လူသားလောက
Vol. 154 Ch. 2154
ထိုကိစ္စအပေါ်တွင် အားလုံး၏ခံစားချက်မှာ တညီတညွှတ်တည်းဖြစ်နေ သဖြင့် ရှီမာယူယူ၏ ကန့်ကွက်ချက်မှာလည်း အချဉ်းနည်းဖြစ်သွားကာ ထို အတိုင်းသာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။
ရှီမာယူယူအတွက် မွေးနေ့ပွဲကျင်းပပေးမည်ဟု ကြားလိုက်သည်နှင့် ရှီမာ မျိုးနွယ်မှလူများသည် ပျော်ရွှင်ကြသည်။ နောက်ရက်များတွင် မျိုးနွယ်ဝင်များ သည် ထိုအကြောင်းများ ပြောမဆုံးတော့ပေ။
သူမသည် လူနာကဲ့သို့ ဆက်ဆံခံရသည့်အပြင် ဘာမှမလုပ်ရဘဲ ကောင်း ကောင်းအနားယူကာ သမားတော်များမှ သူမကိုစမ်းသပ်ကြလေသည်။
ရှီမာယူယူသည် ဆွံ့အသွားသည်။ သူမကိုယ်တိုင်ကိုက သမားတော်ဖြစ် နေတာကို။ သူများစစ်ဆေးတာခံဖို့ လိုသေးလို့လား။
“သမားတော်လည်း ကိုယ့်ဘာသာမကုနိုင်ကြဘူးလေ.. ပြီးတော့ သမီးက တစ်ခုခုဖုံးကွယ်ထားရင် ငါတို့ကဘယ်လိုသိတော့မှာလဲ”
ထိုစကားတစ်ခွန်းသည် သူမ၏ဆင်ခြေများအားလုံးကို ကွယ်ပျောက်သွား စေသည်။
ဒီအချိန်အတွင်းမှာ အဖြူရော်ငအလင်းတန်းက သူမရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို အားဖြည့်ပြီးပြီလို့ ဘယ်လိုရှင်းပြရတော့မှာလဲ။ သူမသည် နေထိုင် ကောင်းသည်ကလွဲပြီး ဘာမှမခံစားရပေ။
သူမ သူတို့ကိုပြောပြလျှင်လည်း ယုံမည်မဟုတ်ပေ။ သို့သော် စိတ်ပူ အောင်လည်းမလုပ်ချင်ပေ။ ထို့ကြောင့် သူမသည် ခြံဝန်းအတွင်း၌ ပင်ပန်းပြီး ပျင်းရိနေသလိုခံစားရသည်။
သူမသည် ဥယျာဉ်လေးအတွင်းရှိ ကျောက်ခုံပေါ်တွင်ထိုင်နေသည်။ စားပွဲ ပေါ်၌ သစ်သီးများနှင့် မုန့်ပဲသရေစာများရှိနေသည်။ သူမသည် ရှီမာယိယွမ်တို့ ကို နှင်ထုတ်ပြီး ကျောက်ခုံပေါ်တွင်ထိုင်ကာ နေရောင်ခံနေသည်။
အန်းလေသည် သူမဘေးတွင် ရှင်းလင်းနေသည်။
နေရောင်သည် သူမခန္ဓာကိုယ်ကို နွေးထွေးစေကာ သက်တောင့်သက်သာ ဖြစ်သလို ခံစားရစေသည်။
“အန်းလေ ငါ မင်းကိုပြောမယ် လူသားလောကက နေရောင်က သက် တောင့်သက်သာအဖြစ်ဆုံးပဲ” ရှီမာယူယူသည် ခံစားချက်ပါပါပြောလိုက်သည်။
“သခင်မလေးက အုံ့မှိုင်းမည်းမှောင်နေတဲ့ တစ္ဆေလောကမှာပဲနေခဲ့တာဆို တော့ ဒီတန်ဖိုးကို ကျွန်မမသိတာတော့ နှမြောဖို့ကောင်းတယ်” အန်းလေ ပြော လေသည် “ဒါပေမဲ့ လူသားလောကက သက်တောင့်သက်သာအဖြစ်ဆုံးဘုံ ဖြစ် တယ်ဆိုတာကိုတော့ သဘောတူတယ်”
အန်းလေသည် တစ်ချိန်လုံး ဝိညာဉ်စေတီအတွင်းရှိခဲ့ကာ ဤရှည်ကြာ သောအချိန်အတွင်းတွင် အကြောင်းအရာများစွာကို သင်ယူခဲ့ပြီးလေသည်။
“မင်းလည်း နစ်နာသွားရပြီ” ရှီမာယူယူသည် အပြစ်မကင်းစွာဖြင့် ပြော လေသည်။
“သခင်မလေးနောက်လိုက်ရတာ ဘာများနစ်နာလို့လဲ၊ ဒီအတိုင်းပဲ ကျွန်မ က အကူအညီမဖြစ်တာကိုပဲ နှမြောတာပါ” အန်းလေသည် တုန်လိုင်မျိုးနွယ်မှ ထွက်ပြေးပြီး ရှီမာယူယူနှင့် တွေ့ရသည်မှာ သူမ၏ဘဝတစ်လျှောက်လုံးတွင် မှန်ကန်သည့် ကောင်းချီးဖြစ်သည်ဟု ခံယူသည်။
“အာ…” ရှီမာယူယူသည် တစ်စုံတစ်ရာကိုမှတ်မိသွားသည်။ သူမသည် ကြာပန်းနက်လောက၏ တံခါးလေးကိုထုတ်ပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက် သည်။ တံခါးပွင့်သွားသည်နှင့် သူမ ဝင်သွားလိုက်သည်။
သူမ ဝင်သွားသည်နှင့် အထဲမှလူများသည် ခံစားမိကာ သူမဆီသို့ ကြည့် ကြလေသည်။
“အဒေါ်ရှန့်” ရှီမာယူယူသည် ဖန်မျိုးနွယ်တို့နေသည့်နေရာသို့သွားပြီး တောင်းပန်စွာဖြင့် ပြောလေသည် “ဒီမှာအကြာကြီးထားမိတဲ့အတွက် တောင်း ပန်ပါတယ်”
ကံကောင်းစွာပင် ဤနေရာ၏အချိန်ကုန်ဆုံးပုံမှာ အပြင်နှင့်တူညီသဖြင့် နှစ် ၁၀၀ သာကုန်ဆုံးသည်။ ဝိညာဉ်စေတီကဲ့သို့သာဖြစ်ပါက ထိတ်လန့်ဖွယ် ဖြစ်ပေမည်။
“သခင်မလေး” ဖန်ရှန့်တို့သည် ရှီမာယူယူကိုမြင်သောအခါ ပျော်သွားကြ သည် “သခင်မလေး တစ်ခုခုဖြစ်ခဲ့တာလား”
“အင်း… ပြောရရင်တော့ရှည်တယ်.. ဒါပေမဲ့ အကုန်ပြီးသွားပါပြီ” ရှီမာယူ ယူ ပြောလိုက်သည် “ကျွန်မနဲ့လိုက်ခဲ့ပါ.. အဒေါ်တို့ကို ဆက်သွယ်မရရင် ဖန်မျိုးနွယ်က စိတ်ပူနေလိမ့်မယ်”
“ဟုတ်ပြီ”
နှစ် ၁၀၀ ကြာသွားပြီဖြစ်ရာ သူတို့ထွက်နိုင်သည်နှင့် မျိုးနွယ်ကို ဆက်သွယ်မည်ပင်။
ရှီမာယူယူသည် ဖန်မျိုးနွယ်မှလူများကို ခေါ်ထုတ်လာသည်။ လက်ရှိ ရှီမာမိသားစုအင်အားအရ သူတို့ပြန်နိုင်တော့မည်ဖြစ်သည်။
ရှီမာယူယူသည် ဖန်မျိုးနွယ်ကို လိုက်ပို့ပေးပြီးနောက် သူမ၏ ကျောက်ခုံ ပေါ်သို့ ပျင်းရိစွာဖြင့် ပြန်လာသည်။
“အန်းလေ ငါတို့တွေ ဘာလို့ခိုးမထွက်ရမှာလဲ” သူမ မေးလိုက်သည်။
“သခင်မလေး မလုပ်ဖို့အကြံပေးချင်တယ်နော်.. လက်ရှိမျိုးနွယ်ဝင်တွေရဲ့ စိတ်နဲ့ဆိုရင် သခင်မလေးပျောက်သွားတာကို သိရင် အရူးအမူးဖြစ်သွားကြလိမ့် မယ်” သူမသည် လက်ရှိတွင် မျိုးနွယ်၏အဖိုးတန်လေးဖြစ်နေသည်ကို တွေးမိ ပြီး အန်းလေ ခေါင်းခါလိုက်သည်။
အကြောင်းမှာ ရှီမာမိသားစုကို အထောက်အပံ့များစွာ ပေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို သူမ ကြာရှည်စွာအိပ်ခဲ့ရာမှ ပြန်နိုးလာခြင်းမှာ အလွန် လျှို့ဝှက် ဆန်းကြယ်သည်ဟု တွေးခြင်းကြောင့်လည်းဖြစ်နိုင်သည်။ သူမသာ မျက်စိ တစ် မှိတ်အတွင်း ပျောက်သွားပါက အားလုံး စိတ်ပူသွားမည်ဖြစ်သည်။
ရှီမာယူယူသည် သူတို့အားလုံး ပူပန်သွားမည်ကို တွေးမိပြီး သက်ပြင်းမချ ဘဲမနေနိုင်ပေ။
ထားလိုက်ပါတော့ အိမ်မှာပဲ လိမ်လိမ်မာမာနေပေးလိုက်ပါမယ်။
“အန်းလေ မင်းရဲ့သခင်မလေး ကျန်းမာရေးကောင်းတာကို ယုံလား” ရှီမာ ယူယူ မေးလိုက်သည်။
“သခင်မလေး ကျွန်မယုံတာ မယုံတာက ဘာအရေးကြီးလို့လဲ မျိုးနွယ်ဝင် တွေမှ မယုံတာ” အန်းလေသည် ရှီမာယူယူကို ပြုံးပြလိုက်သည်။ ရှီမာယူယူ အပြင်ထွက်ချင်သည်ကို သူမသိသည် “သခင်မလေး သခင်မလေးက အပြင် ထွက်ပြီး သူငယ်ချင်းတွေနဲ့တွေ့ချင်တာ ကျွန်မသိပါတယ်.. ဒါပေမဲ့ သူတို့လည်း မကြာခင်ရောက်လာတော့မှာပဲ”
သူမသည် ပုံမှန်အားဖြင့် ထိုင်နေတတ်သည့်လူမဟုတ်ပေ။ ယခု သူမ လုပ် ချင်သည်မှာ သူငယ်ချင်းများကို တွေ့ချင်ရုံသာဖြစ်သည်။
“ပြိးတော့ သခင်မလေး.. သခင်မလေးနိုးလာတာကို အပြင်ကလူတွေသိ ရင် အရမ်းပျော်ကြမှာပဲ.. အခုထွက်သွားလိုက်ရင် သခင်မလေးကို မျောက်ပွဲ ကြည့်သလိုဝိုင်းကြည့်ကြလိမ့်မယ်” အန်းလေသည် ဆက်ပြောလေသည်။
“အင်း.. ဒီနားနီးတဲ့လူက ငါ့ကိုမြန်မြန်လေးလာတွေ့ရင်ကောင်းမှာပဲ” သူမသည် ရှီမာယူယူ၏အတွေးကိုမြင်နေရသည်။ သို့သော် ရှီမာယူယူ မရှက် ပေ။
“ရုပ်ဆိုးမလေး နောက်ဆုံးတော့နိုးလာပြီပဲ” ရင်းနှီးသောအသံတစ်သံ သည် ခြံဝန်းအပြင်မှထွက်လာသည်။ နောက်အခိုက်အတန့်တွင် ရှီယူ၏ နီရဲ သောပုံရိပ်သည် အပြင်မှပျံလာပြီး ရှီမာယူယူအား တစ်ခါတည်းဝင်တိုက်လိုက် သည်။
“နင်က ငါ့ကိုဒီလောက်မြန်မြန်ကြီး လာဖက်နေတာ ငါခံတောင်မခံနိုင် တော့ဘူး” ရှီမာယူယူ အော်လိုက်သည်။
“ကောင်မလေး.. နင် မနိုးလာတော့ဘူးလို့ထင်နေတာ” ရှီယူသည် သူမ ကို လွှတ်လိုက်သည်။ သို့သော် ခန္ဓာကိုယ်ခွာမသွားဘဲ သူမ၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ပြင်းပြင်းထန်ထန်လှုပ်ယမ်းလိုက်သည်။
“နင့်လက်နဲ့ ငါ့ကိုယ်တိုင်သတ်ပြီး ဆန္ဒတွေပြည့်အောင်လုပ်နေတာလား” ရှီမာယူယူသည် လျှာထုတ်ရင်းအော်လေသည်။
“တော်လောက်ပြီ ရှီယူ” မိုဒိဆန်း၏အသံသည် အနောက်မှထွက်လာပြီး ရှီယူကို ဆွဲလိုက်သည်။
ထိုအခါမှပင် ရှီယူလွှတ်ပေးလေသည်။ သူမသည် ရှီမာယူယူ၏ နဖူးကို ပုတ်ပြီးပြောလိုက်သည် “ဟင်း.. ငါလွှတ်ပေးလိုက်မယ်”
ရှီမာယူယူသည် မိုဒိဆန်းကို မြင်လိုက်ချိန်တွင် အနည်းငယ်ပျော်ရွှင်သွား သလို အံ့လည်းအံ့ဩသွားသည်။
သူမ ပြန်လာချိန်တွင် ပထမဆုံးတွေ့ရသူမှာ သူတို့နှစ်ယောက်ဖြစ်လိမ့် မည်ဟု ထင်မထားပေ။ ပိုအံ့ဩရသည်မှာ သူတို့နှစ်ယောက်ကြားမှ အပြုအမူ ဖြစ်သည်။
“နင်တို့က အတူရှိနေပြီပဲ” သူမသည် တပ်အပ်ပြောလိုက်သည်။
“နင်က နှစ် ၁၀၀ လောက်အိပ်နေတာဆိုတော့ နင့်ဦးနှောက်ကပျက် သွဦးတာလား” ရှီယူသည် အန်းလေယူလာသည့် ခုံကိုဆွဲပြီး ရှီမာယူယူဘေး တွင်ထိုင်ကာ ခြေထောက်ကိုကျောက်ခုံပေါ်တင်ထားလေသည်။
“ငါ့မျက်လုံးတွေကောင်းပါသေးတယ် ငါ့မျက်လုံးကနေ မလွတ်နိုင်ပါဘူး ကွ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မကောင်းတာတော့ မဟုတ်ဘူး.. ဒီ ကျောက်တုံးမိုဒိဆန်းကြီးကို ဘယ်သူမှ လှုပ်မရတော့ဘူးလို့ထင်နေတာ”
သူမသည် မိုဒိဆန်းကို စနောက်သလိုကြည့်ရာ မိုဒိဆန်း အနည်းငယ် ရှက် ရွံ့သွားသည်ကို ပထမဆုံးအကြိမ်မြင်လိုက်ရသည်။
“နင်လာတာ အချိန်ကိုက်ပဲ.. တကယ်ကို ခက်တဲ့လုပ်ငန်းစဉ်ဖြစ်ခဲ့တာ နော်.. ကံကောင်းလို့ ငါ့စိတ်အားထက်သန်မှုကောင်းလို့ ဒီကျောက်တုံးကြီးရဲ့ နှလုံးကိုအနွေးဓာတ်ပေးနိုင်ခဲ့တာ” ရှီယူ ပြောလိုက်သည် “ငါ အားမှ မင်းကို ပြောပြဦးမယ်”
“ဟုတ်ပါပြီ” သူတို့ ယခုအချိန်သာပြောပါက မိုဒိဆန်းသည် မကျေမနပ် နှင့်ထွက်သွားနိုင်သည်။ “နင်တို့နှစ်ယောက်က ဘယ်လိုဖြစ်လို့ ဒီလောက် မြန်မြန်ကြီးရောက်လာကြတာလဲ”
“ငါတို့က ဒီနားမှာရောက်နေလို့လေ.. သတင်းရတာနဲ့ အမြန်လာလိုက်ကြ တာ.. နင် ငါ့ကိုပြောစရာရှိတယ်ဆို ပြောလေ ဘာလဲ.. ငါ့ကိုလွမ်းတယ်လို့ ပြောမလို့လား” ရှီယူသည် အထင်ကြီးစွာဖြင့် ပြောလိုက်သည်။
“ဆုတောင်းလေ” ရှီမာယူယူ ပြောလိုက်သည် “မူစစ်အကြောင်းမေးချင် လို့ လာခိုင်းလိုက်တာ”
“မူစစ်လား သူက နင့်တပည့်လေ ဘာလို့ငါ့ကိုလာမေးနေတာလဲ”
“မူစစ် အဖမ်းခံထားရတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါနဲ့ ဘိုးဘေး ကြီးတို့ ဒီကိစ္စကို စမ်းစစ်ပြီးပြီ.. သူ့သရုပ်မှန်နဲ့ ပတ်သက်နေမယ်လို့ ငါတို့ ထင် တယ်.. အဲဒါကြောင့် သူ့ဇစ်မြစ်ကို နင်များသိမလားလို့ မေးချင်တာ”
“ငါမသိဘူး” ရှီယူသည် ခေါင်းခါလေသည် “မူစစ်ကို သူ့အဖေက အပြင်က နေခေါ်လာတာ.. ဒါပေမဲ့ ဘယ်ကနေခေါ်လာလဲဆိုတာကိုတော့ တစ်ခါမှမပြော ဖူးဘူး.. သူ့အဖေကလည်း စကားနည်းပြီး အပြင်လူတွေနဲ့ သိပ်မပြောတတ်ဘူး နင် စုံစမ်းချင်ရင် နည်းနည်းခက်နိုင်တယ်”
***