အတားအဆီးတစ်ခု စီမံလိုက်သည်။ ထိုအချိန်တွင် မိုးကြိုးကျလာ ရာ သူမကိုဘာမှမပြောလိုက်ရသေးခင်မှာပင် လေထဲသို့အမြန်ပျံတက်လိုက်ရ သည်။
သူထွက်လာသည်နှင့် မိုးကြိုးများအားလုံး သူ့ဆီကျလာသည်။ သူအပြည့် အဝအဆင့်တက်သည်နှင့် ဘေးဒုက္ခတိမ်တိုက်သည် ပို၍သန်မာလာသည်။ ရှီမာ ယူယူသည် မြေပေါ်တွင်လှဲနေပြီး ကြောက်လန့်တကြားကြည့်နေသည်။
ဘေးဒုက္ခတိမ်တိုက်အပြင်ဘက်တွင် မရေမတွက်နိုင်သောလူများသည် တစ္ဆေဘုရင်ထွက်လာပြီး ဧကရာဇ်အဆင့်သို့တက်သွားသည်ကိုမြင်နေရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ဧကရာဇ်အဆင့်သို့တက်နိုင်သည်မှာ သူတစ်ဦး တည်းသာဖြစ်သည်။
အားလုံးသည် တောက်ပသည့်အနာဂတ်ကို မြင်နေရသည့်အလား မြူးတူး သွားသည်။
သူတို့ဘုရင်၏အဆင့်တက်မှုသည် အနာဂတ်ကမ္ဘာတွင် အဆင့်တက်ရန် ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူတို့အတွက် မျှော်လင့်ချက်ရှိလာသည်။
သူတို့သည် ပျော်နေကြသော်လည်း အလေးအနက်မတွေးမိကြပေ။ ကောင်းကင်တာအိုသည် မပြောင်းလဲသေးပေ။ ထိုအဆင့်ကို မည်သို့ကျော်လွှား ရမည်ကိုလည်း သူတို့မသိပေ။ သူတို့ဘယ်လို အဆင့်တက်နိုင်မှာလဲ။ ပြီးတော့ တစ္ဆေဘုရင်သုံးတဲ့နည်းလမ်းကို သူတို့သုံးနိုင်မှာလား။ အဲလိုမျိုးအရင်းအမြစ်ရှိ လို့လား။
သူတို့သည် အလွန်ပျော်မြူးနေခြင်းကြောင့် ထိုပြဿနာကို သတိမထားမိ သည်မှာတော့ နှမြောစရာပင်။
“ဒီမိုးကြိုးဘေးဒုက္ခက.. သေဆုံးခြင်းဘေးဒုက္ခပဲ” ချန်ရှန်း ပြောလိုက်၏။
“သေဆုံးခြင်းဘေးဒုက္ခ” လူအများ၏မျက်နှာများမှာ ပြောင်းလဲကုန်ကြ သည်။ သေဆုံးခြင်းဘေးဒုက္ခဆိုသည်ကို သူတို့အားလုံးသိကြသည်။ အပြစ်ခံရ မည့်သူ မသေဆုံးမချင်း မိုးကြိုးဘေးဒုက္ခရပ်မည်မဟုတ်ပေ။
ရှီမာယူယူမှာ သေဆုံးသည်အထိမိုးကြိုးအပစ်ခံရမည်ဟု ဝူလင်းယူတွေး လိုက်သည်နှင့် စိတ်ပူလာကာ လွတ်အောင်လုပ်ချင်သည်။ သို့သော် အရာမထင် ပေ။
“ဟေးဒီးစ် ငါ့ကိုလွှတ်” သူ ဟိန်းဟောက်လိုက်သည်။
“မင်းကို လွှတ်ရမှာလား.. ပြီးတော့ ဘာလဲ မင်းကိုအသေခံရမှာလား” ဟေးဒီးစ်နှာမှုတ်လိုက်သည် “မင်းရဲ့ သေရေးရှင်ရေးကို ငါ စိတ်မဝစ်စားပေမဲ့ မင်းတို့ဘယ်သူ့ကိုမှ မလွှတ်ပေးပါဘူးလို့ သူမကိုကတိပေးထားတယ် အဲဒါ ကြောင့် မင်းသွားလို့မရဘူး”
“ဟေးဒီးစ် ငါတို့ကိုလွှတ်ပေး.. ကိုယ့်ရှေ့မှာ ကိုယ့်သမီးသေသွားတာကို ကြည့်ခိုင်းတာ အရမ်းရက်စက်နေပြီ” ရှီမာလျူရွှမ် ပြောလိုက်သည်။
“အဲဒါကရက်စက်လို့လား.. အဲဒါငါနဲ့မဆိုင်ဘူးလေ၊ အဲတော့ ငါ့အတွက် ရက်စက်တာမဟုတ်ဘူး” ဟေးဒီးစ်ပြောလိုက်သည်။
အားလုံးသည် “….”
လူအများရုန်းကန်နေသည်ကို မြင်သောအခါ ဟေးဒီးစ်သည် အေးစက်စွာ နှာမှုတ်လိုက်သည် “မင်းတို့စိတ်ထဲက စိတ်ကူးကို ဖျက်လိုက်.. ငါ သူမကို ကတိ ပေးပြီးသွားပြီ”
ချန်ရှန်းသည်လည်း စိတ်ပူနေသည်။ သို့သော် သူတို့ကဲ့သို့ စိတ်ပြင်းပြ သည်တော့မဟုတ်ပေ။ သူမသည် လှည့်ပြီးဟေးဒီးစ်ကိုကြည့်ကာ မေးလိုက် သည် “ရှင့်မှာ နည်းလမ်းရှိလား”
“ဘာနည်းလမ်းလဲ” ဟေးဒီးစ်သည် ပြန်မေးလေသည်။
“ဟန်ဆောင်မနေနဲ့.. ရှင်လည်း ယူအာကို ဂရုစိုက်တာကို ကျွန်မသိတယ် အဲဒါကို ရှင်ကစိတ်မပူဘူးဆိုတော့ သူမကို ကယ်ဖို့နည်းလမ်းရှိနေတာမဟုတ် ဘူးလား” ချန်ရှန်း မေးလိုက်သည်။
သူသည် ခေတ္တမျှရပ်ပြီးစဉ်းစားလိုက်သည်။ ပြီးမှ သူ့ခေါင်းကို အရိုးသား ဆုံးယမ်းပြီး ပြောလိုက်သည် “မဟုတ်ဘူး”
အခုမှရောက်လာသော အရိပ်မည်းနှင့် ဟွမ်တို့သည် ထိုအဖြစ်ကို မြင် သောအခါ နှုတ်ခမ်းများကိုတွန့်မိလေသည်။
အရိပ်မည်းသည် အော်လေသည် “အရှင်.. ဒါက သေဆုံးခြင်းဘေးဒုက္ခပါ အရှင်သာ သခင်မလေးကို မကယ်ဘူးဆိုရင် သူမ ဘယ်လိုဖြစ်သွားမှာလဲ”
“ပါးစပ်ပိတ်ထား.. သူမမသေသေးဘူး.. ဒီမှာဘာလို့ခွေးလိုလာဟောင်နေ တာလဲ” ဟေးဒီးစသည် အရိပ်မည်းကိုရိုက်ချလိုက်ရာ လွင့်သွားလေသည်။
မကြာမီတွင် အရိပ်မည်းပြန်ရောက်လာသည်။
ဟွမ်သည် အရိပ်မည်းကို သဲ့သဲ့ကြည့်လိုက်သည်။ ပြီးနောက် ဟေးဒီးစ်ကို ကြည့်ကာပြောလိုက်သည် “အရှင် သခင်မလေးကိစ္စကို ကျွန်တော်တို့ဘာလုပ် ပေးနိုင်မလဲ”
သူ့ကို ဘာလုပ်ရမလဲဟု ဝိုင်းမေးနေကြတုန်းပင်။
“ဘာလုပ်နိုင်ဦးမှာလဲ” ဟေးဒီးစ်သည် အေးစက်စွာနှာမှုတ်လိုက်သည် “မင်းတို့နှစ်ယောက် ငါ့ကိုတစ်ယောက်တည်းနေခွင့်ပေးပါဦး ရောက်လာ ကတည်းက ပွစိပွစိလုပ်နေတာ စိတ်တိုဖို့ကောင်းလိုက်တာ”
အရိပ်မည်းနှင့်ဟွမ်မှာ “….”
အရှင်.. အရင်က ဒီလောက်ဂနာမငြိမ်မဖြစ်ဖူးပါဘူး။ သေချာပေါက် စိတ်ပူနေရဲ့သားနဲ့ ဟန်ဆောင်နေသေးတယ်။ တစ်စုံတစ်ယောက်သည် စိတ်ထဲ မှညည်းညူလေသည်။
ဟေးဒီးစ်သည် အရိပ်မည်း၏အကြည့်ကိုမြင်သောအခါ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းသိလိုက်သည်။ သူသည် ထပ်ရိုက်လိုက်ချင်သော်လည်း အရိပ်မည်းသည် လျင်မြန်စွာပင် နောက်ပြန်ဆုတ်လိုက်သည်။
“ဟင်း” ဟေးဒီးစ်သည် နှာမှုတ်လိုက်သည်။ ထို့နောက် မြေပေါ်တွင်လှဲနေ သည့် ရှီမာယူယူကိုကြည့်ပြီး ပြောလေသည် “ဘေးဒုက္ခကနေ ကာကွယ်ဖို့ မင်း ရဲ့ ခွေးသေကိုမထုတ်သေးဘူးလား မင်းက အကုန်အတူသေအောင်လုပ်နေတာ လား”
သူ၏အသံမှာ မကျယ်ပေ။ သို့သော် ရှီမာယူယူ ရှင်းလင်းစွာကြားလိုက်ရ ၏။
ခွေးသေဟုတ်လား။ အမည်းလေးလား။ သူ့ကို အဲလိုနာမည်ပေးတာကို အမည်းလေးသာသိရင် စိတ်တိုပြီးကိုက်မှာပဲ။
သို့သော် ဤအချိန်တွင် သူအမည်းလေးကို သာမန်ကာလျှံကာ ပြောလိမ့် မည်မဟုတ်သည်ကို သူမ သိသည်။ မဟုတ်ရင် သူမရဲ့ သားရဲတွေအားလုံးထဲက မှ ဘာလို့အမည်းလေးကိုထုတ်ပြောရတာလဲ။ ထို့အပြင် အမည်းလေး၏ ပုံစံ အမှန်မှာ အလွန်ပင် ထူးခြားသည်။ နောက်ဆုံးမိုးကြိုးဘေးဒုက္ခသည် သူ့ကို မသတ်နိုင်ဘဲ ချိပ်စည်းပိတ်ရုံသာဖြစ်ခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လည်း မိုးကြိုးဘေးဒုက္ခသည် သတ်နိုင်မည်မဟုတ်ပေ။
အထဲတွင် အသံများစွာထွက်နေသော တခြားသားရဲများသည် ထွက်ခွင့် မရကြပေ။ ဤကဲ့သို့မိုးကြိုးဘေးဒုက္ခကို မဖြေရှင်းနိုင်ပါက သူတို့ကို ထွက်ခွင့် ပေးလိုက်လျှင်လည်း ဒဏ်ရာရရုံမှလွဲပြီး တခြားသက်ရောက်မှုမရှိနိုင်ပေ။
အတန်ကြာအောင် အနားယူပြီးနောက် နောက်ဆုံးတွင် သူမခန္ဓာကိုယ် လှုပ်ရှားနိုင်လာသည်ကို ခံစားမိသွားသည်။ သူမသည် လက်ဆန့်ထုတ်ပြီး အမည်းလေးကို ပုတ်ကာ ခေါင်းညိတ်လိုက်သည် “အမည်းလေး မင်းက အချိန် တော်တော်များများမှာ ရှုပ်ထွေးနေတာကို ငါသိတယ်.. မင်းကဘယ်သူလဲဆို တာ မင်းကိုယ်မင်းမသိဘူး.. ဒီကိုဘယ်လိုရောက်လာလဲဆိုတာလည်း မသိဘူး.. နောက်ဆုးမိုးကြိုးဘေးဒုက္ခက မင်းကို ချိပ်စည်းပိတ်ခဲ့တယ်.. ဒီတစ်ခေါက်က မင်းရဲ့ချိပ်စည်းကို ဖြည်ပေးသွားမလားဆိုတာ ငါမသိဘူး.. အဲလိုဆိုရင်လည်း ချိပ်စည်းပြေသွားရင်တောင် မင်းဖြစ်နေသေးဖို့ ငါမျှော်လင့်ပါတယ်”
“ဝုတ် ဝုတ် ဝုတ်…” အမည်းလေးသည် ရှီမာယူယူအား နှစ်ကြိမ်တိုင်တိုင် ဟောင်လေသည်။
ယူယူ ဘာတွေတွေးနေတာလဲ။ အရမ်းလေးနက်နေတယ် ငါ ဘာမှ နား မလည်ဘူး။ ဒီလောက် သန်မာတဲ့ မိုးကြိုးဘေးဒုက္ခကိုလည်း စိတ်မပူနဲ့ ငါ မင်း ကို ကာကွယ်ပေးမယ်။
ခေါ်ထုတ်လိုက်သည်နှင့် အမည်းလေး ပြေးထွက်လာသည်။
သူသည် မိုးကြိုးဘေးဒုက္ခကို အရင်လက်ဦးခွင့်မပေးပေ။ သူသည် သူမ အပေါ်တွင်ရှိသည့် အတားအဆီးပေါ်သို့ပျံတက်သွားပြီး ကျလာသည့် မိုးကြိုး များကို စုပ်ယူသည်.. မိုးကြိုးပစ်ချတိုင်းတွင် နှစ်ကြိမ်ဟောင်လေသည်။
***