မဟာတိုက်ပွဲ
Vol. 50 Ch. 686
ကျန်းရီ၏စကားသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က ရန်လိုသည့်အနေအထား ကျရောက်သွားသည်။ အဖွဲ့မှူးလန်၏ အမူအရာက ရေခဲတုံးပမာ အေးစက်နေပြီး သူ၏မျက်ဝန်းက ပိုတောင် ကျဉ်းမြောင်းသွားတော့သည်။ အနီးကပ် ကြည့်မိလျှင် အဖွဲ့မှုးလန်၏ မျက်လုံးများ၌ အေးစက်သော အလင်းတန်းများနှင့် သတ်ဖြတ်လိုသောဆန္ဒများ ပြည့်နေပြီး ကျန်းရီက သူ့ကို ဒေါသထွက်သွားစေတာ သိသာနေ၏။
အဖွဲ့မှုးလီသည် မြို့ထဲ၌ ကောင်းမွန်သည့်သူဖြစ်ပြီး သူက အဖွဲ့မှုးများကြားထဲ၌ အငြင်းပွားစရာ ရှိလျှင် ဖျန်ဖြေသူအဖြစ် အမြဲဆောင်ရွက်ခဲ့သည်။ သို့သော် ယနေ့တွင်မူ သူက တိတ်နေပြီး သူ့အမူအရာကလည်း သိပ်မကောင်းပေ။ ထိုကဲ့သို့ကောင်းမွန်သည့်သူက အနည်းငယ် ဒေါသထွက်သွားတော့သည်။ ကျန်းရီသည် ကြင်နာမှုကို မည်သို့ အသိအမှတ်ပြုရမည်မှန်း မသိပေ။ အဖွဲ့မှုးလန်က သူ့ကို အလျှော့ပေးနေပြီဖြစ်ကာ ကျန်းရီက ကြေးစားများကို ခေါ်ရန် စီစဉ်ပြီးသား ဖြစ်နေ၏။
အစ်ကိုကြီးဟုန်က ကျေနပ်အားရနေသည့် အပြုံးဖြစ်နေပြီး ဤရလဒ်ကို မြင်တွေ့ရတာ ပျော်နေသည်။ ကျန်းရီက ရူးနေတာ ဖြစ်နိုင်၏။ သို့သော် သူခေါ်သွားသည့် လက်အောက်ငယ်သားများသည် သူ့အတွက် သူတို့အသက်ကို စွန့်စားလိုစိတ် ရှိမည်လော။ အဖွဲ့မှူးလန်ထံမှ အမိန့်တစ်ချက်ဖြင့် လူတိုင်းက ထွက်ရပ်ကြမည် ဖြစ်ကာ ကျန်းရီကမူ လူပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မည်။
အဖွဲ့မှူးလန်က မြို့ထဲ၌ နံပါတ်နှစ်ဖြစ်ပြီး သူက လေလုံးထွားပြီး အဆင့်တက်လာတာ မဟုတ်ပေ။ သွေးတိုက်ပွဲများစွာကို တွေ့ကြုံပြီးမှ အဆင့်တက်လာတာ ဖြစ်၏။ လွန်ခဲ့သော ဆယ်နှစ်က အစ်ကိုကြီးဟုန်သည် အဖွဲ့မှူးများထဲမှ တစ်ယောက် မဖြစ်သေးချိန် သူက တခြားသော အဖွဲ့မှုးလန်တစ်ကွက်တည်းဖြင့် နှုတ်နှုတ်စင်းလိုက်တာကို တွေ့လိုက်ရသည်။ ထိုတိုက်ပွဲပြီးနောက် သူက အဖွဲ့မှူးလန်ကို ခေါင်းဆောင်အဖြစ် မှတ်ယူပြီး သူ့နောက်လိုက်ခဲ့၏။
ကျန်းရီက အလွန်အန္တရာယ်များကြောင်း အစ်ကိုကြီးဟုန် ခံစားမိသည်။ သို့သော် အဖွဲ့မှုးလန်က ပိုတောင် အန္တရာယ်များသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဝါးရိုက်ချက်က သူ့ရင်ထဲတွင် စွဲထင်နေပြီး သူ၏အမြင်တွင် ကျန်းရီက အဖွဲ့မှူးလန်အတွက် ပြိုင်ဘက်မဟုတ်တာ သေချာ၏။
ကျားနှစ်ကောင် တိုက်ခိုက်ကြသည့် အချိန်တွင် တစ်ကောင်က သေချာပေါက် ဒဏ်ရာရပေမည်။ မည်သူ ရှင်ကျန်ရစ်စေကာမူ ကိစ္စမရှိပေ။ ယင်းက အစ်ကိုကြီးဟုန်အတွက် အကျိုးအမြတ်ရှိ၏။ ကျန်းရီ ပျောက်ကွယ်သွားလျှင် အကောင်းဆုံးဆိုတာ ပြောစရာ မလိုပေ။ သို့သော် အဖွဲ့မှုးလန်က ပျောက်ကွယ်သွားခြင်း သို့မဟုတ် ဒဏ်ရာရသွားခဲ့လျှင် အစ်ကိုကြီးဟုန်အတွက် အရှက်ကွဲစရာ ဖြစ်တော့မှာ မဟုတ်ပေ။ အဖွဲ့မှူးလန်တောင် ကျန်းရီကို မယှဉ်နိုင်ချိန် အစ်ကိုကြီးဟုန်အဖို့ ဒူးထောက်ရတာတောင် ပုံမှန်ပဲ ဖြစ်သည်။
အားလုံးက အဖွဲ့မှုးလန်ဆီကို ကြည့်ပြီး သူ ဆုံးဖြတ်ချက် ချမှာကို စောင့်နေလေ၏။ အဖွဲ့မှူးလန်က လူတိုင်းကို စိတ်မပျက်စေခဲ့ပေ။ သူက ထရပ်ပြီးနောက် ရယ်မောလိုက်လေ၏။
“အဖွဲ့မှုးကျန်းက ဒီလိုစိတ်ဓာတ်တက်ကြွနေတယ်ဆိုတော့ တိုက်ပွဲဖလှယ်ဖို့ မြို့ပြင်ကို သွားကြတာပေါ့”
ကျန်းရီက ပေါ့ပေါ့ပါးပါး ရယ်မောပြီးနောက် ခေါင်းညိတ်ကာ ထရပ်ပြီး အပြင်သို့ ထွက်လိုက်၏။ သူက ဘေးလှည့်ကြည့်ကာ ပြောလိုက်တော့သည်။
“ဒီ ကျန်းက မြို့ရဲ့အရှေ့ဘက်ဂိတ် အပြင်ဘက်မှာ စောင့်နေပါ့မယ် အဖွဲ့မှုးလန် ညွှန်ပြပေးမှာကို စောင့်ဆိုင်းနေမယ်”
ထျန်း..
ကျန်းရီ ထွက်သွားပြီးနောက် လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ အချို့က ကျယ်လောင်စွာ ကျိန်ဆဲကြပြီး အချို့က နှာခေါင်းရှုံ့ပြီး ရှုံ့ချနေကြ၏။ အချို့ကမူ အဖွဲ့မှုးလန်ကို မျက်နှာချိုသွေးနေကြသည်။ သို့သော် အားလုံးက ရန်လိုနေပြီး သူတို့က အဖွဲ့မှုးလန်နောက်လိုက်ပြီး မြို့ပြင်သို့ ထွက်လာ၏။
“သွားကြရအောင် အဖွဲ့မှုးလန်ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရအောင်”
အဖွဲ့မှူးလန်က သူ့လူများကို တိုက်ပွဲလေ့လာရန်အတွက် ညွှန်ကြားလိုက်၏။ လူတိုင်းက အပြင်ထွက်လာပြီးနောက် ခမ်းနားသော သွင်ပြင်ဖြင့် မြို့၏အရှေ့ဘက်ဂိတ်ဆီသို့ လျှောက်လာကာ မြို့က ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ပန်းပွင့်တစ်ရာတည်းခိုဆောင်ထဲရှိ ကင်းထောက်များစွာကလည်း ချက်ချင်းပင် အဖွဲ့မှုးရင်း၊ အဖွဲ့မှုးဟေးနှင့် ကျန်သည့်သူများကို သတင်းပို့ကြကာ သူတို့လူများကို ဦးဆောင်လျက် မြို့ပြင် ထွက်သွား၏။ မိုးကြိုးတောင်တန်းနား မသွားခဲ့သည့် သိုင်းပညာရှင်များကလည်း ပြေးထွက်လာပြီး မဟာတိုက်ပွဲကို ကြည့်ရန်အတွက် မြို့ပြင်သို့ သွားလိုက်၏။
“သခင်မလေး တိုက်ခိုက်မှုစတော့မယ်”
ရှောင်ဟုန်ကလည်း သတင်းရလိုက်ပြီး ချက်ချင်းပင် ခြံဝန်းထဲသို့ သတင်းသွားပို့၏။ အစ်မကြီးဆည်းလည်းက သတင်းကြားသောအခါ သူမက မည်သည့်လှုပ်ရှားမှုများ မပြုခဲ့ပေ။ ရှောင်ဟုန်က အစ်မကြီးဆည်းလည်း၏ တုံ့ပြန်မှုကို မြင်ပြီး သံသယဖြင့် မေးလိုက်တော့၏။
“သခင်မလေး ဒီလိုမဟာတိုက်ပွဲကို သွားမကြည့်ဘူးလား”
“ကြည့်စရာ ဘာရှိလို့လဲ”
အစ်မကြီးဆည်းလည်းက ပေါ့ပေါ့ပါးပါး ရယ်မောပြီး ပြောလိုက်တော့သည်။
“အများကြီး မမေးနဲ့ ရလဒ်ထွက်လာရင် နားလည်လိမ့်မယ်”
ဝှစ် ဝှစ် ဝှစ်..
အရှေ့ပိုင်းမြို့ဂိတ် အပြင်ဘက်၌ မရေမတွက်နိုင်သည့် လူများက ရူးသွပ်စွာ ပြေးထွက်လာကြသည်။ မြို့ရိုးပေါ်ကနေ စောင့်ကြည့်နေသည့် လုမျိုးနွယ်စုဝင် များစွာလည်း ရှိ၏။ ယနေ့တိုက်ပွဲက ကြည့်ရှုရန် ထိုက်တန်ပြီး တစ်ဖက်က မြို့တွင် ဆယ်စုနှစ်ကျော် လွှမ်းမိုးလာသည့် လုပ်သက်ရင့် အဖွဲ့မှူးတစ်ဦး ဖြစ်ပြီး အစ်မကြီးဆည်းလည်းအောက် တစ်ဆင့်သာ နိမ့်သည့်သူ ဖြစ်သည်။ ကျန်တစ်ယောက်ကမူ အဖွဲ့မှူးနှစ်ယောက် ပါ့တောက်နှင့် အဖွဲ့မှူးလုံတို့ကို သတ်ခဲ့သည့် ပေါ်ထွက်လာကာစ အဖွဲ့မှူးအသစ် ဖြစ်၏။ သူက ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကျော် ရှိပြီး အစ်ကိုကြီးဟုန်ကို ဒူးထောက်အောင်တောင် ပြုလုပ်ခဲ့၏။ နှစ်ယောက်လုံးက လွှမ်းမိုးနိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ရာ သူတို့က အသေအကြေ တိုက်ခိုက်ကြမည် ဆိုသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်မှာ သေချာ၏။
လုံလောက်သွားပြီဖြစ်သည်။ မြို့ထဲရှိ လူအားလုံးနီးပါးက ထွက်လာ၏။ မြို့ရိုးပေါ်၌ ရပ်နေသည့်လူက အနည်းဆုံး လူထောင်ချီရှိပြီး အနားမကပ်ရဲပေ။ သူတို့က တိုက်ခိုက်မှုကြောင့် ရိုက်ခတ်လာသည့် လှိုင်းများက သူတို့ကို အပိုင်းပိုင်းအစစ ချေမှုန်းသွားမှာကို စိုးရိမ်လာကြသည်။
ကျန်းရီက ဘယ်ဘက်ခြမ်းရှိ မိုးကြိုးတောင်ကြားရှိ တောင်ထွတ်ပေါ်၌ ရပ်နေလေသည်။ နျိုတုန်နှင့် နျိုဝမ်က သူ့နောက်သို့ မလိုက်ရဲပေ။ သူတို့က သစ္စာမရှိသောကြောင့် မဟုတ်ဘဲ ကျန်းရီက သူတို့ကို တိုက်ပွဲထဲ ဝင်မပါအောင် ဟန့်တားထားသောကြောင့် ဖြစ်သည်။ ကျန်းရီက မိုးကြိုးမီးကို ထုတ်ဖော်လိုက်လျှင် သူတို့ခန္ဓာကိုယ်၌ အမှုန်အမွှားတောင် ကျန်မှာမဟုတ်ကြောင်း နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း သိနေပေ၏။
ရွှီး ရွှီး ရွှီး..
အဖွဲ့မှုးလန်သည် နောက်ဆုံး၌ မြို့ပြင်သို့ ထွက်သွားသည်။ သို့သော် သူက လမ်းလျှောက်တာ အလွန်နှေးကွေးနေ၏။ သူက မြို့ထဲရှိ လူအားလုံး ထွက်လာပြီး ပွဲကြည့်မှာကို စောင့်နေသည့်ပမာ ဖြစ်နေသည်။ သူ့နောက်၌ အစ်ကိုကြီးဟုန်နှင့် ကောင်းကင်ဧကရာဇ်၃၀ကျော်က လိုက်ပါလာ၏။ သူက မိုးကြိုးတောင်ကြား၌ ရပ်နေသော ကျန်းရီကို ကြည့်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အဖွဲ့မှူးကျန်း မင်းအခု နောင်တရဖို့ အချိန်မီသေးတယ် ငါ လောင်လန်က လှုပ်ရှားပြီ ဆိုတာနဲ့ ညှာတာမဲ့သူ မဟုတ်ဘူးနော်”
“ဟား ဟား ဟား ဟား…”
ကျန်းရီက ရှည်ကြာစွာ ရယ်မောပြီးနောက် ပြောလိုက်၏။
“အဖွဲ့မှူးလန် ထိန်းထားစရာ မလိုပါဘူး၊ ဒီကျန်းကို သတ်နိုင်မယ် ဆိုရင် ကျုပ်ရဲ့ခွန်အားက မပြည့်ဝဘူးလို့ ဆိုလိုလိုက်တာပဲ၊ ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ဘူး ကျုပ်ကလည်း သက်ညှာပေးမှာ မဟုတ်ဘူး၊ အဖွဲ့မှူးလန် ဂရုစိုက်ပါ”
“အမ်.. ဟမ်”
မြို့ရိုးပေါ်မှ လေ့လာနေသော သိုင်းပညာရှင်များနှင့် မြို့ရိုးထိပ်တွင် ရှိသည့် လုမျိုးနွယ်စု၏စစ်သည်များအားလုံး ခေါင်းညိတ်လိုက်၏။ တိုက်ပွဲ၏ရလဒ်က မည်သို့ဖြစ်စေကာမူ ကိစ္စမရှိပေ။ အနည်းဆုံးတော့ နှစ်ယောက်လုံး၌ ကောင်းမွန်သည့် အမူအကျင့်ရှိပြီး အစီအစဉ်မကျတာမျိုးမရှိ၊ ကျိန်ဆဲခြင်း ဆဲဆိုခြင်းလည်း မပြုကြပေ။ သူတို့က သိုင်းပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်တော့မည့်ပုံနှင့် တူ၏။
“ဟုတ်ပြီ”
အဖွဲ့မှူးလန်က ဟိန်းဟောက်ပြီးနောက် ကောင်းကင်ထဲသို့ တက်လိုက်၏။ သူ၏ အနက်ရောင်ဝတ်ရုံရှည်က မရပ်မနား လူးလွန့်နေပြီး ကျန်းရီဆီသို့ ငှက်ကြီးတစ်ကောင်ပမာ လျင်မြန်စွာ ချဉ်းကပ်သွား၏။ သူ့၌ မည်သည့်လက်နက်မှ မကိုင်ဆောင်ထားဘဲ ရွှေရောင်နတ်ဘုရားသိုင်းကိုသာ ထုတ်ထားလေ၏။ နတ်ဘုရားသိုင်းစတင်သည်နှင့် လေဟာနယ်နယ်မြေက အံ့ဩဖွယ်ကောင်းလောက်သည့် အရှိန်အဝါ တည်ရှိမှုဖြစ်လာသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းလွန်းသောကြောင့် မိုင်တစ်ရာအတွင်းရှိ လေထုကတောင် ခဲကုန်၏။
“အဖွဲ့မှုးလန် မိုးကြိုးတောင်ကြားထဲမှာ တိုက်ခိုက်ကြရအောင် အပြစ်ကင်းတဲ့သူတွေကို မထိခိုက်စေဖို့ပေါ့”
ကျန်းရီက လှုပ်ရှားလိုက်၏။ ခြေတစ်ဖက်တည်းနင်းပြီးနောက် နတ်ဘုရားသက်တန့်တစ်စင်းပမာ မိုးကြိုးတောင်ကြားအတွင်းသို့ တစ်ဟုန်ထိုး ဝင်သွားလေ၏။ အဖွဲ့မှူးလန်၏ မျက်လုံးက ဖျတ်ခနဲ လှုပ်ရှားသွားသည်။ ပြီးနောက် သူက ချက်ချင်း မလှုပ်ရှားဘဲ ထိုအစား ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။
“ဒါ အဆင်ပြေတယ် မင်း ပြောတာ သဘောတူတယ်”
လူနှစ်ယောက်က မိုးကြိုးတောင်ကြားထဲသို့ သက်တန့်များပမာ ပျံသန်းသွားပြီးနောက် အားလုံး၏ အမြင်အာရုံရှေ့မှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ လူတိုင်းက နှမြောသတ ဖြစ်ပြီး သက်ပြင်းချလိုက်၏။ နှစ်ယောက်လုံးက သူတို့၏ ထူးကဲသော စွမ်းရည်များကို သူတို့အား မမြင်စေချင်တာ သိသာသည်။ ဤသို့ ဖြစ်နေသောကြောင့် သူတို့ကလည်း မိုးကြိုးတောင်ကြားထဲသို့ တမင်တကာ သွားပြီး မကြည့်နိုင်တော့ပေ။
“ဟား ဟား ငါ တစ်ချက် သွားကြည့်အုံးမယ်”
အစ်ကိုကြီးဟုန်၏ မျက်လုံးများက ရက်စက်မှုပေါ်လာတော့၏။ အဖွဲ့မှုးလန်သည် တိုက်ပွဲအတွက် ကျန်းရီကို ဝိုင်းထားရန် မည်သူ့ကိုမှ မခိုင်းခဲ့ပေ။ ထို့ကြောင့် သူတို့က နေရာတွင်ပင် နေရစ်ခဲ့၏။ အစ်ကိုကြီးဟုန်ကမူ မတူပေ။ သူ ခိုးကြည့်ချင်သည်။ အခွင့်အရေးရှိလျှင် ကျန်းရီကို သေချာပေါက် လုပ်ကြံသတ်ဖြတ်ပေလိမ့်မည်။
“အမ်..”
နျိုတုန်နှင့် နျိုဝမ်တို့ ညီအစ်ကိုက အကြည့်ချင်း ဖလှယ်ပြီးနောက် အစ်ကိုကြီးဟုန်ကို ဟန့်တားရန် ပြင်လိုက်၏။ သို့သော် အဖွဲ့မှုးလန်၏ လက်အောက်ငယ်သားများအားလုံးက လှုပ်ရှားလာပြီး သူတို့၏သတ်ဖြတ်လိုသည့် အရှိန်အဝါများကို နှစ်ယောက်ပေါ်၌ မှတ်သားလိုက်၏။
ကျန်းရီ၏ ကျန်သည့်လက်အောက်ငယ်သားများက သတင်းကြားပြီး လာကြည့်သည်။ သို့သော် နျိုတုန်နှင့် နျိုဝမ်က မလှုပ်ရှားရဲသောကြောင့် သူတို့ကလည်း အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲပေ။ ရွေးချယ်စရာ မရှိဘဲ မိုးကြိုးတောင်ကြားထဲသို့ ကောက်ကျစ်သော မြေခွေးတစ်ကောင်ပမာ တစ်ဟုန်ထိုးဝင်သွားသည့် အစ်ကိုကြီးဟုန်ကိုသာ ကြည့်နေရ၏။
“ယုတ်မာပြီး အရှက်မဲ့တာ”
အဖွဲ့မှုးဟေးက ရေရွတ်ပြောလိုက်၏။ သို့သော် အသံကျယ်ကျယ် မထွက်ရဲဘဲ အစ်ကိုကြီးဟုန်ကို မတားရဲပေ။ ကျန်းရီ အသတ်ခံရလျှင် အမှန်တကယ် ကောင်းမွန်ပေ၏။ တစ်ဖက်တွင်မူ ပြုံးနေသောကျားက သူ၏အဆီများသော ပါးစပ်ဖြင့် ရယ်မောနေကာ ပြောလိုက်တော့၏။
“ခွီး ခွီး အစ်ကိုကြီးဟုန် သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ ကိစ္စမရှိဘူး ဒီတစ်ခေါက် အဖွဲ့မှုးကျန်းက သေမှာ သေချာနေပြီ ကျန်တာတွေကို ဘေးချိတ်ထားအုံး အဖွဲ့မှုးလန်က ကျုပ်တို့အားလုံး ပူးပေါင်းတိုက်ခိုက်ရင်တောင် ကျုပ်တို့အားလုံး ဖြိုခွင်းနိုင်မှာ မဟုတ်တဲ့ ကောင်းကင်ကို ဖီဆန်နိုင်တဲ့ ခုခံမှုမျိုး ရှိနေတာလေ”
“ဟုတ်တာပဲ”
အဖွဲ့မှူးလီက ခေါင်းညိတ်ပြီးနောက် သက်ပြင်းချလိုက်၏။
“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက အဖွဲ့မှုးလန်ရဲ့တိုက်ပွဲကို အားလုံး မှတ်မိသေးလား၊ အဖွဲ့မှုးဟုန်က ငါးမိနစ်လောက်ပဲ တောင့်ခံနိုင်ခဲ့တယ်၊ အဖွဲ့မှုးလန်က ဘာမှမဖြစ်ခဲ့သလိုမျိုး ဆောင်ရွက်သွားတာ ဆယ်နှစ်ကုန်ခဲ့ပြီ ဆိုတော့ အဖွဲ့မှုးလန်က ဘယ်အကွက်မှ မရှိတာတော့ မဟုတ်လောက်ဘူး၊ သူ့ခွန်အား အခုချိန် ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ဘယ်သူက သိမှာလဲ”
အဖွဲ့မှုးရင်က နှာခေါင်းရှုံ့ပြီးနောက် ထူးမခြားနား ပြောလိုက်၏။
“ခန့်မှန်းနေဖို့ မလိုဘူး အဖွဲ့မှုးကျန်းက သေချာပေါက် ပျောက်ကွယ်သွားမှာ အားလုံးပဲ အဖွဲ့မှုးလန်အတွက် အောင်ပွဲခံပေးဖို့ ပြင်ဆင်ထား”
***