သစ္စာခံကြောင်း ကတိသက်သေ
Vol. 50 Ch. 692
“အစ်မကြီးဆည်းလည်းတဲ့လား”
မိန်းမလှလေး၏ မျက်ဝန်းများက လက်သွား၏။ သူမက အတော်လေး စိတ်ပျက်သွားသော်ငြား ကျန်းရီကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။
“ဟုတ်ပြီ အဖွဲ့မှူးကျန်းက အထင်ကြီးဖို့ကောင်းသားပဲ။ နင်ကငါဘယ်သူမှန်း သိတယ်ဆိုမှတော့ ငါ့ကိုရာရာစစ စရဲသေးတယ်ပေါ့။ အဖွဲ့မှူးကျန်းက ငါ့ကိုပါ ခြိမ်းခြောက်ချင်ပြီး ကောင်းကင်မိုးကြိုးမြို့ကို အုပ်စိုးချင်နေတာလား”
“ဟား ဟား ဟား”
ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူက တစ်ဖက်သို့လှည့်ကာ ပြောလိုက်တော့သည်။
“အစ်မကြီးဆည်းလည်း အချက်အလက်ကို မပြောင်းလိုက်နဲ့။ ဘယ်သူကထပ်ပြီး ကလူခဲ့တာလဲ။ အစကတည်းက အစ်မကြီးကိုယ်တိုင် ကျုပ်ဆီရောက်လာပြီး ကျုပ်ဆန္ဒရှိသလို လုပ်လို့ရတယ်ဆိုပြီး ပြောခဲ့တာ။ ဘယ်သူ့ကိုများ အပြစ်တင်နိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမှမလုပ်ခဲ့တာ။ ခင်ဗျားက ကောင်းကင်မိုးကြိုးမြို့ရဲ့ နံပါတ်တစ် အဖွဲ့မှူးတစ်ယောက် ဖြစ်နေတာကြောင့် သဘောထားကြီးလိုက်လေ။ ခင်ဗျားရဲ့ ခွင့်လွှတ်မှုကိုတောင်းခံတဲ့အနေနဲ့ ဧည့်ခံမယ်ဆိုရင်ရော ဘယ်လိုလဲ”
ကျန်းရီသည် မြို့၏နံပါတ်တစ် အဖွဲ့မှူးရှေ့၌ စိတ်လှုပ်ရှားခြင်း မရှိပေ။ သူ၏အပြုအမူက သူက မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြောဆိုနေသည့်အလား လွတ်လပ်ပေါ့ပါးပြီး အေးအေးလူလူ ဖြစ်နေလေ၏။ အစ်မကြီးဆည်းလည်း၏ ရာထူးနှင့်အာဏာကြောင့် သူကအနေခက်တာမျိုး မရှိ။ ဂရုတစိုက် ပြုမူတာမျိုးမရှိပေ။ အစ်မကြီးဆည်းလည်း ဘာတွေးနေတာကို သူမသိပေ။ သို့သော်ငြား သူမကသူ့ဆီသို့ သီးသန့်ဦးစွာ လာရောက်လည်ပတ်ပြီး သူ့ကိုစနောက်ကာ သူ့ဆီပစ်ဝင်လာမည့် အမျိုးသမီးတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့ခြင်းကြောင့် သူမက မကောင်းသည့်စိတ် မရှိလောက်ပေ။
သူကလည်း မြို့ထဲရှိ နံပါတ်တစ် အဖွဲ့မှူးနှင့် ရင်းနှီးလိုစိတ်ရှိသည်။ ထိုသို့ပြုလုပ်ရန်အတွက် အကောင်းဆုံးနည်းလမ်းက တစ်ဖက်လူကို အဖွဲ့မှူးအနေဖြင့် ဆက်ဆံမည့်အစား သာမာန် မိတ်ဆွေအနေဖြင့် ဆက်ဆံတာက ကောင်းသည်။
ထင်သည့်အတိုင်းပင် အစ်မကြီးဆည်းလည်းက ဒေါသထွက်နေပုံပေါ်သော်ငြား သူမ၏မျက်လုံးက တလက်လက် တောက်လာ၏။ သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။
“ငါ့ကို ဧည့်ခံမယ်တဲ့လား၊ ငါ့ကို သူတောင်းစားများ ထင်နေလား။ နင်က တကယ်စိတ်ရင်း စစ်မှန်မှု မရှိဘူးပဲ”
ခွီ ခွီ
ကျန်းရီက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူက အစ်မကြီးဆည်းလည်းကို စိုက်ကြည့်ကာ ပြောလိုက်တော့သည်။
“အစ်မကြီးဆည်းလည်း ခင်ဗျားစည်းမျဉ်းကို စပြောတယ်ဆိုရင် ကျုပ်ကို ဆန္ဒရှိသလို လုပ်လို့ရတယ်ဆိုရင်ရော ဘယ်လိုလဲ”
ဖွီ
အစ်မကြီးဆည်းလည်းက နှာခေါင်းရှုံ့ပြီး ကျန်းရီ၏အင်္ကျီကိုဆုပ်ကိုင်ကာ ပစ်ထုတ်လိုက်၏။ သူမက မြေပြင်ကို ဆောင့်နင်းလျက် ပြောလိုက်၏။
“လူလိမ် လူကောက် မြန်မြန် ဆေးကြောစမ်း။ နင်တို့အိမ်မှာ လက်ဖက်ရည်တစ်ခွက်မှ မရှိဘူးလား။ ဒါကဧည့်သည်ကို ဧည့်ဝတ်ကျေတဲ့ ပုံစံလား”
“ဟား ဟား ဟား”
ကျန်းရီသည် အစ်မကြီးဆည်းလည်းက ရှက်ရွံ့ပြီး ပင်မခန်းမထဲ ထွက်ပြေးသွားတာကို မြင်တွေ့သည့်အချိန်၌ ရယ်မောလိုက်တော့၏။ သူက သူ၏ခန္ဓာကိုယ်ကို အမြန်သန့်စင်ပြီးနောက် ဝတ်စုံသစ် ထုတ်လိုက်၏။ သင့်တော်စွာ ဝတ်စားပြီးနောက် အပြင်ထွက်လာတော့သည်။
“အမ်”
အစ်မကြီးဆည်းလည်းက ပင်မခန်းမထဲတွင် ထိုင်နေ၏။ သူမက အနားသို့ ကျန်းရီချဉ်းကပ်လာတာကို မြင်သောအခါ မျက်ဝန်းများက အလိုလို လက်သွားလေ၏။ သူမက စိတ်ထဲ အံ့အားသင့်နေလေသည်။ ချောမောခံ့ညားလိုက်တဲ့ လူငယ်ပါလား။
ကျန်းရီသည် ခံ့ညားသည်ဟူ၍ သတ်မှတ်၍မရပေ။ အလွန်ဆုံးမှ သူက ကြည့်ကောင်းသော ရုပ်ရည်သွင်ပြင် ရှိနေတာပဲ ဖြစ်၏။ ရည်မွန်သော လူငယ်တစ်ဦးအနေဖြင့် အတော်လေး အားနည်းပုံ ပေါ်၏။ သူက အမှန်တကယ် ခံ့ညားသော သခင်လေးများနှင့် ဝေးကွာလွန်းနေခဲ့သည်။
သို့သော် ယခုမူ မတူတော့ပေ။ နဂါးညှိုးရော်မြက်ပင်၏ တိုးမြှင့်ပေးမှုကြောင့် သူ၏အရေပြားသည် ကျောက်စိမ်းပမာ ချောမွတ်သွားရုံသာမက သူ၏ရုပ်ခန္ဓာကလည်း ပြီးပြည့်စုံလာ၏။ ကျယ်ပြောသောပခုံး၊ သေးကျဉ်းသောခါး၊ သွယ်လျသောခြေတံတို့ ရှိနေလေ၏။ ပိုအရေးကြီးသည်က သူ၏အငွေ့အသက်တို့က ပုံမှန်မဟုတ်တော့ပေ။ သူက အသက်(၁၉)မပြည့်သေးသော်ငြား များစွာသော ပြောင်းလဲမှုများကို တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ သူက သက်လတ်ပိုင်းအရွယ် လူငယ်တစ်ဦးပမာ အတွေ့အကြုံများပေသည်။
ထိုကဲ့သို့ အငွေ့အသက်မျိုးက လူငယ်တစ်ယောက်တွင် မရှိသင့်ပေ။ သို့သော် ပေါ်လာသည်နှင့် ယင်းက အမျိုးသမီးများကို သေစေနိုင်လောက်၏။ ထို့ပြင် ကျန်းရီက အဖွဲ့မှူး ဖြစ်လာပြီးနောက် သူကခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါမျိုး ရှိလာတော့သည်။ ထို့ကြောင့်ကျန်းရီက မိန်းမငယ်လေးများကို အလွန်ညှို့ငင်နိုင်စွမ်းရှိသည်။ မရေမတွက်နိုင်သည့် ယောကျာ်းများကို မြင်တွေ့သော အစ်မကြီးဆည်းလည်းကတောင် ကျန်းရီက မိန်းကလေးများကို ရူးသွပ်စေနိုင်သည့် စွမ်းရည်ရှိကြောင်း သူဝန်ခံရမှာပဲဖြစ်သည်။
အမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ ရုပ်ရည်က အပေါ်ယံသာဖြစ်သည်။ ရုပ်ရည်ကြည့်ကောင်းသော်ငြား လှပသည့် မျက်နှာလေးသာ ရှိနေသူများလည်း ရှိ၏။ ထို့ကြောင့် လူတစ်ယောက်၏ စိတ်နေသဘောထားကလည်း အလွန်အရေးပါပြီး ယင်းက သေစေနိုင်သော အဆိပ်ပြင်းဖြစ်သည်။
သံသယဖြစ်ဖွယ် မလိုပေ။ ကျန်းရီသည် နဂါးညှိုးရော်မြက်ပင်ကြောင့် တိုးတက်လာပြီးနောက် သူ၏ခန္ဓာကိုယ်က အတော်လေး ကောင်းလာ၏။ ထူးကဲသော အတွေ့အကြုံများစွာကို ခံစားခဲ့ရပြီး သူက နက်ရှိုင်းသည့်အဆင့်သို့ ရောက်လာသည်။ ထင်ရှားကျော်ကြားသော မျိုးနွယ်စုများမှ ကျက်သရေရှိသော သခင်လေးများနှင့်ယှဉ်လျှင် ကျန်းရီ၌ ထုံးစံမဟုတ်သည့် ကန့်သတ်မထားနိုင်သော ညို့ငင်မှုတစ်မျိုး ရှိနေပြီး ကျန်းရီကို ပိုဆွဲဆောင်မှု ရှိသွားစေ၏။
အမျိုးသားများက အဝတ်အစားပေါ် မူတည်နေပေသည်။ ကျန်းရီသည် ပုံမှန်ဆို သာမာန်ဝတ်စုံနှင့် ဝတ်ရုံနက်များသာ ဝတ်လေ့ရှိ၏။ သူက ဧည့်သည်အချို့နှင့် အဖွဲ့မှူးအချို့ကို သွားတွေ့ရမည် ဖြစ်သောကြောင့် ပန်းထိုးအနက်ရောင်ဝတ်ရုံကို ဝတ်ခဲ့သည်။ ယခုအချိန်တွင် အစ်မကြီးဆည်းလည်း၏ အမြင်အရ သူက အလွန် ထူးချွန်ပုံ ပေါ်နေသည်ဆိုတာ ပြောနိုင်၏။
ကံကောင်းသည်မှာ အစ်မကြီးဆည်းလည်းက အတွေ့အကြုံရှိပြီး စိတ်ဝိညာဉ် ကျင့်ကြံခြင်းကို အထူးပြုထား၏။ သူမသည် မှင်သက်နေရာမှ ချက်ချင်း သတိပြန်ဝင်လာပြီး ပြုံးလျက်ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်း ရှင်ကတကယ် အထင်ကြီးဖို့ ကောင်းတဲ့လူပဲ”
“ဟား ဟား”
ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အစ်မကြီးဆည်းလည်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက်သူက ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲက သေရည်ခရားနှင့် ခွက်အချို့ကို ထုတ်ယူပြီး အစ်မကြီးဆည်းလည်းအတွက် တစ်ခွက်ငှဲ့ပေးလိုက်၏။ ပြီးနောက်သူက ဖြေးဖြေးချင်း ပြောလိုက်တော့၏။
“အစ်မကြီးဆည်းလည်း ကျုပ်က မျက်နှာကို အားထားပြီး နေထိုင်မှာ မဟုတ်ဘူးလေ။ ကျုပ်က အရုပ် မဟုတ်ဘူး။ ဒါပေါ့ အစ်မကြီးဆည်းလည်းက ခေါ်ထားချင်တယ်ဆိုရင်တော့ ကျုပ်ဂရုတစိုက် တွေးပေးမှာပါ”
“ဖွီ”
အစ်မကြီးဆည်းလည်းက တံတွေးထွေးလိုက်၏။ သူက ထပ်ခါတလဲလဲ အစခံခဲ့ရသည်။ ကျန်သည့်သူများက ထိုသို့ပြုလုပ်လျှင် သူမ သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သို့သော် ကျန်းရီ၏ စစ်မှန်သော အပြုံးမျက်နှာကို မြင်တွေ့သည့်အချိန်၌ သူမဒေါသ မထွက်နိုင်တော့ပေ။ ထိုအစား ကွဲပြားခြားနားသည့် ရင်ဖိုမှုတစ်မျိုးကိုသာ ခံစားလိုက်ရသည်။
သူမက ကျန်းရီကို မျက်စောင်းထိုးကြည့်ပြီး ပြောလိုက်၏။
“အဖွဲ့မှူးကျန်း ရှင့်မှာက အမိန့်ပေးနိုင်စွမ်းရှိတဲ့ တည်ရှိမှုမျိုး ရှိနေတာပဲ။ ရှင့်ရဲ့နာမည်ကလည်း မြို့ထဲမှာ ပြန့်နေပြီးပြီ။ အိမ်မွေးတစ်ယောက်အဖြစ် တစ်ယောက်ယောက်ကများ ခေါ်ထားချင်တယ်ဆိုရင် ရှင်ပဲကျွန်မကို ခေါ်ထားသင့်တာ”
“ခွီ ခွီ”
ကျန်းရီက တည်ငြိမ်စွာ ပြုံးပြီးပြောလိုက်တော့၏။
“အစ်မကြီးဆည်းလည်း စနောက်မနေတော့ဘူး။ အလေးအနက် ပြောရရင် ကျုပ်က အကြမ်းဖက်တာကို သဘောမကျဘူး။ ပါ့တောက်နဲ့ အဖွဲ့မှူးလုံကသာ ကျုပ်ကို ခက်ခက်ခဲခဲ တွန်းအားမပေးခဲ့ဘူးဆိုရင် သူတို့ကိုဘယ်တော့မှ သတ်မှာမဟုတ်ဘူး။ အဖွဲ့မှူးလန်က ကျုပ်ဆီကို အရင်လာပြီး ကြမ်းတမ်းတယ်ဆိုတာ အစ်မကြီးလည်း ကြားမိမှာပဲ။ ကျုပ်မှာရည်ရွယ်ချက် အများကြီးမရှိဘူး။ အေးအေးလူလူနဲ့ ရှင်သန်နေထိုင်ချင်ရုံပဲ။ အစ်မကြီးဆည်းလည်းရဲ့ ကာကွယ်ပေးမှု ရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်ဆီက တစ်ခုခုလိုချင်တယ်ဆိုရင် ခင်ဗျားရဲ့အမိန့်ကို ဘယ်တော့မှ မနာခံဘဲမနေပါဘူး”
သစ္စာခံခြင်း၏ ကတိသက်သေ
ကျန်းရီ၏ သဘောထားက အလွန်ရှင်းလင်းနေပြီးဖြစ်သည်။ သူက အစ်မကြီးဆည်းလည်းနှင့် ယှဉ်ပြိုင်လိုစိတ်မရှိ။ နောက်ထပ် ရည်ရွယ်ချက်လည်း မရှိပေ။ သူက အေးအေးချမ်းချမ်း နေထိုင်ချင်ပြီး အစ်မကြီးဆည်းလည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ကြေညာလိုက်၏။
သူက နက်နဲသော လေးစားမှု နိမ့်ချမှုတို့ဖြင့် ပြုမူနေသည်။ အစ်မကြီးဆည်းလည်းက သူ့ကိုမုန်းတီးခြင်းမရှိ။ သူ့ဆီကိုယ်တိုင်လာရောက် လည်ပတ်ခဲ့၏။ သူကသူမကို စနေလျှင်တောင် သူမစိတ်မပျက်သွားပေ။ ကျန်းရီက သူမအပေါ် အမြင်ကောင်းရှိ၏။ အမြင့်ဆုံးရာထူး အချုပ်အချာ အာဏာအတွက် သူကအမှန်တကယ် မပြိုင်ချင်ပေ။ ပိုအရေးကြီးသည်က ကျန်းရီက အစ်မကြီးဆည်းလည်း၏ အရည်အချင်းကို မရှာနိုင်တာပဲဖြစ်သည်။ သူမက အင်မတန် အန္တရာယ်များပြီး သူ့ကိုတစ်ချက်ထဲဖြင့် မရိုက်သတ်နိုင်သည်ဟူသော ခံစားချက်မျိုး ရနေလေ၏။
ခစ် ခစ်
အစ်မကြီးဆည်းလည်းက တောက်ပစွာ ပြုံးလိုက်၏။
ကျန်းရီက အလွန်ထိလွယ်ရှလွယ်ပြီး လူအများနှင့် ဆက်ဆံရမည့်ပုံကိုသိသည်။ သူသည် ယခင်ကကဲ့သို့ အလွန်အကျွံ လွှမ်းမိုးမခံရတော့ပေ။ ထို့ပြင် အစ်မကြီးဆည်းလည်းက ကျန်းရီယခုအချိန်၌ အလွန်စိတ်ရင်း စစ်မှန်နေပြီဖြစ်ကြောင်း ခံစားမိ၏။ သူကအာဏာအတွက် အမှန်တကယ် မယှဉ်ပြိုင်ချင်ပေ။
လေးစားမှုက မျှချေဖြစ်နေ၏။
အစ်မကြီးဆည်းလည်းက ရပ်တန့်ပြီး သိမ်မွေ့စွာ ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်း ကောင်းကင်မိုးကြိုးမြို့ထဲမှာ အေးအေးလူလူ နေချင်တယ်ဆိုရင် မြို့ကြီးတွေရဲ့ အရှင်နဲ့ အဖွဲ့မှူးဆယ်ယောက် လာရောက်လည်ပတ်ဖို့လိုတယ်။ ဒါ့အပြင် အစ်ကိုကြီးဟုန်နဲ့ အစ်ကိုကြီးဟုန်ရဲ့ လူတွေကို ခေါ်သွားလို့မရဘူး။ မိုးကြိုးတောင်ကြားထဲ တစ်ခေါက်ပဲ ဝင်ရမယ်။ ဒါတွေကို လုပ်နိုင်တယ်ဆိုရင် ဘယ်သူမှနင့်ကို ပြဿနာလာရှာလိမ့်မယ်လို့ မထင်ဘူး”
ကျန်းရီက ခေါင်းညိတ်ပြီးနောက် မတ်တတ်ထရပ်လိုက်၏။ သူကသူမကို အရိုအသေပေးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့၏။
“အစ်မကြီးဆည်းလည်း အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်မှတ်သားထားပါ့မယ်”
“အင်း”
အစ်မကြီးဆည်းလည်းက ဆွံ့အသွားကာ သိချင်စိတ်ဖြင့် မေးလိုက်၏။
“နင်ဒေါသမထွက်ဘူးလား”
ကျန်းရီက ကြောင်အနေလျက် ဖြေလိုက်၏။
“ကျုပ်ကဘာကြောင့် ဒေါသထွက်ရမှာလဲ”
“... ”
အစ်မကြီးဆည်းလည်းက ဆွံ့အနေ၏။ ကျန်းရီသည် အဖွဲ့မှူးသုံးယောက်ကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီး ထိုအဖွဲ့မှူးများ၏လူများကို ယူရန်ကြိုးစားနေသည်။ အဖွဲ့မှူးလန်ကိုလည်း အနိုင်ယူခဲ့၏။ ယေဘုယျအားဖြင့် မိုးကြိုးကျွန်း သုံးခုအတွက် သိမ်းပိုက်ချင်လျှင် သူက လက်အောက်ငယ်သားများကို မိုးကြိုးကျောက်တုံးများစွာ ပိုရရှိလိမ့်မည်။ သူသည်လည်း ကုသိုလ်မှတ်များ ရနိုင်မည်။ သို့သော် ကျန်းရီက မိုးကြိုးတောင်သုံးလုံးကို ရရှိရန် မရည်ရွယ်ထားပေ။ ထို့ကြောင့် သူကမှန်ကန်သည့် လမ်းကြောင်းဖြင့် သဘောတူလိုက်၏။ အစ်မကြီးဆည်းလည်းက မျက်စောင်းထိုးကြည့်ကာ ပြုံးလိုက်သည်။
“အဖွဲ့မှူးကျန်းက အလွန်ဆုံးဖြတ်ချက် ပြတ်သားတာပဲ။ ကြီးမားတာတစ်ခုခုကို လုပ်နိုင်မဲ့ အမျိုးသားပဲ။ ရှင့်ရဲ့စိတ်ဓာတ်ကို လေးစားပါတယ်”
“ခွီ ခွီ”
ကျန်းရီက လှည့်ကြည့်လိုက်ကာ အစ်မကြီးဆည်းလည်း ဆိုလိုတာကို ဝေဝါးဝါး နားလည်သည်။ သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
“အစ်မက ကောင်းကင်မိုးကြိုးမြို့ထဲမှာ အစ်မဘာသာ ဖောက်ဝင်ခဲ့ပြီး အဖွဲ့မှူးတွေကို မျက်တောင်တစ်ခတ်အတွင်း သတ်ခဲ့ပြီး ဒီကနေရာအားလုံးကို သိမ်းပိုက်ထားတယ်။ ဒီနှစ်တွေအတွင်း အစ်မကြီးရဲ့ခွန်အားကို ဘယ်သူမှ စိန်မခေါ်ရဲဘူး။ အစ်မကြီးကို လေးစားသင့်တာပါ”
“မင်းက သိပ်ချိုသာတာပဲ။ ဟုတ်ပြီလေ ငါ့ရဲ့မောင်လေးအဖြစ် သဘောထားမယ်။ မြို့အရှင်ကိုတွေ့ဖို့ ခေါ်သွားပေးမယ်”
အစ်မကြီးဆည်းလည်းက ထရပ်ပြီး အပြင်ဘက်သို့ လျှောက်သွားသည်။ တံခါးဝ၌ သူမက လက်ယမ်းပြကာ ကျန်းရီကို ရှေ့ဆက်မသွားအောင် တားလိုက်၏။ သူမက လှည့်လာပြီး လှပစွာပြုံးလိုက်၏။
“မောင်ငယ်လေး အစ်မကြီးဆီကို လာလည်လှည့် စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံမယ်”
“စားကောင်းသောက်ဖွယ်လား”
ကျန်းရီက မျက်ခုံးပင့်လျက် အစ်မကြီးဆည်းလည်းကို တစ်ချက်ကြည့်လိုက်၏။ သူကရယ်မောကာ ပြောလိုက်သည်။
“ခြွင်းချက်မရှိလှပတာ ကောင်းကင်မိုးကြိုးမြို့ထဲမှာ ကျုပ်ရဲ့အစ်မကြီးထက်ပိုပြီး အရသာရှိတာ မရှိတော့ဘူးလေ”
“ထွီ”
အစ်မကြီးဆည်းလည်းက နှာခေါင်းရှုံ့ပြီးနောက် အနေခက်စွာ ထွက်သွားတော့၏။
***