ငါအဖွဲ့ကျန်းက လက်မခံသေးဘူး
Vol. 50 Ch. 689
ဝှစ် ဝှစ် ဝှစ်
တိတ်တဆိတ် သွားနေသော မြေခွေးတစ်ကောင်ပမာ အရိပ်တစ်ခုက လည်ပတ်နေလေ၏။ သူက အလွန်ထူးဆန်းသည့် လမ်းကြောင်းဖြင့် ထွက်ပြေးနေလေရာ သူက ပျံသန်းနေတာ မဟုတ်ဘဲ တောင်တန်းများအပေါ် ခြေကျင်ပြေးလွှားနေတာပဲ ဖြစ်သည်။ ပြီးနောက် သူ၏ခန္ဓာကိုယ်သည် မြန်ဆန်သည့် အရှိန်ဖြင့် ဧရာမတောင်တစ်လုံးနောက်၌ လျင်မြန်စွာ ပုန်းလိုက်၏။ ထို့ကြောင့် တစ်စုံတစ်ယောက်က ဂရုတစိုက် မကြည့်မိသရွေ့ သတိပြုမိမှာ မဟုတ်ပေ။
ထိုလူက အင်မတန်အရုပ်ဆိုး၏။ သူ့၌ ဝက်နှာခေါင်း နွားမျက်လုံး ရှိပြီး အထူးသဖြင့် ပါးစပ်ကျယ်ကြီး ရှိနေကာ မျက်နှာပေါ်တွင်လည်း အမာရွတ်များရှိနေသည်။ အမာရွတ်များက မသိသာပေ။ သို့သော် မျက်နှာပေါ်ရှိ ကြွက်သားများကို လှုပ်ရှားလိုက်ချိန်၌ အမာရွတ်များကပါ လိုက်ပါ လှုပ်ရှားလာပြီး ပုံမှန်မဟုတ် အရုပ်ဆိုးစေတော့၏။
ဖုန်း ဖုန်း..
ရှေ့မှ ပေါက်ကွဲသံများ ကြားနေရသည်က အစ်ကိုကြီးဟုန်၏ နွားရိုင်းကဲ့သို့ မျက်လုံးများကို အလွန်စိတ်လှုပ်ရှားသွားစေ၏။ သူ့တွင် အဖွဲ့မှုးလန်၏ အစွမ်းထက်သော ခုခံမှုမရှိ၊ ကျန်းရီ၏ မီးဒဏ်ခံနိုင်မှုလည်း မရှိပေ။ ရွေးချယ်စရာ မရှိတဲ့ သူက မိုးကြိုးမီးများကို ရှောင်တိမ်းနေရသည်။ ထို့အပြင် သူက ပွင့််ပွင့်လင်းလင်း မပျံသန်းရဲချေ။ ထို့ကြောင့် ခိုးကြောင်ခိုးဝှက်ဖြင့် ကျန်းရီနှင့်အဖွဲ့မှူးလန်တို့ တိုက်ကွက်ဖလှယ်ပြီးမှသာ ဤနေရာသို့ ရောက်လာတာ ဖြစ်သည်။
“သေ သေ တစ်ကိုယ်တော်ဝံပုလွေ မင်း ခွေးသား မင်းကို နုပ်နုပ်စဉ်းပစ်မယ်”
အစ်ကိုကြီးဟုန်၏ ပြေးလွှားနှုန်းက မြေခွေးတစ်ကောင်ပမာ ဖြစ်နေသည်။ ရှေ့ရှိ အပူချိန်ကလည်း ပိုမြင့်နိုင်သော်ငြား သူက ယင်းကို အမှုမထားပေ။ ယခုအဖွဲ့မှုးလန်က ကျန်းရီကို ဖိနှိပ်နေပြီဖြစ်သောကြောင့် သူ့အတွက် ချုံခိုတိုက်ခိုက်ရန်က အကောင်းဆုံး ဖြစ်နေပြီး ကျန်းရီက သေမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။
သူက အမုန်းတရားကြောင့် မမြင်နိုင်တော့ပေ။ ကျန်းရီက သူ့ကို အရှက်ခွဲခဲ့လျှင် ကိစ္စမရှိပေ။ သို့သော် လက်အောက်ငယ်သားတစ်ဒါဇင်ကျော်ကို ကျန်းရီက ခေါ်သွား၏။ ယင်းက သူ လက်သင့်မခံနိုင်သည့်အရာဖြစ်သည်။ ထို့ကြောင့် သူသည် အဖွဲ့မှုးလန်ကို သူ့အတွက် ကူညီပေးရန် တောင်းဆိုခဲ့ပြီး သူ့အတွက် ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ကူညီပေးစေချင်ခဲ့သည်။
ယခုမူ အဖွဲ့မှုးလန် လှုပ်ရှားပြီဖြစ်ရာ ဤကဲ့သို့ ကောင်းကင်က ကောင်းချီးပေးသော အခွင့်အရေးကို လက်လွှတ်ခံ၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက အရှက်မဲ့စွာ မိုးကြိုးတောင်ကြားထဲသို့ လိုက်ပါဝင်သွား၏။ သို့မှသာ ကျန်းရီကို သတ်ပြီး သူ၏အငြှိုးအတေးများအားလုံးကို ရှင်းထုတ်နိုင်မည် ဖြစ်ကာ ကျန်းရီ သူ့ကို ပေးခဲ့သော အရှက်ကွဲမှုကို ရှင်းထုတ်နိုင်မည် ဖြစ်သည်။
ဖုန်း ဖုန်း ဖုန်း..
ပေါက်ကွဲသည့်အသံများက ပိုနီးကပ်လာပြီး အစ်ကိုကြီးဟုန်၏ နှလုံးခုန်နှုန်းက ပိုမြန်လာတော့သည်။ သူ၏ကောင်းကင်စိတ်အာရုံကို မဖြန့်ကျက်ရဲဘဲ အသံလာရာနောက်သို့သာ လိုက်ပြီး မျက်လုံးဖြင့်သာ လိုက်ကြည့်နေရသည်။
“အာ..”
ရုတ်တရက် ပေါက်ကွဲမှုများ ရပ်တန့်သွားတာကို သူ သတိပြုမိလိုက်၏။ သူ့မျက်လုံးက ပျော်ရွှင်မှုဖြင့် လက်သွားကာ သူ တွေးလိုက်မိ၏။ ကျန်းရီကို အဖွဲ့မှုးလန် သတ်လိုက်တာများလား။
သူက အပြည့်အဝ မပြုံးရသေးခင် ပုံရိပ်တစ်ရိပ်က မီးနဂါးများ ပြည့်နေသော ကောင်းကင်ကို နောက်ခံထားလျက် ပေါ်ထွက်လာ၏။ နောက်ထပ်ပုံရိပ်ကလည်း လေထဲ ဖျပ်ခနဲ သွားလာနေသည်။
“ဘယ်လို ဘယ်လို ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူက အာရုံစိုက်ကြည့်လိုက်ရာ အရှေ့မှာ ထွက်ပြေးနေသူက တကယ်ကြီး အဖွဲ့မှုးလန် ဖြစ်နေသည်လော။ နောက်ကွယ်က ဆက်တိုက် နေရာရွေ့ပြောင်းနေသူက ကျန်းရီ ဖြစ်နေသည်လော။ အဖွဲ့မှူးလန်၏ အမူအရာနှင့် သဘောထားကို ကြည့်ခြင်းအားဖြင့် သူက ဆိုးရွားသည့် အခြေအနေထဲ ရောက်သည့်ပုံ ပေါ်နေသည် မဟုတ်ပေလော။ သူ၏ဆံပင်နှင့် အဝတ်အစားများကလည်း ချွေးများ စိုရွဲနေ၏။
“ဒါ မဟုတ်သေးဘူး”
သူက ကြောက်လန့်တကြား သတိဝင်လာပြီး နှစ်ယောက်သားက လျင်မြန်စွာ ချဉ်းကပ်လာရာ ပတ်ဝန်းကျင် အပူချိန်က လျင်မြန်စွာ တိုးမြင့်လာ၏။ ကျန်းရီ ထုတ်ဖော်နေသော မီးနဂါးများသည် အပြာရောင် လျှပ်စီးများဖြင့် တောက်ပနေပြီး မိုးကြိုးမီးစများ ဖြစ်နေလေ၏။
“ပြေး..”
အစ်ကိုကြီးဟုန်သည် ကြောက်လန့်လွန်းသောကြောင် ကြောက်ဒူးတုန်နေလေ၏။ သူ ဘာကိုမှ မတွေးတော့ဘဲ ယခုအချိန်တွင် တတ်နိုင်သမျှ ထွက်ပြေးချင်နေသည်။ သူက ကောင်းကင်မိုးကြိုးမြို့ဆီသို့ ပျံပြေးပြီး ကောင်းကင်မိုးကြိုးမြို့ကနေ ထွက်ပြေးသွားချင်၏။ ကျန်းရီကို ထပ်မမြင်လိုတော့ပေ။ သူ ထွက်ပြေးနိုင်သရွေ့ လက်စားချေဖို့အကြောင်းကိုတောင် မေ့ပေးနိုင်သည်။
သူ တုံ့ပြန်သည့်အရှိန်က နှေးလွန်းနေတာ နှမြောစရာကောင်းသည်။ ထို့အပြင် လက်ရှိတွေးခေါ်မှုအရ သူက အမြန်ဆုံးအရှိန်ဖြင့် မပြေးရဲပေ။ အောက်ခြေကနေ တိတ်တဆိတ်သာ ခိုးပြေးပြီး သူ့အရှိန်က အနည်းငယ် လျော့သွား၏။ ထို့အပြင် အပူလှိုင်းများ တက်လာသည့် အချိန်၌ ရွေးချယ်စရာမရှိဘဲ သူ၏နတ်ဘုရားဒိုင်းထဲ အတွင်းအားပမာဏများစွာကို ထည့်ပေးလိုက်ရ၏။ သို့သော် အပူလှိုင်းက ပြင်းလွန်းနေရာ နတ်ဘုရားဒိုင်းကို ဖောက်ဝင်ပြီး သူ့တစ်ကိုယ်လုံးကို ပူလောင်လာစေပြီး သူ့ခြေလက်များကို စွမ်းအင်ကင်းမဲ့..
သူက ၎င်းကို သဘောပေါက်ပြီး ကောင်းကင်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းချင်သည့် အချိန်တွင် ကျန်းရီသည် အစောတည်းက သူ့ကို သတိပြုမိပြီးဖြစ်သည်။ ကျန်းရီ၏ ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွားပြီး အစ်ကိုကြီးဟုန်ဘေး တစ်မိုင်အကွာ၌ ချက်ချင်း ပြန်ပေါ်လာ၏။ ကျန်းရီက သူ၏မိုးကြိုးမီးကို ထုတ်ဖော်ကာ မီးနဂါးဓားကို လွှဲခုတ်လျက် မီးနဂါးများနှင့် မိုးကြိုးမီးကို ရှေ့သို့ ပို့လိုက်တော့သည်။
နောက်ကွယ်မှ လေဟာနယ် အပိုင်းအခြားကို ခံစားမိပြီး အစ်ကိုကြီးဟုန်က နောက်လှည့်ကြည့်လိုက်ရာ ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်လာတာကို တွေ့လိုက်ရသည်။ ချက်ချင်းပင် စိတ်ပျက်အားငယ်စွာ အော်လိုက်၏။
“မဟုတ်ဘူး.. မင်း ငါ့ကို သတ်လို့မရဘူး၊ ငါ့ကို မသတ်နဲ့ အဖွဲ့မှုးကျန်း ငါ့ကို မသတ်သရွေ့ မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိတယ်”
ကျန်းရီက အစ်ကိုကြီးဟုန်ကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီး လေသံအေးဖြင့် ပြောလိုက်သည်။
“ကျုပ် မလိုအပ်ဘူး မင်းက ငါ့ရဲ့အစောင့်ခွေး ဖြစ်လာမယ် ဆိုရင်တောင် ရွံ့စရာကောင်းနေအုံးမှာပဲ သေလိုက်တော့”
ချီး ချီး..
မီးနဂါးများ ပေါ်ထွက်လာပြီးနောက် အစ်ကိုကြီးဟုန်၏ နတ်ဘုရားဒိုင်းက ချက်ချင်း ပြိုကွဲသွားပြီး သူ့ခန္ဓာကိုယ်က ပကတိမျက်လုံးဖြင့် မြင်နိုင်သည့်အရှိန်ဖြင့် လောင်ကျွမ်းသွားတော့၏။ အစ်ကိုကြီးဟုန်က မီးလူသားအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ရုန်းကန်နေရကာ တောအုပ်ထဲ၌ အော်သံများစွာ ပေါ်ထွက်နေလေ၏။
“ရှောင်ဟုန်လား..”
ရှေ့သို့ ပျံသန်းနေသည့် အဖွဲ့မှုးလန်က ကျန်းရီ သူ့နောက် မလိုက်တော့တာကို ရုတ်တရက် သဘောပေါက်လိုက်ပြီး စူးရှသည့်အော်သံကို ကြားလိုက်ရ၏။ သူ့မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးထဲ၌ ဒေါသများ ပြည့်သွား၏။ အစ်ကိုကြီးဟုန်က ထိုမျှ ကျယ်လောင်စွာ အော်ဟစ်နေလေရာ သူ အရှင်လတ်လတ် မီးမြှိုက်ခံရမှန်း ပြောရန် မလိုတော့ပေ။
“အား..”
“ဟမ်..”
ဤနေရာက ကောင်းကင်မိုးကြိုးမြို့နှင့် မိုင်လေးဆယ် ငါးဆယ် ကွာဝေးသော်ငြား အစ်ကိုကြီးဟုန်၏ ခွန်အားဖြင့် လူတစ်ယောက်က မသေခင်စွမ်းအင်အကုန်ဖြင့် အော်ဟစ်နေလေရာ မြို့ထဲရှိ လူများကတောင် အသံသဲ့သဲ့ ကြားလိုက်ရသည်။ သာမန်လူက မည်သူ့အသံမှန်း မသိသော်ငြား အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်နှင့် ကောင်းကင်ဧကရာဇ်များက သဘောပေါက်လိုက်၏။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အမူအရာချင်း ဖလှယ်မိကြတော့သည်။
အစ်ကိုကြီးဟုန် ပျောက်ကွယ်သွားလေပြီ။ အဖွဲ့မှူးလန်နှင့် ကျန်းရီက တိုက်ခိုက်နေသေးဆဲ ဖြစ်၏။ အစ်ကိုကြီးဟုန်သည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် သွားခဲ့သော်ငြား အမှန်တကယ် အသတ်ခံခဲ့ရသည်လော။ ကျန်းရီသည် အဖွဲ့မှူးလန်၏ ဖိအားအောက်၌ အစ်ကိုကြီးဟုန်ကို တိုက်ခိုက်နိုင်သေးသည်လော။
အစောတုန်းက ကျန်းရီကို မည်သူကမှ ခပ်မြင့်မြင့် မတွေးထားသော်ငြား ယခုတွင် သူတို့ စိတ်ရှုပ်ထွေးကုန်ပြီဖြစ်သည်။ အဖွဲ့မှုးလန် ရှုံးလိမ့်မည်ဟု မည်သူမျှ သံသယမဖြစ်သော်ငြား ယခုအချိန်တွင် ကျန်းရီအပေါ် ပိုပြီး အမြင်ကောင်းလာတော့၏။
“အဖွဲ့မှုးကျန်းက သိပ်ကို ဖြုံဖို့ ကောင်းတာပဲ”
နျိုတုန်နှင့် ကျန်သည့်သူများ၏ မျက်လုံးထဲ၌ မီးလျှံများ ပြည့်နေပြီး အစ်ကိုကြီးဟုန်၏ အော်သံကို ကြားနေရ၏။ အားလုံးက ကျန်းရီအသက်ရှင်ရန် တိတ်တဆိတ် ဆုတောင်းနေပြီး ကျန်းရီအသက်ရှင်မည် ဆိုလျှင် မြို့ထဲရှိ သူတို့၏အဆင့်အတန်းက နောင်ကျ ပိုမြင့်သွားလိမ့်မည်။
အထူးသဖြင့် ကျန်းရီက ထိုစကားကို ပြောသည့် အချိန်တွင် ဖြစ်သည်။
“ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျုပ်ရဲ့လူတွေကိုတောင် မကာကွယ်နိုင်ရင် ခေါင်းဆောင်ဖြစ်တာ ဘာရည်ရွယ်ချက် ရှိတော့မှာလဲ ကျုပ်လူတွေက ကျုပ်နောက်တောင် လိုက်ပါအုံးမလား”
ထိုဖော်ပြချက်က ကျန်းရီအောက်၌ ခစားရန် လူတိုင်းကို ပိုပြီး ခိုင်မြဲသွားစေ၏။ ထိုစကားက အားလုံး၏ရင်ထဲ ကျန်းရီလက်အောက်၌ ခံစားရန် ဆုံးဖြတ်ချက် ပိုခိုင်မာလာစေ၏။
ချီး ချီး..
မိုးကြိုးတောင်ကြားထဲရှိ မီးတောက်တိုက်ပွဲက လောင်ကျွမ်းနေသေးဆဲ ဖြစ်သည်။ ကျန်းရီက အစ်ကိုကြီးဟုန်ကို သတ်ပြီးနောက် အဖွဲ့မှုးလန်ဆီသို့ နေရာရွေ့ပြောင်းသွားပြီး အစ်ကိုကြီးဟုန်၏ သိုလှောင်လက်စွပ်ကိုတောင် မယူခဲ့ပေ။ ကျန်းရီက သူ မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်ရမည်မှန်း ရှင်းရှင်းလင်းလင်း သိနေ၏။ ယင်းက သူ၏အကောင်းဆုံး ခုခံမှု ဖြစ်သည်။ မီးဝိညာဉ်ပုလဲထဲ၌ မိုးကြိုးမီးမည်မျှ ကျန်သနည်း။ သူက စိတ်ထဲ မထားဘဲ နောက်ဆုံးအချိန်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
အဖွဲ့မှုးလန်သည် အစက အစ်ကိုကြီးဟုန် သေမသေ မြင်ချင်သေးသည်။ သို့သော်ငြား လေထဲ၌ ရပ်တန့်လိုက်သည်နှင့် ကျန်းရီက ထပ်မံလိုက်လာကာ နှစ်ယောက်ကြားရှိ အကွာအဝေးကလည်း ပိုနီးကပ်လာ၏။ အဖွဲ့မှူးလန်က ကျိန်ဆဲပြီးနောက် နောက်ဆက်ဆုတ်သွားသည်။
ဆယ့်ငါးမိနစ်၊ မိနစ်သုံးဆယ်၊ တစ်နာရီ..
ကျန်းရီက တိုက်ခိုက်နေသေးဆဲ ဖြစ်ကာ အပတ်တကုပ် တိုက်ခိုက်နေပြီး မိုးကြိုးမီးများက အကန့်အသတ်မဲ့ပုံရ၏။ သူက တစ်ခဏလေးတောင် မရပ်တန့်ပေ။ သူ့ခန္ဓာကိုယ်သည် မှင်စာတစ်ကောင်ပမာ အထက်အောက်၊ ဘေးဘယ်ညာ ဆက်တိုက်နေရာရွေ့ပြောင်းနေပြီး အဖွဲ့မှူးလန်ကို ဘာမှလုပ်ခွင့်မပေးပေ။ အဖွဲ့မှူးလန်က တိုက်တောင်မတိုက်ခိုက်နိုင်ဘဲ သူ့အတွင်းအားကလည်း အသုံးပြုရတာ အလွန်မြန်ဆန်နေပြီး အရှိန်တောင် လျှော့ရတော့၏။ မဟုတ်လျှင် နတ်ဘုရားဒိုင်း ပြိုကွဲသွားခဲ့ပါက သူ ကိစ္စချောသွားမှာပဲ ဖြစ်သည်။
“ဒီကောင်ရဲ့မိုးကြိုးမီးက အကန့်အသတ်မဲ့တာလား ဒါမှမဟုတ် မိုးကြိုးမီးတောင် မဟုတ်ဘဲနဲ့ မီးဓာတ်တာအိုပုံစံများလား သူက မီးဓာတ်တာအိုပုံစံကို နားလည်သဘောပေါက်ထားပေမဲ့ သူ့အတွင်းအားက သဟဇာတဖြစ်တဲ့ပုံစံ မရောက်သေးတာများလား”
အဖွဲ့မှုးလန်သည် ဖြစ်နိုင်ခြေမျိုးစုံကို တွေးနေချိန် သူက ခန္ဓာကိုယ်တောက်လျှောက် ကြက်သီးထလာ၏။ ကျန်းရီ၏ မိုးကြိုးမီးက အကန့်အသတ်မဲ့ပုံရ၏။ သူက ၂နာရီမှ ၄နာရီသာ ကြာရှည်ခံပုံပေါ်၏။ သူ၏နတ်ဘုရားဒိုင်း ပြိုကွဲသွားလျှင် သူ ကံဆိုးမိုးမှောင်ကျလိမ့်မည်။
ကျန်းရီက တစ်ခွန်းမှ မပြောဘဲ ဆက်လက်တိုက်ခိုက်၏။ ၁၅မိနစ်ခန့် ကြာပြီးနောက် အဖွဲ့မှုးလန်၏ မျက်နှာ၌ တွန့်ဆုတ်သည့် အမူအရာ ပေါ်လာကာ ရုတ်တရက် အော်လိုက်တော့သည်။
“အဖွဲ့မှုးကျန်း ရပ်လိုက်ကြရအောင် ရှောင်ဟုန် သေသွားပြီ သူ့အတွက် ထပ်တွက်ကပ်ဖို့ မတန်ဘူးလေ ဒီနေ့တိုက်ပွဲကို သရေအဖြစ် အဆုံးသတ်လိုက်ရအောင် နောင်ကျ ငါတို့ကိစ္စပဲ ငါတို့ လုပ်မယ် ဘယ်လိုလဲ”
“အဖွဲ့မှူးလန်က လွတ်လမ်းရှာနေတာလား” ကျန်းရီက ခဏတာရပ်တန့်ပြီးနောက် ချက်ချင်းပင် တိုက်ခိုက်မှုကို တိုးလိုက်သည်။ သူ့မျက်လုံး၌ မိုးကြိုးအလင်းတန်းများ ဖြာထွက်နေပြီး ခန္ဓာကိုယ်က တုန်လှုပ်ခြောက်ခြားစေသော အရှိန်အဝါများဖြင့် ပြည့်နေ၏။ သူက အေးစက်စက် ပြန်အော်လိုက်သည်။
“အဖွဲ့မှူးလန် ကျုပ်တို့တွေ တိုက်ခိုက်ပြီ ဆိုမှတော့ ရလဒ် ထွက်တာ စောင့်သင့်တယ်။ ခင်ဗျားနဲ့ ကျုပ်ရဲ့သေခြင်းတရားကို ဘေးချိတ်ထား အနည်းဆုံးတော့ တစ်ဖက်ဖက်က အရှုံးကို ဝန်ခံရမယ် မဟုတ်လား။ အဖွဲ့မှုးလန်ရဲ့တိုက်ခိုက်မှုနဲ့ ခုခံမှုက သိပ်ကို အလှည့်အပြောင်းများပါရဲ့ ဒါပေမဲ့ ကျုပ် အဖွဲ့မှုးကျန်းကတော့ လက်မခံသေးဘူး”
***