အဒေါ်
Vol. 154 Ch. 2152
ထိုအဖြူရောင်အလင်းတန်းက ဘာလဲဆိုတာကို သူမမသိပေ။ သို့သော် ထိုအရာကို အမွေဆက်ခံချိန်က တိမ်တိုက်ဝိညာဉ်သည် သူမကို ပြင်းပြင်းထန် ထိန်မိုးကြိုးပစ်ချရင်း ထိုအရာသည် အနာဂတ်တွင် အပြောင်းအလဲများစွာကို ဖြစ်စေလိမ့်မည်ဟု ပြောပြခဲ့သည်။
အဲဒါက သူမ ဝိညာဉ်နဲ့ခန္ဓာကိုယ် ပြန်ပေါင်းနိုင်ဖို့ကိုပြောတာလား။
“ယူအာ ဘာတွေစဉ်းစားနေတာလဲ” ယွိခဲ့လော့သည် သူမ စိတ်လွင့်နေ သည်ကို သတိထားမိသည်နှင့် မေးလေသည်။
“ဘာမှဟုတ်ပါဘူး နောက်ဘာဖြစ်ခဲ့လဲ” ရှီမာယူယူ ပြုံးလိုက်သည်။
“သမိးရဲ့ခန္ဓာကိုယ်ကို ပြန်လိုက်တာက အကောင်းဆုံးဖြစ်မယ်လို့ ဟေးဒီးစ် ပြောတော့ အမေတို့လည်း ကန့်ကွက်စရာမရှိဘူးလေ.. အဲဒါကြောင့် အမေတို့ကိုပါ ခေါ်သွားဖို့ ပြောခဲ့ကြတယ်” ယွိခဲ့လော့သည် သူမကို ဆက်ပြော ပြလေသည်။
“ဟေးဒီးစ်က သဘောမတူဘူးမလား”
“အမှန်ပဲ.. အမေတို့က သမီးရဲ့မိဘတွေဖြစ်နေတာတောင် အမေတို့ကို အတူမခေါ်ဘူး” ယွိခဲ့လော့သည် ဟေးဒီးစ်ကို ထိုအချက်တွင် ပြောစရာမရှိ တော့ပေ “ဒါပေမဲ့ ဝူလင်းယူကိုတော့ ခေါ်သွားတယ်”
“သူက တကယ်ပဲ လင်းယူကိုပါ ခေါ်သွားတာလား” ရှီမာယူယူ အနည်း ငယ် အံ့အားသင့်သွားသည်။ သူမ ဟေးဒီးစ်ကို နားလည်သလိုဆိုလျှင် သူသည် မည်သူ့ကိုမှ ခေါ်သွားမည်မဟုတ်ပေ။
“လင်းယူက သဘောထားခိုင်မာပြီး ခေါင်းမာတယ်လေ၊ အဲလိုနဲ့ ဟေးဒီးစ် က သဘောတူလိုက်တယ်” ယွိခဲ့လော့ ပြောလိုက်သည် “အမေတို့လည်း ဒီကို ရောက်ပြီးမှပြန်ကြားရတာ.. ဟေးဒီးစ်က သမီးကို ဒီကိုခေါ်လာတော့ မျိုးနွယ် တစ်ခုလုံးတောင် လန့်သွားကြတယ်တဲ့.. အစတုန်းကတော့ အင်အားကြီးတဲ့ ရန်သူလာတယ်ထင်တာ.. နောက်မှ ဝူလင်းယူကိုမြင်တော့မှ မတိုက်ခိုက်ကြ တော့တာ”
ဟေးဒီးစ်ကဲ့သို့ အင်အားကြီးသူ ဝင်လာခြင်းမှာ ရန်စခြင်းင်ဖြစ်သည်။ ဝူလင်းယူကိုပါ ခေါ်လာမိသည်မှာ ကံကောင်းသည်ဟု ရှီမာယူယူတွေးမိသည်။
“ခေါင်းဆောင်တို့လည်း လင်းယူ ပြောတာတွေကိုနားထောင်ပြီးတော့ သူတို့ကို လျှို့ဝှက်ခန်းကို ချက်ချင်းပဲခေါ်သွားခဲ့ကြတယ်.. ဟေးဒီးစ်က သမီးရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲပြန်ပို့ပေးခဲ့တယ်.. ပြီးတာနဲ့ ဆေးတချို့ကျွေးလိုက်တာ နဲ့ သမီးခန္ဓာကိုယ်ထ်ဲက အဖြူရောင်အလင်းက သမီးတစ်ကိုယ်လုံးကို လွှမ်းမိုး လိုက်တာပဲ.. သမီးတည်ငြိမ်သွားတာနဲ့ လင်းယူလည်း နတ်ဆိုးလောကကို ပြန် သွားတယ်.. အဲဒီကအခြေအနေက မစောင့်နိုင်တော့ဘူးလို့ သူ ပြောသွားတယ်”
နတ်ဆိုးလောကမှ အခြေအနေသည် အမြဲတမ်းဆိုးနေသည်ကို ရှီမာယူယူ နားလည်သည်။ သူမ သူ့ကို ပြန်ခိုင်းစဉ်က သူမ၏မိခင်ကို ကယ်ရန်ကိုသာ အား သန်နေခဲ့သည်။
“ဒါဆိုရင် အမေတို့လာတော့ အဘိုးရော ဘယ်လိုနေလဲ”
“အဲအချိန်ကျ သူလည်း ပြန်ကောင်းနေပါပြီ” ယွိခဲ့လော့ ပြောလိုက်သည် “သမီး အဆင်ပြေတယ်ဆိုတာကိုသိတော့ အမေတို့လည်း ဒီကိုအမြန်လိုက် မလာတော့ဘူး၊ ပထမအချက်က သမီးရဲ့အဘိုးက ဘေးဒုက္ခကိုကြုံတွေ့ပြီး တော့ အနားယူဖို့လိုနေတယ်.. အဲဒါကြောင့် ဒီကိုလာလိုက်ရင်လည်း စိတ်မအေးနိုင်ဘူးလေ.. ဒုတိယအချက်က အဲဒီတိုင်းပြည်လည်း တစ္ဆေကြင်ယာ တော်ကြောင့် ကျပ်တည်းနေခဲ့တာဆိုတော့ အဲဒါတွေကို ဖြေရှင်းခဲ့တယ်… တစ္ဆေလောက ငြိမ်သက်ပြီဆိုမှပဲ အမေတို့ ဒီကိုလာလိုက်ကြတာ”
“တစ္ဆေကြင်ယာတော်ကရော” ရှီမာယူယူ မေးလိုက်သည်။
သူမ ပြန်လာသည့်နည်းလမ်းနှင့် အချိန်သည် ထင်ထားသည်နှင့်မတူ သော်လည်း ပြောရလျှင် တစ္ဆေလောကသို့သွားသည့်ခရီးစဉ်မှာ အောင်မြင် သည်ဟု ဆို၍ရသည်။ တစ္ဆေကြင်ယာတော်ကို မရှင်းခဲ့ရသည်မှာ တစ်ခုတည်း သော နောင်တဖြစ်သည်။
သို့သော် တစ္ဆေကြင်ယာတော်ကို သူမ၏အဘိုးဖြစ်သူကို ဖြေရှင်းခိုင်း သည်က အကောင်းဆုံးဖြစ်မည်ဟု မိုယွိတို့ပြောခဲ့ကြသည်။ စဉ်းစားကြည့်လျှင် လည်းမှန်သည်။
“သမီးအဖေ အဆင့်တက်တာကိုမြင်တာနဲ့ တစ္ဆေကြင်ယာတော်က ထွက် ပြေးခဲ့တယ်.. ဒါပေမဲ့ မြန်မြန်ပဲဖမ်းမိလိုက်ပါတယ်.. သူမလက်အောက်မှာ အလုပ်လုပ်နေတဲ့ လူအများစုက သမီးအဘိုးကိုတော့ သစ္စာရှိကြတယ်.. ဒါပေမဲ့ သမီးအဘိုးက အကြာကြီးတရားကျင့်ကြံနေတော့ သူမသွေးထိုးတာခံရပြီး အထင်လွဲတာတွေရှိခဲ့တယ်.. အဲဒါကြောင့် တစ္ဆေကြင်ယာတော်က ပုန်းစရာ နေရာမရှိခဲ့ဘူး”
“အဘိုးက သူမကိုသတ်လိုက်လား”
“သူမက အသတ်ခံရသင့်ပါတယ်.. အဲအချိန်တုန်းက သူတို့နှစ်ယောက်ပဲ အထဲမှာရှိနေခဲ့ကြတာ.. သူတို့ဘာတွေပြောခဲ့ကြလဲဆိုတာ ဘယ်သူမှမသိကြ ဘူး.. ဒါပေမဲ့ သမီးရဲ့အဘိုးကတစ်ယောက်တည်း ထွက်လာတယ်.. ပြီးတော့ တစ္ဆေကြင်ယာတော်ရဲ့ အသက်ကျောက်စိမ်းပြားလည်း ကျိုးသွားတော့တာပဲ”
“သူမ သေသွားတယ်ဆိုတော့ ကောင်းတာပေါ့” သူမ မျက်လုံးနှင့် ကိုယ် တိုင်မမြင်လိုက်ရသည်မှာတော့ နှမြောဖွယ်ကောင်းသည်။
“အင်ပါယာမြို့တော်လည်း ဘေးဒုက္ခကြောင့် တော်တော်လေးပျက်စီး သွားခဲ့တယ်.. ဒါပေမဲ့ အခုတော့ အရင်အတိုင်းပြန်ဖြစ်နေပါပြီ”
ထိုအခါမှပင် ရှီမာယူယူသည် အရေးကြီးသည့် မေးခွန်းကို အမှတ်ရသွား သည် “အမေ သမီး ဘယ်လောက်ကြာအောင် သတိမေ့နေတာလဲ”
“နောက် ၂ လနေရင် သမီး အသက် ၂၀၀ ပြည့်ပြီ.. ဘယ်လောက်ကြာ အောင်အိပ်ခဲ့တာလဲ.. အမေကဖြင့် သမီးကို နေ့တိုင်းစောင့်နေတာ.. သမီး ဆက် များအိပ်နေမလားလို့ တကယ်စိတ်ပူနေခဲ့တာ” ယွိခဲ့လော့သည် သူမ မည်မျှ စောင့်ခဲ့ရသည်ကို တွေးပင်မတွေးချင်ပေ။
ရှီမာယူယူသည် ဆွံ့အသွားသည်။ နောက်နှစ်လနေရင် သူမရဲ့အသက် ၂၀၀ ပြည့်မွေးနေ့လား။ ဒါဆိုရင် ဆယ်စုနှစ်အများကြီးတောင် အိပ်ခဲ့တာပဲ။
“မိသားစုအတွက်ကတော့ သမီးက နှစ် ၁၀၀ ကျော်အိပ်ခဲ့တာပေါ့” ရှီမာ လျိုဖန်းသည် သူမစကားများကို ကြားသောအခါ ထပ်ပေါင်းပြောလေသည်။
ရှီမာယူယူစဉ်းစားကြည့်ရာ မှန်သည်။ သူမသည် တစ္ဆေလောကတွင် ဆယ်စုနှစ်များစွာရှိခဲ့သည်။ ထိုနှစ်များကို ထည့်တွက်လျှင် နှစ် ၁၀၀ ကျော် သည်။
နှစ် ၁၀၀ ကျော်မှာ တိုတောင်းသည့်ကာလမဟုတ်ပေ။ မထင်မှတ်စွာပင် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မိသားစုသည် လက်မလျော့ခဲ့ပေ။
“တော်တော်ကြာခဲ့ပြီပဲ” သူမ သက်ပြင်းချမိသည်။
“တကယ်ကို ကြာတယ်.. ငါတို့မိသားစုလည်း ပထမတန်းစား အင်အားစု ဖြစ်နေပြီ” ရှီမာလျိုဖန် ပြောလိုက်သည် “အခုချိန် ရှီမာမိသားစုဆိုရင် ဘယ်သူမှ လာမရှုပ်ရဲကြဘူး”
“အဲလောက်မြန်တာလား”
“သမီး မိသားစုအတွက် လုပ်ပေးခဲ့တာတွေနဲ့ဆို အရမ်းမမြန်ပါဘူး” ရှီမာ လျိုယွမ် ပြောလိုက်သည်။
သူမနှင့် ယွိခဲ့လော့သည် ဖန်တရာတေနေသည့်စကားများကို ပြောနေစဉ် တွင် တခြားသူများသည် သူတို့၏စကားဝိုင်းသို့ဝင်လာသည်။
“ဟုတ်တယ်.. သမီးက ဒီလောက်အများကြီးထားပေးခဲ့တာ.. အဲဒါကို ငါတို့သာ တိုးတက်အောင်မလုပ်နိုင်ရင် ငါတို့အသုံးမကျတာပဲမလား” ရှီမာလျို ဖန်ပြောလိုက်သည်။
ရှီမာယူယူလည်း စဉ်းစားမိသည်။ သူမသည် ရှေးဟောင်းသတ္တုရိုင်းများ၊ ရှေးဟောင်းဝိညာဉ်သားရဲများ၊ ပြီးပြည့်စုံသည့် ဝိညာည်ပေါင်းစပ်သိုင်း၊ သားရဲ ကာကွယ်ရေးသိုင်းနှင့် မရေမတွက်နိုင်သော ဆေးနည်းများ အစရှိသဖြင့် ရတနာပေါင်းများစွာကို ပေးထားခဲ့သည်။ ရှီမာမျိုးနွယ်မှလူများသည် တုံးအ သောလူများမဟုတ်ကြပေ။ ဤကဲ့သို့အခြေအနေအောက်တွင် မတိုးတက်လျှင် လည်း အဓိပ္ပာယ်မရှိတော့ပေ။
သို့သော် ထိုအရှိန်နှုန်းသည် အနည်းငယ်မြန်သည်ဟု ခံစားရတုန်းပင်။
“ဒီလောက်ပစ္စည်းအများကြီး ပေးခဲ့တဲ့အပြင် မင်းက ငါတို့ကို တိုးတက်ဖို့ အတွက် အခြေအနေတစ်ခုလည်းထားခဲ့တယ်” ရှီမာဟော်ရွှမ် ပြောလေသည် “အရမ်းအရေးကြီးတဲ့ အခြေအနေ”
ရှီမာယူယူ နားမလည်နိုင်ဖြစ်သွားသည်။ အဲဒီပစ္စည်းတွေအပြင် ဘာထား ခဲ့သေးလဲ သူမ မမှတ်မိတော့ပေ။
“ကွန်ရက်လေ” ရှီမာဟော်ရွှမ် ပြောလိုက်သည်။ “သမီးက ပညာရှိစံအိမ် တော်က မဟာမိတ်ခေါင်းဆောင်တွေကို ကယ်ခဲ့တာ.. ပြီးတော့ အနက်ဝတ်လူ တွေရဲ့ ဗျူဟာကိုသိခဲ့တော့ အကုန်လုံးက သမီးရဲ့မျက်နှာကိုမြင်ချင်ကြတော့ ငါတို့အတွက် ပိုအဆင်ပြေခဲ့တယ်.. သမီးရဲ့ဂုဏ်သတင်းကို လေးစားတဲ့ ကျင့်ကြံသူတွေလည်း အများကြီးရှိပြီး မျိုးနွယ်ထဲကိုဝင်ချင်ခဲ့ကြတယ်.. အခု မျိုးနွယ်က အပြင်ကျွမ်းကျင်သူနဲ့ အရည်အချင်းရှိသူတွေကိုပါ လက်ခံနေပြီ”
“ဒါကမိသားစုကို ပြဿနာဖြစ်စေမှာလား” ရှီမာယူယူသည် စိုးရိမ်တကြီး မေးလိုက်သည်။ ထို့အပြင် မိသားစုဝင်မဟုတ်လျှင် တခြားအကြံများရှိနေနိုင် သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး အကြာကြီးစဉ်းစားခဲ့ကြတယ်.. အဲဒါကြောင့် ရှီမာ မျိုးနွယ်ကိုဝင်ချင်ကြတဲ့လူတိုင်း သစ္စာဆိုရတယ်.. သစ္စာမဆိုချင်တဲ့လူကို မျိုးနွယ်က လက်မခံဘူး”
“အာ.. ချင်းချင်း” ရှီမာယူယူသည် အော်ပြောမိလေသည် “သေစမ်း သမီး ကတိမတည်ဘူးလို့ သူမ ထင်မသွားလောက်ပါဘူးနော်”
သစ္စာဆိုသည့်အကြောင်းကို ပြောချိန်မှပင် သူမသည် လူသားလောကကို အတူခေါ်လာမည်ဟု ပြောခဲ့သည့် ချင်းချင်းကို တွေးမိသွားသည်။
“စိတ်မပူပါနဲ့ ချင်းချင်းတို့လည်း အမေတို့နဲ့အတူ လူသားလောကကို လိုက်လာကြတယ်” ယွိခဲ့လော့ ပြောလိုက်သည် “အခု သမီးရဲ့စီနီယာအစ်မတွေ နဲ့အတူ ထိပ်တန်းတောင်ကြားမှာရှိတယ်”
“သူတို့တွေ အကုန်အတူရှိနေတာလား”
“အမေတို့ပြန်လာတော့ သမီးရဲ့မောင်လေးနဲ့ညီမလေးက လာတွေ့ကြ တယ်.. သူတို့နှစ်ယောက်လုံးက စားရတာကြိုက်ကြတော့ အတူလာကြတာပဲ” ယွိခဲ့လော့ ပြောလိုက်သည် “ဒါနဲ့ သမီးရဲ့ မောင်လေးနဲ့ညီမလေးတောင် ကလေးတွေရနေပြီ”
“ကလေးတွေရနေပြီဟုတ်လား” ရှီမာယူယူ အပျော်လွန်သွားသည် “ဒါဆို သမီးက အဒေါ်အဖြစ်ရာထူးတိုးသွားပြီပေါ့.. နောက်မှ သူတို့ကိုသွားတွေ့ရမယ်”
သူတို့သည် အပြင်တွင်လမ်းလျှောက်ရင်း စကားပြောကြရာ ရှီမာမျိုးနွယ် မှလူများသည် သူတို့ကိုတွေ့သည်နှင့် စုဝေးလာကြသည်။ ရှီမာယူယူ လှည့်ပတ် ကြည့်လိုက်ပြီး သူမ တွေ့ချင်သည့်လူကိုမတွေ့မိသဖြင့် စိတ်မချမ်းမသာဖြစ် သွားကာ မေးလိုက်သည် “မူစစ် ဘယ်မှာလဲ”
***