← Chapters

လူသားလောကသို့ပြန်ခြင်း

Vol. 154 Ch. 2150

လူသားလောကသို့ပြန်ခြင်း

Vol. 154 Ch. 2150

ရှေ့မှမြင်ကွင်းသည် အားလုံးကို ကြောက်ရွံ့သွားစေသည်။ သူတို့သည် ဤကဲ့သို့အခြေအနေမျိုးကို တစ်နေ့တစ်ချိန်တွေ့ရလိမ့်မည်ဟု ဘယ်သောအခါ မှ မတွေးထားခဲ့ကြပေ။

တချို့လူများသည် ပုံရိပ်ဖမ်းကျောက်တုံးများနှင့် ထိုမြင်ကွင်းကို မှတ်တမ်းများပင်တင်နေကြသည်။ နောက်ပိုင်းတွင် မိုးကြိုးဘေးဒုက္ခကို အဆုံး သတ်ပေးသည့် ရေသည် မည်သည့်ရေအမျိုးအစားဖြစ်သည်ကို လူအများ လေ့လာခဲ့ကြသည်။

မိုးကြိုးဘေးဒုက္ခအတွင်းတွင် ကောင်းကင်တာအိုသည် ကစဥ့်ကလျားမြစ် ရေ၏ ရောင်ဝါကိုခံစားမိပြီး နောက်ဆုံးတွင် တစ္ဆေဘုရင်ကို အသိအမှတ်ပြု လိုက်သည်။ ဝိညာဉ်တိမ်တိုက်သည်လည်း သူမကိုသက်ညှာချင်နေသဖြင့် ဘေး ဒုက္ခတိမ်တိုက်သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။

ဘေးဒုက္ခတိမ်တိုက်များ ပျောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်မှ ခုန်ပေါက် နေသောစွမ်းအားသည် ပျောက်ကွယ်သွားလေသည်။ ဝူလင်းယူသည် ရှီမာယူ ယူဘေးသို့ တိုက်ရိုက်ပင် လျှပ်တပြက်သွားလိုက်သည်။ သို့သော် သူ ရှီမာယူယူ ကိုဖက်ပြီး မကယ်ခင်မှာပင် အင်အားကြီးတစ်ခုကြောင့် လဲကျသွားလေသည်။

သူသည် ရှီမာအားဖက်ထားပြီး ထိုအင်အားကို သူ့ဘာသာ တောင့်ခံသည်။ ရပ်သွားသောအခါ သူလှည့်ကြည့်လိုက်ရာ မြူခိုးအမည်းများ ကောင်းကင်တွင် ပြည့်နေသည်ကို မြင်လိုက်ရသည်။

တစ္ဆေဘုရင်အတွင်းသို့ ထိုမြူခိုးအမည်းများ ဝင်ရန် တစ်စုံတစ်ယောက်မှ ကြိုးစားနေသည်။ သို့သော် ဝင်သွားသည်နှင့် အော်သံများထွက်ပေါ်လာသည်။

“ဝူး…”

ဟိန်းသံသဲ့သဲ့သည် မြူခိုးအမည်းများဆီမှထွက်လာပြီး ထိုအသံကိုကြား လိုက်သူများသည် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ တဖြည်းဖြည်းနှင့် မြူခိုး မည်းများရွေ့လျားလာသည်။ ထိုမြူခိုးမည်းများ လူတစ်ယောက်ကို ထိလိုက် သည်နှင့် ထိုလူ၏အော်သံထွက်လာသည်။

“ဘာလဲ အဲဒါကဘာကြီးလဲ” အားလုံးသည် ကြောက်လန့်တကြားနောက် ဆုတ်ကြသည်။ ထိုအရာကိုမသိလေလေ ကြောက်ရွံ့လေလေဖြစ်သည်။

တခြားသူများသည် ထိုအရာကိုမသိသော်လည်း ဝူလင်းယူသိသည်။ ထို မြူခိုးမည်းသည် အမည်းလေးချိပ်ပွင့်သွားသဖြင့် သူတို့ဆီသို့ ပျံလာခြင်းဖြစ်၏။

ရှီမာယူယူ၏ လက်ရှိအခြေအနေမှာ အတိမ်းအစောင်းမခံပေ။ ထိုအချိန် တွင် ခရမ်းလေးသည်လလည်း မိုးကြိုးဘေးဒုက္ခများကို စုပ်ယူထားရသဖြင့် ထို အရာကို မဖိနှိပ်နိုင်ပေ။

အမည်းလေးသာ သည်အချိန်တွင် တိုက်ခိုက်ပါက ဖြစ်လာမည့် အကျိုး ဆက်သည် မတွေးရဲအောင်ပင်ဖြစ်သည်။

“ဝူး…”

အမည်းလေး၏ မာန်ဟိန်းသံသဲ့သဲ့ထဲတွင် ဒေါသနှင့် အမုန်းတရားများပါ ဝင်နေသည်။ ထိုအခိုက်တွင် ရှီမာယူယူအား သတ်ချင်သည့်ရောင်ဝါကို အားလုံး ခံစားမိလိုက်ကြသည်။

ထိုအရာတိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရှီမာယူယူသည် တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား သတိမေ့နေစဉ်မှာပင် ရေရွတ်လိုက်သည် “အမည်းလေး လိမ္မာတယ်”

အမည်းလေး၏ ခန္ဓာကိုယ်သည် ရုန်းကန်နေရာမှ ရပ်သွားသည်။ နောက် ဆုံးတွင် မြူခိုးအမည်းသည် တဖြည်းဖြည်းစုသွားပြီး အမည်းလေး၏ပုံသဏ္ဍာန် အဖြစ်ပြောင်းသွားလေသည်။

အမည်းလေးသည် သူ၏ဒဏ်ရာရနေသောခန္ဓာကိုယ်ကို ရှီမာယူယူ၏ ဘေးသို့ဆွဲသွားပြီး လက်များထုတ်ကာ သူမကိုထိရန်ကြိုးစားသည်။ သို့သော် သူမ၏ခန္ဓကိုယ်မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေသဖြင့် ဖောက်ထွက်သွားလေ သည်။

“ဝုတ်…”

အားနည်းသောအော်သံထွက်လာပြီးနောက် အမည်းလေး မေ့လဲသွားလေ သည်။

…..

သူမ မည်မျှကြာအောင် သတိမေ့သွားသည်ကို ရှီမာယူယူမသိပေ။ သို့သော် သူမ၏အံ့ဖွယ်အာရုံတဖြည်းဖြည်း ပြန်ရလာချိန်တွင် အင်ပါယာမြို့ တွင် ဖြစ်ပျက်ခဲ့သမျှကို မှတ်မိသွားသည်။

သူမ မသေဘူးလား။ သူမ နောက်ထပ်ဘဝတစ်ခုကိုထပ်ရလိုက်တာလား။

သူမရဲ့ အဘိုးရော ဘယ်လိုနေလဲမသိဘူး။

သူမသည် မျက်လုံးဖွင့်ရန် ကြိုးစားသော်လည်း မျက်ခွံများမှာ လေးလံနေ ကာ လုံးဝဖွင့်မရပေ။

သူမသည် ရောက်နေသည့်နေရာကို သိချင်သဖြင့် အံ့ဖွယ်အာရုံကို လွှတ် လိုက်သည်။ သို့သော် မျက်စိရှေ့မှမြင်ကွင်းကြောင့် မှင်တက်သွားမိသည်။

သူမ ဘာမြင်လိုက်တာလဲ။ အဲဒါက လူသားလောကက သူမရဲ့ခန္ဓာကိုယ် မလား။ ဒီလောက်နှစ်တွေအများကြီးကို ကောင်းကောင်းထိန်းသိမ်းထားခဲ့တာ ပဲ။

ဟင်.. သူမရဲ့ခန္ဓာကိုယ်မှာ ဘာလို့အလင်းခပ်ဖျော့ဖျော့ရှိနေတာလဲ။ အဲဒီ အဖြူရောင်အလင်းကို ရင်းနှီးနေသလိုပဲ။ သူမ ဂရုစိုက်တွေးကြည့်မိသည်။ အဲဒါ က ရှီမာမိသားစုရဲ့ အမွေကိုမရတုန်းက သူမခန္ဓာကိုယ်ကို ဖြတ်ပြေးသွားတဲ့ အဖြူရောင်အလင်းတန်းမလား။

အဖြူရောင်အလင်းတန်းသည် သူမခန္ဓဦကိုယ်သို့ဝင်ပြီးနောက် ပျောက် ကွယ်သွားလေသည်။ ထိုအဖြူရောင်အလင်းတန်းသည် သူမ၏ခန္ဓာကိုယ်ကို တစ်ချိန်လုံး နွေးအောင်လုပ်ပေးထားလိမ့်မည်ဟု သူမမထင်မိပေ။

ထိုအချိန်တွင် လျှို့ဝှက်အခန်းတံခါးပွင်လာပြီး မူစစ်သည် အပြင်မှ အထဲ သို့ဝင်လာသည်။ သူမသည် သူ့ကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ် ကာ သူလည်း အရွယ်ရောက်နေပြီဖြစ်သည်။

ရှီမာယူယူသည် သူ့ကိုအော်ခေါ်လိုက်ချင်သော်လည်း အသံလုံးဝထွက်မရ ပေ။

“ဆရာ ဘယ်တော့နိုးလာမှာလဲ” မူစစ်သည် ရှီမာယူယူကိုကြည့်နေပြီး သူ့ မျက်လုံးများမှာလည်း နီရဲနေသည် “ဆရာ.. ဆရာသာနိုးလာရင် ကျွန်တော် တခြားဘာမှမတွေးတော့ဘူး.. ကျွန်တော်လိမ္မာပါ့မယ်.. အခုဆို ကျွန်တော့် သွေးသားလည်း နှိုးထပြီး အရမ်းအားကောင်းနေပြီ.. ဆရာသင်ပေးခဲ့သမျှကို လည်း ကြေညက်နေပြီ.. ထပြီးတော့ ကျွန်တော့်အိမ်စာတွေကို စစ်ပေးပါဦး ဟုတ်ပြီလား”

ရှီမာယူယူသည် ပါးစပ်ဟပြီး ပြန်ဖြေချင်သော်လည်း အသံထွက်မရပေ။

ထိုအချိန်တွင် လျှို့ဝှက်အခန်းတံခါးပွင့်လာပြန်သည်။ သည်တစ်ကြိမ်တွင် အနက်ရောင်ဝတ်ထားသော လူတစ်ယောက်ဝင်လာသည်။ ရှီမာယူယူသည် အနက်ရောင်ဝတ်ရုံကိုမြင်သောအခါ အနက်ဝတ်လူကိုသတိရမိသည်။

ဒီလူတွေက ဒီမှာဘာလာလုပ်ကြတာလဲ။ သူတို့တွေက အဲအဖြစ်ကြောင့် သူမကို လက်စားချေဖို့လာကြတာလား။

သို့သော် ထိုလူသည် သူမကို စိတ်ဝင်စားပုံမပေါ်ပေ။ သို့သော် မူစစ်ဆီသို့ တိုက်ရိုက်သွားလေသည်။

မူစစ်ပြောသည်မှာမှန်သည်။ ယခုအချိန်တွင် သူသန်မာနေပြီး သူ၏ လှုပ်ရှားမှုများကို ကြည့်ရုံနှင့်တင်သိနိုင်သည်။ တစ်ဖက်လူသည် မယုံကြည် သည့်အလား သူ၏အားအကုန်ထုတ်မသုံးပေ။ ထို့ကြောင့် လျှို့ဝှက်အခန်း အတွင်းမှ သူတို့၏တိုက်ပွဲသည် မဆုတ်သာမတိုးသာအခြေအနေဖြစ်နေသည်။

နောက်ပိုင်းတွင် တစ်ဖက်လူသည် စိတ်မရှည်ဖြစ်ကာ အက်ကွဲနေသော အသံဖြင့် ပြောလေသည် “မင်း သူမကိုတစ်ခုခုဖြစ်‌စေချင်ရင် ဆက်ပြီး ဆန့်ကျင် နေလိုက်”

မူစစ်သည် တိုက်ကွက်တစ်ခုထုတ်လိုက်သော်လည်း တစ်ဖက်လူမှ အနိုင် ရသွားကာ သူ့ကိုလျှို့ဝှက်အခန်းထဲမှ ဆွဲခေါ်သွားလေသည်။

ရှီမာယူယူသည် အော်ပြီး မူစစ်ကို ကယ်လိုက်ချင်သော်လည်း ဘာမှမလုပ် နိုင်ပေ။ ထိုအစား သူမသည် အမှောင်အတွင်းသို့ ကျသွားပြန်သည်။

မည်မျှကြာသွားသည်မသိ သူမ၏အံ့ဖွယ်အာရုံသည် တစ်ဖန်ပြန်ဝင်လာ သည်။ ထိုအချိန်တွင် သူမကြိုးစားကြည့်ရာ နောက်ဆုံးတွင် လှုပ်ရှား၍ရသွား သည်။

သူမသည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ အနည်း ငယ် မသက်မသာဖြစ်နေသဖြင့် အကြိမ်အနည်းငယ် မျက်တောင်ခတ်မိသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် မျက်လုံးပွင့်လာပြီး ခေါင်းပေါ်မှ ကျောက်တုံး ကိုစိုက်ကြည့်နေမိသည်။

ဒါက သူမ ခုနကမြင်ခဲ့တဲ့ လျှို့ဝှက်အခန်းမလား။ သူမက ဘာလို့ဒီကို ရောက်နေတာလဲ။

သူမစိတ်ထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ ထို့နောက် သူမ ကိုယ်သူမ ခံစားမိပြီး ကိုယ့်ကိုယ်ကိုယ်ဆွဲဆိတ်မိသည်။

ခန္ဓာကိုယ်၊ ခန္ဓာကိုယ် တကယ်ပဲ သူမရဲ့ခန္ဓာကိုယ်ပဲ.

သူမသည် ကျောက်ဖျာပေါ်မှထပြီး ပတ်ဝန်းကျင်ကိုကြည့်မိသည်။ တကယ်ပဲ သူမခုနကမြင်ခဲ့တဲ့ လျှို့ဝှက်အခန်းပဲ။ သူမသည် ခုန်ဆင်းလိုက်ရာ သူမ၏ ခြေထောက်သည် မြေကြီးနှင့်ထိသွားရာ အစစ်အမှန်လိုခံစားလိုက်ရ သည်။

တကယ်ပဲ သူမရဲ့ခန္ဓာကိုယ်ပဲ။ သူမရဲ့ခန္ဓာကိုယ်ဆီ ပြန်ရောက်သွားပြီ။ သူမ လူသားလောကကို ပြန်ရောက်သွားပြီ။

မည်သို့ဖြစ်သွားသည်ကို သူမ မသိသော်လည်း ပျော်နေမိသည်။ ဤခံစား ချက်သည် သူမကို စိတ်အေးသွားစေသည်။

“အဘိုးဘယ်လိုနေလဲမသိဘူး သူ ကပ်ဘေးကနေ အသက်ရှင်နိုင်ရဲ့လား မသိဘူး” သူမသည် တစ္ဆေဘုရင်၏ဝိညာဉ်ပုံတူကို ကြိုးစားပြီးအာရုံခံလိုက်ရာ အသိစိတ်ပင်လယ်တွင် သူ့ကိုတွေ့လိုက်ရကာ အဆင်ပြေသည်ကို သိသွားလေ သည်။

သူမသည် ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်ရာ အချိန်ကြာမြင့်စွာ မလှုပ်မရှား နေလာခဲ့သဖြင့် အနည်းငယ်တောင့်တင်းနေသည်။

“ငါ့ခန္ဓာကိုယ်ကို ပြန်ရနေပြီ လင်းယူလည်း ပြန်ရပြီလားမသိဘူး” သူမ သည် သူ့ကိုဆက်သွယ်ရန်ကြိုးစားသော်လည်း မည်သည့်တုံ့ပြန်မှုမှမရှိပေ။

“ထားလိုက်ပါတော့ သူနတ်ဆိုးလောကတို့ တစ္ဆေလောကတို့မှာရှိရင် ဆက်သွယ်လို့ရမှာမဟုတ်ဘူး.. အရင်ဆုံး လူရှာပြီးတော့ ဒီမှာဘာတွေဖြစ်လဲဆို တာ သိအောင်လုပ်ရမယ်”

သူမသည် လျှို့ဝှက်တံခါးဆီသို့သွားရာ လေးလံသောကျောက်တံခါးသည် သူမ၏ လမ်းကိုပိတ်ထားသည်။ မူစစ်နှင့် တခြားတစ်ယောက်တို့ ထွက်သွားချိန် က နံရံအောက်ခြေမှ ခလုတ်ကိုနှိပ်သွားသည်ကို သူမ မှတ်မိလိုက်သည်။ သူမ သည် ခလုတ်ရှာပြီး အားပါပါဖိနှိပ်လိုက်သည်။ နောက်ဆုံးတွင် တံခါးသည် ဖြည်းညင်းစွာပွင့်သွားသည်။

ထိုနေရာသည် ရှီမာဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံသည့်နေရာဖြစ်သည့် ရှီမာမိသားစု၏ အနောက်တွင်ရှိသည့် တောင်ဖြစ်သည်ကို သိလိုက်ရသည်။ ကြည့်ရတာ သူမ တကယ်ပြန်လာပြီပဲ။

သူမသည် တစ္ဆေလောကတွင် ဖြစ်ခဲ့သမျှကို ရှင်းလင်းစွာမှတ်မိသည်။ သူမက ဘယ်လိုလုပ် လူသားလောကကို ပြန်ရောက်လာပြီး သူမရဲ့ခန္ဓာကိုယ်ထဲ ကို ဘယ်လိုပြန်လာတာလဲ။ ရှီမာမိသားစုမှာ သူမ၏ ရှုပ်ထွေးမှုများကို ရှင်းလင်း အောင်လုပ်ပေးနိုင်ရန် မျှော်လင့်မိသည်။

အပြင်တွင်စောင့်နေကြသော်လူများသည် ရှီမာယူယူအထဲမှထွက်လာ သည်ကိုမြင်သောအခါ ခေတ္တမျှမှင်တက်သွားပြီးနောက် ပျော်ရွှင်စွာ အော်လေ သည် “သခင်မလေး နိုးလာပြီ.. မြန်မြန် မျိုးနွယ်ဝင်တွေကို သွားသတင်းပေး လိုက်.. သခင်မလေး နိုးလာပြီ သခင်မလေးနိုးလာပြီ”

***

All Chapters