← Chapters

တစ်ကိုယ်တော်ဝံပုလွေ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်

Vol. 50 Ch. 687

တစ်ကိုယ်တော်ဝံပုလွေ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်

Vol. 50 Ch. 687

ဝှစ်..

မိုးကြိုးတောင်ကြားအတွင်း လေထဲ၌ သက်တံရောင်ပုံရိပ်နှစ်ခု ပေါ်လာသည်။ နှစ်ယောက်လုံးက မိုးကြိုးတောင်ကြားအတွင်း မိုင်တစ်ရာခန့် ရောက်နေပြီဖြစ်ကာ ပတ်ဝန်းကျင်အပူချိန်သည် အနီးရှိ မိုးကြိုးမီးကြောင့် မြင့်တက်လာလေ၏။

သူတို့ကြားရှိ အကွာအဝေးက ပိုနီးလာတော့သည်။ မိုင်တစ်ဒါဇင် ကွာဟနေရာမှ လက်ရှိတွင် မိုင်အနည်းငယ်သာ ကွာဟတော့သည်။ နှစ်ယောက်လုံးက သူတို့၏ ပျံသန်းသည့် အရှိန်ကို ထိန်းထားခြင်းမှအပ လှုပ်ရှားရန် ရည်ရွယ်ချက် မရှိကြပေ။

အဖွဲ့မှုးလန်၏ ခန္ဓာကိုယ်က တောက်ပသည့် ရွှေရောင်အလင်းတစ်ခု ဖြာထွက်နေစဉ် သူ၏အနက်ရောင်ဝတ်ရုံက မရပ်မနား လူးလွန့်နေပြီး သူ၏မျက်နှာက အေးစက်ပြီး ခက်ထန်၏။ သူသည် သူနှင့်နီးကပ်နေသော ကျန်းရီကို စိုက်ကြည့်ပြီး မျက်လုံးထဲ၌ အံ့ဩမှုအရိပ်အယောင်ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးက မိုးကြိုးမီးပေါင်းများစွာ ရှိသည့်နေရာများကို ဖြတ်ကျော်ပြီးကာစ ဖြစ်ကာ သူတို့နှင့် နီးကပ်သည့် မိုင်နားတွင် ရှိနေသည်။ သို့သော် ကျန်းရီက ချွေးတစ်စက်တောင် ထွက်မလာခဲ့ပေ။ သူသည် ပါ့တောက်နှင့် အဖွဲ့မှူးလုံကို သတ်ရန် လှည့်ကွက်သို့မဟုတ် နည်းလမ်းအချို့ သေချာပေါက် ရှိရမည်။

အပူချိန်က ထပ်မံမြင့်တက်လာသောအခါ မိုးကြိုးမီး ပိုရှိလာတာ သိသာနေ၏။ ကျန်းရီက ရုတ်တရက် အရပ်မျက်နှာပြောင်းပြီး မိုးကြိုးမီးဆီသို့ တိုးဝင်သွားသည်။ အဖွဲ့မှူးလန်က မျက်ခုံးပင့်လိုက်ပြီး လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ သူက အော်ပြောလိုက်သည်။

“အဖွဲ့မှုးကျန်း ငါ တိုက်ခိုက်တော့မယ် အခု ဂရုစိုက်နော်”

ဘီး..

အဖွဲ့မှူးလန်၏ လက်က အနက်ရောင်အလင်းဖြင့် ရုတ်တရက် တောက်ပလာပြီး လက်ဝါးရိုက်ချက်ကို သုံးလိုက်တော့သည်။ လက်ဝါးရာအရိပ်ကြီးက သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး နှစ်ခု ကွဲထွက်သွားပြီး၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု ပြီးမှ ထောင်ချီလက်ဝါးရာအဖြစ် ကွဲထွက်သွားတော့၏။ အားလုံးက ကျန်းရီဆီ ဦးတည်နေပြီး အနက်ရောင်အလင်းသာမက လက်ဝါးရာ၏အစပ်တွင်လည်း ရွှေရောင်အလင်း စီးဆင်းနေလေ၏။

ထိုလက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင် လေဟာနယ်အပိုင်းအခြားက တုန်သွားပြီးနောက် နားဆူသည့်အသံတစ်သံ ပေါ်ထွက်လာတော့၏။ မြင့်မားသည့် ခုခံမှုမရှိသည့် သိုင်းပညာရှင်တစ်ဦးသာဆိုလျှင် အသံကြောင့် ကြောက်လန့်ပြီး သေသွားနိုင်၏။ ကောင်းကင်တွင်လည်း လက်ဝါးရာများ ပြည့်နေလေသည်။

“လေအသင်္ချေတာအိုပုံစံ မဟုတ်ဘူး ဒီလက်ဝါးရာမှာ ရွှေရောင်အလင်းရှိတယ် အဲဒီထဲမှာ ရွှေဓာတ်တာအိုတချို့ကို ပေါင်းစီးထားတာ သေချာတယ်။ လက်ဝါးရာမှာလည်း အနက်ရောင်အလင်း ရှိနေတယ် အဲဒီမှာ ဖျက်ဆီးခြင်း အရှိန်အဝါတည်ရှိမှုတစ်ခု ရှိနေတာ ဖျက်ဆီးခြင်း တာအိုပုံစံရဲ့ ပေါင်းစည်းမှုပဲ ဖြစ်ရမယ် ဒါက အဆင့်မြင့်တာအိုပုံစံရဲ့စွမ်းအားလား”

ကျန်းရီက စိုးရိမ်ပူပန်သွား၏။ ယင်းကစစ်မှန်သည့် ကျွမ်းကျင်သူ တစ်ဦး၏ တိုက်ခိုက်ရေးနည်းလမ်းဖြစ်သည်။ ပါ့တောက်၏ အမိမြေဟိန်းသံကလည်း မြေဓာတ်နှင့် လေဟာနယ်ဓာတ် တာအိုပုံစံ ပေါင်းစည်းထားတာ ဖြစ်နိုင်ပြီး သိပ်သည်းမှုအရာတွင်မူ ဤလက်ဝါးရိုက်ချက်အောက် နိမ့်သည်။

“လေအသင်္ချေလား အဲဒါ ဘယ်လို အသုံးပြုရမလဲဆိုတာ ငါလည်း သိတယ်”

ကျန်းရီက မျက်တောင်ခတ်လိုက်ကာ သူ့ခန္ဓာကိုယ်က နှစ်ခု၊ နှစ်ခုမှလေးခု၊ လေးခုမှ ရှစ်ခု ကွဲထွက်သွားပြီး သူက တစ်ချိန်တည်းတွင် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်လိုက်၏။ ဤအသင်္ချေကိုယ်ခွဲက မျက်လုံးနှင့် ကောင်းကင်စိတ်အာရုံကြောင့် ခွဲခြား၍ မရသည့်အရာဖြစ်ပြီး ကျန်းရီသာလျှင် ထိုကဲ့သို့ ခွန်အားရှိသည်။ သို့သော် မိုးနှင့်မြေတစ်သားတည်း အခြေအနေကမူ မတူညီပေ။ ဤအခြေအနေ၌ သူက ပတ်ဝန်းကျင်ရှိ လေဟာနယ် အတက်အကျကို ခံစားနိုင်ပြီး လက်ဝါးတစ်ထောင်ကြားထဲ၌ စစ်မှန်သော လက်ဝါးကို ရှာနိုင်၏။

ဝှစ် ဝှစ်..

သူက ကိုယ်ခွဲတစ်ရာကျော် ခွဲထုတ်ပြီးနောက် အချို့က ပျံသန်းကာ အချို့က မြေပြင်သို့ ဆင်းသက်ပြီး အရပ်မျက်နှာအားလုံးဆီ လူဖြန့်လိုက်၏။ တစ်ချိန်တည်းတွင် ကျန်းရီက အဖွဲ့မှုးလန်၏ အစစ်အမှန် လက်ဝါးရာကို လျင်မြန်စွာ ရှာတွေ့ပြီး သူ၏ခန္ဓာကိုယ် အစစ်အမှန်ကလည်း ချက်ချင်းပင် အောက်သို့ ဆင်းသက်ကာ အဖွဲ့မှုးလန်နား တိတ်တဆိတ် ချဉ်းကပ်လာ၏။

“အသင်္ချေကိုယ်ခွဲလား ဒီကောင်က အတော်ပါးနပ်သားပဲ ဟမ့်”

အဖွဲ့မှုးလန်၏ မျက်လုံးထဲ၌ အံ့ဩမှုအရိပ်အယောင်များ ပေါ်လာ၏။ သို့သော် သူ့ပါးစပ်ကမူ လှောင်ပြောင်ရိပ် တစ်စွန်းတစ်စ ရှိနေသည်။ သူက တစ်ထောင်အထိ ခွဲနိုင်၏။ သို့သော် ကျန်းရီက တစ်ရာကျော်သာ ခွဲနိုင်သည်။ တာအိုပုံစံအပေါ် သူ၏နားလည်သဘောပေါက်မှုက ကျန်းရီထက် သာသည်ဆိုတာ ပြောရန် မလိုပေ။ အဖွဲ့မှူးလန်က မျက်လုံးမှိတ်ထားလျက် ကျန်းရီ၏ခန္ဓာကိုယ်အစစ်အမှန်ကို သာမန်ကာလျှံကာ ပိတ်ဆို့လိုက်၏။

သို့သော်ငြား သူက တည်ငြိမ်နှင့် စုဆောင်းနေပြီး လေထဲ၌ လက်ဝါးရာထောင်ချီကို ထိန်းချုပ်ကာ ကျန်းရီ၏ ကိုယ်ခွဲများကို ဖျက်ဆီးရန် ပြင်လိုက်၏။

“ငါးမိုင် သုံးမိုင်.. နှစ်မိုင်..”

ကျန်းရီ၏ ကိုယ်ခွဲတစ်ဝက်ကျော်က ဖျက်ဆီးခံလိုက်ရပြီး ၂၀အောက်သာ ကျန်တော့သည်။ ကျန်းရီသည် ကိုယ်ခွဲခြောက်ယောက်ကို အဖွဲ့မှူးလန်ဆီ တစ်ဟုန်ထိုးဝင်ရောက်ရန် ထိန်းချုပ်လိုက်ပြီး အားလုံးက မီးနဂါးဓားကို ကိုင်ဆောင်ထားကာ တစ်ချိန်တည်းတွင် လွဲခုတ်လိုက်တော့၏။ ကောင်းကင်ထဲ၌ မီးနဂါးလေးများ ချက်ချင်း ပြည့်သွားစဉ် သူက ဘုံကိုးဘုံ၏ နဂါးမီးလျှံကိုတောင် ချက်ချင်းထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို အပူချိန် တိုးသွားစေ၏။ ထိုစဉ် သူ၏ခန္ဓာကိုယ်အစစ်အမှန်ကမူ အမြန်ဆုံးအရှိန်ဖြင့် အဖွဲ့မှူးလန်ဆီ ဝင်သွားလေသည်။

ဤအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်သည့်အခါ ဘုံကိုးဘုံ၏နဂါးမီးလျှံနှင့် မီးနဂါးဓားအတွင်းအား တိုက်ခိုက်မှုတို့က အာနိသင်မရှိပေ။ မိုးကြိုးမီး သို့မဟုတ် ဝိညာဉ်ဓား၃၆လက်သာလျှင် အသုံးပြုတာ ဖြစ်ပြီး နှစ်မျိုးလုံးက ကျန်းရီအဖို့ နီးကပ်သည့် အကွာအဝေးထဲ ရှိရန် လိုအပ်သည်။

“ခွီး ခွီး..”

အဖွဲ့မှူးလန်က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေလျက် ချဉ်းကပ်လာသော ကိုယ်ခွဲများကို ဖျက်ဆီးရန် မလှုပ်ရှားခဲ့ပေ။ အမှန်တကယ်တွင် သူက ကျန်းရီ နီးကပ်လာမှာကို စောင့်နေတာ ဖြစ်သည်။ အဖွဲ့မှူးလန်က လှောင်ပြုံးပြုံးလိုက်ပြီးနောက် ခပ်ရေးရေး ရယ်မောကာ ပြောလိုက်သည်။

“ကောင်းကင်က မင်းအတွက် လမ်းတစ်လမ်း ချန်ပေးထားတယ်၊ ဒါတောင် မင်းက တံခါးမရှိတဲ့ ငရဲထဲ သွားခဲ့သေးတာကိုး သေဖို့ အချိန်တန်ပြီ”

သူက နောက်ထပ် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။ ယခုအခေါက်တွင် လက်ဝါးရာက ကွဲထွက်မသွားဘဲ ကျန်းရီ၏ခန္ဓာကိုယ် အစစ်အမှန်ဆီသို့ တိုက်ရိုက်ပျံသန်းသွား၏။ ထိုလက်ဝါးရာထုတ်ဖော်လိုက်သည်နှင့် ပတ်ဝန်းကျင်လေဟာနယ် အပိုင်းအခြားသည် ရေကဲ့သို့ ဂယက်ထလာပြီး ချက်ချင်းပင် ကျန်းရီ၏ မီးနဂါးဓားအတွင်းအား တိုက်ခိုက်မှုကို ပပျောက်သွားစေ၏။ ထိုစဉ် ကျန်းရီ၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပေ။ လေက ဆန်တက်လာပြီး သာမန်လူတစ်ယောက်က မြစ်ကြီးတစ်စင်းထဲ ပြုတ်ကျသွားသည့်ပမာ ကယက်ထလာ၏။ ဧရာမလှိုင်းများကို ရင်ဆိုင်ရချိန်တွင် ရှေ့တက်ရန် မဆိုထားနှင့် မျောလွင့်နေရန် ထိန်းထားရပြီး အောက်သို့မမြှုပ်သည်ကပင် အင်မတန် ချီးကျူးရန် ထိုက်တန်နေပြီဖြစ်သည်။

“လေဟာနယ်တာအိုပုံစံနဲ့ ပေါင်းစည်းထားတဲ့ ဒီလက်ဝါးရာက အမိမြေဟိန်းသံရဲ့ လေဟာနယ်တာအိုပုံစံထက်တောင် မယုံနိုင်စရာကောင်းသေးတယ်”

ကျန်းရီက ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်အစစ်အမှန်ကို အဖွဲ့မှူးလန် ဖောက်မြင်တွေ့ပြီး ကျန်းရီရောက်လာမှာကို စောင့်နေလိမ့်မည်ဟု သူ မထင်ထားပေ။ အကွာအဝေးက ဝေးနေသေး၏။ ယခုအချိန်တွင် ကျန်းရီက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို သုံးခဲ့လျှင် ယင်းက သေချင်နေတာ ဖြစ်သွားမည်။ ကျန်းရီက ရွေးချယ်စရာမရှိဘဲ မီးတိမ်သံချပ်ကာကို ခန္ဓာကိုယ်ပြင်ပ၌ ပေါ်လာစေလျက် သူ၏မီးဝိညာဉ်ပုလဲကမူ လင်းလာတော့သည်။ အပြာရောင်ဖျော့ဖျော့ မိုးကြိုးမီးက ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူက ပိုင်းဖြတ်မှုအချို့ ထုတ်ဖော်ကာ သိုင်းစွမ်းရည်ပေါင်းစည်း တိုက်ကွက်ကို သုံးလိုက်၏။ မီးနဂါးအကောင်ရေတစ်သိန်းကျော်က အဖွဲ့မှုးလန်ဆီသို့ တိုးဝင်သွားပြီး ကောင်းကင်က မိုးကြိုးမီးများ ပြည့်သွားတော့သည်။

“အမ်..”

အဖွဲ့မှူးလန်၏အကြည့်က ကျုံ့သွားပြီး အမူအရာကလည်း ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ မိုးကြိုးမီးများ ပေါ်လာချိန်၌ ကွဲပြားခြားနားမှုကို ချက်ချင်း ခံစားလိုက်ရ၏။ သူ့စိတ်ထဲတွင် ၎င်းကို ရုတ်တရက် သဘောပေါက်သွားသည်။ ကျန်းရီ၌ ဗာဂျရာနယ်ပယ် ခွန်အားရှိပြီး သူက ပါ့တောက်နှင့် အဖွဲ့မှူးလုံကို ရှင်းထုတ်ပစ်ရန် မိုးကြိုးမီးကို အားကိုးနေတာပဲ ဖြစ်ရမည်။

ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားသော အပူချိန် ပေါ်ထွက်လာသည်နှင့် အဖွဲ့မှူးလန်၏ ခန္ဓာကိုယ်က ငှက်တစ်ကောင်အသွင် ပြောင်းလဲသွားပြီးနောက် ဘေးသို့ ရှောင်တိမ်းလိုက်သည်။ အနက်ရောင်ဝတ်ရုံများကလည်း အနက်ရောင်အလင်းတို့ တောက်ပလာပြီး မရေမတွက်နိုင်သည့် အနက်ရောင်အက္ခရာများကလည်း အနက်ရောင်ဝတ်ရုံပေါ်၌ ဖြာထွက်လာသည်။ ပြီးနောက် သူတို့က မူလက ပြိုကွဲတော့မည့် နတ်ဘုရားဒိုင်းဆီသို့ ဝင်ရောက်သွားကာ ရွှေရောင်အလင်းဖြင့် ထပ်မံအားဖြည့်ပေးလိုက်သည်။

“ဒါက မိုးကြိုးမီးမဟုတ်ဘူး မိုးကြိုးမီးမှာ ဒီလောက်မြင့်မားတဲ့ အပူချိန်မရှိတာ သေချာတယ်”

အဖွဲ့မှူးလန်က ရင်ထဲတွင် အော်ဟစ်နေသည်နှင့် သူ့ရင်ထဲ၌ သတိတရားတို့ ပေါ်လာကာ နဖူးပေါ်၌ ချွေးစီးများ ပြန်လာတော့သည်။ သူ့အတွင်းအားများက ရေငွေ့ပျံနေသည့်ပမာ ကုန်ဆုံးနေပြီး နတ်ဘုရားအရံဒိုင်းကလည်း တောက်ပခဲ့ရာမှ မှိန်ဖျော့လာကာ အချိန်မရွေး ပြိုကွဲသွားတော့မည်ဟု ထင်မှတ်ရသည်။ နှုတ်ခမ်းထောင့်က ရှုံ့မဲ့သွားပြီးနောက် သူနှင့် ကျန်းရီ နှစ်မိုင်သာ ကွာတော့သည်ကို တိတ်တဆိတ် ပျော်သွားလေ၏။ ကျန်းရီသာ ပိုနီးကပ်လာခဲ့လျှင် သူ၏ကောင်းကင်ကို ဖီဆန်နိုင်သည့် ခုခံခြင်းကတောင် မိုးကြိုးမီးကို ရင်ဆိုင်ရာတွင် ခံနိုင်ရည် မရှိလောက်ပေ။

ကျန်းရီကလည်း အချိန်ကောင်းမရှိပေ။ အဖွဲ့မှူးလန်၏ ဧရာမလက်ဝါးရာက သေစေနိုင်လောက်၏။ သူ၏မီးနဂါးဓားအားလုံးကို ထပ်မံပြိုကွဲသွားစေပြီး မိုးကြိုးမီးများစွာကိုတောင် တွန်းထုတ်လိုက်၏။ ကံကောင်းသည်မှာ လျှပ်စီးများက မိုးကြိုးမီးများကို ဖယ်ရှားလိုက်ပြီး ဧရာမလက်ဝါးရာ၏ စွမ်းအင်ကို ချက်ချင်းကုန်ဆုံးစေကာ ယင်းကို သေးသွားစေတော့သည်။

လေဟာနယ် အပိုင်းအခြားက တုန်လှုပ်လာသည်နှင့် သူက မြဲမြဲမြံမြံတောင် ရပ်မနေနိုင်တော့ဘဲ ရွေးချယ်စရာမရှိဘဲ လက်ဝါးရာ သူ့ဆီ ရောက်လာတာကို ကြည့်နေစဉ် သူက မီးနဂါးဓားဖြင့် ချက်ချင်းပိုင်းဖြတ်လိုက်စဉ် မိုးကြိုးမီးများ ထပ်မံထုတ်ဖော်ကာ လျှပ်စီးများကို ဧရာမလက်ဝါးရာဆီ တိုးဝင်သွားစေလျက် စွမ်းအင်များ ဆက်လက်ကုန်ခမ်းစေ၏။

ဖုန်း…

ထိုသို့ ဖြစ်နေသော်ငြား လက်ဝါးရာက ကျန်းရီ၏ခန္ဓာကိုယ် အပြင်ဘက်ရှိ မိုးကြိုးမီးပေါ် ကျရောက်နေသေးဆဲ ဖြစ်ကာ ခန္ဓာကိုယ်ကို ဝင်တိုးသွား၏။ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာ၏။ ကျန်းရီ၏ ခန္ဓာကိုယ်က လွင့်ထွက်သွားကာ တောင်ထွတ်နှင့်ရိုက်မိပြီး တွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။

“ဖူး..”

တောင်ထဲတွင် ကျန်းရီက အံ့ဩနေသည့် အကြည့်များဖြင့် လတ်လတ်ဆတ်ဆတ် သွေးတစ်ပွက်အန်တော့သည်။ ဧရာမလက်ဝါးရာသည် မိုးကြိုးမီးထဲရှိ မိုးကြိုးနှင့်လျှပ်စီး၏စွမ်းအင်ကြောင့် အားနည်းပြီးသားဖြစ်ကာ မူလအရွယ်အစား၏ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ကျန်းရီက အတုအယောင် နတ်ဘုရားလက်နက် မီးတိမ်သံချပ်ကာတောင် ရှိနေသေး၏။ သို့သော် လက်ဝါးဖြင့် အရိုက်ခံရပြီးနောက် သွေးအန်နေသေးသည်။ အဖွဲ့မှူးလန်၏ တိုက်ခိုက်မှုက အင်မတန် ကြမ်းတမ်းတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူက ကောင်းကင်မိုးကြိုးမြို့၏ နံပါတ်နှစ်အဖွဲ့မှူးဟူသော အမည်နှင့် အမှန်တကယ် ထိုက်တန်ပေသည်။

“အဖွဲ့မှူးလန် လာနေပြီ”

သူက အမောတကော အသက်ရှုနေစဉ် လေခွင်းလာသည့် အသံများကို ကြားလိုက်ရသည်။ တွေဝေမနေဘဲ မီးနဂါးဓားကို လွှဲခုတ်ကာ တောင်၏တစ်ဖက်ခြမ်းဆီသို့ ပစ်ထုတ်လိုက်၏။

ဖုန်း..

ကျန်းရီက တောင်အပြင်သို့ ကမန်းကတမ်း ထွက်လိုက်စဉ် ကောင်းကင်ထဲ၌ လက်ဝါးရာ ရှိနေပြီး တောင်ထွတ်ပေါ်သို့ ကျရောက်လာ၏။ ယင်းကတစ်တောင်လုံးကို ချက်ချင်း ကွဲထွက်သွားစေပြီး ကျောက်စကျောက်နများကို လွင့်စင်လာစေကာ မီးခိုးများပေါ်ထွက်လာစေ၏။ မီတာရာချီ မြင့်မားသော တောင်ထွတ်သည် အဖွဲ့မှူးလန်ထံမှ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် မြေပြင်ပေါ် ဝပ်သွားတော့၏။

“တစ်ကိုယ်တော်ဝံပုလွေ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်တော့”

မလှမ်းမကမ်းကနေ အဖွဲ့မှူးလန်က ထိတ်လန့်နေဖွယ် အရှိန်အဝါ တည်ရှိမှုဖြင့်ပျံသန်းလာ၏။ သူ၏မျက်လုံးက အထီးကျန် သားရဲတစ်ကောင်ပမာ ကြမ်းတမ်းလှပြီး ခန္ဓာကိုယ်ကလည်း တောက်ပသည့် ရွှေရောင်အလင်းဖြင့် ဖြာထွက်နေကာ စိတ်နှလုံးသားကို ကြောက်လန့်စေသော ပြိုင်ဘက်ကင်းနတ်ဆိုးသခင်တစ်ပါးနှယ် ဖြစ်နေစေတော့သည်။

***

All Chapters