← Chapters

ပျောက်သွားခြင်း

Vol. 154 Ch. 2153

ပျောက်သွားခြင်း

Vol. 154 Ch. 2153

သက်ဝင်လှုပ်ရှားနေသည့်မျိုးနွယ်သည် ငြိမ်ကျသွားကာ ရှီမာယူယူအား အပြစ်ရှိသလိုကြည့်ကြလေသည်။

သူမသည် သူတို့၏တုံ့ပြန်မှုကိုမြင်သောအခါ မူစစ်တစ်စုံတစ်ရာဖြစ်နေပြီ ကိုသိလိုက်ပြီဖြစ်သည်။

“ယူယူ သမီးရဲ့တပည့်ကို ငါတို့ဂရုမစိုက်နိုင်ခဲ့ဘူး” ရှီမာကျိယွမ် ပြောလေ သည် “မူစစ်က လွန်ခဲ့တဲ့ ၁၀ နှစ်ကပျောက်သွားခဲ့တယ်”

ယူယူသည် ဒဏ်ရာများကြောင့် သတိမေ့နေစဉ်တွင် တပည့်တစ်ယောက် ကိုချန်ထားခဲ့သော်လည်း သူ့ကိုမကာကွယ်နိုင်ခဲ့ပေ။ သူတို့တွင် မျက်နှာပြစရာ ပင်မရှိတော့ပေ။

၁၀ နှစ်.. သူမ နောက်ဆုံးမြင်ခဲ့တဲ့ မြင်ကွင်းများလား။

“သူ ဘယ်လိုပျောက်သွားတာလဲ” သူမ မေးလိုက်သည်။ သူမ မြင်ခဲ့သည် မှာမမှန်ပါစေနဲ့ဟု မျှော်လင့်မိသည်။

“သူက သမီးဆီကိုလာလည်ပြီးတော့ ပျောက်သွားတာပဲ” ရှီမာဟော်ရွှမ် ပြောလိုက်သည် “အဲတုန်းက ဝိညာဉ်အတားအဆီးကိုယုံပြီးတော့ အစောင့် မထားခဲ့ကြဘူး.. အဲဒါကြောင့် သူ ဘယ်လိုပျောက်သွားလဲဆိုတာ ဘယ်သူမှ မမြင်လိုက်ရဘူး”

မူစစ်ပျောက်ကွယ်သွားခြင်းကြောင့် လျှို့ဝှက်အခန်းအပြင်တွင် အစောင့် များထပ်တိုးခဲ့သည်။

“ငါတို့လည်း အကြာကြီးရှာခဲ့ပြီးပြီ ဒါပေမဲ့ သူပျောက်သွားတာနဲ့ ပတ်သက်ပြီး ဘာသတင်းမှရှာမတွေ့ခဲ့ဘူး.. ဒီနှစ်တွေမှာ သူရှိနိုင်မယ့်နေရာ တွေကို ခြေရာကောက်ပြီးပြီ ဒါပေမဲ့ ဘာသတင်းမှမရှိဘူး.. ဒီတိုင်းပြည်က‌နေ ပျောက်သွားတဲ့ပုံပဲ”

ရှီမာယူယူသည် နှစ် ၁၀၀ ကျော်အောင် သတိမေ့နေခဲ့သော်လည်း သူမ ချန်ထားခဲ့သည့် လွှမ်းမိုးမှုသည် ပျောက်ကွယ်မသွားသေးပေ။ သူမ၏ တပည့် ပျောက်သွားသည်ဟု အားလုံးသိသည်နှင့် ချက်ချင်းပင် ရှာခဲ့ကြသည်။

သို့သော် ထိုကဲ့သို့အခြေအနေမျိုးမှာပင် မူစစ်၏သတင်းမရခဲ့ပေ။ ထူးဆန်းလွန်းသည်။

သူ၏ဖခင်သည် သူမ၏ဖခင်ကိုကယ်ရန်အတွက် သေဆုံးသွားခဲ့ရာ မူစစ် သည် ရှီမာယူယူအတွက် ထူးခြားသည်။ ထိုရလဒ်အရ သူသည် ကလေးဘဝက တည်းကပင် အနိုင်ကျင့်ခံခဲ့ရပြီး ဘဝကိုရုန်းကန်ခဲ့ရသည်။ သူတို့တွေ့ဆုံသည့် အခိုက်အတန့်မှစပြီး သူမသည် သူ့အတွက် အပြစ်မကင်းသလိုခံစားရသည်။

နောက်ပိုင်းတွင် သူသည် သူမနောက်လိုက်ပြီး တပည့်ဖြစ်လာခဲ့သည်။ သူ တစ်ယောက်တည်းရှိသဖြင့် သူမသည်လည်း သူ့ကိုချစ်သည်။ သူမသည် သူ့ကို ကိုယ်တိုင် လမ်းညွှန်ပြီး အဂ္ဂိရတ်ပညာများကို သင်ကြားပေးခဲ့သည်။ သူတို့၏ ဆက်ဆံရေးမှာ အလွန်ထူးခြားသည်။

ရှီမာယူယူ စကားမပြောတော့သည်ကို အားလုံးမြင်သောအခါ မည်သူမှ ထပ်မပြောရဲကြတော့ပေ။ သူတို့သည် သူမကို စိတ်ညစ်အောင်လုပ်ခဲ့မိကြ၏။

အတန်ကြာပြီးမှ သူမ ပြောလေသည် “ဘယ်သူလုပ်တာလဲဆိုတာ ကျွန်မ သိတယ်”

“သိတယ်လား” အားလုံး အံ့အားသင့်သွားကြသည်။ သူမက တစ်ချိန်လုံး သတိမေ့နေတာမဟုတ်ဘူးလား။

“ကျွန်မ ခန္ဓာကိုယ်လှုပ်မရပေမဲ့ အံ့ဖွယ်အာရုံခဏပြန်ရလာသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “အံ့ဖွယ်အာရုံလွှတ်ပြီးတော့ အဲမြင်ကွင်းကိုကြည့်ခဲ့ တယ်.. အဲဒါကိုထင်ယောင်ထင်မှားလို့ထင်နေတာ အဲဒါတကယ်ဖြစ်ခဲ့တာပဲ”

“ဒါဆို မူစစ်ကိုဘယ်သူခေါ်သွားတာလဲ”

“အနက်ဝတ်လူပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အနက်ဝတ်လူတွေလား” ထိုစကားကို တခြားသူမှ ပြောလျှင် သူတို့ ယုံမည်မဟုတ်ပေ။ သို့သော် သူတို့သည် သူမကိုယုံကြည်သည်။

“အနက်ဝတ်လူတွေရဲ့ ကိစ္စကို ဖြေရှင်းပြီးပြီမဟုတ်ဘူးလား” ရှီမာလျိုဖန် ပြောလိုက်သည် “ပညာရှိစံအိမ်တော်ကို သမီးရှင်းလိုက်ပြီးကတည်းက အနက် ဝတ်လူတွေပေါ်မလာတော့ဘူး.. အနက်ဝတ်လူတွေက ပညာရှိစံအိမ်တော်နဲ့ ဆက်စပ်နေတယ်လို့ပြောကြတယ်.. ပညာရှိစံအိမ်တော် ပြိုလဲသွားတော့ အနက်ဝတ်လူတွေလည်း အဆုံးသတ်သွားတာပဲ”

“အဲဒါလည်း မှန်နိုင်တာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “အစတုန်းက အနက်ဝတ်လူတွေနဲ့ ပညာရှိစံအိမ်တော်က ဆက်စပ်နေတယ်လို့ သိခဲ့ကြတယ်.. ဒါပေမဲ့ အဲဒါက ပညာရှိစံအိမ်တော်လုပ်တယ်လို့ မဆိုလိုဘူး.. သူတို့ကြားက ဒီအတိုင်းပူးပေါင်းတာပဲဖြစ်မယ်.. မဟုတ်ရင် ပညာရှိစံအိမ်တော် က သူတို့ကိုပိုင်ပေမဲ့ နောက်ကျ တခြားတစ်ယောက်က လုသွားတာလည်းဖြစ် နိုင်တယ်”

“သူတို့တွေက နှစ် ၁၀၀ အတွင်းမှာ ပေါ်မလာကြတောဘူး.. အခု သူတို့ ပြန်ပေါ်လာတယ်ဆိုတော့ တစ်ခုခုစီစဉ်နေကြတာလား”

လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်က အနက်ဝတ်လူများသည် အလယ် ပိုင်းနှင့် အတွင်းပိုင်းဒေသများတွင် အင်အားချဲ့ထွင်ခဲ့ကြသည်။ သူတို့သည် အသင်းများ ကို ဆန့်ကျင်သည့်လုပ်ရပ်များလုပ်ကာ တိုင်းပြည်တစ်ခုလုံးကို အပေါ်လောက် လှန်နေခဲ့သည်။ သူတို့သည် နှစ်ပေါင်း ၁၀၀ မျှတည်ငြိမ်ခဲ့ပြီး ယခုတဖန်ပြန်ထွက်လာပြီလား။

“ဒါကိုမအံ့ဩဘူး.. သိချင်တာက ဘာလို့မူစစ်ကိုခေါ်သွားတာလဲ” ရှီမာယူ ယူပြောလိုက်သည် “မူစစ်က အပြင်မှာ ပြဿနာရှာမိလို့လား”

“မဟုတ်ဘူး” ရှီမာကျိယွင် ပြောလိုက်သည် “သူက အပြင်ထွက်ခဲတယ်.. မိသားစုမျိုးနွယ်မှာပဲ အချိန်ကုန်တာများတယ်.. တစ်ခါတလေ မိသားစုတာဝန် များကြောင့် အပြင်ထွက်တာတော့ရှိတယ် ဒါပေမဲ့ အမြဲတမ်း သူတို့နဲ့ရှိနေတာပဲ သူပျောက်သွားပြီးတော့ သူနဲ့အတူသွားလေ့ရှိတဲ့လူတွေကို မေးကြည့်တော့ လည်း သူကဘယ်သူနဲ့မှ ပဋိပက္ခမဖြစ်ခဲ့ဖူးဘူးတဲ့”

“သူက သခင်မလေးရဲ့ တပည့်ဖြစ်နေလို့ ခေါ်သွားတာများလား” လူတစ် ယောက်သည် လေသံဖြင့် ပြောလေသည်။

“မဖြစ်နိုင်ဘူး.. ယူယူနဲ့ပတ်သက်တာဆိုရင်တော့ အရင်ကတည်းက လုပ် နေလောက်ပြီ နှစ် ၁၀၀ လောက်စောင့်မနေလောက်ဘူး” ရှီမာဟော်ရွှမ် ပြော လိုက်သည် “အဲဒါကြောင့် အကြောင်းအရင်းက မူစစ်ကိုယ်တိုင်ပဲဖြစ်လိမ့်မယ်”

ရှီမာယူယူသည် တစ်စုံတစ်ရာကိုတွေးမိသွားကာ အသာမျက်မှောင် ကြုတ်လိုက်မိသည်။ ရှီမာကျိယွင်နှင့်တခြားသူများသည် ကြည့်လိုက်သည်နှင့် အခြေအနေကိုနားလည်သွားသည်။ သူတို့ လက်ဝှေ့ယမ်းလိုက်ပြီး မျိုးနွယ်ဝင် များကို နှင်ထုတ်လိုက်သည်။

ပြီးနောက် အရှေ့မှ လူနေခြံများဆီသို့သွားပြီး အဖွဲ့ခန်းမဆီသို့ တခြားသူ များနှင့်အတူ သွားလိုက်ကြသည်။

“ယူယူ ဘယ်လိုစဉ်းစားထားလဲ” ရှီမာချင်း မေးလိုက်သည်။

“အရင်တစ်ခေါက် တစ္ဆေလောကကို သွားတုန်းက မူစစ်က တစ္ဆေမြို့က မဟုတ်ဘဲနဲ့ အပြင်ကနေ သူ့အဖေခေါ်လာတာတဲ့၊ အခုအပြင်မှာ အမှောင် ဝိညာဉ်သခင်တွေရှိနေတယ်.. အဲဒါကြောင့် ဒါကသူ့သရုပ်မှန်တဲ့ဆက်စပ်နေ မယ်လို့ထင်တယ်” ရှီမာယူယူ ခန့်မှန်းလိုက်သည်။ “ပြီးတော့ သူက သွေးသား နိုးထပြီး ကျင့်ကြံတာမြန်လာတယ်လို့လည်းကြားတယ်”

“အဲဒါအမှန်သာဆိုရင် အဲလိုဖြစ်နိုင်ချေများတယ်.. ဒါပေမဲ့ သူ့အဖေက သေသွားပြီ အဲဒါကြောင့် သူသရုပ်မှန်ကိုမသိနိုင်ဘူး” ရှီမာကျိယွင် ပြောလိုက် သည်။

“စုံစမ်းမှပဲသိလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“တစ္ဆေမြို့ကိုသွားမလို့လား”

“စုံစမ်းနေလည်း အသုံးမဝင်ဘူး” ရှီမာလျူရွှမ် ပြောလိုက်သည်ေ “အရင် တုန်းက ငါနဲ့ယူအာတို့လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သူတို့က အပြင်လူတွေဆို အရမ်းမုန်းနေကြတာ”

“အဖေပြောတာမှန်တယ် သမီးတို့သွားလည်း အသုံးမဝင်နိုင်ဘူး.. အဲဒါ ကြောင့် ရှီယူကိုဆက်သွယ်ပြီး သူမသမီးတို့ကို ကူညီနိုင်မလားလို့ ကြည့်ရမယ်”

“ရှီယူက တစ္ဆေမြို့ရဲ့မင်းသမီးလေးလို့ ပြောလို့ရတယ်.. ပြီးတော့ သမီးနဲ့ လည်း ဆက်ဆံရေးကောင်းတယ်.. သူမသာထွက်လာပြီး စုံစမ်းပေးမယ်ဆိုရင် တခြားလူလွှတ်တာထက် ပိုကောင်းနိုင်မယ်.. ပြီးခဲ့တဲ့အနှစ် ၁၀၀ မှာသမီး သတိ မေ့နေတုန်းက သူမက သမီးဆီ သုံးလေးကြိမ်လာလည်ဖူးတယ်.. သမီးနိုးလာ တာကို သူမသိလို့ကတော့ သေချာပေါက် ပျော်သွားမှာပဲ” ဟွမ်ရင်ရင် ပြော လိုက်သည်။

“သူမက သမီးကိုလာကြည့်တယ်ဟုတ်လား.. သူမက လူသားလောကမှာ ပဲနေပြီးတော့ မပြန်တာလား”

“အဲဒါတော့မသိဘူး.. ဒါပေမဲ့ သူမတင်မဟုတ်ဘူး.. သမီးဆီကိုလာလည် တဲ့တခြားလူတွေလည်းရှိသေးတယ်.. သမီးရဲ့စီနီယာအစ်ကို၊ စီနီယာအစ်မနဲ့ သမီးရဲ့သူငယ်ချင်းတွေလေ.. သူတို့တွေက မကြာခဏလာကြတယ်”

ထိုအကြောင်းကြားသောအခါ ရှီမာယူယူ၏ စိတ်မှာ တောက်ပသွား သည်။ သူမ အမှန်တကယ်ပင် သူတို့ကိုတွေ့ချင်သည်။

“ဘိုးဘိုးကြီး သူတို့အခုဘယ်မှာလဲဆိုတာ သိလား”

“သူတို့တွေ ထိပ်တန်းတောင်ကြားမှာဖြစ်လောက်တယ်” ရှီမာကျိယွမ် ပြောလိုက်သည် “သမီး သူတို့ကိုသွားရှာချင်လို့လား”

“သမီး ထိပ်တန်းတောင်ကြားကို ပြန်ကြည့်သင့်တယ်ထင်တယ်” ရှီမာယူ ယူ ပြောလိုက်သည်။

ဖန်အာ အခု ဘယ်လိုနေလဲ။ လီအာရော သူမကိုယ်သူမ အပြစ်တင်နေ တုန်းလား။ သူတို့ကို မတွေ့ရလျှင် စိတ်ပူရသည်။

“သမီးက အခုမှနိုးလာတာလေ ခန္ဓာကိုယ်ကဘယ်လိုနေလဲဆိုတာလည်း မသိနိုင်ဘူး” ရှီမာကျိယွင်သည် သူမထွက်သွားမည်ကို ခွင့်မပြုပေ “သမီးနိုးလာ တာကို သူတို့သိရင်တော့ သူတို့ကိုသွားရှာဖို့ကိုမလိုဘူး.. ငါတို့မိသားစုမျိုးနွယ်ရဲ့ တံခါးကသူတို့ကြောင့်တောင် ပျက်သွားလိမ့်ဦးမယ်”

“ဟုတ်တယ် သမီးသတိမေ့နေတာ ဒီလောက်ကြာပြီ အိမ်မှာပဲနေသင့် တယ်” ဟွမ်ရင်ရင်သည်လည်း သူမထွက်သွားမည်ကို သဘောမတူပေ။

“သမီးသူငယ်ချင်းတွေကို မတွေ့ရမှာလည်းမဟုတ်ဘူး.. ပြောပါဦး သမီး ရဲ့ အသက် ၂၀၀ ပြည့်မွေးနေ့ကရောက်တော့မယ်.. သမီးအတွက် မွေးနေ့ပွဲလုပ် ပြီးတော့အဲလူတွေအကုန်လုံးကို ဘာလို့မဖိတ်ရမှာလဲ” ရှီမာချင်း မေးလိုက် သည်။

ရှီမာယူယူ၏ နှုတ်ခမ်းမှာတွန့်သွားသည် “အဲလောက်တောင် ချဲ့ဖို့လိုလို့ လား.. ဒီအတိုင်း အသက် ၂၀၀ ပြည့်မွေးနေ့လေးပဲကို”

“ဒါက ဒီအတိုင်း အသက် ၂၀၀ ပြည့်မွေးနေ့တင်မဟုတ်ဘူးလေ သမီးရဲ့ ဘဝအသစ်ကို ဂုဏ်ပြုတာဆိုလည်းဟုတ်တယ်.. ပြီးတော့ ဒါက ချဲ့ကားလွန်း တယ်လို့ သူတို့လည်းတွေးမယ်မထင်ဘူး..” ရှီမာကျိယွမ် ပြောလိုက်သည် “မင်း ဒီကိစ္စကို မျိုးနွယ်က ရှင်းလိမ့်မယ်.. သမီးက သမီးရဲ့ဒဏ်ရာကိုသာ ဂရုစိုက်ထား”

***

All Chapters