← Chapters

ဆန်းကြယ်သောအမျိုးသမီး

Vol. 50 Ch. 691

ဆန်းကြယ်သောအမျိုးသမီး

Vol. 50 Ch. 691

အဖွဲ့မှူးလန်က ဝမ်းနည်းပက်လက် အမူအရာ ဖြစ်နေလေ၏။ နှစ်ဖက်လုံး၏ ခွန်အားချင်း ယှဉ်ကြည့်လျှင် ရှုံးနိမ့်သည့်သူက ကျန်းရီဖြစ်သင့်၏။ အဆိုးဆုံးအခြေအနေတွင် သရေဖြစ်သင့်သည်။ ကျန်းရီက အဖွဲ့မှူးလန်ကို မသတ်နိုင်သော်ငြား အဖွဲ့မှူးလန်က ကျန်းရီကို သတ်ဖြတ်ရန် အခွင့်အရေးများရှိသည်။

ပိုရိုးရှင်းသည့်အတိုင်း ပြောရမည်ဆိုလျှင် ကျန်းရီ၏အရှိန်က အဖွဲ့မှူးလန်အတွက် နှေးလွန်းနေ၏။ ကျန်းရီ၌ မိုးကြိုးမီး မရှိခဲ့လျှင် အဖွဲ့မှူးလန်က ကျန်းရီနား အလွယ်တကူ ကပ်နိုင်ခဲ့လျှင် ဤတိုက်ပွဲတောင် မလိုအပ်တော့ချေ။ အဖွဲ့မှူးလန်က ကျန်းရီကိုအသာလေး ဖိချေရုံသာဖြစ်သည်။

သန့်စင်ထားသည့် မိုးကြိုးမီး၏ နိုင်လိုမင်းထက်ဆန်မှုကြောင့် အဖွဲ့မှူးလန်သည် မိုးကြိုးမီးအပေါ် အကြောက်တရားတို့ ဖြစ်ပေါ်လာသောကြောင့်ဆိုလျှင် မှန်ပေမည်။ သူက သူ၏နတ်ဘုရားဒိုင်း ပြိုကွဲသွားပြီး အရှင်လတ်လတ် မီးလောင်ခံရမှာကို စိုးရိမ်နေမိသည်။ ယင်းက သူ့ကိုအင်မတန် စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားစေ၏။ အဖွဲ့မှူးလန်သာ စိတ်အေးအေးထားပြီး အပတ်တကုတ် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျန်းရီက သေပြီးသားဖြစ်လောက်သည်။

နှစ်ဖက်လုံး၌ ခွန်အားကွာဟချက် ကြီးကြီးမားမား မရှိသည့် တိုက်ပွဲတစ်ပွဲတွင် စိတ်ခွန်အားက အရေးကြီးပေ၏။ စိတ်ဓာတ်ပိုင်းဆိုင်ရာက အရေးကြီးဆုံး ဖြစ်သွားသည်။

ဥပမာအနေဖြင့် ဆယ်ကျော်သက်တစ်ဦးနှင့် လူငယ်တစ်ဦး လက်သီးချင်း ယှဉ်တိုက်ခိုက်ကြလျှင် လူငယ်က ခွန်အားပိုရှိမည်။ သို့သော် ဆယ်ကျော်သက်က သူ၏အသက်ကို စွန့်စားရဲပြီး ကြိုးစားပမ်းစား တိုက်ခိုက်ခဲ့မည်ဆိုလျှင် လူငယ်သည် ခွန်အားပိုရှိနေသည့်တိုင် နောက်ဆုံး အနိုင်ရသူက ဆယ်ကျော်သက်သာ ဖြစ်ပေလိမ့်မည်။

ထိုကြောင့် တိုက်ပွဲအဆုံးသတ်သွားသည်အထိ အဖွဲ့မှူးလန်က သူရှုံးနိမ့်သွားပုံကို နားမလည်နိုင်သေးတာပဲ ဖြစ်သည်။ သူက ပွဲအစကတည်းက အသာစီးရနေတာ သိသာနေသည့်အချိန်၌ ကျန်းရီဖိအားပေးတာ အဘယ်ကြောင့် မည်ကဲ့သို့ ခံခဲ့ရသနည်း။ သူက အရှုံးကို အမှန်တကယ် ဝန်ခံရလောက်သည်အထိ မည်ကဲ့သို့ သတိလက်လွတ် ဖြစ်ခဲ့ရသနည်း။

မည်သို့ပင်ဆိုစေကာမူ အနိုင်ရခြင်းက အနိုင်ရခြင်းသာဖြစ်ပြီး ရှုံးနိမ့်ခြင်းက ရှုံးနိမ့်သွားတာပဲဖြစ်သည်။ ဤတိုက်ပွဲပြီးနောက် ကျန်းရီ၏ တိုက်ပွဲဝင်ခွန်အားက မြို့ဆီကနေ ခွင့်ပြုချက် ရသွားပြီးသားဖြစ်၏။ အစ်ကိုကြီးဟုန်ကလည်း သေပြီဖြစ်သည်။ ကျန်းရီ၏ ကျားမွှေးကို ဆွဲနုတ်ရဲသည့်သူက အစ်မကြီးဆည်းလည်းမှလွဲလျှင် မည်သူရှိအုံးမည်နည်း။

သတင်းပြန့်သွားသည်နှင့် မြို့တွင်းနှင့်မြို့ပြင် ခွန်အားရှိကြသည့် ကောင်းကင်ဧကရာဇ်များက လှုပ်ရှားသွားကြသည်။ အဖွဲ့မှူးသုံးယောက် သေပြီဖြစ်ကာ ကျန်းရီက တစ်နေရာကို ယူထားပြီးဖြစ်ပြီး သူတို့အတွက် နှစ်နေရာကျန်ပြီး အခွင့်အရေးကိုဖမ်းဆုပ်ပြီး သူတို့ကိုယ်သူတို့ အဆင့်တိုးမြှင့်ရန် နှစ်နေရာ ကျန်ရှိသေးသည်။

မြို့တွင်း၌လည်း ထိုကဲ့သို့ အခြေအနေ ဖြစ်ပေါ်နေစဉ် ကျန်းရီကမူ စိတ်ထဲမထားပေ။ သူက သူ့လူများကို ဦးဆောင်ပြီး ခြံဝင်းထဲသို့ ဝင်သွားလိုက်၏။ ပြီးနောက် နျိုတုန်နှင့် ကျန်သည့်သူများကို ပြောလိုက်သည်။

“မင်းတို့အားလုံး အရင်ပြန်နှင့် နျိုတုန်က စီမံစရာရှိတာတွေ သွားစီမံလိုက်။ ပြီးတော့ နောင်ကျ အဲဒီ(၁၆)ယောက်ကို ငါ့နောက်လိုက်ဖို့လည်း ပြောလိုက်အုံး”

ကျန်းရီက ဒဏ်ရာရထားသောကြောင့် ပြန်လည်ကုစားရန် အချိန်လိုအပ်သည်။ သူသည် ယနေ့၌ တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့၏။ အနား၌ အောင်မြင်မှုကို အတည်ပြုပြီးနောက် သူပင်ပန်းနေပြီဖြစ်သည်။ သူက ကောင်းကောင်းမွန်မွန် အနားယူချင်ပြီး နှောက်ယှက်တာ မလိုချင်ပေ။

“အဖွဲ့မှူးကျန်း ကောင်းကောင်းအနားယူပါ။ ကျွန်တော် စီမံစရာရှိတာတွေ လုပ်လိုက်ပါ့မယ်။ ညအချိန်ကျမှ အဖွဲ့မှူးကျန်းကို စားသောက်ပွဲဆီ လာဖိတ်ကြားပါ့မယ်”

နျိုတုန်က အလွန်သိတတ်သည်။ သူ၏အပြုံးက မျက်နှာချိုသွေးသည့်အပြုံး မဟုတ်တော့ပေ။ ထိုအစား ရင်းနှီးသည့် တစ်စုံတစ်ယောက်အတွက် အပြုံးနှင့်ဆင်တူ၏။

“အင်း”

ကျန်းရီက နျိုတုန်၏ပခုံးကို ပုတ်ပြီးနောက် ခြံဝင်းတံခါးကိုဖွင့်ကာ အထဲဝင်သွားလိုက်၏။ နျိုတုန်က ခြံဝင်းအပြင်ဘက်တွင် ရပ်စောင့်ရန် လူနှစ်ယောက် စီမံထားပြီးနောက် သူ့လူများနှင့်အတူ ထွက်သွားသည်။ ရှေးဦးစွာသူက ပါ့တောက်နှင့် အဖွဲ့မှူးလုံ၏ လူများဆီသွားကာ အစ်ကိုကြီးဟုန်၏ လက်အောက်ငယ်သား (၁၆)ယောက်ကိုလည်းခေါ်ပြီး တပ်ဖွဲ့၏စိတ်ထားကို တည်ငြိမ်အောင်လုပ်ကာ ယနေ့ည စားသောက်ပွဲအတွက် စီမံနေ၏။

“ဟူး ဟူး”

ကျန်းရီက ခြံဝင်းထဲလျှောက်လာပြီး တံခါးပိတ်ထားကာ သူ၏မတ်နေသောကျောက ရုတ်တရက် ကွေးညွတ်သွားပြီး ခြံဝင်းထဲရှိ ကျောက်ကုလားထိုင်ပေါ်၌ ထိုင်ချလိုက်၏။ ပြီးနောက် သူက မျက်လုံးမှိတ်ကာ အသက်ရှုလိုက်သည်။

ယနေ့ဖြစ်ပျက်သွားသည့် ကိစ္စများက များပြားလွန်း၏။ သူလူများစွာကို မသတ်ခဲ့သော်ငြား သတ်ခဲ့သည့်သူတိုင်းက ကောင်းကင်ဧကရာဇ်ဖြစ်သည်။ သူတို့ထဲရှိ မည်သူမဆို ကောင်းကင်ကြယ်တာရာ နယ်မြေရှိ သိုင်းပညာရှင်များအားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိသူဖြစ်သည်။ သူက ထိုမျှများပြားသည့် မယုံနိုင်စရာကောင်းသော သိုင်းပညာရှင်များကို သတ်ခဲ့ပြီး အဖွဲ့မှူးလန်ကို အရှုံးကို ဝန်ခံအောင်တောင် ပြုလုပ်နိုင်ခဲ့၏။ ယခုအချိန်တွင်သူက ကြောက်လန့်သည့်ခံစားချက် ရနေပြီဖြစ်သည်။

သူကယနေ့တွင် တိုက်ပွဲတစ်ပွဲကို ရှုံးနိမ့်ခဲ့ပါက သူထာဝရချုပ်ငြိမ်းသွားမည်ဖြစ်ကာ ကျန်းရှောင်နူ ဖုန်းလန်နှင့် ကျန်သည့်သူများကလည်း အလွန်ဆိုးရွားသည့် အခြေအနေထဲ ကျရောက်သွားပေလိမ့်မည်။ သူက အားလုံး၏အသက်နှင့်အတူ မျဉ်းပါးလေးပေါ် စွန့်စားနေရတာပဲဖြစ်သည်။

အဖွဲ့မှူးသုံးဦးကို သတ်ဖြတ်ပြီး အဖွဲ့မှူးလန်ကိုဖိနှိပ်ကာ ကောင်းကင်ဧကရာဇ်တစ်စုကို ခေါ်သွင်းပြီး အဖွဲ့မှူးဖြစ်လာသည့်သွင်ပြင်က အံ့သြစရာကောင်းကောင်း ကောင်းနေလိမ့်မည်။ သို့သော် သူခံစားနေရသည့် ဖိအားများကို သူသာလျှင် ရှင်းရှင်းလင်းလင်းသိ၏။ သူ့ရင်ထဲ ဝေဒနာမည်မျှ ခံစားနေရကြောင်း သူပဲသိသည်။

“ငါနိုင်သွားပြီ အဆုံးကျ ငါနိုင်သွားခဲ့ပြီ”

သူက မျက်လုံးမှိတ်ထားလျက် ရေရွတ်ပြောကာ သူ၏နှုတ်ခမ်းက အားတင်းပြုံးလိုက်သည်။ သူက ထရပ်ရန် ရုန်းကန်ပြီးနောက် နွမ်းနယ်သည့်ပုံဖြင့် ခြံဝင်းထဲ ခြေလှမ်းလာခဲ့ကာ ကောင်းကောင်းရေချိုး ကောင်းကောင်းအိပ်စက်ကာ သူ၏တင်းမာနေသော စိတ်ကို ခဏတာ ဖြေလျော့ချင်၏။

“အမ်”

သို့သော် ပင်မခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူ၏ပြေလျော့ပြီးသား ခန္ဓာကိုယ်နှင့်စိတ်က ရုတ်တရက် ထပ်တင်းမာလာပြန်သည်။ သူ၏မျက်လုံးက ကျောချမ်းဖွယ်အလင်းတို့ တောက်လာပြီး သတ်ဖြတ်လိုသည့်စိတ်က ခြင်္သေ့ဘုရင်သည် ချွန်ထက်သောအစွယ်တို့ကို ပြနေသည့်အလား သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့် အရှိန်အဝါတို့က ပေါ်ထွက်လာ၏။

ပင်မခန်းမထဲ၌ တစ်စုံတစ်ယောက်ရှိနေ၏။ မိန်းမလှတစ်ဦးရှိနေသည်။

အမျိုးသမီးက အသက်ကြီးပုံမပေါ်သော်ငြား ရင့်ကျက်ပုံပေါ်၏။ သူမက ပန်းပွင့်လေးများထိုးထားသည့် မြစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး သူမ၏ရင်ဘတ်ရှေ့၌ ပန်းရောင်ဆည်းလည်းလေးများရှိသည်။ သူမ၏ အမို့အမောက်တစ်စုံက ဖမ်းစားနိုင်သည့် တည်ရှိမှုဖြစ်သည်။

ထိုအမျိုးသမီးက လက်ဖက်ရည်အချို့ကို မြည်းစမ်းနေ၏။ ကျန်းရီဝင်လာချိန်၌ သူမကလှည့်ပြီး ကျက်သရေရှိကာ ဆွဲဆောင်မှုရှိသည့် အပြုံးမျိုးပြုံးပြီး ပြောလိုက်တော့၏။

“အဖွဲ့မှူးကျန်း ပြန်လာပြီလား။ ဒီအစေခံက ရှင့်ကိုစောင့်နေတာ အတော်ကြာပါပြီ”

ကျန်းရီ၏ အမူအရာက ပိုအေးစက်သွားကာ ကျက်သရေရှိသည့် ထိုအမျိုးသမီးကို ကြည့်လိုက်ပြီး လေးလံသောလေသံဖြင့် ပြောလိုက်၏။

“မင်းဘယ်သူလဲ။ ငါ့ခြံဝင်းထဲ ဘာကြောင့်ရောက်နေတာလဲ”

ခစ် ခစ်

ကျက်သရေရှိသော အမျိုးသမီးကြီးသည့် ထရပ်ကာ သူမ၏ မျက်လုံးထဲ၌ လှိုင်းလေးများ ဝဲနေလေ၏။ ဆောင်ကြာမျိုင်မှ အထက်တန်းစား ပြည့်တန်ဆာ တစ်ဦးသဖွယ် ဆွဲငင်နိုင်သော မျက်ဝန်းတစ်စုံက သူမတွင်ရှိနေသည်။ သူမက

“အဖွဲ့မှူးကျန်း ဒီအစေခံက ချီလင်လို့ခေါ်ပါတယ်။ အဖွဲ့မှူးရဲ့ ခြေသလုံးကိုဖတ်ဖို့ ခြံဝင်းထဲဝင်လာတာပါ။ အဖွဲ့မှူးကျန်းက နောင်ကျကျွန်မကို ကာကွယ်ပေးဖို့ ဆန္ဒရှိသ၍ ချီလင်က အဖွဲ့မှူးရဲ့အပိုင် ဘာမဆို လုပ်လို့ရတယ်”

ကျန်းရီဆီ ပစ်ဝင်လာတာလား။

မြို့တွင်းတွင် အမျိုးသမီး သိုင်းပညာရှင် များစွာရှိပြီး အများစုကို အဖွဲ့မှူးများက ဖွက်ထားပြီးသားဖြစ်သည်။ ကျန်းရီကယခု အဆင့်တိုးမြှင့်ပြီး နံပါတ်(၂)အဖွဲ့မှူး အဖွဲ့မှူးလန်ကိုတောင် ဖိနှိပ်နိုင်ခဲ့၏။ မိန်းမလှလေးများအဖို့ သူတို့ကိုယ်သူတို့ သူ့ဆီသို့ အလိုအလျောက် ပစ်ဝင်လာခြင်းက ပုံမှန်သာမဟုတ်ပေလော။

ထိုစဉ် ကျန်းရီက ထိုအမျိုးသမီး၏ရှင်းပြချက်က အတော်လေး ယုတ္တိရှိသည်ဟု ခံစားလိုက်မိသည်။ အရှိန်အဝါတည်ရှိမှုကို ရုတ်သိမ်းလျက် ကျက်သရေရှိသော အမျိုးသမီးကို အနည်းငယ်လောက် ကြည့်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။

“ဘာမဆိုလုပ်နိုင်လား”

အမျိုးသမီး၏ခါးက အနည်းငယ် ယိမ်းသွားလျက် သူမကရင်ကို အနည်းငယ်ကော့ကာ ပြောလိုက်တော့၏။

“အဖွဲ့မှူးကျန်း ရှင်အလိုရှိတာ ဘာမဆို လုပ်လို့ရတယ်”

“ဒါဆိုကောင်းပြီလေ”

ကျန်းရီက ခေါင်းညိတ်ပြီးနောက် အခန်းတစ်ခန်းထဲလျှောက်သွားကာ လက်ကာပြလိုက်၏။

“အရင်ဆုံးဒီအဖွဲ့မှူးကို ရေချိုးဖို့ကူညီပေး”

ပြောပြီးသည်နှင့် အခန်းထဲတန်းဝင်သွားကာ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှ ရေချိုးဇလုံကို ထုတ်ပြီး သန့်ရှင်းသည့်ရေများ လောင်းထည့်လိုက်၏။ ကျက်သရေရှိသည့် အမျိုးသမီး ဝင်မလာသေးတာကို သိသည့်အခါ သူကအနည်းငယ် စိတ်မကျေမနပ် ဖြစ်သည့်ပုံဖြင့် ပြောလိုက်၏။

“ဘာလုပ်နေတာလဲ။ ဒါကမင်းတစ်ယောက်ယောက်ကို ခစားတဲ့ပုံစံလား”

ကျက်သရေရှိသော အမျိုးသမီး၏ မျက်လုံးများက ဟိုကြည့်ဒီကြည့် ဖြစ်သွား၏။ သူမက နှုတ်ခမ်းကိုက်ထားလျက် တင်ပါးကိုလွှဲယမ်းကာ လျှောက်ဝင်လာပြီး ချိုမြိန်သောအပြုံးဖြင့် ပြောလိုက်တော့၏။

“လာလေ အဖွဲ့မှူးကျန်း အဝတ်အစားတွေချွတ်ဖို့ ကူပေးပါ့မယ်”

“အင်း”

ကျန်းရီက သတိမထားဘဲ မျက်လုံးမှိတ်လိုက်လေ၏။ ကျန်းရီနောက်ရှိ မိန်းမလှလေးက သူ၏အပြင်ဝတ်များနှင့် အပေါ်ဝတ်များကို ချွတ်ပေးလိုက်ပြီး သူ၏ပြစ်မျိုးမှည့်မထင် အပေါ်ပိုင်းကို ပေါ်လာစေတော့သည်။ ဘောင်းဘီတစ်စုံသာ ကျန်တော့သည့်အချိန်၌ ကျက်သရေရှိသည့် မိန်းမပျိုလေးက မလှုပ်ရှားတော့ဘဲ ရှက်သွေးဖြာနေသည့် မျက်နှာဖြင့် မျက်လုံးကို အကြည့်လွှဲထားလိုက်သည်။

“အမ်”

ကျန်းရီက ခဏတာ စောင့်ဆိုင်းနေပြီး ထိုအမျိုးသမီး မလှုပ်ရှားတာကို သတိပြုမိလိုက်၏။ ပြီးနောက်သူက ခေါင်းစောင်းကြည့်ကာ ပြောလိုက်တော့သည်။

“မင်းကဒီလောက် မသေမသပ်လိုက်တာ။ ဒါတောင် တစ်ယောက်ယောက်ကို ခစားချင်တယ်တဲ့လား။ အဖွဲ့မှူးကျန်းအတွက် မင်းဘာများ လုပ်ပေးနိုင်လို့လဲ”

အမျိုးသမီးက ရှက်သွားပြီး အံ့ကြိတ်ကာ ကျန်းရီ၏ ဘောင်းဘီများကို ဆွဲချပေးလိုက်၏။ သူမက မျက်လုံးကို တင်းကြပ်စွာ ပိတ်ထားပြီး မျက်နှာက မျောက်ဖင်ပမာ နီနေလျက် ဆူပွက်နေသော ရေနွေးအိုးပမာ ပူလောင်နေတော့သည်။

ဖောက်

ကျန်းရီက ရေထဲခုန်ဝင်လိုက်ပြီးနောက် သူ့ကိုယ်သူ ဆေးကြောလိုက်၏။ သူက ကျက်သရေရှိသည့် အမျိုးသမီးကို လှည့်ကြည့်ကာ ထူးဆန်းသည့်လေသံဖြင့် ပြောလိုက်တော့သည်။

“မင်းက ထူးဆန်းတဲ့လူပဲ။ ဒီအဖွဲ့မှူးနောက် လိုက်ချင်တယ်ဆိုရင် ငါ့ကိုခစားသင့်တာပေါ့။ ဘာကြောင့်ဒီတိုင်း ရပ်နေရတာလဲ”

“အမ်”

ကျက်သရေရှိသော အမျိုးသမီးက ကျန်းရီကိုချောင်းကြည့်ရန် မျက်လုံးဖွင့်လိုက်ရာ ကိုယ်အထက်ပိုင်း ရေထဲတွင်ရှိနေပြီး ထူးကဲသော ခန္ဓာကိုယ်အထက်ပိုင်း ပေါ်နေတာကို တွေ့လိုက်ရ၏။ ပြီးနောက် စိတ်သက်သာရာရပြီး သက်ပြင်းချကာ ပြောလိုက်တော့၏။

“အဖွဲ့မှူးကျန်း ဒီအစေခံကို ဘာများလုပ်ပေးစေချင်လဲ”

ကျန်းရီက စိုက်ကြည့်ပြီးနောက် ပြောလိုက်၏။

“ဒီအဖွဲ့မှူး ရေချိုးတာ ကူညီပေးဖို့ မပြောခဲ့ဘူးလား။ မြန်မြန် ငါ့နောက်ကျောကိုတိုက်ပေး”

“အော်”

ကျက်သရေရှိသည့် အမျိုးသမီးက နှုတ်ခမ်းဆူကာ ကျန်းရီနောက်သို့ လျှောက်သွားလိုက်၏။ သူမ၏ ဖြူသွယ်သော လက်တစ်စုံကိုထုတ်ကာ ညင်သာစွာပွတ်ပေးပြီး ဆေးကြောပေးလိုက်၏။ မည်သူကသိမည်နည်း။ ကျန်းရီက လှည့်ကြည့်ပြီး ပြောလိုက်၏။

“မင်းက အစေခံ တစ်ခါမှ မဖြစ်ဖူးဘူးနဲ့တူတယ်။ ဟမ် ရေချိုးတဲ့စည်းမျဉ်းတွေအရ အစေခံကလည်း အဝတ်ဗလာ ဖြစ်နေရမှာ”

“အမ်”

ကျက်သရေရှိသည့် အမျိုးသမီးက အံ့သြသွားပြီးနောက် မျက်လုံးထဲ ဒေါသအရိပ်အယောင်များ ပေါ်လာပြီး သူမ၏မျက်နှာက ထပ်မံပူလာကာ မျက်တောင်ခတ်လိုက်ပြီးနောက် နှုတ်ခမ်းကိုက်ကာ တွေဝေနေလေ၏။

“ဟူး”

ကျန်းရီကသူမကို ထပ်မကြည့်တော့ပေ။ သူကသူ့ကိုယ်သူ ဆေးကြောရန် လက်ဆန့်ထုတ်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်တော့သည်။

“ချီလင် မင်းရဲ့သရုပ်ဆောင် စွမ်းရည်က နိမ့်လွန်းတယ်။ မင်းအပျော်ထွက်မရှာသင့်ဘူး။ တကယ်ကစားချင်တယ်ဆိုရင် ပူးပေါင်းသင့်တယ် မဟုတ်ဘူးလား။ မင်းကိုငါက မလေးမစား ပြုရဲမယ်လို့ ထင်နေတာလား။ အဲ့လိုလုပ်ခဲ့ရင် သေနေပြီးလောက်ပေါ့။ မလေးမစား လုပ်တဲ့လူတွေ အကုန်လုံး သေနေပြီမဟုတ်ဘူးလား။ ကျုပ်ပြောတာ မှန်ရဲ့လား အစ်မကြီးဆည်းလည်း”

***

All Chapters