အပေါ်ယံ
Vol. 154 Ch. 2156
ရှီမာအိမ်တော်၏ အပြင်ဘက်တွင် အလွန်စည်ကားနေကာ လူအများမှာ ရှီမာယူယူအကြောင်းပြောနေကြသည်။ ရှီမာယူယူနှင့် လက်ထောက်လေးသည် သူတို့ပြောနေသည်များကို ကြားသည်။
“ဂိုဏ်းသခင်ဖြစ်တာကို အသားကျနေပြီလား” သူတို့နှစ်ယောက်သည် အနောက်ဘက်တောင်ဆီသို့ သွားပြီး ရှီမာမျိုးနွယ်၏ မြင်ကွင်းကျယ်မြင်ရသည့် အမြင့်ဆုံးတောင်ထိပ်ထိတက်ကြသည်။
လက်ထောက်လေးသည် ခပ်သဲ့သဲ့ပြုံးလေသည် “အသားကျတယ်ဆိုတာ ဘယ်မှာရှိလို့လဲ.. အသားကျကျ မကျကျ ဆက်လုပ်ရမှာပဲ”
ရှီမာယူယူသည် သူ့ကိုကိုင်ကာ ပြောလိုက်သည် “ငါ့ရှေ့မှာ ဒီလိုလုပ်နေဖို့ မလိုပါဘူး.. မင်းပျော်ရင်ရယ်လို့ရတယ်.. မပျော်ရင်လည်း မရယ်ဘဲနေလို့ရ တယ်.. စိတ်ထဲမှာဝမ်းနည်းနေတာကို အပြင်မှာပျော်သလိုဟန်ဆောင်နေဖို့မလို ပါဘူး.. မင်းအစ်မနဲ့ဆို အဲတုန်းကလေးလေးပါပဲ”
လက်ထောက်လေးသည် သူမကို စစ်မှန်သောအပြုံးဖြင့် ပြုံးပြီးကြည့်လေ သည်။ ရယ်မောပြီးရင်း ရယ်မောကာ.. အပြုံးမှာ ခါးသက်လာပြီး သူ့မျက်လုံးထဲ တွင် မျက်ရည်များဝဲလာသည်။
“အစ်မ ကျွန်တော် ဆရာ့ကိုလွမ်းတယ်” လက်ထောက်လေး ပြောလေ သည် “နှစ်ပေါင်း ၁၀၀ ကျော်တာတောင် သူက ကျွန်တော့်ဘေးမှာ စောင့်ကြည့် နေတုန်းပဲလို့ခံစားရတယ်.. ကျွန်တော် သူ့ကိုလွမ်းတယ် ပြီးတော့ ကျွန်တော် လုပ်နေတာဟုတ်ရဲ့လားလို့ သူ့ကိုမေးချင်တယ်.. ဒါပေမဲ့ သူကိုမမြင်ရဘူး”
“မင်းက အခုကို အရမ်းတော်တဲ့ဂမ္ဘီရပညာရှင်ဖြစ်နေပါပြီ.. ပြီးတော့ မင်းရဲ့ဆရာကလည်း မင်းကိုဂုဏ်ယူနေမှာပါ” ရှီမာယူယူသည် သူ့ကိုနှစ်သိမ့် ပေးလေသည်။
“အစ်မ သိလား.. အစက ဆရာက နှစ်ချီပြီးနေလို့ရသေးတယ်.. ဒါပေမဲ့ ကျွန်တော့်မှာ သေကံပါနေလို့ သူ့အသက်ကို ကျွန်တော့်သေကံပျောက်အောင် ဖြေရှင်းခဲ့တာ” လက်ထောက်လေး ပြောလေသည် “နေ့တိုင်းလိုလိုပဲ အဲဒါကို တွေးမိနေတယ်.. အဲဒါက ကျွန်တော့်ရဲ့နောက်ဆုံးနေ့ဖြစ်ရမှာလား… ဆရာ ကြောင့် ကျွန်တော်က အခုထိနေနိုင်တာလား.. ကျွန်တော်အရမ်းဝမ်းနည်းတယ် တကယ်ဝမ်းနည်းတယ်.. ဒါပေမဲ့ ကျွန်တော်ဘယ်ရောက်ရောက် ခံစားချက်ကို ထုတ်မပြနဲ့လို့ ဆရာပြောခဲ့တယ် အဲဒါကြောင့် နေ့တိုင်းကို ကျွန်တော်က ပြုံးဖို့ လေ့ကျင့်ခဲ့တယ်.. နောက်ဆုံးတော့ အပြုံးအောက်မှာဖုံးထားတဲ့ ခံစားချက်တွေ ကို ဘယ်သူမှမမြင်နိုင်တော့ဘူး.. ဒါပေမဲ့ ကျွန်တော့်အရည်အချင်းတွေလိုသေး တယ်၊ အစ်မ ဒီလိုပြောတော့ ဘာကိုမှထပ်ပြီး တောင့်မခံနိုင်တော့ဘူး”
ရှီမာယူယူသည် သူ့ပခုံးကိုပုတ်ပြီး နူးညံ့စွာပြောလိုက်သည် “လူအလေး မင်းရဲ့ဆရာက တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သွားတာမျိုး ဖြစ်စေ ချင်မှာမဟုတ်ဘူး.. သူက ကျန်တဲ့အသက်သုံးပြီး မင်းကို သေခြင်းတရားကနေ ကယ်သွားတာ ဒါကသူက မင်းအပေါ်ထားတဲ့အချစ်ကြောင့်ပဲ.. သူက မင်းကို ကောင်းကောင်းရှိစေချင်မှာပဲ”
“ကျွန်တော်လည်းသိပါတယ်.. ဒါပေမဲ့ စိတ်ထဲမှာခံနိုင်ရည်မရှိသေးဘူး” လက်ထောက်လေး ပြောလိုက်သည်။
“ဒါကလည်း မင်းကိုယ်တိုင်လုပ်ဖို့လိုတယ်.. အပြင်လူတွေပြောတာက မင်းအတွက် အပေါ်ယံပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဘယ်လိုပဲဖြစ် ဖြစ် ငါ မင်းကိုထောက်ပံ့မှာပါ”
“ကျွန်တော် သိပါတယ်” သူသည် ပြုံးလိုက်သည်။ သူသည် သူမကိုသိ သည်။ ထို့ကြောင့် သူမရှေ့တွင် သူ၏ခံစားချက်များကို ပြခြင်းပင်။ သူ ဟန်မဆောင်ချင်သည့် အချိန်များစွာရှိသည်။ သို့သော် သူ့ခံစားချက်ကို မည်သူ မှ ဂရုမစိုက်ခဲ့ပေ။ သူတို့သည် သူ့ကို တည်ငြိမ်ထူးခြားပြီး ကောင်းမွန်သည့် ဂိုဏ်းသခင်တစ်ယောက်အဖြစ်သာ အလိုရှိခဲ့သည်။
သူ့ကိုဂရုစိုက်ပေးသည့်လူရှိသည်ကို သူ အလွန်ပျော်မိသည်။
သူသည် ခေတ္တမျှဝမ်းနည်းပြီးနောက် ခံစားချက်များကို ဖယ်ထုတ်ကာ ပြောလိုက်သည် “အစ်မ တိုင်းပြည်က ထပ်ပြီးရှုပ်ထွေးပြန်ဦးမယ်”
“အနက်ဝတ်လူတွေနဲ့ ပတ်သက်တာလား” ရှီမာယူယူ မေးလိုက်သည်။
“အစ်မလည်း သတိပေးချက်ရှိတယ်ထင်တယ်” လက်ထောက်လေး ပြော လိုက်သည် “အနက်ဝတ်လူတွေက နှစ်ပေါင်းများစွာ တိတ်ဆိတ်လာပြီး ထွက် လာတော့မယ်”
“အနက်ဝတ်လူတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ သိနိုင်လား”
လက်ထောက်လေးသည် ခေါင်းခါလေသည် “လုပ်လို့ရတယ် ဒါပေမဲ့…”
သူ၏မျက်နှာထားမှာ ထူးခြားနေသည်ကို ရှီမာယူယူမြင်သောအခါ သူမ သည် ဟောကိန်း၏ရလဒ်ကို အံ့ဩသွားပြီး မယုံကြည်သဖြင့် မေးလိုက်သည် “ဘာလဲ”
“လူအတိအကျကိုတော့ အာရုံခံလို့မရဘူး ဒါပေမဲ့ အရင်တုန်းကရောင်ဝါ ကိုတော့ အာရုံခံမိတယ်” လက်ထောက်လေး ပြောလေသည် “ဒါမျိုးကို အရင် က ဂမ္ဘီရဉာဏ်နဲ့ကြည့်ရင် မပေါ်လာဖူးဘူး”
“အရင်တုန်းကရောင်ဝါဟုတ်လား အဲဒါဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ သည် တအံ့တဩမေးလေသည်။
“ဒီလိုပြောရမှာပဲ အဲကိစ္စတွေကို အရင်ကတည်းက စီစဉ်ထားခဲ့တာ” လက်ထောက်လေး ပြောလေသည် “အဲဒီကိစ္စတွေကို အရင်ကတည်းက လုပ်ပြီး ခဲ့တာလည်းဖြစ်နိုင်တယ်”
“အရင်တုန်းကဆိုတော့ ဘယ်လောက်ကြာပြီလဲ”
“နှစ်ပေါင်း သောင်းချီပြီ” လက်ထောက်လေး ပြောလိုက်သည် “အဲဒါ ကြောင့် အခုအသက်ရှိနေတဲ့လူ လုပ်တာမဖြစ်နိုင်ဘူး.. ဒါပေမဲ့ အဲဒါကို လွန်ခဲ့ တဲ့ နှစ်ပေါင်းသောင်းချီက စီစဉ်ခဲ့တာက နည်းနည်းမယုံနိုင်စရာပဲ”
ရှီမာယူယူသည် ယခင်ကဂူသင်္ချိုင်းအတွင်းမှ ချီဝိညာဉ်များကိုတွေးမိသွား သည်။ ထိုချီဝိညာဉ်များသည် လွန်ခဲ့သည့်နှစ်သောင်းချီမှ ဆင်းသက်လာခြင်း ဖြစ်သည်။
“အနက်ဝတ်လူတွေနဲ့ ချီဝိညာဉ်တွေက ဆက်စပ်နေတာလား” သူမ တွေးဆနေသည်။
“ဆက်စပ်တယ်” လက်ထောက်လေး ပြောလေသည် “အဲဒါတင်မကဘူး အစ်မလည်းပါနေတယ်”
“ငါလား.. အရင် ပညာရှိစံအိမ်တော်အကြောင်း သိသွားလို့လား”
“အဲဒါကိုတော့မသိလို့ မသေချာဘူး” လက်ထောက်လေး ပြောလိုက်သည် “အစ်မရဲ့ ဗေဒင်ဟောချက်ကို တိမ်တိုက်တွေမြူခိုးတွေနဲ့ ဖုံးနေတာဆိုတော့ ရှင်းရှင်းလင်းလင်းမမြင်ရဘူး”
ရှီမာယူယူ ပို၍ပင်အံ့ဩမိသွားသည်။ လက်ထောက်လေး၏ လက်ရှိ အရည်အချင်းသည် ရင်လင်းထက် မနိမ့်ဟု အစောက သူတို့ထမင်းစားစဉ်က မိုဒိဆန်းတို့ပြောခဲ့သည်။ သူတောင်မှ သူမရဲ့ကံကြမ္မာလမ်းကြောင်းကို မမြင်ရ ဘူးလား။
“ငါလည်း ပါသွားမှာလား” သူမသည် ကြိတ်မှိတ်ကာမေးလိုက်သည်။
“ဟုတ်တယ် အနက်ဝတ်လူတွေ နှစ်တွေအများကြီး ငြိမ်နေတာက အစ်မ သတိမေ့နေလို့ဖြစ်မယ်.. အခုအစ်မပြန်လာပြီဆိုတော့ သူတို့တွေပြန်ပေါ်လာ တော့မယ်” လက်ထောက်လေး ပြောလေသည် “အကြောင်းအရင်းကို ရှာမရပေ မဲ့ အစ်မက ဒီကိစ္စမှာ ထဲထဲဝင်ဝင်ပါနေတယ်”
“သိပြီ.. အဲလိုဖြစ်လာမှတော့ သူတို့ကိုလာခိုင်းလိုက်ပေါ့.. ငါက ဘာမှ မကြောက်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အစ်မ သတိထားရမယ်.. ကျွန်တော် သတင်းရရင် ချက်ချင်းပို့ပေးမယ်” သူ ထပ်ပေါင်းပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒါပေမဲ့… ကောင်းကင်ရဲ့လျှို့ဝှက်ချက်က ပေါက်ကြားလို့မရဘူးလို့ မင်းပြောပြီးရင်းပြောနေတာမလား.. ပြောပါဦး မင်း အပြစ်ပေးခံရမှာလား” ရှီမာယူယူသည် သူ့အတွက် စိတ်ပူမိသည်။
“ကျွန်တော်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းဆိုရင်တော့ တတ်နိုင် သလောက်သတိပေးမယ်.. ကျွန်တော့်ခန္ဓာကိုယ်က ဆရာပေးထားတာပါ တော်ရုံနဲ့ မထိခိုက်နိုင်ဘူး” လက်ထောက်လေး ပြောလေသည်။
“ကောင်းတယ်” ရှီမာယူယူ ခေါင်းညိတ်လေသည် “ဒါနဲ့ မူစစ်ကို ဟော ပေးလို့ရမလား”
“သူ့ကိုဟောပြီးပြီ” သူ ပြန်ဖြေလေသည်။
“သူ့ကို သူတို့ ဘာလို့ဖမ်းသွားတာလဲ.. သူ့ရဲ့နောက်ခံကြောင့်လား သူ ဘေးကင်းရဲ့လား”
“အခုဘေးကင်းပါတယ် အဲဒါကြောင့် အခုစိတ်ပူဖို့မလိုဘူး.. သူ့ကို ဖမ်း တာကတော့.. သူက ကိစ္စတစ်ခုလုံးရဲ့ သော့ချက်တစ်ခုဖြစ်နေတယ်လို့ပဲ ပြော နိုင်တယ်.. ပြီးတော့ အဲဒါကဒီပွဲထဲကို အစ်မကိုဆွဲထည့်လိုက်တာပဲ”
ဤကိစ္စတွင် မူစစ်သည် ဘာကြောင့်သော့ချက်ဖြစ်နေသည်ကို ရှီမာယူယူ မသိပေ။ သို့သော် သူ့အသက်ဘေးကင်းနေသည်ကို သိသည်နှင့် စိတ်အေးသွား မိသည်။
နောက်ပိုင်းတွင် လက်ထောက်လေးသည် သူမ တစ္ဆေလောကတွင်နေခဲ့ သည့်အကြောင်းများကိုမေးရာ ရှီမာယူယူသည်လည်း သူမ၏အတွေ့အကြုံထဲ မှ ကောင်းနိုးရာရာကိုရွေးထုတ်ပြီး ပြောပြသည်။ အတန်ကြာနေပြီးနောက် လက်ထောက်လေးသည် ပြန်ရန်ပြောလေသည်။
“ဒီမှာသူငယ်ချင်းဟောင်းတွေရောက်နေတာပဲ” လက်ထောက်လေး သူမ ကိုသတိပေးလေသည်။
ရှီမာယူယူ ပျော်မိသည်။ မည်သူမည်ဝါရောက်နေသည်ကို သူမပြောပေ။ ထို့ကြောင့် လမ်းတစ်လျှောက်လုံး ခန့်မှန်းလာသည်။
လက်ထောက်လေးသည် ပြုံးရုံပြုံးနေပြီး သူမ ခန့်မှန်းသည်များကို ဘာမှ မပြောပေ။
“ငါ့ကို အရင်ပြောပြလို့မရဘူးလား”
“ပြောပြလိုက်ရင် မျှော်လင့်စရာမရှိတော့ဘူးလေ”
“မင်းက မင်းဆရာနဲ့ပိုတူလာတယ်”
“ဆရာ့တပည့်ဆိုမှတော့ ဆရာ့လမ်းအတိုင်းသွားမှာဆိုတော့ ဆရာနဲ့တူ မှာပဲလေ”
“…”
ရှီမာယူယူသည် များစွာခန့်မှန်းသည်။ သူမ၏ အစ်ကိုများ၊ ဖက်တီးကျူ နှင့်တခြားသူများ၊ စီနီယာအစ်ကို အစ်မများ၊ ချင်းမိုနှင့် ကောင်းကင်ဂိုဏ်းသား များကိုပြောသော်လည်း တစ်ယောက်မှမမှန်ပေ။
သူမ ခြံဝန်းဆီသို့ပြန်သောအခါ ဝင်လိုက်သည်နှင့် သူမဆီသို့ ပြေးလာ သည့် ကလေးငယ်ကိုတွေ့လိုက်သည်။ သူမသည် ရင်းနှီးသောရောင်ဝါကို မခံစားမိသဖြင့် အလိုလိုပြန်တိုက်ခိုက်မိသွားသည်။
အသက် ၇ နှစ်အရွယ်ကလေးငယ်သည် သူမ၏ခါးကိုဖက်ပြီး စောဒက တက်လေသည် “ဘူး ဟူး ဟူး ဘယ်တွေရောက်နေတာလဲ ၁၀ လေး.. ငါ စောင့် နေတာကြာလှပြီ”
***