← Chapters

ကောင်းကင်လျှို့ဝှက်ချက်က ပေါက်ကြားလို့မဖြစ်ဘူး

Vol. 154 Ch. 2155

ကောင်းကင်လျှို့ဝှက်ချက်က ပေါက်ကြားလို့မဖြစ်ဘူး

Vol. 154 Ch. 2155

“ဒီကိစ္စက စုံစမ်းဖို့ခက်တယ်ဆိုတာ ငါလည်းသိပါတယ်.. အဲဒါကြောင့် နင့်ကိုကူညီဖို့ပြောချင်တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ နင့်ကို ဒီလို တွေ့လိုက်ရတော့ နင်လည်း ပြန်သွားပြီးစုံစမ်းဖို့အချိန်မရှိလောက်ဘူး”

“ငါ့အကြောင်းမသိတာလည်းမဟုတ်ဘူး.. နင့်အတွက် ဒီကိစ္စလုပ်ပေးရ လောက်အောင် ငါကအရည်အချင်းရှိလို့လား” ရှီယူ မေးလေသည်။

“အမှန်ပဲ.. နင်က တစ္ဆေမြို့မှာကတည်းက စားလိုက်သောက်လိုက် ပျော် လိုက်ပါးလိုက်ပဲနေခဲ့တာ” ရှီမာယူယူသည် လေးနက်သောအပြုအမူဖြင့် ပြော လေသည်။

“…” ရှီယူသည် သူမကိုကန်ထုတ်ပြီး ပြောလေသည် “ဒီကိစ္စကို ငါ့ အစ်ကို ကြီးနဲ့ အစ်ကို ၃ တို့ကိုစုံစမ်းခိုင်းလိုက်မယ်.. သူတို့လုပ်ရင် အားတစ်ဝက်ပဲ စိုက် ပြီးတော့ ရလဒ်နှစ်ဆထွက်မှာ”

“အင်းပါ ဒါဆိုလည်း အစ်ကိုကြီးနဲ့ အစ်ကို ၃ တို့ကို ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် ယဉ်ကျေးမနေတော့ပေ။ နောက်ဆုံးတွင် သူမ စိတ်အေးသွားရ သည်။

တကယ်တော့ သူ့နောက်ခံနှင့်ပတ်သက်ပြီး သဲလွန်စရလိုရငြား ကြိုးစား ကြည့်ချင်၍ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူမ အလွယ်တကူရှာမတွေ့ခဲ့ပေ။

“သူတို့ကိုနောက်မှ စစ်ကြည့်ခိုင်းလိုက်မယ်” ရှီယူ ပြောလိုက်သည် “လှဲ မနေနဲ့တော့ နင်ပဲပျင်းတယ်ဆို.. ငါတို့ စားဖို့တစ်ခုခုလုပ်ပေးဦး.. နင်ချက်ကျွေး တာမစားရတာကို နှစ် ၁၀၀ ကျော်နေပြီ”

“ငါကလူနာနော် ငါ့ကိုဒီလိုမျိုးစွန့်စားခိုင်းမလို့လား”

“လုပ်ပါ ငါ ဂိတ်တံခါးရောက်ကတည်းက နင်ပျင်းနေတယ်ဆိုတာကို ကြားခဲ့ပြီးပြီ” ရှီယူသည် သူမကို မျက်လုံးလှိမ့်ပြလေသည်။

အဲဒီအစားအသောက်ကြိုက်တဲ့ အဖွဲ့လိုက်ကြီးရောက်လာရင် သူမလည်း အများကြီးလိုက်စားရတော့မှာလား။

သူတို့၏ အစားအသောက်ခုံမင်သည့် အကျင့်ကိုတွေးမိလျှင် ဖြစ်နိုင်သည် ဟုလည်း သူမ ထင်မိသည်။

သို့သော် ပြီးခဲ့သည့်ရက်များတွင် သူမ အမှန်တကယ် ပျင်းနေသဖြင့် လုပ် ရန်ဆုံးဖြတ်လိုက်သည်။

သူမသည် စားပွဲအပြည့် ဟင်းများကိုချက်ပြုတ်ပေးရာ ရှီယူအလွန် ပျော်ရွှင်သွားလေသည်။ စားပွဲပေါ်သို့ ဟင်းများတင်လိုက်သည်နှင့် စားရန်ကိုပင် မစောင့်နိုင်တော့ပေ။

“ယူယူ နင် ချက်ပြုတ်နေတုန်း ငါ အစ်ကိုကြီးနဲ့ အစ်ကို ၃ ကို ဆက်သွယ် ပြီးပြီ.. သူတို့တွေစုံစမ်းပေးမယ်တဲ့ သတင်းကိုသာစောင့်နေလိုက်တဲ့.. သူတို့က နင့်ကို ကစားဖို့အချိန်တောင်ပေးလိုက်သေးတယ်” ရှီယူ ပြောလိုက်သည်။

“အေးပါ” ရှီမာယူယူသည် အသီးဝိုင်သုံးပုလင်းထုတ်ကာ ဖွင့်လိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က အသီးဝိုင်များကို ဝိညာဉ်တိမ်တိုက်ကိုပေးလိုက်ပြီဖြစ် သည်။ ယခုသောက်မည့်ဝိုင်များမှာ ဝိညာဉ်လေး နှစ်ပေါင်းများစွာ နှပ်လာခဲ့ သည့်ဝိုင်များဖြစ်သည်။

ရှီယူသည် အစပ်စားမိသွားရာ ကရားကိုယူပြီး နှစ်ကျိုက်သောက်ကာ ခံစားချက်ပါပါပြောလေသည် “နင့်အသီးဝိုင်က အရသာအရှိဆုံးဖြစ်တုန်းပဲ.. ယူယူ အမှတ်တရစားသောက်ဆိုင်က အသီးဝိုင်က နင့်ဟာကိုမှီဖို့လိုသေးတယ်”

ရှီမာယူယူသည် ပြုံးပြီး မိုဒိဆန်းကို နောက်တစ်ကရားပေးလိုက်သည်။ မို ဒိဆန်းသည် ဝိုင်ယူလိုက်သော်လည်း မသောက်ဘဲ လက်ထဲတွင်ကိုင်ထားကာ ကစားနေသည်။

“မင်း သောက်မကြည့်ဘူးလား” ရှီမာယူယူသည် မျက်ခုံးများကိုပင့်လိုက် သည်။

“ဘာအရသာလဲလို့ သိချင်လို့” မိုဒိဆန်း ပြုံးလိုက်သည်။

“သောက်လိုက်ရင် သိသွားမှာပဲကို” ရှီမာယူယူသည် ကရားကိုမြှောက်ပြီး သူ့ကရားနှင့် တိုက်လိုက်သည်။

မိုဒိဆန်းသည် နှုတ်ခမ်းတွန့်ပြီး ကရားမြှောက်ကာ တစ်ကျိုက်သောက် လိုက်သည်။ ပြီးနောက် သူမကိုကြည့်ပြီး ပြောလေသည် “တကယ်တော့ ငါ မင်း ကိုမသိခဲ့တာ ပိုကောင်းမယ်ထင်တယ်”

“…..” ရှီမာယူယူ ပြောလိုက်သည် “အခုမှပြန်တွေ့တဲ့လူကို အဲလိုမျိုး သတိရကြောင်း ပြောတဲ့လူရှိသေးရဲ့လား”

“တကယ်ပြောတာ” မိုဒိဆန်း ပြောလိုက်သည် “ငါ မင်းကိုသိပြီးကတည်း က မင်းကို ဘယ်တော့မှထပ်မတွေ့ရတော့ဘူးလို့ အမြဲတမ်းတွေးခဲ့တယ်.. မင်း က ကမ္ဘာပေါ်ကပျောက်ကွယ်တော့မလိုလည်း ခံစားခဲ့ရတယ်.. မင်းကိုမသိခဲ့ ရင်၊ မင်းသေတာကိုမမြင်ရဘူးဆိုရင် ငါလည်း ဝမ်းနည်းဖို့မလိုတော့ဘူး”

ပြီးခဲ့သည့်တစ်ခေါက် သူမ သေဆုံးသွားပြီး အချိန်ကြာမြင့်စွာ အိပ်ခဲ့ရခြင်း ကြောင့် သူ ထိတ်လန့်နေသည်ကို ရှီမာယူယူသိသည်။ သူမသည် သူ့ပခုံးကို ပုတ်ပြီးပြောလိုက်သည် “ငါ့ဘေးဒုက္ခတွေလည်း ပြီးသွားပြီ.. ငါရောက်လာပြီဆို တော့ နှစ်တွေရာချီနေသွားဦးမှာ.. မင်းစိတ်ကိုလည်း လန့်အောင်မလုပ်တော့ပါ ဘူး”

မိုဒိဆန်းသည် သူမအားကြည့်ပြီး တိုးညင်းစွာပြောလေသည် “အရင်က မင်းလုပ်ပုံတွေနဲ့ဆိုရင် မင်းစကားကို ယုံလို့ကိုမရတာ”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည် “ပါးစပ်က ဓားထက်တောင် မာ ပြီးထက်သေးတယ်.. မင်းစိတ်ကတော့ တိုဟူးလိုမျိုးနူးညံ့လိုက်တာ”

“လုပ်စမ်းပါ ယူယူ နိုးလာတာကို ဂုဏ်ပြုလိုက်ရအောင်” ရှီယူသည် ဝိုင် ခွက်ကိုမြှောက်ပြီး သူတို့နှစ်ယောက်အား ပြောလေသည်။

သူတို့သုံးယောက်လုံး ခွက်များမြှောက်နေစဉ်တွင် အပြင်မှ ရင်းနှီးသော အသံတစ်သံထွက်လာသည် “ငါ့ကိုယ်ငါ စောလှပြီထင်နေတာ.. ငါ့ထက်စောတဲ့ လူရှိမယ်လို့ထင်မထားဘူး”

ရှီမာယူယူသည် ထိုအသံကိုကြားသောအခါ ပြုံးသွားပြီး ထကာထွက်သွား သည်။ သူမသည် အပြင်တွင်ရပ်နေသည့် အဖြူရောင်ဝတ်ထားသော လက်ထောက်လေးကို တွေ့လိုက်ရသည်။

လွန်ခဲ့သည့်အနှစ် ၁၀၀ ကျော်နှင့်ယှဉ်လျှင် သူသည် ထိုနှစ်က နူးညံ့ပုံနှင့် မတူတော့ဘဲ ပိုရင့်ကျက်ကာ တည်ငြိမ်ပုံပေါက်နေသည်။

“အစ်မယူယူ” သူသည် မိုးကောင်းကင်အား တုန်လှုပ်စေမည့် အပြုံးဖြင့် ရှီမာယူယူအား တောက်ပစွာပြုံးပြလေသည်။

ရှီမာယူယူလျှောက်သွားပြီး လက်ထောက်လေးကို နူးညံ့စွာဖက်ပြီး ပြော လိုက်သည် “လက်ထောက်လေး ငါပြန်လာပြီ”

လက်ထောက်လေး၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်လာ သည်။ သူသည် လက်ဆန့်ထုတ်ပြီး ရှီမာယူယူအား ဖက်ကာ သူမ၏ပခုံးပေါ် ခေါင်းတင်ပြီးပြောလိုက်သည် “အစ်မယူယူ နောက်ဆုံးတော့ ပြန်လာပြီပဲ”

ရှီမာယူယူသည် ထိုကောင်လေး၏ ကျောပြင်ကိုပုတ်ပေးပြီး ခံစားချက် များကို ပြေလျော့စေသည်။

ခဏကြာပြီးနောက် လက်ထောက်လေးသည် လွှတ်ပြီးပြောလေသည် “အစ်မယူယူ ချက်ကျွေးတာတွေ မစားရတာတောင်ကြာနေပြီ ဒီနေ့အတူစား လို့ရမလား”

“ရတာပေါ့.. စားချင်တာရှိလား ငါချက်ပေးမယ်” ရှီမာယူယူသည် သူ့ကိုပါ ဖိတ်ခေါ်လိုက်သည်။

ရှီယူသည် သူမ၏စကားများကို ကြားသောအခါ နှုတ်ခမ်းဆူလေသည် “ယူယူ နင်က ဘက်လိုက်လိုက်တာ..  ခုနက ငါချက်ခိုင်းတုန်းကကျ ငါလုပ်ခိုင်း မှ ချက်ပေးတာ.. အခုလက်ထောက်လေးလာတော့ သူဘာစားချင်လဲလို့ နင်က အရင်မေးတာ”

“ဟုတ်တယ် ငါက ဘက်လိုက်တယ်.. ငါ့ကို လာကိုက်လေ” ရှီမာယူယူ သည် သူမဆီသို့ မေးမော့ပြလိုက်သည်။

“နင့်ကို ကိုက်ရမယ်… တော်ပါပြီ ငါ့ကို ပျားရည်စမ်းကြက်တောင်ပံပဲ ပေး ပါတော့” ရှီယူ ပြောလိုက်သည်။

“လက်ထောက်လေး ဘာစားချင်လဲ” ရှီမာယူယူသည် လက်ထောက်လေး ကိုမေးလိုက်သည်။

“မဟုတ်သေးဘူး ဒါတွေက…”

“လက်ထောက်လေး သူမက မင်းအတွက် ချက်ပေးချင်တယ်ဆိုတာ ရှား တယ်နော်.. အဲတော့ မူမနေနဲ့.. မင်းဘာစားချင်လဲဆိုတာမသိရင် သူမကို ပျား ရည်စမ်းကြက်တောင်ပံသာလုပ်ခိုင်းလိုက်” ရှီယူသည် လက်ထောက်လေးကို မျက်စိမှိတ်ပြလေသည်။

လက်ထောက်လေးသည် သဲ့သဲ့ပြုံးပြီး ရှီမာယူယူဘက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်ပါပြီ ဒီအတိုင်းပဲ ပျားရည်စမ်းကြက်တောင်ပံပဲလုပ်ပေး ပါ”

ရှီမာယူယူသည် လျင်မြန်စွာပင် ပျားရည်စမ်းကြက်တောင်ပံလုပ်ပေးပြီး အသီးဝိုင်နှင့်အတူ သူ့ကိုပေးလိုက်သည်။

“လက်ထောက်လေး ယူယူနိုးလာမယ်ဆိုတာ မင်းကြိုမြင်ထားလား” ရှီယူ မေးလိုက်သည်။

“အစတုန်းကတော့ အစ်မယူယူကိုမမြင်ဘူး.. ဒါပေမဲ့ အဲနေ့က ရုတ်တရက် ဟောကိန်းထုတ်ခဲ့တာ.. တိုင်းပြည်ရဲ့ကံကြမ္မာက ဆက်တိုက် ပြောင်းနေတယ်လို့ ခံစားမိလို့ ဂမ္ဘီရဉာဏ်နဲ့ကြည့်လိုက်တာ.. အဲဒီမှာ အစ်မ ယူယူပါ ပါနေမယ်လို့ထင်မထားဘူး” လက်ထောက်လေး ပြောလိုက်သည်။

“အဲဒါက ဘယ်လိုဟောကိန်းလဲ” ရှီယူသည် စပ်စုစွာမေးလေသည်။

“ဒါက.. ကောင်းကင်ရဲ့လျှို့ဝှက်ချက်က ပေါက်ကြားလို့မဖြစ်ဘူး” လက်ထောက်လေးသည် ဈေးကိုင်နေသည်။

ရှီမာယူယူသည် လက်ထောက်လေးကိုကြည့်လိုက်သည်။ သူ၏ ပြောပုံ ဆိုပုံမှာ ရင်လင်းနှင့် ပိုပိုတူလာသည်။ အင်း.. လူတွေကို လှည့်စားတတ်တဲ့ နေရာမှာတော့ တကယ်တူတယ်။

ရင်လင်းအကြောင်း တွေးမိလျှင် ရှီမာယူယူသည် စိတ်ထဲတွင် အနည်း ငယ် လေးလံလာသလိုခံစားရသည်။ သူမ ကပ်ဘေးကြုံတွေ့ရမည့်အကြောင်း ကို သိပြီးအဒေါ်ဖန်ကိုသာ သွားမရှာခဲ့လျှင် သူမ၏အသက်သည် အမှန်တကယ် အဆုံးသတ်သွားမည်ဖြစ်သည်။ သူမ ပြန်လာမည်ကို သူ ဟောကိန်းမထုတ်ခဲ့ လျှင် တခြားသူများသည် လက်လျော့သွားနိုင်သည်။

သူသည် သူမကိုအလွန်ကြင်နာခဲ့သည်။ သို့သော် သူမကတော့ သူ့ကို ကျေးဇူးတင်ရန် အခွင့်အရေးပင်မရှိခဲ့ပေ။

“ဆရာ့အတွက် ဝမ်းနည်းနေဖို့မလိုပါဘူး.. အစ်မယူယူကြောင့်သာမဟုတ် ရင် သူ့ခန္ဓာကိုယ်ကို ဒီလောက်ကြာအောင်ထိန်းထားနိုင်မှာမဟုတ်ဘူး” လက် ထောက်လေးပြောလေသည် “အကျိုးရှိလို့အကြောင်းတရားဖြစ်လာတာလို့ ဆရာတစ်ခါကပြောဖူးတယ်.. အစ်မယူယူနဲ့သူက အကျိုးနဲ့အကြောင်းပဲ ဒါကို စိတ်ထဲမှာထည့်ထားဖို့မလိုပါဘူး”

“အင်း ငါသိပါတယ် ဒီအတိုင်း ငါ့စိတ်ထဲမှာ…” ရှီမာယူယူ ပြုံးလိုက်သည် “ထားလိုက်ပါတော့ ငါလည်း ဒီကိစ္စတွေကို မပျောက်ကွယ်စေချင်ဘူး.. လာကြ အတူသောက်ပြီး ဂုဏ်ပြုရအောင်”

“ဂုဏ်ပြုပါတယ်” ရှီယူသည် အလွန်ပျော်နေကာ လေးပုလင်းမြှောက် ဝိုင်ပုလင်းကိုမြှောက်လိုက်သည်။

အတွင်းပိုင်းဒေသ၏တစ်နေရာ အခန်းကျယ်ကြီးတစ်ခန်းတွင် ပုံရိပ်တစ်ခု သည် အမှောင်ထဲတွင်ပုန်းနေသည်။ လူတစ်ယောက်သည် တံခါးတွန်းဖွင့်ပြီး မြေပြင်တွင်ဒူးထောက်ကာ ပြောလိုက်သည် “သခင် ရှီမာယူယူနိုးလာပြီ”

“နိုးလာပြီဟုတ်လား နှစ်တွေဒီလောက်ကြာပြီးတော့ သူမနိုးလာပြီပဲ” အက်ကွဲနေသောအသံသည် ရောထွေးသောခံစားချက်များဖြင့် အမှောင်ထဲမှ ထွက်ပေါ်လာသည် “မင်း မနိုးလာသေးရင်လည်း ငါစိတ်မရှည်တော့ဘူး…”

***

All Chapters