← Chapters

ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်

Vol. 50 Ch. 696

ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်

Vol. 50 Ch. 696

နောက်တစ်နေ့တွင် ကျန်းရီက အစ်မကြီးဆည်းလည်းဆီ သွားလည်ပတ်ပြီး ရက်ရောသော လက်ဆောင်တစ်ခု ပေးခဲ့၏။ အစ်မကြီးဆည်းလည်းက ကျန်းရီကို တစ်နပ်ဧည့်ခံကာ သူ့ကိုခေါ်ပြီး မြို့အရှင်အိမ်တော်ဆီသို့ သွား၏။

သူတို့က အခြွေအရံမပါဘဲ လမ်းပေါ်၌ ဘေးချင်းယှဉ်လျှောက်နေလေ၏။ အစ်မကြီးဆည်းလည်းကို တွေ့သည့်သူများက သူမကို နှုတ်တောင်မနှုတ်ဆက်ရဲဘဲ သူတို့ထွက်သွားမှာကို ဘေးတွင် တလေးတစား ရပ်စောင့်နေ၏။

“အစ်မကြီး လူတွေက အစ်မကို ဘာကြောင့် မနှုတ်ဆက်တာလဲ”

ကျန်းရီက သိချင်စိတ်ကြောင့် မေးလိုက်သည်။

အစ်မကြီးဆည်းလည်းက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောလိုက်တော့သည်။

“ငါ့ကိုဘယ်သူမှ မနှုတ်ဆက်ဖို့ အရင်တုန်းက ငါအမိန့်တစ်ခု ပေးထားတာ။ ငါစကားမပြောခင် တစ်ယောက်ယောက်က ပြောရဲတယ်ဆိုရင် သူ့လျှာကိုဖြတ်ပစ်မှာ”

“ဟမ်”

ကျန်းရီက လက်မထောင်ပြပြီးနောက် သက်ပြင်းချလိုက်တော့သည်။

“အစ်မကြီးက သိပ်ကိုလွှမ်းမိုးနိုင်စွမ်း ရှိလွန်းတာပဲ။ ဟုတ်လည်းဟုတ်ပါတယ်လေ နေ့တိုင်းနေ့တိုင်း လူတွေခေါ်တာခံရတာ နားအတော်နာမှာပဲ”

အစ်မကြီးဆည်းလည်းက ခပ်ရေးရေးပြုံးလိုက်သည်။ သူမက လမ်းလျှောက်တာရပ်ပြီး ကျန်းရီနှင့်အတူ မြို့အရှင်အိမ်တော်ဆီသို့ လျှောက်သွားလိုက်၏။ အထဲသို့ရောက်ပြီးနောက် သူတို့က မရပ်တန့်ဘဲ ဒုတိယအလွှာဆီသို့ သွက်သွက်လေး သွားလိုက်သည်။ ယခုအခေါက်တွင်မူ ကျန်းရီက ဘေးချင်းယှဉ်မလျှောက်တော့ဘဲ သူမနောက်မှ လိုက်သွား၏။ သူက သူမ၏ ဖွံ့ထွားသောတင် လွှဲယမ်းနေတာကိုသာ ကြည့်နေလိုက်သည်။

“ဂရုစိုက် နင့်မျက်လုံးကို ငါကလော်ထုတ်မယ်”

လှည့်ထွက်လာပြီးနောက် အစ်မကြီးဆည်းလည်းသည် သူမနောက်မှ အကြည့်ကို ခံစားမိသည်။ ထို့ကြောင့် အသံပို့လိုက်၏။ ကျန်းရီက ရယ်မောကာ ချောင်းကြည့်တာ ရပ်လိုက်တော့၏။ သူက ရယ်မောလျက် အသံပြန်ပို့ကာ ပြောလိုက်တော့သည်။

“အစ်မကြီးက သိပ်ပြီးကျက်သရေ ရှိလိုက်တာ”

“အပြောကောင်း”

အစ်မကြီးဆည်းလည်းက အသံပို့လိုက်၏။ သူတို့ဒုတိယအလွှာသို့ ရောက်သည့်အချိန်တွင် တံခါးဝ၌ စောင့်ကြပ်နေသော စစ်သားများက လက်သီးဆုပ်မိုးလျက် အစ်မကြီးဆည်းလည်းကိုတောင် နှုတ်ဆက်ကြလေသည်။

“အစ်မကြီးဆည်းလည်းကို နှုတ်ဆက်ပါတယ်”

စစ်သည်နှစ်ယောက်က ရပ်တန့်ပြီးနောက် လက်သီးဆုပ်ကာ ကျန်းရီဘက်ကို နှုတ်ဆက်ကြသည်။

“အဖွဲ့မှူးကျန်းကို နှုတ်ဆက်ပါတယ်”

အစ်မကြီးဆည်းလည်းက မောက်မာစွာ ခေါင်းညိတ်လိုက်၏။ ကျန်းရီက ဖော်ရွေသော လေသံကိုသုံးကာ အပြုံးကြီးကြီးဖြင့် ပြောလိုက်၏။

“နှစ်ယောက်ကို အခက်တွေ့စေမိပြီ”

ယခုအခါ ကောင်းကင်မိုးကြိုးမြို့၏ ဒုတိယအလွှာသို့ တတိယအကြိမ် လာတာဖြစ်ပြီး ကျန်းရီက မတူတော့တာကို ခံစားမိသည်။ အနည်းဆုံးတော့သူသည် မိုးကြိုးကျောက်တုံးများအကြောင်း စိုးရိမ်ပူပန်စရာ မလိုတော့သောကြောင့် ပိုပြီးစိတ်အေး လက်အေးရှိလာသည်။

အစ်မကြီးဆည်းလည်းက ခန်းမအလယ်သို့ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။ ဝင်ပေါက်နှင့် အဝေးဆုံးနေရာဖြစ်သည့် ခန်းမအလယ်သို့ ရောက်သည့်အချိန်တွင် တံခါးခေါက်ကာ ပြောလိုက်တော့သည်။

“ဒေါ်လေးလု ချီလင်းက တွေ့ခွင့်တောင်းပါတယ်”

“ဝင်လာခဲ့”

ခန်းမထဲကနေ အသံတစ်သံ ပေါ်ထွက်လာ၏။ တံခါးက အနက်ရောင်အလင်း ဖြတ်ခနဲပေါ်လာပြီး အလိုအလျောက် ပွင့်လာ၏။ အစ်မကြီးဆည်းလည်းက ကျန်းရီကို တစ်ချက်ကြည့်ပြီး အသံပို့ကာ ပြောလိုက်တော့သည်။

“အထဲရောက်ပြီးရင် လေးလေးစားစားပြုမူ။ ဒီမနက်က ငါနင့်ကိုပြောထားတာ မှတ်ထား”

ကျန်းရီက ခေါင်းညိတ်ပြီးနောက် အစ်မကြီးဆည်းလည်းနောက်ကိုလိုက်ကာ အထဲဝင်လိုက်သည်။ ခန်းမက ပရိဘောဂမျိုးစုံဖြင့် အလွန်ခမ်းနားလှပေသည်။ ပြတင်းပေါက်တစ်ခုလည်းရှိပြီး ဆံပင်ဖြူများဖြင့် အဘွားအိုတစ်ယောက်က ပြတင်းပေါက်ရှေ့ရှိ ကုလားထိုင်ပေါ်၌ ထိုင်နေလျက် စာအုပ်ဖတ်နေသည်။ သူမက သူတို့ဝင်လာတာကို မြင်သည့်အချိန်၌ ဘာမှမပြောဘဲ တစ်ချက်သာ ကြည့်လိုက်၏။

“ဒေါ်လေးလု”

အစ်မကြီးဆည်းလည်းက အေးဆေးသည့် အပြုအမူဖြင့် ပြောလိုက်သည်။ သူမက တလက်လက် တောက်ပနေသော အပြုံးဖြင့် အဘွားအို၏ နောက်ကျောဆီသို့ လျှောက်သွားလျက် ပခုံးများကို စတင်နှိပ်နယ်ပေးတော့သည်။ ကျန်းရီက တလေးတစား အရိုအသေပေးကာ ပြောလိုက်၏။

“တစ်ကိုယ်တော်ဝံပုလွေက မြို့အရှင်ကို နှုတ်ဆက်ပါတယ်”

“ထစမ်း”

အဘွားအို၏အသံက အေးစက်နေသေးဆဲဖြစ်သည်။ သူက အနောက်ရှိ အစ်မကြီးဆည်းလည်းအား စာအုပ်လှမ်းပေးပြီး ကျန်းရီကိုကြည့်ကာ ပြောလိုက်တော့သည်။

“အဖွဲ့မှူးကျန်းလား မင်း ရှန်းစီမျိုးနွယ်ကို ဘာကြောင့် ရောက်လာတာလဲ”

ကျန်းရီက ပြန်ပြောလိုက်သည်။

“သခင်မကို အကြောင်းပြန်ပါတယ်။ ကျွန်တော်ဒီကို ရောက်လာတာက ရှီးမျိုးနွယ်စုရဲ့ သခင်လေး ရှီဖေးကို ရန်စခဲ့မိပြီး ရွေးချယ်စရာ မရှိတော့လို့ပါ”

“ရှီဖေးလား”

အဘွားအိုက ခေါင်းညိတ်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ရှီဖေးက ရှီးမျိုးနွယ်စုရဲ့ ဒီမျိုးဆက်မှာ အစွမ်းအထက်ဆုံး သခင်လေး မဟုတ်ဘူးလား။ သူ့ကိုရန်စပြီးတာတောင် ဒီကိုအသက်ရှင်လျက် လာနိုင်သေးတယ်။ မင်းက အတော်တော့ အရည်အချင်း ရှိတာကိုး”

ကျန်းရီက အလိုလို တုန်ယင်သွား၏။ ကောင်းကင်မိုးကြိုးမြို့၏ မြို့အရှင်က ရှီဖေး၏ အမည်ကိုတောင် ကြားဖူးသည်လော။ သို့သော် ဧကရာဇ်ကိုးပါး မျိုးနွယ်စုနှင့် အပြစ်သားကျွန်း၏ မျိုးနွယ်စု(၁၃)က ဘုံရန်သူများ ဖြစ်နေတာကို သဘောပေါက်သွားချိန်၌ အကြောင်းအရင်းကို နားလည်သွားပေသည်။

ကျန်းရီက ခါးသက်စွာပြုံးလျက် ပြောလိုက်တော့၏။

“ကျွန်တော် ကံကောင်းသွားရုံပါပဲ။ ရှီးမျိုးနွယ်စုအရှေ့မှာ ကျွန်တော်က အသေးအမွှားလေးပဲ။ သူတို့ အာရုံစိုက်မှုရဖို့ မထိုက်တန်ပါဘူး”

“ငါသိပြီ”

အဘွားအိုက ထိုကိစ္စကို ထပ်မပြောတော့ပေ။ သူမအမြင်တွင် ရှီဖေးက မျိုးနွယ်စု တစ်ခုလုံးကို ဒုက္ခမပေးနိုင်မှာ သေချာ၏။ မဟုတ်လျှင် ကျန်းရီ သေနေတာ ကြာပြီဖြစ်သည်။

သူမက မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်လုံးထဲ၌ ကျောချမ်းဖွယ် အရှိန်အဝါများ ပေါ်လာလျက် လေးနက်သောအသံဖြင့် မေးလိုက်သည်။

“အဖွဲ့မှူးကျန်း ပါ့တောက်နဲ့ အဖွဲ့မှူးလုံကို ဘယ်လိုသတ်ခဲ့တာလဲ။ အဖွဲ့မှူးလန်ကို ဘယ်လိုအနိုင်ယူခဲ့လဲ။ ငါပြောနိုင်သလောက်တော့ မင်းက ဗာဂျရာနယ်ပယ်မှာပဲ ရှိသေးတာမလား။ မင်းမှာ မိုးကြိုးမီးရှိတယ်လို့ ကြားထားတယ်”

ကျန်းရီ၏ရင်ထဲ တုန်လှုပ်သွားပြန်သည်။ အစ်မကြီးဆည်းလည်းက မျက်လွှာချထားလျက် သူမစကား မပြောရဲပုံပေါ်သည်။ ဤနေရာက ကောင်းကင်မိုးကြိုးကျွန်း သူတို့၏ ကြွယ်ဝချမ်းသာမှုကို ထိန်းသိမ်းရန် လုမျိုးနွယ်စုအတွက် အလွန်အရေးပါသည့် နေရာဖြစ်သည်။ ကျန်းရီက မိုးကြိုးမီးကို မကြောက်တာက အဆင်ပြေသည်။ သူက မိုးကြိုးမီးကို ထိန်းနိုင်လျှင်တော့ မတူညီတော့ပေ။ သူက ကျွန်းပေါ်ရှိ မိုးကြိုးစုစည်းခြင်း အစီအရင်ကို ဖျက်ဆီးမိလျှင်  မည်သို့ဖြစ်မည်နည်း။ လုမျိုးနွယ်စုက ဆုံးရှုံးမှုကို ခံစားရပေလိမ့်မည်။

ကျန်းရီက ထိုအချက်ကို သဘောပေါက်သည်။ အစ်မကြီးဆည်းလည်းသည် အစောတုန်းက ကျန်းရီနှင့် စားသောက်နေစဉ် အတော်အတွင်း ထိုကိစ္စကို သွယ်ဝိုက်၍ ပြောဆိုခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲ၌ ကြိုတင်တွေးတောပြီးသားဖြစ်သည်။ လက်သီးဆုပ်မိုးလျက် ကျန်းရီက ပြောလိုက်သည်။

“သခင်မ ကျွန်တော်မှာ မိုးကြိုးမီး မရှိပါဘူး။ ကျွန်တော်ဟာက မိုးကြိုးမီမဟုတ်ဘူး။ အလွန်ထူးခြားတဲ့ မီးမျိုးပဲ။ ကျွန်တော်က မီးဓာတ်တာအိုကို ကျင့်ကြံတာကြောင့် အလွန်ထူးခြားတဲ့ မီးဓာတ်နတ်ဘုရား စွမ်းရည်ကို နားလည်သဘောပေါက်ခဲ့တယ်”

“အို မိုးကြိုးမီး မဟုတ်ဘူးလား”

အဘွားအိုက နှာခေါင်းရှုံ့ပြီးနောက် ထစ်ငေါ့ကာ ပြောလိုက်တော့သည်။

“ဒါဆိုရင် ဒီမှာထုတ်ပြ”

ကျန်းရီက တအံတသြ မေးလိုက်၏။

“ဒီမှာလား”

“ခွီ ခွီ”

အဘွားအိုက ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းက ငါမီးလောင်သေမှာကို စိုးရိမ်နေတာလား။ ဆန္ဒရှိသလို ထုတ်လိုက်”

ကျန်းရီက လက်ဝှေ့ယမ်းကာ အနေခက်စွာ ပြောလိုက်၏။

“ကျွန်တော်ဒီလို ဆိုလိုတာမဟုတ်ဘူး။ မီးတောက်တွေက အင်မတန်ပူတယ်။ ဒီအခန်းထဲက ပရိဘောဂတွေကို ဖျက်ဆီးမိမှာ စိုးလို့ပါ”

“ဘာကြောင့် အဲ့ဒါက ပြဿနာ ဖြစ်နေတာလဲ”

အဘွားအိုက မဲ့ပြုံးပြုံးလိုက်၏။ အနက်ရောင် အလင်းစီးကြောင်းက လက်ထဲပေါ်လာပြီး အလုံးတစ်လုံးအဖြစ် ဖွဲ့တည်သွားကာ ပူဖောင်းတစ်ခုနှင် ဆင်တူ၏။ သူမက အနက်ရောင်အလင်းကို ဆက်သွင်းနေလေရာ ဘောလုံးက ပိုကြီးမားပြီးရင်း ကြီးမားလာ၏။ ၎င်းက လူတစ်ယောက် အရွယ်အစားခန့် ရောက်သည့်အချိန်၌ ကျန်းရီကို အထဲသို့ ထည့်လိုက်တော့သည်။

ဘီး

တစ်ဝက်ဖောက်ထွင်း မြင်နေရသည့် အနက်ရောင် အရန်အတားက ကျန်းရီ ခန္ဓာကိုယ်နားတစ်ဝိုက် ပေါ်လာပြီး အဘွားအို၏ အသံက ထွက်လာလေ၏။

“လွတ်လွတ်လပ်လပ်ထုတ်သုံး”

“ဟုတ်ပါပြီ”

ကျန်းရီက အံ့ကြိတ်လျက် မီးနဂါးဓားကို ထုတ်လိုက်သည်။ မီးဝိညာဉ်ပုလဲ တောက်ပလာသော်ငြား သူက မိုးကြိုးမီးကို မထုတ်ခဲ့ပေ။ သို့သော် ဘုံကိုးဘုံ၏ နဂါးမီးတောက်ကို သုံးလိုက်၏။ သို့သော် မိုးကြိုးမီးတောက်ကို ထုတ်ခြင်းက အလွန်အကြံအစည်များ၏။ သူကမီးတောက်ကို မီးနဂါးဓားထဲ ဦးစွာထည့်ပြီး ထွက်လိုက်၏။ သို့မှသာ မီးပွင့်များက ဓားထဲကနေ ပေါ်ထွက်လာတာဖြစ်ပြီး အပူချိန်က ချက်ချင်းမြင့်လာ၏။

ချီ ချီ

တစ်ဝက်ဖောက်ထွင်းမြင်ရသော အနက်ရောင် အရန်အတားက တောက်ပလာသော်ငြား မအက်ကွဲသွားပေ။ ကျန်းရီက အံ့ကြိတ်လျက် မီးဝိညာဉ် ပုလဲထဲမှ မိုးကြိုးမီး တစ်မျှင်ကို လှည့်ပတ်လိုက်၏။ မိုးကြိုးမီး တစ်မျှင်ကို ဆွဲထုတ်ကာ မီးနဂါးဓားထဲ ထည့်လိုက်သည်။ မိုးကြိုးမီး ပေါ်လာသည့်အချိန်တွင် ယင်းက ဓားထဲမှ ပေါ်ထွက်လာပုံပေါ်ပြီး ဘုံကိုးဘုံ၏ နဂါးမီးလျံနှင့် တူပေ၏။

ဘီး

အနက်ရောင် အရန်အတား၏ အလင်းက ပိုတောင် တောက်ပလာ၏။ အဘွားအိုက ဖြူရော်လာကာ အသံပို့လိုက်တော့သည်။

“ရပြီ”

ကျန်းရီသည် အစထဲက မိုးကြိုးမီးများစွာ မထုတ်ခဲ့ပေ။ အဘွားအိုပြောတာကို ကြားသည့်အချိန် မိုးကြိုးမီးနှင့် ဘုံကိုးဘုံ၏ နဂါးမီးလျံကို အလိုအလျောက် သိမ်းလိုက်သည်။ အပြင်ဘက်ရှိ အနက်ရောင် အရန်အတားကလည်း ပြိုကွဲသွား၏။ ပူလောင်ပြင်းပြသည့်မီးက တစ်ခန်းလုံးထဲ ပေါ်ထွက်လာတော့သည်။

ကံကောင်းသည်မှာ ကျန်းရီသည် မိုးကြိုးမီးနှင့် ဘုံကိုးဘုံ၏ နဂါးမီးလျံကို ရုတ်သိမ်းလိုက်၏။ အပူချိန်က မြင့်သော်ငြား မီးစွဲနိုင်သည့် အနေအထားထိ မရောက်သေးပေ။ ထိုသို့တိုင် အဘွားအိုနှင့် အစ်မကြီးဆည်းလည်းတို့က အသက်ရှုမြန်လာ၏။

အဘွားအိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“တကယ် မိုးကြိုးမီး မဟုတ်ဘူးပဲ။ မိုးကြိုးမီးထက် ပိုပူတယ်။ အဖွဲ့မှူးကျန်း မင်းရဲ့ကျင့်ကြံဆင့်ကို ဆက်လက်လိုက်စား။ အတွင်းအားကို တိုးတက်အောင်လုပ်။ မင်းမှာ ထူးချွန်ပြောင်မြောက်တဲ့ အနာဂတ်ရှိတယ်။ နောင်ကျ ကောင်းကင်ဧကရာဇ် နယ်ပယ်ကိုရောက်ပြီး ငါတို့လုမျိုးနွယ်စုဆီ ဝင်ချင်တယ်ဆိုရင် မင်းရဲ့အကြီးအကဲ ဖြစ်ပေးမယ်”

ကျန်းရီက ကြိတ်ပျော်သွား၏။ အကြောင်းမှာ အဘွားအိုက သူမိုးကြိုးမီးကို သန့်စင်ထားသည့် လှည့်ကွက်ကို မမြင်သောကြောင့်ဖြစ်သည်။ သူက အမြန်အရိုအသေပေးကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် မြို့အရှင်”

“ဟုတ်ပြီ”

အဘွားအိုက လက်ဝှေ့ယမ်းလျက် ပြောလိုက်သည်။

“စိတ်ထဲမှာ တစ်ခုမှတ်ထား။ မိုးကြိုးတောင်တန်းကို ဘယ်တော့မှ မဖျက်ဆီးနဲ့။ မဟုတ်ရင် ချီလင်က နင့်ကိုယ်စား တောင်းပန်ပေးတယ်ဆိုရင်တောင် မင်းအသက်ကို ငါချမ်းသာပေးမှာ မဟုတ်ဘူး။ အခုထွက်သွားတော့။ ချီလင် ငါ့နဲ့စကားပြောအုံး”

“ကျန်းရီ အဲ့ဒါကို ဂရုစိုက်ဖို့မှတ်ထား”

ကျန်းရီက လက်သီးဆုပ်မိုးလျက် ထွက်လာတော့၏။ သူတံခါးအပြင်သို့ ရောက်သည်နှင့် သတိအနေအထား လျော့ချလိုက်သည်။ သူက မြို့အရှင်ကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင် ကောင်းကင်မိုးကြိုးမြို့ထဲ၌ ဘေးကင်းပြီဖြစ်သည်။ အစ်မကြီးဆည်းလည်း၏ အဆက်အသွယ်ဖြင့် ဤကောင်းကင်မိုးကြိုးမြို့ထဲ၌ သူ့ကိုခြိမ်းခြောက်နိုင်သူ မရှိတော့ပေ။

သူက ကျင့်ကြံရာ၌သာ စိတ်ကိုနစ်မြုပ်ထားပြီး ကုသိုလ်မှတ်ကို စုဆောင်းကာ တာအိုပုံစံကို နားလည်သဘောပေါက်အောင် ပြုလုပ်မည်။ ကုသိုလ်မှတ် တစ်သန်းရသည့်အချိန်၌ သူက ရှန်းစီကျွန်းသို့ သွားမည်။ ထိုအချိန်ရောက်လျှင် သူသည် နှစ်အနည်းငယ် ပိုကျင့်ကြံပြီး ခွန်အားက အဆင့်တစ်ခုထိရောက်အောင် စောင့်ဆိုင်းပြီးနောက် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့သွားကာ စုလော့ရွှယ်ကို ကယ်တင်မည်။

“ရက်တစ်ချို့နားပြီး တစ်ချို့အချိန်တွေကို ရှောင်နူ၊ ဖုန်းအာ၊ ချင်ယွီတို့နဲ့ ကုန်ဆုံးအုံးမယ်။ ပြီးရင် မိုးကြိုးတောင်တန်းထဲ သွားမယ်”

ကျန်းရီက မြို့အရှင်အိမ်တော် အပြင်ဘက်သို့သွားစဉ် သူက နောက်ထပ် အစီအစဉ်ကို စတွေးနေလေ၏။ သူအပြင်ဘက်သို့ ရောက်ပြီးနောက် အရှေ့အရပ်ရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ မျက်မှောင်ကြုတ်လျက် သူ့ဘာသာသူ ရေရွတ်ပြောလိုက်တော့၏။

“ငါက တာအိုပုံစံ တည်ရှိမှုရဲ့ တစ်စွန်းတစ်စကို ဖမ်းနိုင်ပြီ။ အဲ့ဒီထူးဆန်းတဲ့ တာအိုပုံစံကို အခုအချိန်မှာ နားလည်အောင် လုပ်နိုင်မလားဆိုတာ မသိဘူး”

***

All Chapters