← Chapters

စွန့်စားလိုက်

Vol. 50 Ch. 688

စွန့်စားလိုက်

Vol. 50 Ch. 688

ချီ ချီ

မိုးကြိုးမီးက ကျန်းရီ၏ ခန္ဓာကိုယ်ထဲမှ ဆက်လက် ထွက်ပေါ်လာနေ၏။ ကောင်းကင်မိုးကြိုး ကျွန်းပေါ်၌ မိုးကြိုးမီး များပြားလွန်းသည်။ ထို့ကြောင့် မိုးကြိုးမီးများ ကုန်ခမ်းသွားမှာကို သူစိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။ ဤတိုက်ပွဲအတွက် မီးဝိညာဉ် ပုလဲထဲရှိ မိုးကြိုးမီး အားလုံးကို သုံးကုန်သွားလျှင်တောင် သူတွန့်ဆုတ်နေရန် မထိုက်တန်ချေ။

လျင်မြန်သည့်အရှိန်ဖြင့် ပျံသန်းလာစဉ် သူက သူ့နားတစ်ဝိုက်ရှိ မီတာသုံးဆယ်တွင် မိုးကြိုးမီးများဖြင့် သူ့ကိုယ်သူ လွှမ်းခြုံထား၏။ အလိုလိုပင်သူက သူ့နောက်ရှိ ပေါင်းစည်းထားသော သိုင်းစွမ်းရည် မျိုးစုံကိုသုံးကာ တိုက်ကွက်များနှင့်အတူ မိုးကြိုးမီးက လိုက်ပါလာ၏။

သူက အဖွဲ့မှူးလန်ကို သူ့နား မချဉ်းကပ်ခိုင်းရဲချေ။ သူက မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်မျိုး ပိုင်ဆိုင်ကြောင်း မည်သူက သိမည်နည်း။ ယခုအချိန်အထိ သူက ရေရှည်တိုက်ပွဲ တိုက်ခိုက်ဖို့သာ ရွေးချယ်နိုင်သည်။ အဖွဲ့မှူးလန်သည် မိုးကြိုးမီးမှ မြင့်မားသောအပူချိန်ကို ဆက်တိုက် ခံနိုင်ရည်ရှိလိမ့်မည်ဆိုတာ သူမယုံပေ။

“သေစမ်း”

အမှန်တကယ်ပင် အဖွဲ့မှူးလန်က ကြာကြာ မခံနိုင်တော့ပေ။ သူက ကျန်းရီနှင့် မိုင်အနည်းငယ်သာ ဝေးကွာနေ၏။ သူ့၌ နက်ရှိုင်းသော အတွင်းအားကို ပိုင်ဆိုင်ထားပြီး သူ၏ အဝတ်အစားအတွင်း နတ်ဘုရားဒိုင်းကို သူနှင့်လယ်ဗယ်တူ ကောင်းကင်ဧကရာဇ်များထက် အဆပေါင်းများစွာ ပိုသန်မာစေသော အတုအယောင် နတ်ဘုရား အသုံးအဆောင်ကို ဝှက်ထားသည့်တိုင် မြင့်မားသော အပူလှိုင်းက ကြောက်မက်ဖွယ် ကောင်းလွန်းနေသေးသည်။ သူ၏အတွင်းအားက စီးဆင်းနေသော ရေပမာ ကုန်ခမ်းသွားမည်။ သူ၏နတ်ဘုရားဒိုင်းက သူသတိမထားမှုကြောင့် ပြိုကွဲသွားပြီး သူအရှင်လတ်လတ် မီးလောင်သွားမှာကို စိုးရိမ်သည်။

“သေပေတော့”

သူ့မျက်လုံးထဲ၌ သတ်ဖြတ်ခြင်း ဆန္ဒများ ပြည့်နေ၏။ သေးငယ်သည့် ပါမွှားလူငယ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က သူ့ကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့်နည်းလမ်း အမှန်တကယ် ပိုင်ဆိုင်ထားသည်။ သူမည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။ သူက ကျန်းရီကိုယ်ပေါ်ရှိ ရတနာများကိုလည်း လိုချင်၏။ ပြောရန်မလို ထိုနီရဲရဲ တိုက်ပွဲဝင် သံချပ်ကာက အတုအယောင် နတ်ဘုရား အသုံးအဆောင် တစ်ခုဆိုသာ သေချာသည်။ သူက ကျန်းရီကိုသတ်ပြီး သူ့ကိုယ်ပေါ်မှ ရတနာများကို ရသည်နှင့် သူ၏တိုက်ပွဲဝင်ခွန်အား နှစ်ဆဖြစ်သွားလိမ့်မည်။

ချီ ချီ

သူက ထွက်ပြေးနေသော ကျန်းရီကို အမှတ်အသားပြုလျက် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ ထိုလက်ဝါးရိုက်ချက်က ဝှီးကနဲ ဖြတ်သန်းသွားကာ အနားတစ်ဝိုက်ရှိ လေဟာနယ် အပိုင်းအခြားကလည်း အတက်အကျ ဖြစ်လာပြန်၏။ အတက်အကျသည် ဒီရေပမာ ပေါ်ထွက်လာ၏။ လေဟာနယ် အပိုင်းအခြားကလည်း ပြင်းထန်စွာ တုန်လှုပ်လာပြီး ကျန်းရီဆီသို့ ဘေးအန္တရာယ် များသည့်ပုံဖြင့် တစ်ဟုန်ထိုးဝင်လာသည်။

ဝှစ် ဝှစ် ဝှစ်

တစ်ချိန်ထဲတွင် အဖွဲ့မှူးလန်ကလည်း ကောင်းကင်ဆီသို့ နောက်ထပ် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သည်။ ထိုလက်ဝါးရိုက်ချက်သည် ပေါင်းစည်းတာအိုပုံစံဆိုတာ သိသာနေသည်။ ထိုသို့ ထုတ်ဖော်ပြီးနောက် ၎င်းကချက်ချင်း ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် ကျန်းရီအထက် မီတာသုံးရာ၌ ပေါ်လာပြီး ၎င်းက ထိုက်တောင်တန်းကဲ့သို့ သူ့ကိုဖိချနေလေသည်။

“အဖွဲ့မှူးလန်ကငါ့ကို ပိပြားပြီး သေစေချင်နေတာပဲ။ သေအောင်လုပ်ဖို့ ကြိုးစားနေတာပဲ”

ကျန်းရီကစိတ်ထဲ ညဉ်းတွားလိုက်သည်။ သူ့နောက်ရှိ လေဟာနယ် အပိုင်းအခြား အတက်အကျကလည်း လွှမ်းမိုးပြီးသွားပြီဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ပင်လယ်လှိုင်းထဲ ကျရောက်သွားသည့်ပမာ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး တစ်လိပ်လိပ်တက်လာပြီး အရှိန်များလည်း လျော့ကျသွား၏။ သူ့အထက်ရှိ လက်ဝါးရိုက်ချက်လည်း တဝီဝီဖြင့် ဆင်းသက်လာလျက် သူဆန္ဒရှိလျှင်တောင် မလွတ်မြောက်နိုင်တော့ပေ။

“လာစမ်း”

သူ့ကိုယ်ပေါ်ရှိ မီးနဂါးဓားက လင်းလာပြီး ရုတ်တရက် ကောင်းကင်ဆီသို့ မိုးကြိုးမီးပါပေါင်းလျက် ပေါင်းစည်းသိုင်းစွမ်းရည် မျိုးစုံကို ထုတ်ဖော်လိုက်တော့သည်။ အဖွဲ့မှူးလန်၏ လက်ဝါးရာက လွှမ်းမိုးနိုင်စွမ်း ရှိလွန်း၏။ သူက ဤလက်ဝါးရာကြီးထဲ၌ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ယူသွားနိုင်လျှင် သူ့ကိုသေအောင် ဖိချေနိုင်တော့မှာ မဟုတ်ပေ။

ချီ ချီ

မိုးကြိုးမီးအတွင်းရှိ လျှပ်စီးများက ဆက်တိုက်ပေါ်ထွက်လာပြီး လက်ဝါးရာဆီ တိုးဝင်သွား၏။ ဧရာမလက်ဝါးသည် လျှပ်စီးများကြောင့် ဝန်းရံခံထားရပြီး ထိုအတွင်းရှိ စွမ်းအင်က လျင်မြန်စွာ အားလျော့လာ၏။ ကျန်းရီနားရှိ မိုးကြိုးမီးနှင့် တိုက်မိချိန်တွင် အရွယ်အစားက ပိုသေးလာတော့၏။

ဖုန်း

ထိုလက်ဝါးရာကြီးသည် ကျန်းရီ၏အောက်ရှိ တောင်ထွတ်ကို ပြင်းထန်စွာ ချေမှုန်းသွားသည်။ တောင်ထွတ်ပေါ်ရှိ မရေမတွက်နိုင်သည့် ကျောက်တုံးများကလည်း ဖျက်ဆီးခံလိုက်ရပြီး လေထဲ၌ မီးခိုးများဖုန်များ ပေါ်ထွက်လာသည်။ ကျန်းရီလဲပြိုကျသွားသည့် နေရာ၌ လက်ဝါးရာကြီး ရှိနေသေးဆဲဖြစ်ကာ အင်မတန်နက်ရှိုင်းပြီး အောက်ခြေမည်း၏။

ဝှစ်

ကျန်းရီသည် တောင်ခပန်းကနေ လွတ်ထွက်လာပြီး ဆက်လက် ပျံသန်းနေ၏။ သူ၏ နှုတ်ခမ်းထောင့်၌ သွေးများစွန်းထင်နေသည်။ အစောတုန်းက တိုက်ကွက်ကြောင့် သူဒဏ်ရာရသွားတာ သိသာ၏။ မီးတိမ်သံချပ်ကာနှင့် နဂါးညိုးရော်မြက်ပင်က ပြန်လည်ဖွဲ့စည်းပေးထားပြီး သူ့ကိုဆယ်ဆ ပိုသန်မာစေသည့် ရုပ်ခန္ဓာကြောင့်သာ မဟုတ်လျှင် ဆိုးဆိုးဝါးဝါး သေနေလောက်ပြီဖြစ်သည်။

“ဟမ် မင်းဘယ်နှစ်ကွက်လောက် ပိတ်ဆို့နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

အဖွဲ့မှူးလန်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏မျက်လုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် အေးစက်နေပြီး ကျန်းရီနောက်သို့ မနှေးမမြန် လိုက်နေ၏။ သူက ကျန်းရီနား သိပ်မကပ်ရဲချေ။ သူယခင်က ပြုလုပ်ခဲ့သည့်နည်းတူ လေဟာနယ် အပိုင်းအခြားကို တုန်လှုပ်စေသော လက်ဝါးရာကို ထုတ်ဖော်လိုက်သည်။ ကျန်းရီက မထွက်ပြေးနိုင်တော့သည်နှင့် သူက ကျန်းရီကို ပြင်းထန်စွာ ဖိချေရန်အတွက် လေဟာနယ် လက်ဝါးရာကို ထုတ်ဖော်မှာဖြစ်သည်။

ဖုန်း ဖုန်း ဖုန်း

တိုက်ကွက်တိုင်းက ကျန်းရီကို လွင့်ထွက်သွားစေပြီး သူ့နားတစ်ဝိုက် တောင်ထွတ်ကလည်း ပြိုလဲကွဲအက်ပြီး လှိုဏ်ခေါင်းဖြစ်သွားတော့၏။ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေပြီး ဖုန်မှုန့်များက တထောင်းထောင်းထကာ ကောင်းကင်ထိအောင်တက်ပြီး အရပ်မျက်နှာအနှံ့ ကျောက်စများ လွင့်စင်ကုန်၏။ မြင်ကွင်းကလည်း ပင့်သက်ရှိုက်မိလောက်ကာ ရင်ထဲထိ ထိတ်လန့်စေ၏။

“ဖူး”

ကျန်းရီက သွေးအန်တော့၏။ သူ၏ကလီစာများသည် အကြိမ်ပေါင်းများစွာ သက်ရောက်မှုကြောင့် ဒဏ်ရာရသွား၏။ အရှိန်ကလည်း အတော်လျော့ကျသွားတော့သည်။ သူ၏ အသားအရောင်ကလည်း ပိုမိုဖြူရော်လာ၏။ ဆက်တိုက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရတာကို မည်သူမျှ ခံနိုင်မှာမဟုတ်ပေ။ ကံကောင်းသည်မှာ ကျန်းရီ၌ ပြီးပြည့်စုံသည် ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိကာ အလိုအလျောက် သူ့ဘာသူ ကုသပေး၏။ မဟုတ်လျှင်သူ ကြာရှည်စွာ ခံနိုင်မှာမဟုတ်ပေ။

သူက အားဖြည့်ဆေးတစ်လုံးကို ထုတ်ဖော်ပြီး ပါးစပ်ထဲထည့်လိုက်၏။ သူ၏သွေးနှင့် ပေါင်းစည်းသွားပြီး သူက၎င်းကို မျိုချလိုက်တော့သည်။ ဆေးလုံးများကို သုံးစွဲခဲ့ပြီးဖြစ်၏။ သို့သော် ဆေးအာနိသင်က မပြန့်နှံ့နိုင်တော့ပေ။ သူ့ခန္ဓာကိုယ်ကို ပြန့်နှံ့သွားလျှင်တောင် အာနိသင်ပြန်ရန် အချိန်ယူရအုံးမည်ဖြစ်သည်။ ထိုသို့တိုင် အဖွဲ့မှူးလန်၏ တိုက်ခိုက်မှုက အဆုံးမရှိ ဆက်တိုက်ပေါ်လာနေ၏။

“မကောင်းတော့ဘူး။ ဒီအတိုင်း ဆက်ဖြစ်နေရင် အရှင်လတ်လတ် ဖိချေခံရတော့မှာပဲ”

သူ၏မျက်လုံးများ ဖြတ်ခနဲလက်သွား၏။ ဒဏ်ရာပြင်းပြင်းထန်ထန် ရသည်နှင့် သူ၏တုန့်ပြန်မှု ပျံသန်းနိုင်သည့် အရှိန်တို့က အချိန်ကြာလာသည်နှင့်အမျှ ပိုနှေးလာလိမ့်မည်။ ယခုအခြေအနေအရ အဖွဲ့မှူးလန်အတွက် နေ့ဝက် သို့မဟုတ် နောက်ထပ်တစ်ရက် တောင့်ခံရန် ပြဿနာမရှိစဉ် ကျန်းရီကမူ အလွန်ဆုံးမှ နောက်ထပ် တစ်နာရီလောက်သာ ခံနိုင်တော့မှာပဲဖြစ်သည်။

“စွန့်စားတာပေါ့”

သူ၏မျက်လုံးအတွင်း ရူးသွပ်မှု တစ်စွန်းတစ်စ ပေါ်လာ၏။ သူကဖုန်းလန်နှင့် ကျန်သည့်သူများကိုထုတ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ချိန်၌ အရေအတွက်ကို အားကိုးခြင်းက အသုံးမဝင်။ အသက်စွန့်စားခြင်းကိုသာ အားထားနိုင်၏။

ရုတ်တရက်သူက ရူးသွပ်နေသော နဂါးတစ်ကောင်ပမာ လေထဲ လှည့်ထွက်သွားလျက် ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲသွားပြီး အဖွဲ့မှူးလန်ဆီ တိုးဝင်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ မိုးကြိုးမီးများကို တက်စွမ်းသမျှ ထုတ်ဖော်နေစဉ် မီးနဂါးဓားကလည်း အနီရောင်အလင်းတန်း သောင်းချီအဖြစ် ပြောင်းလဲသွားပြီးနောက် အဖွဲ့မှူးလန်ဆီသို့ သူကပိုင်းဖြတ်လိုက်တော့သည်။

“အမ်”

အဖွဲ့မှူးလန်က မျက်ဝန်းများ မှေးကျဉ်းလိုက်သည်။ သူ့နားရှိ အပူချိန်က အဆပေါင်းများစွာ တိုးလာတာကို ခံစားမိသည်။ သူက အမြန်နောက်ဆုတ်လိုက်၏။ သူ၏အနက်ရောင် ဝတ်ရုံကလည်း လွင့်နေ၏။ မရေမတွက်နိုင်သည့် အနက်ရောင် သစ်ထွင်းစများကလည်း ပြန်ထွက်လာကာ သူ၏နတ်ဘုရားဒိုင်းဆီသို့ ဝင်ရောက်လာပြီး သူ့နတ်ဘုရားဒိုင်းပေါ်ရှိ ရောင်ခြည်ကို ပိုတောက်ပလာစေ၏။

“ခဲရာခဲဆစ် ကြိုးပမ်းအားထုတ်နေတာလား”

သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ ကျန်းရီ၏အရှိန်က သူနှင့်ယှဉ်လျှင် နိမ့်လွန်းနေသည်။ ကျန်းရီအဖို့ သူ့နားချဉ်းကပ်ရန် မဖြစ်နိုင်ပေ။ သူကနောက်ထပ် လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်၏။ ကျန်းရီကသူ့ဆီ တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက် ရဲသေးသည်လော။ ယင်းက သေချင်နေတာနှင့် မခြားပေ။

မထင်ထားဘဲ သူက လက်ဝါးရိုက်ချက် ထုတ်လိုက်စဉ် ကျန်းရီက လေထဲကနေ ရုတ်တရက် ပျောက်သွားပြီး လေဟာနယ် အပိုင်းအခြားက အတက်အကျ ဖြစ်လာလေ၏။ ဤမိုးကြိုးဒေသအတွင်း သူတို့၏ ကောင်းကင်စိတ်အာရုံကို မည်သူကမှ မဖြန့်ကျက်ရဲချေ။ ထို့ကြောင့် အဖွဲ့မှူးလန်က မျက်တောင်ခတ်လိုက်ပြီး သူ့အစောတုန်းက အမြင်မှားသည်ဟု ခံစားမိလိုက်သည်။ သို့သော် ပတ်ဝန်းကျင်ဆီ သိမ်းကြုံးကြည့်လိုက်သည့်အခါ တစ်မိုင်အကွာ၌ လေဟာနယ် အပိုင်းအခြားကို တွေ့လိုက်ရပြီးနောက် သူက ကြိမ်နှုန်းအတက်အကျ ဖြစ်လာကာ လူရိပ်တစ်ရိပ်က ရုတ်တရက် ပေါ်လာ၏။

“အာ”

အဖွဲ့မှူးလန်က ကြောက်ဒူးတုန်သွားတော့၏။ သူချက်ချင်း ထွက်ပြေး၏။ ကျန်းရီ ပေါ်ပေါက်လာသည်နှင့် မိုးကြိုးမီးသည် ရေဒလဟော စီးဆင်းသည့်ပမာ ပေါ်ထွက်လာပြီး ချက်ချင်းပင် သူက ပိုင်းဖြတ်မှုအချို့ ထုတ်ဖော်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသည့် အပူချိန်က ဝါးမျိုလာလျက် ပတ်ဝန်းကျင်ကို စတင်လောင်ကျွမ်းစေတော့သည်။

“ဒီကောင်က နေရာရွေ့ပြောင်းနိုင်တယ်လား”

အဖွဲ့မှူးလန်၏ ရင်ထဲတွင် မုန်တိုင်းထန်နေ၏။ သူ၏အရှိန်က အမြင့်ဆုံးသို့ ရောက်လုနီးပါး ဖြစ်နေကာ အတုအယောင် နတ်ဘုရား အသုံးအဆောင်အတွင်းရှိ အနက်ရောင် သစ်ထွင်းပုံစံများကလည်း သူ၏နတ်ဘုရားဒိုင်းဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာနေကာ အပူလှိုင်းမှ ဝါးမျိုမှုကို ခုခံနိုင်ပြီး သူ၏နောက်ကျောက ချွေးစေးများ စိုနေပြီဖြစ်သည်။ ကျန်းရီက အတော်နီးသည့် နေရာကို နေရာရွေ့ပြောင်းခဲ့လျှင် သူသေလောက်၏။

ဒါပေါ့။ အမှန်တကယ်တွင်သူသည် အစောပိုင်းက ခြိမ်းခြောက်မှုတစ်ရပ်ကို အလိုလို ခံစားမိ၏။ ထုတ်ဖော်လာသည့် တိုက်ကွက်တစ်ကွက်ကို သူတုန့်ပြန်ခဲ့လျှင် ကျန်းရီက သူ့ခန္ဓာကိုယ် ပြန်ပေါ်မလာချင်ကတောင် ပေါက်ကွဲပြီး သေလောက်သည်။ သို့သော်ငြား ဤပတ်ဝန်းကျင်၌ ကောင်းကင်စိတ်အာရုံကို မဖြန့်ကျက်ရဲပေ။ ယင်းက သူ့အတွက် ဘေးဒုက္ခကြီး ဖြစ်နေ၏။ အကြောင်းမှာ သူ၏တုန့်ပြန်သည့် အရှိန်က သူ့မျက်လုံးကိုသာ အားကိုးရမည်ဆိုလျှင် အတော်လေး ပိုနှေးသွားမှာ ဖြစ်သောကြောင့်ဖြစ်သည်။

ဝှစ်

ကျန်းရီက အဖွဲ့မှူးလန်နောက်သို့ ကတိုက်ကရိုက် လိုက်နေ၏။ သူက မီးနဂါးဓားကို ဆက်တိုက် လွှဲယမ်းလျက် အပူလှိုင်းများစွာကို ရှေ့သို့လွှတ်ထုတ်နေ၏။ ယင်းက အဖွဲ့မှူးလန်နားရှိ အပူချိန်ကို ချက်ချင်း တိုးသွားစေသည်။ ကျန်းရီက နေရာရွေ့ပြောင်းနိုင်၏။ သူသည် ခဏအကြာတွင် ဘယ်ဘက်ခြမ်း နောက်ခဏ၌ ညာဘက်၌ ပေါ်လာမည်။ သူက အပက်တကုပ် တိုက်ခိုက်ပြီးနောက် မိုးကြိုးမီး၏ ကုန်ဆုံးမှုကို အမှုမထားပေ။ သူသည် ဘေးကင်းမှုကိုလည်း လျစ်လျူရှု့ထားပြီး အဖွဲ့မှူးလန် အသက်ရှုခွင့် မပေးဖို့သာ အာရုံစိုက်ထား၏။

ကျန်းရီ၏ မိုးကြိုးမီးက နေရာအနှံ့ ရှိနေသည်။ အဖွဲ့မှူးလန်က မိုးကြိုးမီးများအတွင်းရှိ လျှပ်စီးများကြောင့် သူ၏ကောင်းကင် စိတ်အာရုံကို မည်ကဲ့သို့ ဖြန့်ကျက်ရဲမည်နည်း။ သူကမူ လျှပ်စီးများ ထိမိသွားလျှင် သူ၏ကောင်းကင်စိတ်အာရုံက ရှင်းထုတ်ခံရမည်ဖြစ်ကာ စိတ်ဝိညာဉ် ဒဏ်ရာ ရသွားပေလိမ့်မည်။ သူယနေ့ ဤနေရာ၌ သေချာပေါက် သေသွားလိမ့်မည်။

ထို့ကြောင့် ကျန်းရီက နေရာဆက်လက် ရွေ့ပြောင်းနေစဉ် အဖွဲ့မှူးလန်က ပတ်ဝန်းကျင်ကို စစ်ဆေးရန် သူ့မျက်လုံးကိုသာ အားကိုးနိုင်သည်။ သူက ကျန်းရီနေရာရွေ့ပြောင်းပြီး နေရာကိုသာ ရှာဖွေလျက် သူ့ကိုရှောင်တိမ်းရန် ပြုလုပ်နေ၏။ ပတ်ဝန်းကျင်ကို စစ်ဆေးရန် မျက်လုံးကို အသုံးပြုခြင်းနှင့် ကောင်းကင်စိတ်အာရုံကို အသုံးပြုခြင်းကြား ကွာဟချက်က ကြီးမားလွန်းသည်။ ကျန်းရီ ပြန်ပေါ်လာသည့် အချိန်တိုင်းတွင် အဖွဲ့မှူးလန်အဖို့ တိုက်ခိုက်ရန် နောက်ကျလွန်းနေမှာပဲဖြစ်သည်။ ကျန်းရီက သူ၏မိုးကြိုးမီးကို ချက်ချင်းထုတ်လျက် ပတ်ဝန်းကျင်ကို မြင့်မားသော အပူချိန်ဖြင့် လွှမ်းသွားစေနိုင်၏။ သူနောက်မဆုတ်ခဲ့လျှင် နတ်ဘုရားဒိုင်းက ပြိုကွဲသွားမည်။ ထိုအချိန်ရောက်လျှင် သေခြင်းတရားသာ စောင့်ကြိုနေမှာပဲဖြစ်၏။

“သူ့မှာ မကုန်မခန်းနိုင်တဲ့ မိုးကြိုးမီးတွေ ရှိနေလိမ့်မယ်ဆိုတာ ဒီအဖွဲ့မှူးမယုံဘူး”

အဖွဲ့မှူးလန်၏ အကြည့်များက အေးစက်သွားသည်။ သူက တိုက်ခိုက်ရန်နည်းလမ်း မစဉ်းစားနိုင်ဘဲ ရှောင်တိမ်းဖို့သာ အားပြုနေရစဉ် ကျန်းရီ မိုးကြိုးမီး အပြည့်အဝ သုံးမိမှာကို စောင့်နေ၏။ ထိုအချိန်ကျလျှင် ကျန်းရီကို သုတ်သင်ရှင်းလင်းရန် သူ့အတွက် အချိန်ရလာပေမည်။

***

All Chapters