မင်းဆရာက ဘယ်သူလဲ
Vol. 154 Ch. 2151
ထိုနေ့တွင် ရှီမာမျိုးနွယ်တစ်ခုလုံး ပျော်ရွှင်ကြသည်။ ရှီမာယူယူ နိုးလာ သည့်သတင်းမှာ မိသားစုတစ်ခုလုံးကို မိနစ်ပိုင်းအတွင်းပြန့်သွားလေသည်။
ရှီမာချင်း၊ ရှီမာကျိယွမ်၊ ရှီမာလိုင်၊ ဟွမ်ရင်ရင်၊ ရှီမာဟော်ရွှမ်၊ ရှီမာလျူရွှမ်၊ ယွိခဲ့လော့၊ ရှီမာလျိုယွမ်နှင့် တခြားမျိုးနွယ်ဝင်များ ချက်ချင်းပင်ရောက်လာကြ သည်။
ရှီမာယူယူ သူတို့ရှေ့တွင်ပင် နိုးလာသည်ကိုမြင်သောအခါ အားလုံး၏ မျက်လုံးများနီရဲသွားကြသည်။
ရှီမာယူယူသည်လည်း သူတို့ကိုတွေ့ရသည်မှာ ပျော်မိသည်။ သို့သော် ပို၍ သဘောကျမိသည်။ ရှီမာကျိယွမ်၏လက်ထဲတွင် လက်ဖက်ရည်ပန်းကန်လုံး ကိုင်ထားဆဲဖြစ်ကာ ရှီမာလျိုယွမ်သည် စုတ်တံကိုင်ထားပြီး ဟွမ်ရင်ရင်သည် သတ္တုရိုင်းကိုင်ထားသည်။
သူတို့သည် သူမနိုးလာသည်ဆိုသည့်သတင်းကြားသည်နှင့် အမြန်ပြေး လာကြကာ လက်ထဲမှပစ္စည်းများကို ချခဲ့ရန်အချိန်ပင်မရလိုက်ပေ။
သို့သော် သူမ၏မိဘများ ဤနေရာသို့ရောက်နေသည်ကိုမြင်သောအခါ အနည်းငယ် စိတ်အေးမိသည်။ ဤနေရာသို့ ရောက်လာသည်မှာ တစ္ဆေလောက တွင် မည်သည့်ပြဿမှမရှိတော့သည်ကို ဆိုလိုသည်။
“ဘိုးဘေးကြီး၊ ဘိုးဘိုးကြီး၊ ဘိုးဘိုးလေး၊ ဘိုးဘိုး၊ ဘွားဘွား၊ အဖေ၊ အမေ ဦးလေးလျိုယွမ်နဲ့ ဦးလေးလျိုဖန်” ရှီမာယူယူသည် သူတို့ကို အရိုအသေပြုလိုက် သည် “စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်”
“ကဲပါ နောက်ဆုံးတော့ နိုးလာပြီပဲ” ဟွမ်ရင်ရင်သည် သူမကို ပွေ့ဖက် လေသည် “သနားစရာကောင်းတဲ့ မြေးလေး.. အများကြီးခံစားလိုက်ရတာပဲ”
“ဘွားဘွား သမီးအဆင်ပြေပါတယ် အခုအဆင်ပြေသွားပါပြီ” ရှီမာယူယူ သည် သူမကိုတင်းကြပ်စွာဖက်လိုက်သည်။
“အခု ကြည့်ရတာပိုကောင်းလာပြီ အရင်ကဆို…” ထိုကိစ္စများသည် ရင်ကိုနာကျင်စေသည်။
ရှီမာလိုင်သည် သူမကိုကိုင်လိုက်သည် “ကဲပါ ကဲပါ ယူယူလည်းနိုးလာပြီ ပဲ.. ငိုမနေတော့နဲ့”
“ကျွန်မကဘယ်တုန်းငိုလို့လဲ” ဟွမ်ရင်ရင်သည် ရှီမာလိုင်ကိုကြည့်လိုက် သည်။ သို့သော် ရှီမာယူယူကို လွှတ်မပေးသေးပေ။
“ဟုတ်ပါပြီ ဒီနားမှာကပ်မနေတော့နဲ့ အရင်ဆုံးပြန်လိုက်ကြဦး.. ယူယူ လည်းမေးချင်တာတွေများနေမှာပဲ” ရှီမာချင်း ပြောလိုက်သည်။
ဘိုးဘေးကြီးစကားကို ဘယ်သူက နားမထောင်ဘဲနေရဲလို့လဲ။ ထို့ကြောင့် အများစုသည် မပြန်ချင့်ပြန်ချင်နှင့် ပြန်လိုက်ရသည်။
“ယူအာ..” ယွိခဲ့လော့သည် ရှီမာယူယူ၏ဘေးသို့လာပြီး သူမ၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။
ယခုအချိန်မှပင် သူမ၏သမီးဖြစ်သူနှင့် အနီးကပ်နေရန် အခွင့်အရေးရ တော့သည်။
“အမေ ဘာဖြစ်တာလဲ.. သမီးခန္ဓာကိုယ်ထဲကို ဘယ်လိုပြန်ရောက်လာ တာလဲ.. အဘိုးရော ဘယ်လိုနေလဲ လင်းယူရော” ထိုအခိုက်တွင် ရှီမာယူယူ သည် စိတ်ထဲတွင် မေးခွန်းများလှသည်။
“သူတို့အကုန်လုံးအဆင်ပြေကြပါတယ် လမ်းလျှောက်ရင်းပြောကြတာ ပေါ့” ယွိခဲ့လော့သည် သူမ၏လက်ကိုပုတ်ပြီး အားလုံးနှင့်အဝေးသို့ခေါ်လာလေ သည်။ “အဲနေ့က သမီးနဲ့သမီးအဘိုးရော နှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရာ ရပြီး သေတော့မလိုဖြစ်သွားတာ.. သမီးဆို ပျောက်ကွယ်လုနီးပါးပဲ”
ထိုနေ့ကမြင်ကွင်းကို စဉ်းစားကြည့်လျှင် ယွိခဲ့လော့သည် ကြောက်ရွံ့မှု များကျန်နေတုန်းပင်။ သူမသည် ရှီမာယူယူ၏ လက်ကိုမသိစိတ်မှ တင်းကြပ်စွာ ဆုပ်ကိုင်မိသည်။
ထိုအချိန်ကအခြေအနေကို ရှီမာယူယူလည်း မှတ်မိသည်။ ထိုစဉ်က သူမ သည် အမှန်တကယ်ပင် သေတော့မလိုခံစားမိသည်။ ထို့ကြောင့် သူမ၏ ခန္ဓာ ကိုယ်တွင် ပြန်နိုးထာလာသည်ကို အလွန်အံ့ဩနေခြင်းဖြစ်သည်။
ယွိခဲ့လော့သည် ခံစားချက်များကို ပြန်ထိန်းချုပ်ကာ ဆက်ပြောလေသည် “သမီးအဘိုးရဲ့ အခြေအနေပြန်ကောင်းလာပြီ.. သူ အကြာကြီးနလန်ထူပြီး တော့ ပြန်သက်သာလာတယ်.. သမီးကတော့မတူဘူး အဲတုန်းက ဟေးဒီးစ်သာ မရှိရင် ကြောက်တာက…”
သူတို့နှစ်ယောက် သေတော့မည်ကို မြင်သ်ည့်အချိန်တွင် သူတို့ မည်ကဲ့သို့ ခံစားရမည်ကို ရှီမာယူယူတွေးနိုင်သည်။ သူမသည် ယွိခဲ့လော့၏ လက်ကိုပုတ် ပြီးပြောလိုက်သည် “အမေ သမီးဒီကိုရောက်နေပြီလေ”
“တောင်းပန်ပါတယ် အမေကြောက်သွားလို့ပါ” ယွိခဲ့လော့ ပြောလိုက် သည်။
“ဟေးဒီးစ်က သမီးကိုဘယ်လိုကယ်လိုက်တာလဲ” ရှီမာယူယူသည် သူမ ကို အာရုံလွှဲလိုက်သည်။
“အဲတုန်းက သမီးရဲ့ဝိညာဉ်က ပျောက်ကွယ်လုနီးပါးပဲ.. သူက သမီးခန္ဓာ ကိုယ်ကို ထိန်းချုပ်ဖို့ မရဏာစွမ်းအားသုံးခဲ့တာ...”
ထိုနေ့က တစ္ဆေလောက၏ အင်ပါယာမြို့တွင်ဖြစ်သည်။
လူများသည် မိုးကြိုးဘေးဒုက္ခမှ တဖြည်းဖြည်းနိုးထလာပြီး အပျက်အစီး များကိုကြည့်ပြီး သက်ပြင်းပင်မချနိုင်ကြတော့ပေ။ တစ္ဆေဘုရင်၏အခြေအနေ မဆိုးလှသည်ကိုသိပြီးနောက် ယွိခဲ့လော့သည် ရှီမာယူယူကိုသာ အာရုံစိုက်ခဲ့ သည်။
ဝူလင်းယူသည် ရှီမာယူယူအား ဝိညာဉ်စွမ်းအားထည့်ပေးပြီး သူမ၏ အခြေအနေတည်ငြိမ်အောင် ကူညီပေးနေသည်။ သို့သော် သူမ၏ခန္ဓာကိုယ် သည် ပိုပိုအရောင်ဖျော့သွားပြီး ပျောက်ကွယ်တော့မည့် လက္ခဏာဖြစ်နေသည်။
“မဖြစ်ဘူး မဖြစ်ဘူး” ဝူလင်းယူသည် သူမကို ကြောက်လန့်တကြားဖက် လိုက်သော်လည်း သူမကို ဖက်မရတော့သည်ကို တွေ့လိုက်ရသည် “မင်း ကောင်းကောင်းအသက်ရှင်မယ်လို့ ကတိပေးထားတယ်လေ မင်းသေလို့မရဘူး ယူယူ ကျေးဇူးပြုပြီး ကိုယ့်ကိုချန်မထားခဲ့ပါနဲ့”
ဝူလင်းယူ၏ မျက်လုံးထဲမှ မျက်ရည်များကို မြင်သောအခါ ယွိခဲ့လော့ သည် မှင်တက်မိသည်။
သူတကယ်ငိုနေတာပဲ။
ရှီမာယူယူ၏ ခန္ဓာကိုယ်ပိုပိုပြီး အားနည်းလာသည်ကိုမြင်သောအခါ သူမ သည် ချန်ရှန်းကိုလှဉ့်ပြောလေသည် “အမေ ယူအာကို ကယ်ပါဦး”
“လုပ်ကြည့်မယ်” ချန်ရှန်းသွားလိုက်ပြီး သူမ၏လက်ထဲတွင် ရောင်ခြည် တန်းခပ်ဖျော့ဖျော့ထုတ်လွှတ်လိုက်သည်။ သူမ၏ရောင်ခြည်တန်းသည် ရှီမာ ယူယူ၏လက်ကို နူးနူးညံ့ညံ့ပင် ရစ်ပတ်လိုက်သည်။
သူမသည် သူမ၏ခန္ဓာကိုယ်မှဝိညာဉ်စွမ်းအားကို ရှီမာယူယူ၏ခန္ဓာကိုယ် အတွင်းသို့ ပြောင်းရန်ကြိုးစားပြီး ဝိညာဉ်ပျောက်ကွယ်တော့မည်ကို ထိန်းချုပ် နေသည်။
အစပိုင်းတွင် သက်ရောက်မှုရှိသေးသည်။ ရှီမာယူယူ၏ ပျောက်ကွယ်နှုန်း သည် အရှိန်လျော့သွားသော်လည်း မရပ်ပေ။
သူမသည် ပျောက်ကွယ်နေတုန်းပင်။ သူမ၏ အသက်ရှုသံမှာလည်း နှေး သွားသည်။
“ဟေး ငါ ကောင်းကင်ကိုအံတုပြီး ကံကြမ္မာကို ပြောင်းရမလား မဟုတ် ရင် ကံကြမ္မာအတိုင်းပဲလိုက်ရမလား” ပုလ္လင်ပေါ်တွင်ထိုင်ပြီး ဟေးဒီးစ်သည် ရှုပ်ထွေးစွာကြည့်လေသည်။
“အရှင်က ဘယ်တုန်းက ဒါမျိုးတွေဂရုစိုက်ဖူးလို့လဲ သခင်မလေးကို မြန်မြန်ကယ်ပါဦး သူမ သေတော့မယ်” အရိပ်မည်းအော်လေသည်။
“ဘာလောနေတာလဲ.. ငါစဉ်းစားနေတုန်းပဲရှိသေးတယ်” ဟေးဒီးစ်သည် လုံးဝစိတ်မပူပေ။
သည်တစ်ကြိမ်တွင် စွမ်သည် သူ့ဘက်တွင်မရှိတော့ဘဲ လောလေသည် “အရှင် နောက်ထပ် တစ်မိနစ်လောက်တွေဝေနေရင်ကို သခင်မလေး နောက် တစ်မိနစ်ခံစားရမှာ မြန်မြန်လုပ်တာကောင်းမယ်”
“တော်လောက်ပြီ သူမက မင်းတို့ရဲ့သခင်လား ငါကသခင်လား”
“အရှင် သူမကို သခင်လိုမျိုးဆက်ဆံပါလို့ ပြောခဲ့တာလေ” ဟွမ်နှင့် အရိပ် မည်းတို့သည် တညီတညွှတ်တည်းပြောကြလေသည်။
ဟေးဒီးစ်သည် ထိုလူနှစ်ယောက်၏ သက်ပြင်းချမှုကြောင့် စိတ်ကိုလျော့ ထားရသည်။ ပြီးနောက် အရိပ်မည်းကို ခြေတစ်ဖက်ဖြင့် ကန်လိုက်သေးသည်။ အရိပ်မည်းသည် ရှောင်လိုက်သောကြောင့် သူနှာမှုတ်လိုက်သည်။ သူ၏ပုံရိပ် သည် လျှပ်တပြက်ဖြင့် ပုလ္လင်ပေါ်မှပျောက်သွားပြီး ရှီမာယူယူဘေးတွင်ပေါ် လာသည်။
သူသည် ညာလက်ဆန့်ထုတ်ပြီး လက်ဖြန့်လိုက်ရာ လက်ချောင်းထဲမှ အမည်းရောင်စွမ်းအားများ ထွက်လာပြီး ရှီမာယူယူအား ရစ်ပတ်လိုက်သည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရှီမာယူယူ၏ ခန္ဓာကိုယ်သည် ပျောက် ကွယ်နေရာမှရပ်သွားပြီး မျက်စိနှင့်မြင်နိုင်လောက်သည့် ထုထည်အနေအထား သို့ရောက်လာသည်။
ထိုအခြင်းအရာကိုမြင်သောအခါ လူအများပျော်သွားကြသည်။ ရှီမာယူယူ ကိုကယ်နိုင်တော့မယ်။
တခြားသူများသည် ထိုအရာကိုမသိကြသော်လည်း ချန်ရှန်းတစ်ယောက် သာသိသည်။
“အမေ အဲဒါက ဘာစွမ်းအားလဲ အဲလောက်တောင် စွမ်းအားကြီးတာလား” ယွိခဲ့လော့ မေးလိုက်သည်။
“အဲဒါက သေဆုံးခြင်းစွမ်းအားပဲ လူမပျောက်ကွယ်သေးသရွေ့ ဒဏ်ရာ ဘယ်လောက်ပဲ ပြင်းထန်ပါစေ အသက်ကယ်နိုင်တယ်” ချန်ရှန်း ပြန်ဖြေလေ သည် “ဒါပေမဲ့ ဒါကဒဏ္ဍာရီထဲပဲရှိတာ.. ဒီနေ့ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရလိမ့် မယ်လို့ ထင်မထားဘူး”
“ယူယူကို ကယ်နိုင်တော့မှာပဲ” ယွိခဲ့လော့သည် တခြားအကြောင်းအရာ များကို ဂရုမစိုက်နိုင်ပေ။ ယူယူ့ကိုကယ်နိုင်ရင် ရပြီ။
“သူနဲ့ဆိုရင် ယူယူအဆင်ပြေမှာပါ” ချန်ရှန်း ပြောလိုက်သည်။
ရှီမာယူယူ၏ ဝိညာဉ်စွမ်းအားသည် သေဆုံးခြင်းစွမ်းအားကို ဖြည်းဖြည်း ချင်း လွှမ်းခြုံသွားသည်။ ဟေးဒီးစ်သည် သူမကိုပြန်သိမ်းလိုက်သည်။
“သူမရဲ့ ဝိညာဉ်က အပြင်းအထန်ဒဏ်ရာရထားတာ နလန်ထူဖို့ လိုသေး တယ်” ဟေးဒီးစ်သည် အားလုံးကို ပြောလိုက်သည် “သူမရဲ့ ဝိညာဉ်ကို ထိန်းသိမ်းဖို့ဆို ကိုယ်ပိုင်ခန္ဓာကိုယ်က အကောင်းဆုံးပဲ.. သူမရဲ့ဝိညာဉ်နဲ့ ခန္ဓာ ကိုယ်က ဒီလောက်အကြာကြီးကွဲကွာနေတာ ပေါင်းစပ်သင့်နေပြီ”
“သူမကို လူသားလောကကို ပြန်ခေါ်သွားချင်လို့လား” ရှီမာလျူရွှမ် မေး လိုက်သည်။
“ဟုတ်တယ်”
“ဝိညာဉ်နဲ့ ခန္ဓာကိုယ်ပေါင်းသွားပြီဆို ဝိညာဉ်အတွက်လိုတာတွေက လည်း မြင့်တယ်.. သူမက ဘယ်လိုလုပ် အခုလိုဖြစ်နိုင်ဦးမှာလဲ” ယွိခဲ့လော့ ငိုကြွေးလေသည်။
သူမသည် ယူယူ၏မိခင်ဖြစ်နေခြင်းကြောင့်လားမသိပေ ဟေးဒီးစ်သည် သူမကို သည်းခံပြီးရှင်းပြလေသည် “သူမရဲ့ခန္ဓာကိုယ်ထဲမှာက ပေါင်းစပ်ပြီး သွားရင် သူ့စိတ်ဝိညာဉ်ကို အာဟာရာဖြည့်ပေးနိုင်တဲ့ဟာတစ်ခုရှိတယ်”
ယွိခဲ့လော့သည် ထိုစကားကိုကြားသောအခါ ထိုအရာသည် ရှီမာမျိုးနွယ် ၏အမွေဖြစ်သည့် အဖြူရောင်အလင်းတန်းဖြစ်သည်ကို နားလည်လိုက်သည်။
***