ကျယ်ကျယ်ပြော ကျုပ်မကြားရဘူး။
Vol. 50 Ch. 690
ရန်သူကို အနိုင်ယူရန်အတွက် ခွန်အားကုန် သုံးပြီးနောက် ထိုသူကို လွတ်မြောက်ခွင့်မပေးနှင့်။
သဘောတရားအရ အဖွဲ့မှုးလန်သည် ငြိမ်းချမ်းရေးရှာချင်လျှင် ကျန်းရီက အလျှော့ပေးလိုက်သင့်သည်။ သူက မြို့၏နံပါတ်နှစ်သိုင်းပညာရှင်နှင့် လက်ရည်ညီတိုက်ခိုက်နိုင်ခဲ့သည်ဟူသော သတင်းများ ထွက်သွားလျှင် မည်သူကမှ ပြဿနာလာရှာတော့မှာ မဟုတ်ပေ။
ကံဆိုးသည်မှာ ကျန်းရီက သူ ရှေ့သို့ ရောက်နေပြီးသည့် အချိန်တွင် မည်သည့်အချိန်၌ ရပ်တန့်ရမည်မှန်း မသိသည့်သူ ဖြစ်သည်။
အဖွဲ့မှုးလန်ထံမှ အစောတုန်းက ရရှိခဲ့သော ရိုက်နှက်ချက်များကြောင့် သူသွေးအန်ခဲ့ချိန် ဒေါသများ ပေါက်ကွဲထွက်လာသောကြောင့် ထိုသို့ ဖြစ်ခဲ့တာ ဖြစ်သည်။ အဖွဲ့မှုးလန်က မည်သူနည်း။ သူက မြို့၏နံပါတ်နှစ်အဖွဲ့မှုးဖြစ်ပြီး ကောင်းကင်မိုးကြိုးမြို့ကို ဆယ်နှစ်ကျော်အုပ်စိုးခဲ့သူ ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်က အဘယ်ကြောင့် အတိုက်အခိုက်ရပ်စဲရန် ကမ်းလှမ်းရသနည်း။ ဆိုလိုသည်က သူ ထပ်ပြီး တောင့်မခံနိုင်တော့ပေ။ အဖွဲ့မှူးလန်က သေရမှာ ကြောက်သည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ ထိုသို့ဆိုလျှင် အဖွဲ့မှုးလန်သည် သူ ကြောက်လန့်နေပြီဖြစ်ကြောင်း အဘယ်ကြောင့် ဝန်မခံဘဲ နေရမည်နည်း။ သူက အဖွဲ့မှုးလန်၏ မောက်မာထောင်လွှားမှုကို အပြည့်အဝ ရိုက်ချိုးသင့်သည် မဟုတ်ပါလော။ အပြစ်သားကျွန်းထဲ၌ ကျင့်ဝတ်ဟူ၍ မရှိလေရာ ဤနေရာက တောတွင်းဥပဒေအတိုင်း နေထိုင်ကြလေရာ သန်မာသူက အုပ်စိုးသည့်နေရာဖြစ်သည်။ အကြွင်းမဲ့ခွန်အားဖြင့်သာ ကျန်သည့်သူများကို အုပ်စိုးနိုင်၏။ ကျန်းရီက ထိုကဲ့သို့ မဟာအခွင့်အရေးကြီးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
ဟုတ်ပေ၏။ ကျန်းရီက အလွန်သဘောထားကြီးသည့်လေသံဖြင့် သူက အသေအကြေတိုက်ခိုက်ချင်သည်ဟု မဆိုခဲ့ပေ။ အနိုင်အရှုံးရလဒ်ကို လိုချင်သည်ဟုသာ ပြောခဲ့သည်။ အဖွဲ့မှုးလန်က ဆုတ်လမ်းတစ်ခု ရှိပြီးသား ဖြစ်၏။ ဤအရေးကိစ္စကို သေခြင်းရှင်ခြင်းဖြင့် အမှန်တကယ် ဆုံးဖြတ်ချင်လျှင် အဖွဲ့မှုးလန်က အားကုန်ထုတ်သုံးမှာ သေချာပြီး အဆုံးတွင်မူ မည်သူအသက်ရှင်မည်ဆိုတာ မသေချာပေ။
အဖွဲ့မှုးလန်၏ အမူအရာက ကျန်းရီ၏ဖော်ပြချက်ကို ကြားသည့် အချိန်၌ သုန်မှုန်သွားပြီး ရင်ထဲ၌ ဒေါသများ ထွက်လာတော့၏။ သို့သော်ငြား ကျန်းရီ၏ တိုက်ကွက်က ပိုတောင် သန်မာလာကာ ပတ်ဝန်းကျင်အပူချိန်ကလည်း ရုတ်တရက် တိုးလာတော့၏။ ရွေးချယ်စရာ မရှိဘဲ သူ့ရင်ထဲရှိ ဒေါသကို ဖိနှိပ်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်ရ၏။ တစ်ချိန်တည်းတွင် အဖွဲ့မှုးလန်က သူ၏အတွင်းအားများကို ထည့်လိုက်၏။ သို့မှသာ သူ၏အတုအယောင်နတ်ဘုရား အသုံးအဆောင်က နတ်ဘုရားဒိုင်းမပြိုကွဲသွားစေရန်အတွက် များစွာသော သစ်ထွင်းစာများကို ထုတ်ဖော်ပေးနိုင်တာပဲ ဖြစ်သည်။
ဝှစ် ဝှစ်..
ကျန်းရီက ထပ်မပြောတော့ဘဲ တိုက်ခိုက်မှုလမ်းကြောင်းကို တိုးမြင့်ကာ သူ့အသက်ကို ပဓာနမထားဘဲ ဆက်လက်တိုက်ခိုက်နေ၏။ မီးဝိညာဉ်ပုလဲထဲမှ မိုးကြိုးမီးက လျင်မြန်စွာ ပေါ်ထွက်နေပြီး မိုးကြိုးမီးက အဖွဲ့မှုးလန်ကို ပေါင်းစည်းတိုက်ကွက်တို့ဖြင့် ပစ်ထုတ် တိုက်ခိုက်နေ၏။ အဖွဲ့မှုးလန်က မရပ်မနား ညည်းတွားနေသည်။ သူ နောက်ထပ် ဆုတ်နေမည် ဆိုလျှင် ကောင်းကင်မိုးကြိုးမြို့ဆီ ရောက်သွားနိုင်၏။ သူ၏ဆိုးရွားပြီး သနားစဖွယ်ပုံရိပ်ကို ပွဲကြည့်ပရိတ်သတ်များနှင့် ကျန်သည့်သူများ မြင်သွားခဲ့လျှင် သူအရှက်ကွဲပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူက ထပ်မတောင့်ခံနိုင်တော့လျှင် သူ့အသက်ကို စွန့်စားရမည်လော။ သို့မဟုတ် သက်ညှာပေးရန် တောင်းဆိုရမည်လော။
သူသာ အားကုန်ထုတ်သုံးပြီး တိုက်ခိုက်ရမည် ဆိုလျှင် အဖွဲ့မှုးလန်က ကျန်းရီကို သတ်နိုင်ရန် ၆၀ရာခိုင်နှုန်း သေချာသည်။ သို့သော် အားကုန်ထုတ်သုံးရမည် ဆိုလျှင် သူ၏နတ်ဘုရားဒိုင်း ပြိုကွဲသွားနိုင်ချေ ရှိ၏။ သူ သေမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အားလုံးရှေ့၌ သူက သက်ညှာပေးရန် တောင်းဆိုရမည်လော။ သူ အဖွဲ့မှုးလန်က ဤကဲ့သို့ မျက်နှာပျက်မခံနိုင်ပေ။
သူ လှည့်ကြည့်လိုက်ရာ ကျန်းရီက အရူးတစ်ယောက်ပမာ လိုက်လာနေပြီး အဆက်မပြတ် မနားမနေ တိုက်ခိုက်နေတာကို တွေ့လိုက်ရ၏။ သူက အံကြိတ်ကာ ပြောလိုက်တော့သည်။
“ဟုတ်ပြီ အဖွဲ့မှုးကျန်း ရပ်လိုက်တော့ ဒီတစ်ခေါက် လောင်လန်က အရှုံးကို ဝန်ခံတယ် ငါရှုံးပြီ”
ကျန်းရီ၏ မျက်နှာထက်၌ လှောင်ရိပ်ပေါ်လာပြီး အဖွဲ့မှုးလန် အရှုံးကို ဝန်ခံမည်မှန်း မျှော်လင့်ပြီးသား ဖြစ်၏။ ထင်ထားပြီးသားဖြစ်၏။ အဖွဲ့မှုးလန်က တိုက်ခိုက်မှုရပ်စဲရန် ရည်ရွယ်ချက် ရှိနေသောကြောင့် အရှုံးကို ဝန်ခံခြင်းနှင့်မခြားပေ။
သို့သော် ကျန်းရီက မရပ်တန့်သေးဘဲ ဆက်လက်တိုက်ခိုက်ပြီးနောက် သူက အော်ပြောလိုက်၏။
“အဖွဲ့မှုးလန် ခင်ဗျားဘာပြောလိုက်တာလဲ ကျယ်ကျယ်ပြော ကျုပ်မကြားရဘူး”
ကျန်းရီ၏ အော်သံက ကျယ်လောင်လွန်းကာ အတွင်းအားပါ ထည့်ထားသောကြောင့် သူ့အသံကို အလွန်ကျယ်သွားစေသည်။ မြို့ဂိတ်နားရှိ လူများကတောင် ကြားရပြီး သူ့အဓိပ္ပာယ်က သိသာနေ၏။ အဖွဲ့မှူးလန်က အရှုံးကို ဝန်ခံချင်လျှင် အားလုံးကြားအောင် ပြောရမည် ဖြစ်သည်။
“မင်း..”
အဖွဲ့မှုးလန်က ဒေါသထွက်လွန်းသောကြောင့် တုန်ယင်နေကာ သွေးအန်လုနီးပါး ဖြစ်သွားသည်။ သို့သော် ကျန်းရီက နေရာရွေ့ပြောင်းနေစဲ ဖြစ်ကာ သူက မြို့သို့ဆုတ်လျှင်ဆုတ် မဆုတ်လျှင် ကျန်းရီ၏ ရည်ရွယ်ချက်အတိုင်း လိုက်ပါပေးရန် ဖြစ်သည်။
သူ့အကြည့်များက မီးဝင်းဝင်းတောက်နေ၏။ သူက အံတစ်ချက် ကြိတ်လျက် အော်ဟစ်လိုက်သည်။
“အဖွဲ့မှုးကျန်းက ကောင်းကင်ကို ယှဉ်နိုင်တဲ့ တိုက်ပွဲဝင်ခွန်အား ရှိပါတယ်၊ ဒီလောင်လန်က အရှုံးကို ဝန်ခံပါတယ်”
ယခုအခေါက် အဖွဲ့မှုးလန်က အလွန်ကျယ်လောင်သည်။ သို့သော် အနည်းငယ် ထိန်းထားနေသေးစဲ ဖြစ်သည်။ ထို့ကြောင့် ပွဲကြည့်ပရိတ်သတ်က သူ့အသံရေးရေးကိုသာ ကြားရ၏။ ကောင်းကင်ဧကရာဇ်များသာလျှင် သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားရလေရာ အဖွဲ့မှူးလီနှင့် ကျန်သည့်သူများကို အမူအရာမျက်နှာထားများ ပြောင်းလဲသွားစေ၏။
အဖွဲ့မှုးလန် ရှုံးနိမ့်သွားချေပြီ။ သူ လုံးဝ ရှုံးနိမ့်သွားခဲ့၏။ အားလုံးရှေ့၌ အရှုံးကို ဝန်ခံခြင်းက စုတ်ပြတ်သတ်ရန် လုံလောက်နေပြီ မဟုတ်ပါလော။
အဖွဲ့မှုးရင်သည် မျက်နှာရှုံ့မဲ့သွားကာ ပြုံးနေသောကျားက ပြုံးတောင် မပြုံးနိုင်တော့ပေ။ အဖွဲ့မှုးဟေး၏ အမူအရာကလည်း ပိုတောင် သုန်မှုန်သွားပြီး နျိုတုန်နှင့် နျိုဝမ်၏ အမူအရာကမူ ပြုံးဖြီးနေကြပြီး ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ သူတို့သည် အဖွဲ့မှုးလန်၏လူများကို အထင်တသေး အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ ယခုအချိန်တွင် အားလုံး၏ ကျောရိုးမက မတ်လာပုံတောင် ပေါ်နေ၏။
“ဟား ဟား ဟား အဖွဲ့မှုးလန်က နောက်နေတာ ဖြစ်ရမယ်၊ အဖွဲ့မှုးလန်က ကျုပ်ကို နိုင်ခွင့်ပေးလိုက်တာ သိသာနေတာပဲ ကျုပ်အဖွဲ့မှုးလန် သတ်တာ ခံရတော့မဲ့ အချိန်တွေလည်း အများကြီး ရှိတာပဲ၊ အဖွဲ့မှုးလန်က သက်ညှာပေးလိုက်လို့ပါ ဟုတ်ပြီ ဒီပွဲကို သရေအဖြစ် သတ်မှတ်လိုက်တာပေါ့”
ကျန်းရီ၏အော်သံကို ကြားနေရသည်က အဖွဲ့မှုးလီနှင့် ကျန်သည့်သူများကို မျက်ဝန်းများ မှေးကျဉ်းသွားစေ၏။ သူတို့က ထိုကောင်ဟန်ဆောင်နေသည်ဟု တွေးနေကြသည်။ သို့သော် သူက မည်သို့ သင့်တော်စွာ ပြုမူရမည်မှန်း သိသေးပြီး အဖွဲ့မှုးလန်ကို ဆုတ်လမ်း ချန်ထားပေးလိုက်သည်။
“ဟား ဟား ဟား”
အဖွဲ့မှုးလန်၏ ရယ်သံကလည်း ပဲ့တင်သံ ထွက်ပေါ်လာ၏။
“ငါအိုနေပြီ အသက်ကြီးနေပြီ လူငယ်မျိုးဆက်က ငါ့ကို ကျော်တက်ပြီး အဖွဲ့မှုးကျန်း နောက်နှစ်အနည်းငယ်ကျရင် လောင်လန်က အကွက်တစ်ရာမပြည့်မီမှာပဲ မင်းသတ်တာ ခံရမှာ သေချာတယ် သူရဲကောင်းတွေက လူငယ်တွေထဲကနေ မွေးဖွားလာနေပြီ အဖွဲ့မှုးကျန်းရဲ့ အနာဂတ်က အတိုင်းအဆမဲ့ပါတယ်ကွာ”
ဝှစ်..
လူရိပ်နှစ်ရိပ်က ပေါ်လာပြီးနောက် သူတို့က မိုးကြိုးတောင်ကြားကနေ ပျံသန်းလာ၏။ အဖွဲ့မှုးလန်သည် မူလက သနားစဖွယ် အနေအထား ရှိနေပြီး သို့သော် ယခုအချိန်တွင် ထိုလက္ခဏာမရှိတော့ပေ။ သူ့၌ တည်ငြိမ်သည့် အမူအရာရှိနေပြီး ခန္ဓာကိုယ်ပေါ်၌ ချွေးတစ်စက်မှ ရှိမနေပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရီက မီးတိမ်သံချပ်ကာကို ဖုံးကွယ်ထားရာ သူ့ဝတ်ရုံက သွေးများဖြင့် ပြည့်နေ၏။ သူ့ကို အတော်လေး စုတ်ပြတ်သတ်ပုံပေါ်နေ၏။ အဖွဲ့မှုးလန် အရှုံးကို ဝန်ခံတာ မကြားနိုင်သည့် သာမန်သိုင်းပညာရှင်များရှိသည်။ သွင်ပြင်အရ အဖွဲ့မှုးလန်က အသာစီးရခဲ့ပုံပေါ်သော်ငြား ပြိုင်ပွဲက သရေကျသွား၏။
ယင်းက သရေဖြစ်သည့်တိုင် လူတိုင်းက ကျန်းရီကို ကြောက်လန့်တကြားကြည့်နေကြ၏။ သူက အသက်၂၀အောက်သာ ရှိသေးပြီး မြို့၏ နံပါတ်နှစ်အကြီးအကဲ အဖွဲ့မှုးလန်နှင့် လက်ရည်ညီတိုက်ခိုက်ခဲ့၏။ သူ့တိုက်ပွဲဝင် ခွန်အားက ကောင်းကင်ကို ဖီဆန်နိုင်စွမ်း ရှိပေသည်။
“အဖွဲ့မှုးလန်..”
“အဖွဲ့မှုးကျန်း..”
အဆင့်နိမ့်သည့် သိုင်းပညာရှင်များအားလုံးက လက်သီးဆုပ်မိုးလိုက် အရိုအသေပေးကြပြီး နျိုတုန်နှင့် ကျန်သည့်သူများကလည်း နှုတ်ဆက်လိုက်ကြ၏။ သူတို့၏အသံများ၌ ကိုးကွယ်မှု ရိုကျိုးမှု မခံမရပ်နိုင်ဖြစ်မှုတို့ ပြည့်နေလျက် ကျန်းရီက ရယ်မောကာ ပြောလိုက်တော့သည်။
“ကျေနပ်တယ် သိပ်ကျေနပ်စရာ ကောင်းတယ် အဖွဲ့မှုးလန်နဲ့ တိုက်ပွဲကြီးကနေ အတော်ရလိုက်တာပဲ နျိုတုန် ပန်းတစ်ရာတည်းခိုဆောင်မှာ စီစဉ်စရာရှိတာတွေ သွားလုပ်လိုက် အဖွဲ့လန်ရဲ့ ညွှန်ကြားပြသမှုကို ကျေးဇူးတင်ဖို့ စားသောက်ပွဲကြီးတစ်ခု လုပ်ချင်တယ် အဖွဲ့လီ၊ အဖွဲ့မှုးရင်၊ အစ်ကိုကြီးဟူ၊ အဖွဲ့မှုးဟေးတို့ကိုလည်း ဖိတ်ခေါ်ပါတယ်”
သူ၏မျက်နှာထားက အင်မတန် တည်ကြည်နေသော်ငြား အဖွဲ့မှုးလန်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွား၏။ သို့သော် ကျန်းရီက သူ့ကို နောက်တစ်လှမ်း ဆုတ်ခွင့် ပြုပြီးသားဖြစ်၏။ သူ မည်ကဲ့သို့ လက်မခံဘဲ နေမည်နည်း။ သူက ရယ်မောပြီးနောက် ပြောလိုက်တော့၏။
“အဖွဲ့မှုးကျန်းက ဒီလောက် နိမ့်ချနေတယ် ဆိုမှတော့ လောင်လန်က အဲဒီကို လာခဲ့မယ်”
အဖွဲ့မှုးလီက အတော်လေး စိတ်ရင်းမှန်စွာ လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့၏။
“အဖွဲ့မှုးကျန်းက ငါ့ကို ဖိတ်တယ် ဆိုတော့ ငါဘယ်လိုလုပ် မသွားဘဲနေရဲပါ့မလဲ”
ပြုံးနေသောကျား အစ်ကိုကြီးဟူကလည်း စိတ်ရင်းဖြင့် ပြုံးပြီး ထပ်ခါတလဲလဲ ဦးညွှတ်လိုက်၏။
“အဖွဲ့မှုးကျန်း ကျုပ်ကို ဖိတ်တာက ဂုဏ်တက်စရာပါ”
အဖွဲ့မှုးရင်က တတိယမြောက် ပြောလိုက်သူ ဖြစ်သည်။
“အဖွဲ့မှုးကျန်းက ဖိတ်ခေါ်ပြီးတဲ့နောက် ဘယ်သူက မသွားရဲဘဲ နေမှာပဲ ဒါက ကျုပ် လောင်ရင်ကို ဆန့််ကျင်နေတာပဲ”
အဖွဲ့မှုးဟေးက ထပ်ပြုံးလိုက်ပြန်၏။ သို့သော် သူ့မျက်နှာက မည်းလွန်းနေရာ သူ့အပြုံးက ပိုတောင် ကြောက်စရာကောင်းနေသည်။ သူက လက်သီးဆုပ်လျက် ပြောလိုက်တော့သည်။
“အဖွဲ့မှုးကျန်းကို ကျေးဇူးတင်ပါတယ်”
“ဟား ဟား ဟား”
အဖွဲ့မှုးကျန်းက လက်ရမ်းလျက် ပြောလိုက်တော့သည်။
“ဒါဆိုရင် ကျုပ် အရင်ပြန်နှင့်ပါတော့မယ် အဖွဲ့မှုးလန် ကျုပ်ကို လက်ဝါးရိုက်ချက် အနည်းငယ် ရိုက်ပြီးတော့ ကျုပ် နာကျင်မှုကို ခံစားနေရသေးတုန်းပဲ ပြန်နှင့်ပြီး အရင်ကုစားလိုက်ပါအုံးမယ် ညမှတွေ့ပါမယ်”
“အဖွဲ့မှုးကျန်း ရပါတယ် သွားပါ”
လူတိုင်းက လက်သီးဆုပ်မိုးလျက် ကျန်းရီကို နှုတ်ဆက်လိုက်ကြသည်။ သူ နျိုတုန်နှင့် ကျန်သည့်သူများ မြို့ထဲ ဝင်ချိန်၌ အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီ၏ လက်အောက်ငယ်သားတချို့က အဖွဲ့မှုးလန်ကို လက်သီးဆုပ်မိုးလျက် မျက်နှာချိုသွေးရန် ရောက်လာကြသည်။
“ဂုဏ်ပြုပါတယ် အဖွဲ့မှုးလန် အဖွဲ့မှုးလန်ရဲ့ တိုက်ပွဲဝင်ခွန်အားက မိုးမြေကိုတောင် ယှဉ်ပြိုင်နိုင်ပြီး တိုက်ပွဲတိုင်းမှာ အောင်ပွဲဆွတ်ခူးနိုင်တာပါပဲ”
“အမှန်ပဲ အဖွဲ့မှုးလန်က အဲဒီကောင်ကို သက်ညှာပေးခဲ့တာပဲ ဖြစ်ရမယ် မဟုတ်ရင် ဘယ်လိုလုပ် သရေဖြစ်ပါ့မလဲ အဖွဲ့မှူးလန်ရဲ့ခွန်အားနဲ့ဆို သူ့ကို သတ်ဖို့ တစ်ချက်တည်းနဲ့ လုံလောက်နေပြီ”
“ဟား ဟား တစ်ကွက်တောင် လိုသေးလို့လား တစ်ဝက်ဆို လုံလောက်နေပြီ”
အဖွဲ့မှုးလန်၏ မျက်နှာက ပိုသုန်မှုန်လာကာ ရင်ထဲ ဒေါသတို့ ပေါ်ပေါက်လာ၏။ ထိုမြှောက်ပင့်သည့် စကားများကို ကြားသောအခါ သူ့မျက်နှာကို မမြင်ရသည့် ရိုက်ချက်များဖြင့် ရိုက်နေသည့်ပမာ ခံစားလိုက်ရသည်။ ချက်ချင်းပင် ဒေါသထွက်ကာ အော်ဟစ်လိုက်တော့သည်။
“ထွက်သွားကြ..”
အဖွဲ့မှုးလန်ကို မျက်နှာချိုသွေး ကပ်ဖားနေကြသည့်သူများအားလုံးက ရုတ်တရက် ကျုံ့သွားပြီး အဖွဲ့မှုးလန် အဘယ်ကြောင့် ဒေါသထွက်နေမှန်း မသိကြပေ။ ရွေးချယ်စရာ မရှိဘဲ သူတို့က အမြီးကုပ်ကာ မြို့သို့ ပြန်ပြေးကြ၏။
အဖွဲ့မှုးလီက အဖွဲ့မှုးလန်နှင့် ဆက်ဆံရေးကောင်းပြီး မျက်မှောင်ကျုံ့လိုက်တော့သည်။ သူက မြို့ဘက်သို့ သံသယဖြင့် ကြည့်ကာ အသံကူးပြောင်းပေးလိုက်၏။
“အဖွဲ့မှူးလန် မင်း ဘယ်လို ရှုံးသွားတာလဲ”
“ငါ ဘယ်လိုရှုံးသွားတာလဲ”
အဖွဲ့မှုးလန်က မျက်နှာကို ပွတ်လျက် ခါးသက်စွာ ပြုံးကာ တံထွေးထွေးထုတ်ပြီးနောက် ပြောလိုက်သည်။
“လခွမ်းပဲ ငါ အခုထက်ထိ မသိသေးဘူး ငါ ဘယ်လိုကြောင့်များ ရှုံးသွားရတာလဲ”
***