← Chapters

ထွက်ပြေးဖို့ မဖြစ်နိုင်

Vol. 50 Ch. 684

ထွက်ပြေးဖို့ မဖြစ်နိုင်

Vol. 50 Ch. 684

“လန်အောင်းထျန် အဖွဲ့မှူးလန်လား”

ကျန်းရီ၏မျက်လုံးက အေးစက်စက်အလင်းဖြင့် ဖျပ်ခနဲ လက်သွားတော့သည်။ နျိုတုန်က အဖွဲ့မှူးလန်သည် အစ်ကိုကြီးဟုန်နှင့် ဆက်ဆံရေးကောင်းသည်ဟု ဆိုခဲ့သည်။ သူက မြို့သို့ ပြန်ရောက်ခါစ ဖြစ်ပြီး ဤအဖွဲ့မှူးလန်ကလည်း လူလွှတ်လာ၏။ သူက အစ်ကိုကြီးဟုန်ကို ဂုဏ်သိက္ခာတချို့ ပြန်ရအောင် ကူညီပေးချင်သည်လော။

အဖွဲ့မှူးလန်၏ အဆင့်အတန်းဖြင့် သူ့ဆီကို သွားရောက်လည်ပတ်သူက ကျန်းရီဖြစ်သည့်သည်။ သို့သော် ယခုမူ သူက ကျန်းရီကို ခေါ်ရန် တစ်စုံတစ်ယောက်ကို လွှတ်လိုက်၏။ ယင်းက ဧကရာဇ်သည် သူ၏အမှုထမ်းကို ဆင့်ခေါ်သည့်ပုံမျိုး မဟုတ်ပါလော။ ကျန်းရီက ၎င်းကို မယုံကြည်ပေ။ တစ်စုံတစ်ယောက်က သူ့ကို သေအောင်ရိုက်မည် ဆိုလျှင်တောင် အဖွဲ့မှုးလန်က သူ့ကို ပြဿနာရှာနေတာ မဟုတ်ဟု ယုံကြည်မှာမဟုတ်ပေ။

“လမ်းပြပေး”

တစ်စုံတစ်ယောက်က ပြဿနာလာရှာသည် ဆိုသောကြောင့် ကျန်းရီကလည်း ရှောင်ဖယ်နေရန် အကြောင်းပြချက် မရှိပေ။ မဟုတ်လျှင် အဖွဲ့မှုးတစ်ယောက်အနေဖြင့် သူ၏ အဆင့်အတန်းကို ထိန်းထားနိုင်မှာမဟုတ်တော့ပေ။ သူက လူမစုတော့ဘဲ နျိုတုန် နျိုဝမ်နှင့်အတူ မြို့ရင်ပြင်ဆီသို့ လျှောက်သွားလိုက်၏။

မြို့ရင်ပြင်က လူရှင်းပြီး တိတ်ဆိတ်လေ၏။ ယနေ့တွင် ကောင်းကင်မိုးကြိုးမြို့ထဲ၌ အပြောင်းအလဲကြီး ဖြစ်ပေါ်လေရာ အဖွဲ့မှူးနှစ်ယောက် အသတ်ခံခဲ့ရသည်။ ထို့ကြောင့် မြို့ရင်ပြင်၌ မည်သူမျှ မနေရဲချေ။ ကျန်းရီက မြို့အရှင် အိမ်တော်ထဲသို့ ဝင်ရောက်သည့် အချိန်၌ ပုံမှန်စည်ကားနေကျ မြို့အရှင်အိမ်တော်က အလွန်အေးစက်ပြီး ရွှင်မြူးမှု ကင်းမဲ့နေတာကိုလည်း သတိပြုမိလိုက်၏။

“အဖွဲ့မှူးကျန်း ကျေးဇူးပြုပြီး ဒီလမ်းပါ”

လမ်းကို ဦးဆောင်သည့်သူက အတော်လေး ရိုကျိုးကာ ကျန်းရီကို မြောက်အရပ်ရှိ အကြီးဆုံး ဆောင်ကြာမြိုင်ဆီသို့ ခေါ်သွားသည်။ ကျန်းရီက ခြေလှမ်းကျဲကြီးများဖြင့် ခန်းမဆီသို့ လျှောက်သွားပြီး တစ်ချက် ကြည့်လိုက်၏။ နှုတ်ခမ်းထောင့်တွင်မူ လောင်ပြောင်သည့်အကြည့် ပေါ်လာလေ၏။ လုံလောက်သွားပြီပင် အဖွဲ့မှူးလန်က ပြဿနာရှာနေတာ ဖြစ်၏။ ခန်းမထဲ၌ ဝတ်ထားသည့် မလုံမခြုံ ဝတ်ထားသည့် အလှလေးများရှိပြီး အချို့ကမူ သီးသန့်အစိတ်အပိုင်းများတောင်‌ ပေါ်နေလေ၏။ ဤနေရာ၌ အလှလေးတစ်ရာဝန်းကျင် ရှိပြီး သူတို့အားလုံးကို အယောက်၂၀လောက်က ဝန်းရံထား၏။ ဘယ်ဘက်ခြမ်းတွင်မူ ဧည့်ခံသူ၏ ထိုင်ခုံ၌ အေးစက်ပြီး တည်တင်းသည့် လူရွယ်တစ်ဦး ထိုင်နေသည်။ သူ၏ ညာဘက်ခြမ်းတွင်မူ အပြုံးများ ပြည့်နေသည့် အဘိုးအိုတစ်ဦး ရှိနေ၏။ အစ်ကိုကြီးဟုန်လည်း ဤနေရာတွင် ရှိနေကာ သူက အေးစက်စက်ဖြင့် တင်းမာပုံပေါက်သော လူရွယ်၏ဘေးနား၌ ထိုင်နေလေသည်။ သူတို့သုံးယောက်နောက်၌ အလှလေးများစွာ ဝိုင်းနေလေ၏။ သူတို့က ကြည့်လို့အကောင်းဆုံး ဖြစ်သည်။

အစ်ကိုကြီးဟုန်ဘေးတွင် ထိုင်နေသော အလှလေးနှစ်ဦး၏ အဝတ်အစားများက ဖရိုဖရဲဖြစ်နေသည်။ အစ်ကိုကြီးဟုန်၏ လက်များကလည်း အလှလေးနှစ်ဦး၏ အဝတ်အစားနားဆီ ကူးလူးလျှောက်သွားနေလေ၏။ အလှလေးနှစ်ယောက်ကလည်း သူ့နောက်ကျောကို နှိပ်ပေးနေသည်။ သူက ကျန်းရီကို အေးစက်စက် မှုန်မှိုင်းမှိုင်း အကြည့်တို့ဖြင့် ကြည့်လိုက်လေသ်ည။

သူ့အထက်ရှိ တည်တင်းပုံပေါ်သည့် လူရွယ်က မျက်နှာသေ ဖြစ်နေသာ ကျန်းရီ ဝင်လာချိန်တွင် ကြည့်တောင် မကြည့်ပေ။ သူက အေးအေးလူလူဖြင့် သေရည်ကို သောက်ရန် ခွက်မြှောက်လိုက်၏။ တစ်ဖက်ခြမ်းရှိ မုတ်ဆိတ်ဖြူအကြီးအကဲကမူ ဖော်ရွေသည့် အမူအရာ ရှိသည်။ နျိုတုန်က ချက်ချင်းပင် သတင်းပို့လိုက်သည်။

“အဖွဲ့မှုးကျန်း ဘယ်ဘက်ခြမ်းက အဖွဲ့မှူးလန် ညာဘက်ခြမ်းက အဖွဲ့မှုးလီ ..”

ကျန်းရီက ၎င်းကို နျိုတုန်မပြောခင် ခန့်မှန်းမိ၏။ သူက အလယ်တွင် ရပ်နေပြီး ဘေးဘယ်ညာကို ကြည့်ကာ တိတ်ဆိတ်နေလေ၏။ သူ၌ အေးစက်စက် အမူအရာ ရှိနေပြီး သူတို့က သူ့ကို မလေးစားသောကြောင့် သူကလည်း သူတို့ကို လေးစားမှာ မဟုတ်ဟု ဖော်ပြနေသည်။

“အဖွဲ့မှုးကျန်းလား”

ဖော်ရွေသော အဖွဲ့မှုးလီက အဖွဲ့မှူးလန် ဘာမှမပြောတာကို မြင်သောကြောင့် သူက ပြုံးပြီး ပြောလိုက်တော့၏။

“မင်း ဒီရောက်နေပြီ ဆိုတော့ ထိုင်ပြီး သောက်အုံးလေ”

ကျန်းရီက အဖွဲ့မှုးလန်ကို တစ်ချက် ကြည့်ပြီးနောက် သူက ဘာမှမပြောတာကို တွေ့လိုက်ရ၏။ ပြုံးပြီးနောက် အဖွဲ့မှူးလီကို လက်သီးနှစ်ဖက် ဆုပ်မိုးလျက် ပြောလိုက်၏။

“အဖွဲ့မှူးလီက တစ်ခွက်သောက်ဖို့ ကျုပ်ကို ဖိတ်ကြားတာ ဆိုရင် ဂုဏ်တက်မိမှာပါ၊ ဒါပေမဲ့ ဒီနေ့ အဖွဲ့မှုးလီက ဧည့်ခံတဲ့သူ မဟုတ်တဲ့ပုံပဲ အိမ်ရှင်က မကြိုဆိုဘူးဆိုမှတော့ ကျုပ်ထွက်သွားသင့်ပြီ”

သူ ထိုသို့ ပြောပြီးသည်နှင့် ထွက်သွားတော့၏။

အဖွဲ့မှူးလီသည် ကျန်းရီကို လေးစားခဲ့၏။ ထို့ကြောင့် သူကလည်း လေးစားမှုဖြင့် တုံ့ပြန်ခဲ့သည်။ အဖွဲ့မှုးလန်က သူ့ကို မျက်နှာသာမပေးသောကြောင့် ကျန်းရီကလည်း သူ့ကို အားနာနေမှာ မဟုတ်ပေ။ သူက လှည့်ထွက်သွားစဉ် နျိုတုန်နှင့် နျိုဝမ်တို့က ခါးသက်သက် အပြုံးပေါ်လာလေ၏။ သူတို့၏အဖွဲ့မှုးက ကြမ်းတမ်းသည့်စိတ်နှင့် သဘောထားရှိကာ မြို့၏နံပါတ်နှစ် အဖွဲ့မှူးကို လေးစားမှုတောင် မပြခဲ့ပေ။

မရေမတွက်နိုင်သည့်လူများ၏ အမူအရာက ပြောင်းလဲသွား၏။ အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သားလေးယောက်မှအပ ကျန်လူများက အဖွဲ့မှုးလန်နှင့် အဖွဲ့မှူးလီ၏ လူများဖြစ်သည်။ ကျန်းရီက အဖွဲ့မှူးလန်ကို လေးစားမှု မပြခဲ့လျှင် သူက သူတို့ကို မလေးစားဟု ဆိုလိုတာပဲ ဖြစ်သည်။ အဖွဲ့မှုးလန်၏ လူများက ရုတ်တရက် ထရပ်လိုက်ပြီး သူတို့၏ မျက်နှာ၌ ဒေါသများ ပြည့်နေ၏။ ဤနေရာက မြို့တွင်းသာ မဟုတ်လျှင် သူတို့လက်နက်များကို ဆွဲထုတ်ပြီး စတိုက်ခိုက်နေမှာပဲ ဖြစ်သည်။

အဖွဲ့မှူးလန်က အေးအေးလူလူ သေရည်သောက်နေသော်ငြား ကျန်းရီက ဝင်ပေါက်မှ လျှောက်ထွက်သွားသည့် အချိန်၌ သူက ရုတ်တရက် ပြောလိုက်၏။

“လူငယ်လေး သိပ်ပြီးမမောက်မာနဲ့ မထောင်လွှားနဲ့၊ ရှန်းစီမျိုးနွယ်မှာ ထောင်လွှားတဲ့သူတွေက အချိန်မတိုင်ခင် သေတတ်တယ်”

ကျန်းရီက တံခါးနားသို့ ရောက်ပြီဖြစ်ကာ ထိုနေရာတွင် ရပ်တန့်လိုက်၏။ သူက လှည့်မကြည့်ဘဲ ပြုံးလျက် ဘေးတိုက် ပြောလိုက်တော့၏။

“အဖွဲ့မှူးလန်ရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒါက ကျုပ်ရဲ့စိတ်နေသဘောထားပဲ မပြောင်းလဲနိုင်ဘူးလေ”

အဖွဲ့မှူးလန်က ပြုံးပြီးနောက် ကျန်းရီကို ပထမဆုံးအကြိမ် မော့ကြည့်လိုက်သည်။

“မင်း ဒီနေရာကို ရောက်ပြီဆိုတော့ လာထိုင်လိုက်လေ၊ ငါ အဖွဲ့မှူးလန်က လူရိုင်းတစ်ယောက် မဟုတ်ဘူး လွန်ကျူးတတ်တဲ့လူတစ်ယောက်လည်း မဟုတ်ဘူး ငါက အဖွဲ့မှူးလီနဲ့ သောက်နေတုန်း ရှောင်ဟုန်က ပြန်ရောက်လာတဲ့အချိန် သူ မင်းနဲ့ အငြင်းပွားခဲ့တယ်လို့ ကြားမိရုံပဲ၊ ဒါကြောင့် စကားပြောရအောင်လို့ မင်းကို ခေါ်လိုက်တာ”

အဖွဲ့မှူးလီကလည်း ပြုံးပြီးနောက် စကားကို ထပ်ဖြည့်ပြောလိုက်၏။

“အဖွဲ့မှူးကျန်း ဒီလောင်လီကို မျက်နှာသာတချို့ ပေးနိုင်မလား ထိုင်ပြီးတစ်ခွက်လောက် သောက်ပါအုံး”

“ဟား ဟား ဟား”

ကျန်းရီက ရယ်မောပြီးနောက် အထဲသို့ ဝင်လာ၏။ သူ့လေသံက ယဉ်ကျေးသည့်ဘက်သို့ ပြောင်းသွားကာ ပြောလိုက်တော့၏။

“ကျွန်တော်က အခုလေးတင်ပဲ အခုလေးတင်ပဲ နျိုတုန်နဲ့ နျိုဝမ်ကို ပြောနေတာ အစ်မကြီးဆည်းလည်း၊ အဖွဲ့မှူးလန်နဲ့ အဖွဲ့မှူးလီဆီကို သွားလည်အုံးမလို့ အဖွဲ့မှူးလန်က ကျုပ်ကို ဖိတ်လိုက်တာ ဆိုတော့ နှစ်ယောက်လုံးကို ကမ်းပေ့ လုပ်ပေးဖို့ ရောက်လာတာပါ”

လူတိုင်းက ကျန်းရီ၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကို လိုက်လျောညီထွေ မဖြစ်နိုင်ပေ။ သို့သော် ကျန်းရီက စားပွဲပေါ်ရှိ သေရည်ခွက်ကို ကောက်ကိုင်ပြီးနောက် အဖွဲ့မှူးလီကို ကမ်းပေ့ဦးစွာ လုပ်လိုက်ပြီး အဖွဲ့မှူးလန်ကို ကမ်းပေ့ လုပ်လိုက်၏။ လူတိုင်းက ကျန်းရီ စိတ်မကျေနပ်သေးတာကို ပြောနိုင်သည်။

အဖွဲ့မှူးလီက လှိုက်လှိုက်လှဲလှဲ ပြုံးလျက် ထရပ်ကာ အဖွဲ့မှူးလန်ကလည်း ကမ်းပေ့လုပ်ရန် ထရပ်ကာ မျက်နှာသာပေးလိုက်၏။ သုံးယောက်သားက တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။ လန်အောင်းထျန်၏ သဘောထားက ရုတ်တရက် ပြောင်းလဲသွားစဉ် ကျန်းရီက အဖွဲ့မှူးလီ၏ အဆိုပြုချက်အတိုင်း လိုက်ပါလာ၏။ အဖွဲ့မှူးလန်က မြို့၏နံပါတ်နှစ် အဖွဲ့မှူး ဖြစ်နေသောကြောင့် သူ၌ တိုင်းဆမရသော ခွန်အား ရှိရပေမည်။ မလိုလားအပ်ဘဲ ကျန်းရီက သူ့ကို ရန်မစချင်ပေ။

အဖွဲ့မှူးလန်က သူ၏ အစောပိုင်းသဘောထားကို ထိန်းထားလျှင် ကျန်းရီက စိတ်ထဲ ထားမနေဘဲ အလဲထိုးပစ်မှာပဲ ဖြစ်သည်။ သူတို့က တိုက်ခိုက်ချင်သည် ဆိုပါက သူတို့ကို မည်သူက ကြောက်နေမည်နည်း။

အဖွဲ့မှူးလီ၏ အောက်နား၌ တစ်စုံတစ်ယောက်က ခုံတစ်လုံး ထားပေးသည်။ ကျန်းရီက နျိုတုန်နှင့် နျိုဝမ်ကို ခေါ်ပြီးနောက် နေသားတကျ ထိုင်ချလိုက်တော့သည်။ ပြီးနောက် ခွက်မြောက်ကာ အဖွဲ့မှူးလီကို ကမ်းပေ့လုပ်ပြီး ပြောလိုက်တော့သည်။

“အဖွဲ့မှူးလီ လာ နောက်တစ်ခွက်လောက် ထပ်ပြီးတိုက်ပါရစေ”

“ဟား ဟား”

အဖွဲ့မှူးလီက ကျန်းရီ၏သဘောထားကို သဘောကျ၏။ သူက သေရည်တစ်ခွက် သောက်ပြီးနောက် ရယ်မောကာ ပြောလိုက်တော့သည်။

“အချိန်ကြောင့် လူငယ်မျိုးဆက်က ငါတို့နေရာကို အစားထိုးတော့မှာပဲ၊ အဖွဲ့မှူးလန် ငါတို့တွေ အသက်ကြီးနေပါပြီကွာ၊ ငါတို့တွေ ငယ်ရွယ်စဉ်တုန်းက ဘာတွေ လုပ်နေကြလဲ၊ ငါ အရှေ့ပိုင်းတော်ဝင်နယ်မြေမှာ ရှိနေသေးပြီး ငါ့မျိုးနွယ်စုရဲ့အင်အားကို သုံးပြီး လမ်းပေါ်မှာ အကျင့်ဖူးကြတာ မှတ်မိသေးတယ်၊ နောက်ဆုံးတော့ ဝူမျိုးနွယ်စုရဲ့ သခင်လေးကြောင့် ခြေတစ်ချောင်းကျိုးသွား၊ပြီး ငါ့မျိုးနွယ်စုလည်း ပါဝင်ပတ်သက်ခဲ့ရတယ် ဒီအကြောင်းအရင်းကြောင့် မျိုးနွယ်စုလည်း သုတ်သင်ရှင်းလင်းခံရလုနီးပါးပဲ”

အဖွဲ့မှူးလန်က ပေါ့ပေါ့ပါးပါး ရယ်မောပြီးနောက် အဖွဲ့မှူးလီကို ကမ်းပေ့လုပ်ကာ ပြောလိုက်တော့သည်။

“အဖွဲ့မှုးလီ ဆယ်နှစ်အတွက် လက်စားချေဖို့ မင်းရဲ့ဖြေရှင်းနည်းကို ထိန်းထားတာ မဟုတ်ဘူးလား ပြောရရင် နောက်ဆုံးတော့ ဝူမျိုးနွယ်စုရဲ့သခင်လေးကို ၁၈ပိုင်း ခုတ်ပစ်လိုက်တာပဲ မဟုတ်ဘူးလား မင်းက ဧကရာဇ်ကိုးပါးမျိုးနွယ်စုရဲ့သခင်လေးကို တကယ်ကြီး ခုတ်ပိုင်းရဲတယ် မင်းလိုမျိုး ဘယ်သူက သတ္တိရှိမှာလဲ”

“အဖွဲ့မှူးလီက အထင်ကြီးဖို့ ကောင်းလိုက်တာ လာ လာ အားလုံးပဲ အဖွဲ့မှုးလီရဲ့ရဲရင့်မှုအတွက် ခွက်တွေ မြောက်လိုက်ကြ”

“ဧကရာဇ်ကိုးပါးမျိုးနွယ်စု သူတို့တွေက အရှေ့ပိုင်းတော်ဝင်နယ်မြေရဲ့ ဘီလူးကြီးတွေပဲ၊ အဖွဲ့မှုးလီက အထင်ကြီးစရာ ကောင်းလွန်းတယ်”

ကောင်းကင်ဧကရာဇ် လက်အောက်ငယ်သားတစ်စုက အမြန်ထရပ်လိုက်ပြီး ကမ်းပေ့လုပ်ကြကာ ဆောင်ကြာမြိုင်ထဲမှ မိန်းမပျိုလေးများကလည်း ချစ်စဖွယ် ရယ်သံများ ထွက်လာလျက် ပတ်ဝန်းကျင်တစ်ခုလုံးကို ထပ်မံ အသက်ဝင်လာစေပြန်၏။ အဖွဲ့မှူးလီ၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားရိပ် တစ်စွန်းတစ်စ ပေါ်လာကာ လက်ခါလိုက်၏။

“ဒါတွေက အရင်တုန်းက ဇာတ်လမ်းတွေပဲ ဘာကြောင့်‌ ပြောတော့မှာလဲ၊ အခု အသက်ကြီးနေပြီ ငါ့ရဲ့ဓားကိုတောင် မမနိုင်တော့ဘူး၊ အဖွဲ့မှုးလန်နဲ့ယှဉ်ရင် ကျုပ်ရဲ့အဖြစ်အပျက်က ဘာမှမဟုတ်ဘူး၊ အဲဒီတုန်းက အဖွဲ့မှုးလန်က ကျန့်မျိုးနွယ်စုက သခင်မလေးကို အကြမ်းဖက်ခဲ့ပြီး သေတဲ့အထိတောင် ညှဉ်းပန်းရဲခဲ့တာနော် သခင်မလေးက အဖွဲ့မှုးလန်ကို တံထွေးထွေးခဲ့တာကြောင့်လေ”

“ဝိုး..”

လူအုပ်ကြီးတစ်ခုလုံးသည် ထိုနှစ်ယောက်က ယခင်ဇာတ်လမ်းဟောင်းများကို တစ်ခါမှ မကြားခဲ့ဖူးသောကြောင့် စိတ်လှုပ်ရှားလာကြသည်။ ထိုလူနှစ်ယောက်က ဤကဲ့သို့ ဂုဏ်သရေရှိအတိတ် ရှိခဲ့လိမ်မည်ဟု သူတို့မထင်ထားပေ။ သူတို့နှစ်ဦးက ဝူမျိုးနွယ်စု၏ မျိုးဆက်နှင့် ကျန့်မျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များကို သတ်ဖြတ်ခဲ့သည် ဖြစ်စေ အကြမ်းဖက်ခဲ့သည် ဖြစ်စေ အရေးမကြီးပေ။ သူတို့အဖို့ ဧကရာဇ်ကိုးပါးမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန် သတ္တိရှိနေသည့်အတွက် အံ့ဩဖွယ်သတ္တိရှိနေပြီးသားပင် ဖြစ်သည်။

အပြစ်သားကျွန်းက အရှေ့ပိုင်းတော်ဝင်မျိုးနွယ်စု၏ ဆန့်ကျင်ဘက်တွင် ရပ်တည်တာ ဖြစ်ပြီး သူတို့က ဧကရာဇ်ကိုးပါး မျိုးနွယ်စုကို ရန်လိုကြသည်။ အပြစ်သားကျွန်းပေါ်ရှိ လူအားလုံးနီးပါးက အရှေ့တိုင်းတော်ဝင်နယ်မြေတွင် မနေနိုင်သည့်လူများ ဖြစ်၏။ အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီက ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ မျိုးဆက်များအပေါ် အမှန်တကယ် လှုပ်ရှားခဲ့ချိန်တွင် သူတို့၏ လက်အောက်ငယ်သားများက စိတ်လှုပ်ရှားလွန်းလှရာ သူတို့က သတ်ဖြတ်ပြီး အကြမ်းဖက်သည့်သူများပမာ ဝင်ခံစားနေတော့၏။ ချက်ချင်းပင် ကမ်းပေ့ လုပ်ကြကာ မျက်နှာချိုသွေးကြတော့၏။

“အဖွဲ့မှူးလန်နဲ့ အဖွဲ့မှုးလီက မယုံနိုင်စရာကောင်းလိုက်တာ ဒီငယ်သားတွေက အဖွဲ့မှူးတို့နဲ့အတူ တောက်ပမယ်”

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြွားလုံးထုတ်နိုင်ရန် ကူညီပေးနေခြင်းဖြစ်ကာ အထူးသဖြင့် သူကြားစေရန်အတွက်ဆိုတာ ကျန်းရီ မည်သို့ မသိဘဲ နေမည်နည်း။ သူတို့က ကျန်းရီကို တစ်ဖက်လှည့်ဖြင့် ပြောပြရန် ကြိုးစားနေတာ ဖြစ်၏။ သူတို့နှစ်ယောက် အမြင့်သို့ လှမ်းခဲ့သည့် အချိန်၌ သူက ဤလောကထဲသို့တောင် မရောက်သေးပေ။ သူတို့က သူ့အား အကြီးများကို ယဉ်ကျေးပြီး လေးစားမှု ရှိစေရန် ပြောခဲ့တာပဲ ဖြစ်သည်။

သို့သော် သူက စိတ်ထဲမထားပေ။ အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီတို့က သူ့ကို လေးစားသရွေ့ သူက သူတို့ကို လေးစားပေမည်။ သူက ပြဿနာမရှာချင်ဘဲ မြို့၌ ငြိမ်းငြိမ်းချမ်းချမ်း နေချင်၏။ အနည်းငယ် နှိမ့်ချစွာ နေထိုင်ခြင်းက ပြဿနာကြီးမဟုတ်ပေ။

“ခွီး ခွီး အတိတ်တွေလည်း ပြီးခဲ့ပါပြီကွာ ဒါတွေ ထပ်မပြောနဲ့တော့”

အဖွဲ့မှုးလန်က ကျန်းရီ ကမ်းမေ့လုပ်တာကို တုံ့ပြန်သည့်အနေဖြင့် သေရည်ခွက်ကို မော့သောက်လိုက်ကာ ပြုံးလိုက်တော့၏။ ပြီးနောက် ကျန်းရီဘက်ကို လှည့်ကြည့်ကာ မထင်ထားသည့်ပုံဖြင့် ပြောလိုက်သည်။

“အဖွဲ့မှုးကျန်း ရှန်းစီမျိုးနွယ်စုကို လတ်တလောကမှ ရောက်လာတဲ့ပုံပဲ အရှေ့ပိုင်းတော်ဝင်နယ်မြေမှာ တစ်ခုခု ကြီးကြီးမားမား လုပ်နိုင်ခဲ့လား မဟာမျိုးနွယ်စုတွေထဲက တစ်စုကို ရန်စခဲ့သေးလား”

ဝှစ် ဝှစ် ဝှစ်..

အကြည့်တို့က သိချင်စိတ်များ ပြည့်လာလေသည်။ ကျန်းရီသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုသို့ ခွန်အား ပိုင်ဆိုင်ထား၏။ သူသည် ရတနာတချို့ သို့မဟုတ် ထူးခြားသည့် အဆင့်အတန်းတချို့ ပိုင်ဆိုင်ရမည်။

ကျန်းရီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာ အမှုမထားဘဲ ပြန်ပြောလိုက်၏။

“အဖွဲ့မှုးလန်က နောက်နေပြန်ပါပြီ ကျွန်တော်က ငယ်သေးတာ ဘယ်လိုလုပ် ကြီးကြီးမားမား ဆောင်ရွက်နိုင်မှာလဲ ဒီကို ရောက်လာတာက ဘယ်မှ သွားစရာမရှိတာကြောင့်ပဲ ရှဲ့၊ ကျန်း၊ ဝူ နဲ့ ထူ မျိုးနွယ်စုက ကျုပ်ကို လိုက်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလေ မပြေးဖို့ မဖြစ်နိုင်ဘူး”

နေရာတစ်ခုလုံးက တိတ်ဆိတ်သွားတော့၏။

***

All Chapters