ကျန်းရီက ဒီလောက် ရက်ရောတယ်လား
Vol. 50 Ch. 694
ယနေ့ညတွင် ကောင်းကင်မိုးကြိုးမြို့က အလွန်စည်ကားနေလေ၏။ မိုးကြိုးတောင်တန်းသို့ သွားခဲ့ကြသည့် သိုင်းပညာရှင်များအားလုံးက ပြန်ရောက်လာကြသည်။ သို့သော် အိမ်ပြန်ရမည့်အစား မြို့ရင်ပြင်တွင်သာ အများစုကနေနေကြပြီး ကောင်းကင်ဧကရာဇ် တော်တော်များများက မြို့အရှင်အိမ်တော်ဆီသို့ တန်းသွားကြ၏။
ရှပ် ရှပ် ရှပ်
မြို့၏အနောက်အရပ်မှ လူတစ်စုက ဝင်လာသည်။ မြို့ရင်ပြင်၌ စုဝေးနေသော သိုင်းပညာရှင်များက အကြောက်တရားတို့ ချက်ချင်းပေါ်လာ၏။ သူတို့က ရိုသေလေးစားမှုဖြင့် နှုတ်ခွန်းဆက်လိုက်ကြ၏။
“အဖွဲ့မှူးကျန်း”
ဝှစ် ဝှစ် ဝှစ်
မရေမတွက်နိုင်သည့် လူများစွာက လှည့်ကြည့်လာကြပြီး လူအုပ်ကြီးထဲရှိ ချောမောခန့်ညားသော လူငယ်တစ်ဦးကို မြင်တွေ့သည့်အချိန် သူတို့၏မျက်လုံးများ တောက်ပသွားသည်။ သူတို့က အားကျခြင်း၊ လေးစားခြင်း၊ ခါးသီးခြင်း အကြည့်မျိုးစုံဖြင့် ကြည့်နေကြ၏။ သို့သော် လူငယ်က ဖြတ်လျှောက်သွားစဉ် အားလုံး၏အကြည့်က အင်မတန် ရိုကျိုးနေပြီး တညီတညွှတ်ထဲ အော်လိုက်၏။
“အဖွဲ့မှူးကျန်း”
ကျန်းရီက ရှေ့သို့တိတ်တဆိတ် လျှောက်သွားလျက် ပြုံးနေသည့်သူများကို မမြင်သည့်သဖွယ် ပြုမူနေသည်။ ထိုလူများကသူ့ကို ကြည့်ခဲ့ကြပြီး သူမြို့သို့ ပထမဆုံးရောက်စဉ်က လှောင်ပြောင်ခဲ့သည့် သူများဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။ ဤကိစ္စကို သိထားဖို့တော့ ရည်ရွယ်ချက်မရှိပေ။ သူက သူတို့ကို အတော်လေး မနှစ်မြို့သလိုသာ ဖြစ်နေရုံပဲရှိသည်။
ချမ်ဝမ်ကွမ်းက ကျန်းရီနောက်မှ လိုက်ပါလာ၏။ သူ့အသက်ရှုနှုန်းက မြန်ဆန်၏။ သို့သော်သူ၏ ခပ်ဖိုင့်ဖိုင့်ခေါင်းကို မြင့်မားစွာ ထားနေဆဲဖြစ်၏။ သူ့ကိုနှုတ်ဆက်သည့်သူများက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များဖြစ်သည်။ ကျန်းရီကသူတို့ကို လျစ်လျူရှု့ထား၏။ သို့သော်သူက ယခင်က ထိုမျှများပြားသည့် သိုင်းပညာရှင်များကို တစ်ခါမှ မတွေ့ဖူးသောကြောင့် အနည်းငယ် စိတ်လှုပ်ရှားပြီး စိတ်ပူပန်နေတာ သဘာဝကျသည်။
“အဖွဲ့မှူးကျန်း”
မြို့အရှင်အိမ်တော်ထဲဝင်ပြီး ကျန်းရီက သိုင်းပညာရှင်များစွာ၏ ရိုကျိုးစွာအော်သံကို ထပ်ကြားရပြန်သည်။ ကျန်းရီကသူတို့ကို တစ်ချက်ကြည့်ပြီး ခေါင်းအနည်းငယ် ညိမ့်လိုက်၏။ သူတို့က ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များဖြစ်သည်။ အဖွဲ့မှူးများအားလုံး၌ သူတို့ကိုယ်ပိုင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ ရှိကြ၏။ သူတို့ကသူ့ကို ကြိုဆိုသင့်သည်။
ချမ်ဝမ်ကွမ်း၏ အသက်ရှုနှုန်းက ပိုတောင်မြန်ဆန်လာ၏။ သူ၏အဆီပြည့်နေသော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေ၏။ သူက စိတ်ဝိညာဉ်တာအို အက်ကွဲမှုပုံစံကို သန့်စင်ခဲ့ပြီး ဗာဂျရာနယ်ပယ်သို့ ရောက်ခဲ့သောကြောင့် ထိုလူများ၏စွမ်းရည်ကို ရှာတွေ့နိုင်သည်။ ကောင်းကင်ဧကရာဇ် တစ်ဒါဇင်ကျော်က သူတို့ကို နွေးထွေးစွာကြိုဆိုနေမှုဖြင့် သူက ခြေထောက်မတုန်ယင်ဘဲ သွားနိုင်လျှင် အဆင်ပြေနေပြီဟု ဆိုရပေမည်။
“ခွီ ခွီ”
ကျန်းရီက ချမ်ဝမ်ကွမ်း ခံစားရသည့် တင်းမာမှုကို အာရုံခံမိသည်။ သူကညင်သာစွာပြုံးလျက် ချမ်ဝမ်ကွမ်း၏ပုခုံးကို ဆွဲကိုင်ကာ ရှေ့သို့ဆက်လျှောက်သွားသည်။ ချမ်ဝမ်ကွမ်း၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ အကြည့်များစွာ သူ့ဆီကျရောက်နေသည်ကို ခံစားမိသည်။ ရုတ်တရက်ကြီးသူက အကြောင်းအရင်းမရှိ ငိုချင်လာမိတော့သည်။ သို့သော် အသက်ရှုနှုန်းက ဖြေးဖြေးချင်း ငြိမ်ကျသွားပြီးနောက် ကျောမတ်မတ်ထားကာ ကျန်းရီနှင့်အတူ ချီတက်လိုက်တော့သည်။
ယခုအချိန်တွင် သူက ပိုတောင်အစွမ်းထက်လာသည့်ပမာ ခံစားလိုက်ရသည်။ ကျန်းရီက သူ့ကို ကူညီရန် လက်တစ်ဖက် ဆန့်တန်းခဲ့၏။ ယင်း၏အဓိပ္ပာယ်က သိသာနေသည်။ မင်းကငါ့ရဲ့ ညီအစ်ကိုပဲ ငါမင်းကို အမြဲတမ်း ကာကွယ်ပေးမယ်။ ချမ်ဝမ်ကွမ်းက ယခုဆို မကြောက်လန့်တော့ပေ။
သူတို့ကယခုဆို နှစ်တစ်ရာပန်းပွင့် တည်းခိုဆောင်သို့ ဝင်သွားလိုက်သည်။ ဤနေရာ၌ လူများလွန်း၏။ ဤနေရာတွင် အားလုံးရောက်နေသည်ဟုတောင် ထင်မှတ်ရသည်။ အဖွဲ့မှူးများကြားရှိ အငြင်းပွားမှုထဲ ဝင်ပါခဲ့သော အစ်ကိုတုံကတောင် ပေါ်လာ၏။ အစ်မကြီးဆည်းလည်းသာ မရှိတာဖြစ်သည်။
ဝှစ် ဝှစ် ဝှစ်
အထဲတွင် ထိုင်နေသည့်သူများက ချက်ချင်းထရပ်လိုက်ကြသည်။ အလယ်တွင်ထိုင်နေသည့် အဖွဲ့မှူးလန်တောင် ထရပ်လိုက်ပြီး အပြုံးတော့မရှိပေ။ အဖွဲ့မှူးလီက ခပ်ဝေးဝေးကနေ ပြုံးလျက် စကားဆိုလိုက်သည်။
“အဖွဲ့မှူးကျန်း မင်းနောက်ကျတယ်။ အပြစ်ပေးတဲ့အနေနဲ့ သေရည်သုံးခွက် သောက်သင့်တယ်”
“ဟား ဟား ဟား”
ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အဖွဲ့မှူးများနှင့် သူတို့၏ လက်အောက်ငယ်သားများကို တစ်ချက်ကြည့်လိုက်သည်။ သူကခွက်ကို ကိုင်မြှောက်ကာ ပြောလိုက်၏။
“အားလုံးက အဖွဲ့မှူးလန်က တိုက်ခိုက်ခဲ့တာကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေကို ကုစားဖို့ အချိန်အတော် လိုအပ်နေတာကြောင့် ခင်ဗျားတို့ကို စောင့်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ်ရဲ့ညီအစ်ကို ချမ်ဝမ်ကွမ်းနဲ့ မင်းတို့ကို မိတ်ဆက်ပေးပါရစေ။ ဝမ်ကွမ်း အဖွဲ့မှူးတွေကို နှုတ်ဆက်လိုက်”
ချမ်ဝမ်ကွမ်းကမူ စိတ်ထဲ၌ အင်မတန် စိတ်ပူပန်သော်ငြား အပေါ်ယံတွင်မူ ပုံမှန်မဟုတ် တည်ငြိမ်ပုံပေါ်နေ၏။ သူက အားလုံးကိုကြည့်လျက် လက်သီးဆုပ်ကာ ပြောလိုက်တော့သည်။
“အဖွဲ့မှူးတွေ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
လျိုတုံက ဘယ်ဘက်ခြမ်းရှိ ဒုတိယမြောက်ခုံတွင် စကားမပြောဘဲ ထိုင်နေသည့် လူရွယ်တစ်ဦးကို လျိုတုံက စောင့်ကြည့်ပြီးနောက် ကျန်းရီကို တီးတိုးပြောလိုက်၏။
“အဖွဲ့မှူးကျန်း အဲဒါက အစ်ကိုတုံပဲ”
“အစ်ကိုတုံကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီကပြုံးလျက် လက်သီးဆုပ်လိုက်၏။
“အစ်ကိုတုံအကြောင်း အပေးအယူကောင်းတစ်ခု ကြားထားပါတယ်။ ကျန်းရီက အစ်ကိုတုံကို တွေ့ခွင့်ရဖို့ ရှာနေတာပါ”
စကားမပြောသည့်လူရွယ်က ပြုံးရုံသာပြုံးလျက် သူက လက်သီးဆုပ်မိုးကာ ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်း ငါသိပ်အားနာတတ်တာကို ကျုပ်လည်း အဖွဲ့မှူးကျန်းကို လေးစားမိပါတယ်”
ကျန်းရီက ချမ်ဝမ်ကွမ်းနှင့်အတူ အလယ်ရှိ ပင်မခုံဆီသို့ တန်းသွားလိုက်၏။ သူကပွင့်ပွင့်လင်းလင်းပဲ ထိုင်ချလိုက်သည်။ ချမ်ဝမ်ကွမ်းကမူ မထိုင်ရဲချေ။ သို့သော် ကျန်းရီကမူ သူ့ဘေးရှိခုံကို လက်ညိုးထိုးပြပြီး သူ့ကိုထိုင်ခိုင်းလိုက်၏။ လျိုတုံက လက်ယမ်းလိုက်ရာ အစေခံများစွာက သေရည်ကရားများနှင့် စားကောင်းသောက်ဖွယ်များ သယ်လျက် ဝင်လာသည်။ ကျန်းရီက သေရည်တစ်ခွက်ကို ကိုင်ထားလျက် ကျယ်လောင်စွာ ရယ်မောလိုက်၏။
“အားလုံး ကျုပ်နဲ့ လာတွေ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လာ ဒီမှာရောက်လာတဲ့လူ အားလုံးအတွက် ပထမဆုံး ကမ်းပေ့လုပ်လိုက်ရအောင်”
ယနေ့စားသောက်ပွဲက အတော်လေး ယဉ်ကျေးပေ၏။ ထို့ကြောင့် မည်သည့်ပြည့်တန်ဆာမှ မရှိပေ။ တူရိယာများကို တီးခတ်နေသည့် အဆိုသည်အချို့သာလျှင် ရှိနေ၏။ ပင်မခန်းမက အလွန်ကြီးမားသည်။ လျိုတုံက အလယ်၌ ရွှေရောင်စင်မြင့်တစ်ခုကိုထားပြီး စင်၏ဘေး တစ်ဖက်တစ်ချက်ဆီ၌ ရွှေရောင်စားပွဲ နှစ်တန်းရှိ၏။ သူတို့နောက်၌ လေးထောင့်သစ်သားစားပွဲ များစွာရှိသည်။ ကောင်းကင်မိုးကြိုးမြို့ထဲရှိ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် တစ်ဝက်ကျော်က ဤနေရာသို့ ရောက်လာကြ၏။ ကျန်းရီအမိန့်ပေးသည့်အချိန် အားလုံးက ခွက်မြှောက်ပြီး သေရည်ကို သောက်လိုက်ကြတော့သည်။ ကျန်းရီ၏လူများက ကျယ်လောင်စွာ အော်ပြော၏။ ပတ်ဝန်းကျင် အခြေအနေက ချက်ချင်းပင် ဖော်ရွေသည့်ပုံစံ ပြောင်းသွားသည်။
“ဒုတိယအကြိမ် ကမ်းပေ့”
ခွက်ကိုထပ်ဖြည့်ပြီးနောက် ကျန်းရီက အဖွဲ့မှူးလန်ကိုကြည့်ကာ ယဉ်ကျေးစွာ ပြောလိုက်လေ၏။
“ကျေးဇူးပါ ကျုပ်ရဲ့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးပါပဲ အဖွဲ့မှူးလန် ကျုပ်ကို အလွတ်ပေးမယ်လို့ မျှော်လင့်ပါတယ်”
အဖွဲ့မှူးလန်၏ ယခင်က သုန်မှုန်နေသော မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ချက်ချင်းပေါ်လာ၏။ ကျန်းရီက သူ့ကို လုံလောက်အောင် လေးစားမှု ပြသခဲ့ပြီးဖြစ်သည်။ ကျန်းရီက ယနေ့စားသောက်ပွဲ၌ သူ့ကိုအရှက်ခွဲ လှောင်ပြောင်လိမ့်မည်ဟု အစကထင်ခဲ့မိ၏။ ကျန်းရီသည် အစကတည်းက ထိုမျှ ရိုသေလေးစားစွာ ပြုမူနေလိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့မိပေ။ ယခုအချိန်သူက မြန်မြန်ထရပ်ပြီးနောက် ပြောလိုက်၏။
“အဖွဲ့မှူးကျန်းက သိပ်နှိမ့်ချလွန်းတာပဲ။ အဖွဲ့မှူးကျန်းက တကယ်အရည်အချင်းရှိပြီး ထူးကဲတဲ့ ပါရမီရှိပါတယ်။ နောင်နှစ်အနည်းငယ်အတွင်းမှာ ထိပ်ကိုသေချာပေါက် ရောက်လိမ့်မယ်။ အဖွဲ့မှူးကျန်းက ကျုပ်ကိုသာ အလွယ်တကူ လွှတ်ထားပေးဖို့ မျှော်လင့်မိတာပါ”
“အဖွဲ့မှူးလန် ကျုပ်ကိုအလွန်အကျွံ့ကြီး မချီးကျူးပါနဲ့ဗျာ”
ကျန်းရီက နှိမ့်ချစွာပြုံးလိုက်၏။ သူက သေရည်ခွက်ကို ကိုင်ထားပြီးနောက် အဖွဲ့မှူးလီနှင့် ကျန်သည့်သူများကိုကြည့်ကာ ကျယ်လောင်စွာ ရယ်မောလျက် ပြောလိုက်၏။
“အဖွဲ့မှူးလီ အဖွဲ့မှူးရင် အစ်ကိုကြီးတုံ အဖွဲ့မှူးဟေးနဲ့ အစ်ကိုကြီးဟူတို့ကို တတိယအကြိမ် ကမ်းပေ့လုပ်တယ်ဗျာ။ နောင်ကျ ကျုပ်တစ်ခုခု မှားတာလုပ်ခဲ့မိရင် ခွင့်လွှတ်ပေးပြီး အကြံပေးဖို့ တောင်းဆိုပါရစေ”
သူတို့အဖွဲ့က လျှင်မြန်စွာ ထရပ်လိုက်၏။ ပြုံးနေပုံပေါ်သော်ငြား စိတ်ထဲတွင်မူ အားလုံးက ကျိန်ဆဲနေကြသည်။ အဖွဲ့မှူးကျန်းကို မည်သူက အကြံပေးရဲမည်နည်း။ အဖွဲ့မှူးကျန်းနှင့် အဖွဲ့မှူးဟုန်က သူ့ကိုသင်ခန်းစာပေးရန် ကြိုးစားခဲ့ကြသည်။ သို့သော်သူတို့ အဆုံးတွင် မည်သို့ဖြစ်သွားသနည်း။ ကျန်းရီက ဤကဲ့သို့ နှိမ့်ချစွာ ပြုမူလာပြီဆိုသောကြောင့် လူအုပ်ကြီးကလည်း ကျန်းရီထက်မလျော့အောင် ရိုသေလေးစားမှု ပြရမည်ဟု ခံစားမိနေသည်။
အနည်းငယ် သောက်ပြီးနောက် စိတ်အခြေအနေက အတော်ကောင်းလာ၏။ ကျန်းရီက အဓိကကိစ္စကို ပြောလာတော့သည်။ သူက အားလုံး၏ အာရုံစိုက်မှုကိုရရန် ချောင်းဟန့်ပြီးနောက် တည်ကြည်စွာ ပြောလိုက်တော့သည်။
“ဟုတ်ပြီ ကျွန်တော် ပြန်ရောက်သွားပြီးတော့ ကိစ္စတစ်ခုကို ကြုံတွေ့လို့ပါ။ အားလုံးနဲ့ ဆွေးနွေးချင်တယ်။ အစ်ကိုကြီးပါ့တောက် အဖွဲ့မှူးလုံနဲ့ အဖွဲ့မှူးဟုန်တို့က ကံဆိုးစွာနဲ့ပဲ ဆုံးပါးသွားပြီ။ အဖွဲ့မှူးနေရာသုံးခုက ကျန်နေပြီး သူတို့လက်အောက်ငယ်သားတွေက ခေါင်းဆောင်မရှိဘူး။ လူအများစုက ကျွန်တော်နောက်ကို သူတို့ကို လိုက်စေချင်တယ်လို့ အကြံပြုပေမဲ့ ကျွန်တော်က ငယ်သေးတယ်။ လူတွေက လက်ခံမှာမဟုတ်လောက်ဘူး။ ဒါကြောင့် လူအများကြီးကို ငြင်းပယ်ခဲ့ရတယ်။ ကျုပ်က လူတစ်ထောင်နဲ့ မိုးကြိုးတောင်တစ်လုံးပဲ လိုချင်တာပါ။ ကျန်တာက အားလုံးအတွက်ပဲ”
“အမ်”
ကျန်းရီပြောပြီးသည်နှင့် လူတိုင်းက တအံ့တသြဖြင့် တီးတိုးပြောကြတော့သည်။ အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများက ထိတ်လန့်မှုကြောင့် မျက်လုံးများ ပြူးကျယ်ကုန်၏။
ကျန်းရီသည်ထိုမျှ သဘောထားကြီးသည်လော။
ခန်းနားသည့်အောင်ပွဲ ရရှိပြီးနောက်သူက နယ်မြေထိန်းချုပ်ရန်အတွက် အခွင့်အရေးကို မယူခဲ့ဘဲ ထိုအစား သူကလိုက်လျောပေးနေ၏။ အစ်ကိုကြီးပါ့တောက် အဖွဲ့မှူးလုံနှင့် အဖွဲ့မှူးဟုန်တို့အတွက် အလုပ်လုပ်ပေးနေသည့် လက်အောက်ငယ်သားက စုစုပေါင်းခုနှစ်ထောင်ခန့်ရှိသည်။ ထိုလူများက လတိုင်းအပ်နှင်းသည့် မိုးကြိုးကျောက်တုံး အရေအတွက်က သေးမှာမဟုတ်ပေ။ ကျန်းရီက အားလုံးကို ထိန်းထားချင်လျှင်တောင် မည်သူကမှ သဘောမတူရဲဘဲ မနေကြချေ။
အဖွဲ့မှူးလီ ပြုံးနေသောကြောင့် အဖွဲ့မှူးရင်နှင့် ကျန်သည့်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ သူတို့က ကျန်းရီကို ထပ်ကြည့်မိသည့်အချိန်၌ သူကအရည်အချင်းရှိပြီး လေးစားမှု ရှိနေသောကြောင့် သူတို့အကြည့်က ပိုပြီးနူးညံ့သွားတော့သည်။ သူ့ကဲ့သို့အငယ်ကို မည်သူက မနှစ်သက်ဘဲနေမည်နည်း။
ချက်ချင်းပင် အဖွဲ့မှူးလီက ပြောလိုက်၏။
“အဖွဲ့မှူးကျန်းပြောတာမှားတယ် မင်းက အစွမ်းထက်ပြီးသား။ လူတိုင်းကမင်းရဲ့ ကောင်းမွန်တဲ့ ဦးစီးဦးဆောင်မှုကို မြင်တွေ့ပြီးသားပဲ။ ငါတို့လို အဘိုးကြီးတွေက လက်ခံရင်ဘယ်သူက ငြင်းရဲမှာလဲ။ ငါ့အမြင်မှာ အနည်းဆုံးတော့ လူအယောက်ငါးထောင်လောက်ကို ဦးဆောင်သင့်တယ်။ အရည်အချင်းရှိတဲ့ လူတွေကိုတော့ ဆုချီးမြှင့်သင့်တာပေါ့။ ငါတို့က အသက်ကြီးပြီ ဒီလောက်လူအများကြီးကို မခေါ်နိုင်တော့ဘူး”
အဖွဲ့မှူးရင်က ထပ်ပြောလိုက်၏။
“ဟုတ်တယ် ဟုတ်တယ် အဖွဲ့မှူးကျန်းက မင်းရဲ့အကျင့်စရိုက်နဲ့ စွမ်းရည်ကြောင့် လူသိများတယ်။ မင်းက လူအယောက်တစ်သောင်းကို ဦးဆောင်နိုင်စွမ်းရှိတာ ထောင်ချီလောက်လေးဆို ပြောနေဖို့မလိုဘူး”
ကျန်းရီက ပြုံးနေသောကြောင့် ထပ်ပြောတော့မည်ကို မြင်သောအခါ သူက
“အားလုံးပဲ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့ ကျုပ်စိတ်ပြင်ဆင်ပြီးပြီ။ လူအယောက်တစ်ထောင်နဲ့ မိုးကြိုးတောင်တစ်လုံးပဲ လိုချင်တယ်။ ကျန်တာကို ကရုမစိုက်ချင်ဘူး။ ဖြေရှင်းနည်းတစ်ခုအတွက်တော့ အားလုံးဆွေးနွေးလို့ရပါတယ်။ ပြီးမှ ဒီကိစ္စကို ပြောကြရအောင်။ အခုတော့ သောက်ကြမယ်”
“ကမ်းပေ့ လုပ်လိုက်ရအောင်”
အဖွဲ့မှူးလီနှင့် ကျန်သည့်သူများက ခွက်ကိုင်မြှောက်လိုက်၏။ အဖွဲ့မှူးလန်ကတောင် ပြုံးနေလေ၏။ ကျန်းရီ၏ ကျန်သည့်သူများ ဝေခွဲရန်အတွက် ကိတ်မုန့်ကြီးတစ်ခုကို ပစ်ထုတ်လိုက်သည်။ လူတိုင်းက သူတို့ဝေစုကို ရရှိပြီး ပျော်ရွှင်ကြမှာပဲဖြစ်သည်။ စားသောက်ပွဲရှိ လေထုက ပိုအသက်ဝင်လာပြီး ပိုပြီးသဟဇာတ ဖြစ်လာတော့၏။
***