← Chapters

တောင်းပန်ပါတယ် ကတိကိုထပ်ဖျက်မိပြန်ပြီ…

Vol. 154 Ch. 2149

တောင်းပန်ပါတယ် ကတိကိုထပ်ဖျက်မိပြန်ပြီ…

Vol. 154 Ch. 2149

အမည်းလေးထွက်လာသည်နှင့် တိမ်တိုက်ဝိညာဉ်သည် စိတ်ချသွားသည် လား၊ သို့မဟုတ် အမည်းလေးကိုယ်တိုင်ကပင် မိုးကြိုးဘေးဒုက္ခကို စုပ်ယူနိုင် ခြင်းကြောင့်လားမသိပေ မိုးကြိုးဘေးဒုက္ခပမာဏကို မြှင့်တင်လိုက်သည်။

ရှီမာယူယူသည် အမည်းလေးကိုကြည့်ပြီး တောင့်ခံနိုင်ရန်ကိုသာ မျှော်လင့်နေသည်။

“အဲဒီမရဏာခွေးက ဘယ်လိုပါလိမ့်”

မည်မျှပင်များပြားသော မိုးကြိုးချက်များဖြစ်စေကာမူ အမည်းလေး တောင့်ခံနေသည်ကို အပြင်မှလူများ မြင်သောအခါ အလွန်တရာအံ့အားသင့်ကြ သည်။

မရဏာခွေးသည် မိုးကြိုးချက်များကြောင့် သေဆုံးမသွားရုံတင်မကဘဲ အချက်ပေါင်းများစွာ ကျပြီးသည့်တိုင် အတားအဆီးပေါ်တွင် ဘာမှမဖြစ်သလို ထိုင်နိုင်သေးသည်။ အဲဒါကတကယ်ပဲ မရဏာခွေးမှဟုတ်ရဲ့လား။

“မင်းသမီးလေးရဲ့ဘေးမှာ အားကောင်းတဲ့မရဏာခွေးရှိတယ်လို့ ကြားဖူး တာကြာပြီ.. အခုမှပဲ ထုတ်လာတော့တယ်.. တကယ်ပဲ အဲလိုမရဏာခွေးကို ဘယ်ကနေရှာလာတာလဲ သိချင်လိုက်တာ.. အဲလိုမျိုးမရဏာခွေးသာ ဘေးမှာ ရှိနေရင် မိုးကြိုးသွားတွေကို ကြောက်ဖို့မလိုတော့ဘူး”

“မင်းသမီးလေးမှာရှိသလိုမျိုး ရှာနိုင်မယ်လို့ တကယ်ပဲထင်နေတာလား လေထဲတိုက်အိမ်ဆောက်မနေနဲ့”

“အမှန်ပဲ”

“အဲဒီခွေးကအသုံးဝင်နေလို့လေ” အားကျသောအသံများကို ကြားသော အခါ ဟေးဒီးစ်သည် မထူးခြားသည့်လေသံဖြင့်ပြောလေသည်။

ဟွမ်နှင့် အရိပ်မည်းမှာ “…”

သူတို့နှစ်ယောက်လုံးသည် အမည်းလေး၏ သရုပ်မှန်ကိုသိထားကြသည်။ ထို့ကြောင့် မည်မျှရှားပါးပြီး တန်ဖိုးရှိသည်ကို သူတို့သိကြသည်။ သူတို့၏ အရှင် တစ်ယောက်သာ ထိုခွေးလေးကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။

“တစ္ဆေဘုရင်လည်း ကြာကြာတောင့်ခံနိုင်တော့မယ်မထင်ဘူး” ဟွမ် သည် ပြောလောသည်။

“မိုးကြိုးသွားတွေ အများကြီးအပစ်ခံထားရတော့ သူ အသက်ရှင်သေးရဲ့ လားတောင်မသိဘူး” ဟေးဒီးစ် မြည်တမ်းလေသည်။

“သခင်မလေးနဲ့ တစ္ဆေဘုရင်ကို အဲအတိုင်းပစ်မထားနိုင်ဘူး.. သူတို့တွေ မိုးကြိုးအပစ်ခံရလို့သေသွားလိမ့်မယ်” အရိပ်မည်းသည် အရူးအမူးအော်လေ သည်။

မိုးကြိုးဘေးဒုက္ခကျနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် မိုးကြိုးသွား များ၏ အင်အားမှာ အနည်းငယ်ပင်လျော့မသွားရုံသာမက ပို၍ပင်အားကောင်း လာသည်။

“ကောင်းကင်တာအိုကို ဆန့်ကျင်ရတာ အနည်းဆုံးတော့ မိုးကြိုးဘေး ဒုက္ခနည်းနည်းလောက်ကို ခံစားရမှာပေါ့” ထို့နောက် ဟွမ်ဆက်ပြောလေသည် “ယူယူကတောင် အဲကိစ္စကိုစိတ်မပူတာ မင်းတို့တွေက ဘာလို့အဲလောက် စိတ် လှုပ်ရှားနေကြတာလဲ”

“ကိုယ့်အရှင် သခင်မလေးက တစ္ဆေဘုရင် မိုးကြိုးပစ်ခံရအောင် တမင် လုပ်တာလို့ ပြောလိုက်တာလား” အရိပ်မည်းသည် မေးခွန်းပြန်ထုတ်သည် “ဘာလို့လဲ”

ဟွမ်သည် ခေတ္တမျှတွေးပြီးနောက် နားလည်သွားကာ ပြောလိုက်သည် “သူတို့ ကျင့်စဉ်အဆင့်တက်အောင်လို့ ဘယ်လိုနည်းလမ်းပဲသုံးပါစေ ကောင်း ကင်တာအိုရဲ့ အသိအမှတ်ပြုတာကိုမခံရရင် တစ်နည်းနည်းနဲ့တော့ ချို့ယွင်းနေ တုန်းပဲ.. အခု သူ့နည်းလမ်းနဲ့သူ အဆင့်တက်သွားရင်တောင် အနာဂတ်မှာ သူ့ အင်အားကတိုးလာတော့မှာမဟုတ်ဘူး.. ဒီအခွင့်အရေးမှာ ကောင်းကင်တာအို ရဲ့ သဘောကိုဘာလို့မလိုက်လျောရမှာလဲ”

“ဪ အဲလိုကိုး” အရိပ်မည်းသည် နားလည်သွားချေပြီ။

“ငါပြောမယ် မင်းက နည်းနည်းလောက် ဉာဏ်ကောင်းလို့မရဘူးလား.. မင်းက ငါ့လက်အောက်ကလူထဲကတစ်ယောက်ပဲ အပြင်ထွက်ရင် ငါ့ကို အရှက် ရအောင်ပဲလုပ်တယ်” ဟေးဒီးစ်သည် အထင်သေးသောအသံဖြင့်ပြောလေ သည်။

အရိပ်မည်းသည် ချက်ချင်းပင် ပြန်ပက်လေသည် “တစ်လက်မဆိုရင် တောင် တစ်ပေမှာအသုံးဝင်သေးတာပဲ”

“မင်းအသုံးဝင်တဲ့နေရာကို ငါဖြင့်တွေ့တောင်မတွေ့ဖူးသေးဘူး.. ဘေးက နေပဲ ငါ့ကိုအော်နေတာ” ဟေးဒီးစ်သည် အော့နှလုံးနာစွာဖြင့် ပြောပြီးနောက် ဟွမ်ဘက်သို့လှည့်ကာ ပြောလေသည် “မင်းအချိန်ရရှင် သူ့ကိုသပ်ပေးလို့မရ ဘူးလား.. သူက အပြင်မှာအရှက်ရစေတာပဲ.. အဲလိုလူက ဘယ်လိုလုပ် ညာလက်ရုံးဖြစ်နေတာလဲ”

“သူ့ကိုလည်း အရှင်ပဲကိုယ်တိုင်ရွေးထားတာပဲလေ” ဟွမ်သည် အေးစက် စွာပြန်ဖြေလေသည်။

“ငါကိုယ်တိုင်ရွေးခဲ့တာလား.. ငါက သူ့ကိုဘာလို့ရွေးရမှာလဲ” ဟေးဒီးစ် သည် ခေတ္တမျှ မှင်တက်သွားသည် “မင်းညာစားနေတာတော့ မဟုတ်ပါဘူးနော်”

“လက်အောက်ငယ်သားက မလုပ်ရဲပါဘူး”

“ဟုတ်ပြီ အဲတုန်းက ငါ့စိတ်မမှန်တာပဲဖြစ်ရမယ်.. ငါပုံမှန်မဟုတ်လို့ပဲ အဲတုန်းက မင်းကငါ့ကိုဘာလို့မတားတာလဲ”

ဟွမ်မှာ “….”

အရိပ်မည်းမှာ “….”

အရိပ်မည်း၏ စိတ်မှာ တဒင်္ဂမျှ မချမ်းမမြေ့ဖြစ်သွားသော်လည်း လျင်မြန် စွာ ပြန်ကောင်းလာသည်။ ပြီးနောက် ရှီမာယူယူကို တလေးတစားကြည့်လိုက် သည် “သခင်မလေးက တကယ်အံ့ဩစရာကောင်းတာပဲ.. ဒီကပ်ဘေးကြီးကို ဖြေရှင်းဖို့ ဘယ်လိုနည်းလမ်းသုံးမလဲမသိဘူး”

တကယ်တော့ ဟေးဒီးစ်သည် သူ့ကိုရှင်းမပြချင်တော့ပေ။ သို့သော် တခြားသူများ၏ စိတ်မအေးသောအကြည့်များမှာ သူ့ဆီသို့ ကျရောက်လာ သည်ကို ခံစားမိသည်။ သူသည် လည်ချောင်းရှင်းကာ ပြောလိုက်သည် “ကပ်ဆိုးကို ဖြေရှင်းဖို့ဆိုရင် လွယ်သလိုနဲ့ ခက်တယ်လို့ပြောကြတယ်မလား.. ကောင်းကင်က အသိအမှတ်ပြုတာကလွဲရင် ဘာမှမရှိဘူး”

“ကောင်းကင်ကအသိအမှတ်ပြုအောင် ဘယ်လိုလုပ်ရမှာလဲ”

“အဆင့်တက်တိုင်းမှာ ကောင်းကင်က ရိုးရိုးရှင်းရှင်းပဲ အသိအမှတ်ပြုခဲ့ တယ်.. အဆင့်တက်တယ်ဆိုတာက ကောင်းကင်တာအိုအတွက် အလုပ်လုပ် ပေးတာပဲ.. သူလွှမ်းမိုးနိုင်တဲ့အထိလောက်ဆို ရပြီ”

“ကစဥ့်ကလျားမြစ်” အရိပ်မည်းသည် နောက်ဆုံးတွင် ဉာဏ်ပြေးလာ သည် “သခင်မလေးက တွေဝေနေတဲ့ပုံပဲ”

ရှီမာယူယူသည် လက်ထဲတွင် ကျောက်စိမ်းပုလင်းကိုင်ထားပြီး မလှုပ် မယှက်ရှိနေသည်ကို တခြားသူများလည်း သတိထားမိသည်။ သူမသည် အထဲမှ ကစဥ့်ကလျားမြစ်ရေကို ထုတ်သင့်မထုတ်သင့်ကို တွေဝေနေသည်။

“သူမက ဘာတွေတုံ့ဆိုင်းနေတာလဲ”

“သူမကိုယ်တိုင်သိတယ်လေ”

ရှီမာယူယူသည် မြေပေါ်တွင်လှဲလျောင်းပြီး လက်ထဲမှ ကျောက်စိမ်း ပုလင်းကို တင်းကြပ်စွာ ကိုင်ထားသည်။

သူမ လောင်းထည့်မှာလား မထည့်ဘူးလား။

သူမ တုံ့ဆိုင်းနေရသည့်အကြောင်းအရင်းကို ပြောရလျှင် အလွန်ရိုးရှင်း သော စည်းမျဉ်းကြောင့်ပင် - ရေသည် လျှပ်စီးနိုင်သောပစ္စည်းဖြစ်သည်။

သူမ ရေလောင်းထည့်လိုက်ပြီးမှ ကောင်းကင်တာအိုက အသိအမှတ်မပြု ရင်ဘယ်လိုလုပ်မှာလဲ။ အဲအစား မိုးကြိုးချက်အားကောင်းလာပြီးတော့ သူတို့ ကို သတ်သွားရင် ဘယ်လိုလုပ်မှာလဲ။

“ဘုန်း”

မိုးကြိုးအချက်ပေါင်းများစွာ ခံလာရသော တစ္ဆေဘုရင်သည် နောက်ဆုံး တွင်ထပ်မခံနိုင်တော့ဘဲ မြေပေါ်သို့ ပြင်းထန်စွာကျလေသည်။ တစ်ချိန်တည်း မှာပင် အတားအဆီးပျောက်ကွယ်သွားလေသည်။

အမည်းလေးလည်း သူမဘေးတွင်ကျလာသည်။ အကြိမ်ပေါင်းများစွာ မိုးကြိုးအပစ်ခံထားရသော်လည်း ထိုကောင်လေးသည် အမွေးတစ်ပင်မှပင် လောင်ကျွမ်းသွားခြင်းမရှိသလိုပင်။ သူသည် ရှီမာယူယူကို မြင်သောအခါ နှစ်ကြိမ်မျှ ညည်းညူပြီး သူမကိုမကာကွယ်နိုင်သည့်အတွက် သူ့ကိုယ်သူ အပြစ် တင်နေသလိုပင်။

ရှီမာယူယူသည် ရုန်းကန်ထပြီး သူ့ကိုကောက်ချီကာ တစ္ဆေဘုရင်ဘေးသို့ သွားလိုက်သည်။ မိုးကြိုးသွားတစ်စင်းကျလာရာ သူမမြေပေါ်သို့လဲကျသွား သည်။

ခရမ်းလေးပါ သူမဘေးသို့ရောက်လာပြီး လဲကျသွားသည်။

“သမီး ဘယ်လိုနေလဲ” တစ္ဆေဘုရင်သည် ရုန်းကန်ကာ သူမဆီသို့ လာ ကြည့်ချင်နေသည်။ သို့သော် နောက်တစ်ချက်အပစ်ခံလိုက်ရသည်။

သို့သော် သူသည် အားတင်းပြီး သူမဆီသို့လာနေတုန်းပင်။

ရှီမာယူယူသည် ကျောက်စိမ်းပုလင်းကို သူ့ဆီသို့ပြေးပြီး ဝိညာဉ်လေး၏ စကားများကို ရှင်းပြပြီး ပြောလိုက်သည် “အဘိုးရဲ့ခန္ဓာကိုယ်ထဲမှာ ကောင်းကင် တာအု ပြည့်သွားပြီလို့ခံစားရရင် ဒါကိုဖွင့်ကြည့်လိုက်ပါ ဒါက သမီးတို့ရဲ့ မျှော်လင့်ချက်ပဲ”

“သမီး နည်းနည်းလောက် တောင့်ခံထားလိုက်ဦး” တစ္ဆေဘုရင်သည် ချက်ချင်းပင် သူမဘေးတွင် အတားအဆီးငယ်တစ်ခုစီမံလိုက်သည်။

သူသည် ဘေးဒုက္ခတိမ်တိုက်ကိုကြည့်လိုက်ရာ နောက်ထပ်မိုးကြိုးသွား ကြီးတစ်ခုကို ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ဤဘေးဒုက္ခ သည် လွယ်ကူမည်မဟုတ်သည်ကို သူသိသည်။

သူသည် လက်ထဲမှ ကျောက်စိမ်းပုလင်းကို ငုံ့ကြည့်လိုက်သည်။ သူ တိုက်ခိုက်ချင်ရဲ့လား။ သူတစ်ယောက်တည်းဆိုရင် ဘာမှမခံစားရဘူး။ ဒါပေမဲ့ သူ့မြေးမလေးပါ ပါနေတယ်။

သူသည် ရှုံ့မဲ့ပြီးပြုံးလိုက်သည်။ သူတို့မှာ တခြားရွေးစရာရောရှိသေးလို့ လား။

သူသည် အဖုံးဖွင့်ပြီး ကစဥ့်ကလျားမြစ်ရေကို လောင်းထုတ်လိုက်သည်။ မကြာမီတွင် သူတို့နှစ်ယောက်နှင့် ကြောင်တစ်ကောင်၊ခွေးတစ်ကောင်တို့သည် ရေမြုပ်သွားလေသည်။

မြစ်ရေသည် အဆက်မပြတ်ွက်နေကာ အင်ပါယာမြို့တစ်ခုလုံး ဖုံးလွှမ်း လုမတတ်ပင်။ ထိုမြင်ကွင်းကိုမြင်သောအခါ အရိပ်မည်းသည် သက်ပြင်းမချဘဲ နေနိုင်ပေ “သခင်မလေးက ကစဥ့်ကလျားကမ္ဘာက ကစဥ့်ကလျားမြစ်ရေတွေ အကုန်လုံးကို ရွေ့လာတာလား”

အပြင်မှလူများသည် တစ္ဆေဘုရင်၏ လှုပ်ရှားမှုကြောင့် မှင်တက်ကုန်ကြ သည်။ သူ ဘာလုပ်မလို့လဲ။ တစ်မြို့လုံးကို ရေမြုပ်အောင်လုပ်မလို့လား။

ရေများအားလုံး သွန်ထုတ်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ နောက်ဆုံး မိုးကြိုးဘေးဒုက္ခကိုစောင့်နေလိုက်သည်။

ဤနည်းလမ်းသာ အသုံးမဝင်ပါက သည်တစ်ခေါက် မိုးကြိုးဘေးဒုက္ခ သည် သူတို့နှစ်ယောက်ကို သတ်သွားနိုင်သည်။ သူတို့သာ ကံကောင်းပြီး အသက်ရှင်သွားပါက နောက်လာမည့် မိုးကြိုးဘေးဒုက္ခကို ခံစရာလိုတော့မည် မဟုတ်ပေ။

ရှီမာယူယူသည် တစ္ဆေဘုရင်၏ရုပ်သွင်ကိုကြည့်လိုက်သည်။ သည်တစ် ကြိမ်ဆိုလျှင်တောင် သူ ကျရှုံးမည်မဟုတ်ကြောင်း ယုံကြည်ထားသည်။

“ကျစ်…”

မိုးကြိုးဘေးဒုက္ခသည် ထင်ထားသည့်အတိုင်းပင် အရင်ကထက်ပင် ပို အားကောင်းသည်။ မြစ်ရေနှင့်ထိပြီးနောက်တွင် လျင်မြန်စွာပျံ့သွားပြီး မြစ်ရေ ပြင်တစ်ခုလုံးသည် ငွေရောင်လက်သွားသည်။ တခြားနေရာမှ မိုးကြိုးနှင့်တွဲ လိုက်သောအခါ အင်ပါယာမြို့တော်တစ်ုခလုံးသည် မိုးကြိုးသွားလှိုင်းကြီးလို ဖြစ်သွားသည်။

ရှီမာယူယူဘေးမှ အတားအဆီးငယ်သည် သက်ရောက်မှုမရှိတော့ဘဲ မိုးကြိုးဘေးဒုက္ခကြောင့် ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။ ထိုအခိုက် တွင် သူမသည် ဘေးမှ ခွေးနှင့်ကြောင်တို့ကို ဖက်ထားမိသည်။

ရှီမာယူယူသည် ပျောက်ကွယ်တော့မလိုကို ခံစားရသည်။ သူမ၏ မိဘ များသူမှဆီသို့ အရူးတစ်ပိုင်းပြေးလာပြီး ဝူလင်းယူ၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်လိုက်ရသလိုလိုဖြစ်လာသည်။ သူမသည် စကားမတည်မိ သည့်အတွက် သူမ၏မျက်လုံးထဲတွင် အပြစ်တင်သည့်အကြည့်များရှိနေသည်။

သူမသည် ဤကဲ့သို့အန္တရာယ်များသော အရာများထပ်မလုပ်တော့ပါဘူး ဟု သူ့ကို ကတိပေးမိခဲ့သလိုပင်။

တောင်းပန်ပါတယ် ကတိဖျက်မိပြန်ပြီ….

***

All Chapters