← Chapters

ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်

Vol. 51 Ch. 697

ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်

Vol. 51 Ch. 697

နောက်ရက်များ၌ အဖွဲ့မှုးလီသည် ကျန်းရီကို ထိပ်တန်းအဖွဲ့မှုး ၁၀ယောက်ဆီသို့ သွားရောက်လည်ပတ်ရန် ခေါ်သွားပေး၏။ နေရာတိုင်း၌ ကျန်းရီက သူနှင့်အတူ ချမ်ဝမ်ကွမ်းကို ခေါ်သွားသည်။ ထိုဖက်တီးလေးက သင်ယူတာ မြန်ဆန်ပြီး အကြိမ်ရေအနည်းငယ် လည်ပတ်ပြီးနောက် ကြောက်လန့်သည့် အခြေအနေတွင် မရှိတော့ပေ။ အဆုံးတွင်မူ သူက ခေါင်းဆောင်တစ်ယောက်ပမာတောင် ထင်လာရသည်။ သူ၏ပြုမူပုံက အလွန်သင့်တော်ပြီး ကျန်းရီတောင် သူ့လောက် သက်သောင့်သက်သာ မရှိပေ။

မြို့အရှင်က သူတို့ကို ခွင့်ပြချက် ပေးခဲ့၏။ ပြီးနောက် ထိပ်တန်းအဖွဲ့မှူး၁၀ယောက်ကလည်း သူ၏ရက်ရောသော လက်ဆောင်များကို လက်ခံရရှိပြီးနောက် ကျန်းရီကို နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့က လုမျိုးနွယ်စုများ ဖြစ်၏။ လုမျိုးနွယ်စု၌ အလွန်တင်းကျပ်သော စည်းမျဉ်းများ ရှိသည်။ သို့သော်ငြား ရေက ကြည်လင်လွန်းလျှင် ငါးနေနိုင်မှာ မဟုတ်ပေ။ နေရာတိုင်းက တူညီပေ၏။ ထိုတပ်မှူးများက လုမျိုးနွယ်စုမှ လစာကိုသာ မှီခိုအားထားတာ မဟုတ်။ သို့သော် သူတို့က တစ်ပါးသူ၏ ဥစ္စာဓနကို ပြောင်ပြောင်တင်းတင်း မလုယူနိုင်ပေ။ ထို့ကြောင့် လစဉ်လတိုင်း အဖွဲ့မှုးများထံမှ တံစိုးလက်ဆောင်က သူတို့၏ပင်မဝင်ငွေ အရင်းအမြစ် ဖြစ်လာခဲ့သည်။

မြို့ထဲ၌ အဖွဲ့မှုးဆယ်ယောက် တည်ရှိနေနိုင်ရသည့် အကြောင်းအရင်းကလည်း သူတို့၏ သဘောတူညီချက်ကြောင့် ဖြစ်ပေသည်။

ချမ်ဝမ်ကွမ်းသည် စစ်မှန်သည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး အနည်းဆုံးတော့ စီးပွားရေးနှင့် စီမံခန့်ခွဲရေး နယ်ပယ်၌ စစ်မှန်သည့် ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ကျန်းရီ သဘောပေါက်သွား၏။ သူသည် ၁၄နှစ်အရွယ်တည်းက ချန်မျိုးနွယ်စု၏ တိုင်းပြည်အသီးသီးရှိ စီးပွားရေး ကိစ္စများကို စတင်လက်လွှဲယူခဲ့ရပြီး သူ၏ ထူးခြားသော ပါရမီကို ညွှန်းဆိုနေ၏။

ချမ်ဝမ်ကွမ်း၏ တာဝန်ယူပေးမှုဖြင့် ကျန်းရီက စိုးရိမ်ပူပန်စရာ သိပ်မရှိတော့ပေ။ ကောင်းကင်ဧကရာဇ်၁၀ဦးနှင့် လူအယောက် ၁၀၀၀ကို ချမ်ဝမ်ကွမ်းက နာခံအောင် လေ့ကျင့်ပေးထားသည်။ နျိုတုန်နှင့် နျိုဝမ်ကတောင် ချမ်ဝမ်ကွမ်းကို တော်ကြောင်း ဝန်ခံနေပေ၏။ ချမ်ဝမ်ကွမ်းက ကျန်းရီ၏ အာဏာနှင် လွှမ်းမိုးမှုကို အသာစီးရယူပြီး ကောင်းကင်ဧကရာဇ်တစ်ခုကို လွှမ်းမိုးနိုင်ခဲ့၏။

ကျန်းရီသည် ချမ်ဝမ်ကွမ်းဆီ အရာအားလုံး အပ်ထားပြီ ဆိုသောကြောင့် ကျန်းရီက သူ့ကို အပြည့်အဝ ယုံကြည်တာပဲ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ကျန်းရီက သူ့ကို လက်ရှိအခြေအနေကို ပြောပြထားပြီးဖြစ်သည်။ ချမ်ဝမ်ကွမ်းက သူ့ကို ထိခိုက်အောင်မလုပ်? ရှုပ်ထွေးအောင်လုပ်မှာမဟုတ်ဟု ယုံကြည်သည်။ ချမ်ဝမ်ကွမ်း သူ့တာဝန်များကို ဖြေရှင်းနည်း အတွက်ကမူ သူ့ကိစ္စသာ ဖြစ်သွား၏။

ကျန်းရီက သူ့အချိန်ကို ဖုန်းလန်၊ ချင်းယွီ၊ ကျန်းရှောင်နူတို့နှင့် နေ့စဉ်နေ့တိုင်း ကုန်ဆုံးနေ၏။ သူက သူတို့ကို မြို့အရှင်အိမ်တော်ဆီသို့ ခေါ်သွားပြီး ပစ္စည်းတချို့ ဈေးဝယ် ထွက်ကြသည်။ ပြီးနောက် သူတို့ ပျော်ပါးရန် ပွဲကြည့်ရန် ရှန်းစီမျိုးနွယ်၌ တစ်မူထူးခြားသည့် ဖိန်ရှုးပွဲကို ကြည့်ရန် စားသောက်ဆိုင်များသို့ ခေါ်သွားပေ၏။ ရံဖန်ရံခါ၌ စားသောက်ပွဲအချို့ဆီ ခေါ်သွားပေးသည်။ သူက သူတို့ကို အတုအယောင် နတ်ဘုရားအသုံးအဆောင်အချို့ လက်ဆောင်ပေးခဲ့သည်။ အဖွဲ့မှုးလုံ၏ လေနတ်ဘုရား သံချပ်ကာကို ရှောင်နူအား ပေးလိုက်၏။ သာလွန်သူတော်စင် အသုံးအဆောင် ဓားရှည်ကို ဖုန်းလန်အား ပေးလိုက်ပြီး ချမ်ဝမ်ကွမ်း၊ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့ကလည်း လက်ဆောင်ကိုယ်စီ ရကြသည်။

အဖွဲ့မှုးလုံနှင့် ပါ့တောက်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲ၌ ပစ္စည်းကောင်းများစွာ ရှိသည်။ သူက အစ်ကိုကြီးဟုန်၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ကိုလည်း တိတ်တဆိတ် ယူလာခဲ့သည်။ ထိုအထဲ၌ မိုးကြိုးကျောက်တုံးနှင့် ကောင်းကင်ဘုံကျောက်တုံးများစွာ ရှိရုံသာမက ရတနာများစွာလည်း ရှိ၏။ ကျန်းရီက ရတနာများကို တွန့်တိုတတ်သူ မဟုတ်။ သူတို့အတွက် သင့်တော်သည့် ရတနာရှိလျှင် ကျန်းရီက ခွဲပေးတာပဲ ဖြစ်သည်။

ညအချိန်တွင် ကျန်းရီက ဖုန်းလန်နှင့် ချင်းယွီ၏ ခြံဝန်းဆီသို့ ခိုးဝင်သွားပြီး သူတို့၏ နွေးထွေးမှုနှင့် အလှတရားကို ခံစား၏။ သူသည် ရက်အနည်းငယ်အတွင်း တံခါးပိတ်ကျင့်ကြံမှု စတင်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ဖုန်းလန်နှင့် ချင်းယွီက သူ့နောက် လိုက်မလာနိုင်။ မြို့ထဲတွင် နေရပေလိမ့်မည်။ သူတို့ကို ယခုအချိန်တွင် စိတ်ကျေနပ်စေချင်၏။ သို့မှသာ သူတို့က သူ့ကို ဆိုးဆိုးရွားရွား လွမ်းဆွတ်မနေတော့မှာပဲ ဖြစ်သည်။

ရက်အနည်းငယ်အတွင်း သူက မိန်းကလေးနှစ်ယောက်ကို အစ်မကြီးဆည်းလည်းဆီသို့ ခေါ်သွား၏။ သို့သော် အကြိမ်ရေတချို့ ကြာပြီးနောက် သူတို့က အစ်မကြီးဆည်းလည်းနှင့်အတူ သွားပြီး သူ့ကို တစ်ယောက်တည်း ထားရစ်ခဲ့တော့သည်။

တစ်လကြာညောင်းသွား၏။

အရာအားလုံးက အဆင်ပြေပြေ ဖြစ်နေလေသည်။ အဖွဲ့မှုးသုံးယောက်၏လူများကို အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက ခွဲလိုက်ကြသည်။ အဖွဲ့မှုးလန်၊ အဖွဲ့မှုးလီနှင့် သူတို့အဖွဲ့က ကျန်းရီနှင့် ပိုပြီးရင်းနှီးသည်။ အနည်းဆုံးတော့ သူတို့က ကျန်းရီကို တမင်တကာ ခက်ခဲအောင် ထပ်မလုပ်တော့ပေ။ ကျန်းရီကလည်း တံခါးပိတ်ကျင့်ကြံမှု စတင်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူ ရွေးချယ်ထားသည့် နေရာက မြို့တွင်း မဟုတ်ဘဲ ထိုအစား မိုးကြိုးတောင်တန်းများနားတွင် ဖြစ်သည်။

သူက ဧကရီနန်းတော်ထဲရှိ အတွင်းအားကို ကျင့်ကြံရန် လိုအပ်သည်။ ထို့ကြောင့် သူက မြို့ထဲတွင် မကျင့်ကြံနိုင်ပေ။ ထို့အပြင် သူက မိုးကြိုးတောင်တန်းထဲရှိ တာအိုပုံစံကို နားလည်သဘောပေါက်ချင်၏။ ထို့ကြောင့် မိုးကြိုးတောင်တန်းနား၌ လေ့ကျင့်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

“သခင်လေး ရှောင်နူ သခင်လေးနဲ့ လိုက်ခဲ့မယ်”

ကျန်းရီသည် သူ့ဆုံးဖြတ်ချက်အကြောင်း အဖွဲ့ကို ပြောပြီးနောက် ရုတ်တရက် ကျန်းရှောင်နူက ပြောလိုက်၏။ သူမက အလွန်ဆုံးဖြတ်ချက် ပြတ်သားပုံပေါ်နေသည်။ ကျန်းရီက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့၏။

“ရှောင်နူ မြို့ထဲမှာပဲ ကျင့်ကြံလို့ မရဘူးလား”

ကျန်းရှောင်နူက ခေါင်းခါပြီး ပြောလိုက်သည်။

“ရှောင်နူက အတွင်းအား မကျင့်ပေမဲ့ ကောင်းကင်နဲ့မြေကြီးရဲ့အတွင်းအားကိုလည်း လိုအပ်တာပဲ။ အတွင်းအားက ကောင်းကင်ဧကရီနန်းတော်ထဲမှာ ဆယ်ဆပိုသန်မာတယ်။ ဒါကြောင့် ရှောင်နူ ကျင့်ကြံတာ ပိုမြန်ဆန်တယ်။ ဒါ့အပြင် သခင်လေးနဲ့လည်း အတူလိုက်နိုင်တယ်လေ”

“ဟုတ်ပြီလေ”

ကျန်းရီသည် အစ်မကြီးဆည်းလည်းနှင့် အလွန်ရင်းနှီးသောကြောင့် သူ့ကို တစ်စုံတစ်ယောက် သတ်ဖို့က ခက်ခဲလှသည်။ သူက အန္တရာယ်ရျိသည့်အရာများ ဖြစ်လာမှာကို စိုးရိမ်ပူပန်မနေ။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်၏။ ဖုန်းလန်နှင့် အဖွဲ့ထဲရှိ ကျန်သည့်သူများ၏ စောင့်ကြည့်မှုအောက်တွင် သူက ကျန်းရှောင်နူနှင့် ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များကို မြို့ပြင်သို့ ခေါ်သွားလိုက်၏။

“အဖွဲ့မှုးကျန်း..”

သူတို့က မိုးကြိုးတောင်တန်းနား ရောက်ချိန်တွင် မိုးကြိုးတောင်တန်းနား၌ မိုးကြိုးကျောက်တုံးများ ပေါ်ထွက်လာမှာကို စောင့်နေသည့် သိုင်းပညာရှင်များက သူ့ကို တလေးတစား နှုတ်ဆက် အရိုအသေပေးကြ၏။ ကျန်းရီက ခေါင်းတစ်ချက်သာ ညိတ်လျက် မိုးကြိုးတောင်တန်းကို ဖြတ်ကျော်သွားပြီး လူအုပ်ကြီးဖြင့် မိုးကြိုးတောင်ကြားထဲသို့ သွားလိုက်၏။

“နျိုတုန်..”

ကျန်းရီက နျိုတုန်ကို တစ်ချက် ကြည့်ပြီး အမိန့်ပေးလိုက်တော့သည်။

“ဧကရီနန်းတော် အပြင်ဘက်မှာ စောင့်ကြပ်ဖို့ ကောင်းကင်ဧကရာဇ်နှစ်ယောက်ကို စီစဉ်ထားလိုက် ညအချိန်ကျရင် ပြန်ခိုင်းလိုက် တစ်ယောက်ယောက် အနားကပ်လာပြီဆိုရင် ဒီကျောက်စိမ်းအဆောင်ကို ခွဲပစ်လိုက်”

လုံခြုံလေ ပိုကောင်းလေ ဖြစ်သည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်နှစ်ယောက်ကို အစောင့်ထားရန် ဆုံးဖြတ်လိုက်၏။ သူ့လက်ထဲ၌ အဖြူရောင်အလင်း ဖျတ်ခနဲ ပေါ်လာပြီး ဧကရီနန်းတော်က ပေါ်လာကာ ပိုမိုကြီးမားလာတော့၏။ ယင်းက လေထဲ၌ ပြန့်ကားသွားတော့၏။ သူနှင့် ရှောင်နူက ပျောက်ကွယ်သွားပြီး ဧကရီနန်းတော်ထဲ ဝင်သွားလေ၏။

နျိုတုန်က ကောင်းကင်ဧကရာဇ်နှစ်ယောက်ကို အနား၌ စောင့်ကြည့်ခိုင်းထားပြီး သူ့လူများနှင့်အတူ ထွက်သွားတော့သည်။ ကျန်းရီနှင့် ရှောင်နူကမူ ဧကရီနန်းတော်ထဲ၌ တင်ပျည်ခွေချိတ် ထိုင်လျက် တံခါးပိတ်ကျင့်ကြံမှု စတင်တော့သည်။

ကောင်းကင်မိုးကြိုးနားရှိ သိုင်းပညာရှင်များသည် ဝေဟင်တွင် မျှော်လွင့်နေသော ကျောက်စိမ်းဖြူနန်းတော်ကို မြင်တွေ့သည့် အချိန် သူတို့အားလုံးက သိချင်စိတ်ဖြင့် လှမ်းကြည့်ကြ၏။ သို့သော် မည်သူကမျှ ဆက်ပြီး စိုက်မကြည့်ရဲ အနားမကပ်ရဲချေ။ ထိုအဖွဲ့မှုးကျန်းက သတ်ဖြတ်ခြင်း နတ်ဘုရားဖြစ်၏။ သူတို့သာ သူ့ကို ရန်စမိခဲ့လျှင် ပါ့တောက် အဖွဲ့မှုးလုံ အဖွဲ့မှူးဟုန်တို့ဖြစ်ခဲ့သည်ကား သူ၏အဆုံးသတ် ဖြစ်သွားပေမည်။

ကျန်းရီက စတင်တရားထိုင်ပြီး သူ၏အတွင်းအားကို လျင်မြန်စွာ ကျင့်ကြံတော့၏။ သူ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်နှင့် ဧကရီနန်းတော်က ကျင့်ကြံမှုအရှိန်ကို အစတစ်ရာ တိုးစေသည်။

အတွင်းအားများက သူ့ခန္ဓာကိုယ်ထဲ ဒီရေသဖွယ် တစ်ဟုန်ထိုး ဝင်ရောက်လျက် ခန္ဓာကိုယ်ကို စီးဆင်းသွားကာ သူ၏ဒန်တျန်ထဲသို့ ဝင်သွားပြီး နောက်ဆုံးတွင် စတုတ္ထမြောက် ကြယ်စက်လုံးထဲ၌ ပေါ်လာ၏။

“ကျင့်ကြံမှု အရှိန်က သိပ်မြန်တာပဲ။ ရှန်းစီကျွန်းကို မသွားနိုင်တာ နှမြောဖို့ ကောင်းလိုက်တာ။ မဟုတ်ရင် ငါ ကျင့်ကြံတာ ပိုတောင် မြန်ဆုံးမယ်”

ကျန်းရီက သက်ပြင်းချလိုက်လေ၏။ ထိုအရှိန်ဖြင့် သူသည် စတုတ္ထမြောက် ကြယ်စက်လုံး အသွင်ပြောင်းရန်အတွက် နှစ်ဝက်ကျော်သာ အချိန်ယူရပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ့အတွင်းအားက အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နီးနီး သန်မာနေမှာပဲ ဖြစ်သည်။

“စတုတ္ထမြောက် ကြယ်စက်လုံး အသွင်ပြောင်းပြီးသွားရင် အတွင်းအားက အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်နဲ့ ယှဉ်နိုင်လာမယ်။ ပြီးရင် ငါ့အတွင်းအားအဆင့်က ပဉ္စမ၊ ဆဌမ ပြီးတော့ နဝမကြယ်စက်လုံး အသွင်ပြောင်းပြီးသွားရင် ဘယ်အဆင့် ရောက်နေမလဲ။ နတ်ဘုရားအဆင့်နဲ့ သေချာပေါက် နီးကပ်သွားမှာလား။ ဒါမှမဟုတ် ပိုတောင်မြင့်မှာလား”

ကျန်းရီက အတွေးများဖြင့် ပျော်လာလေ၏။ သူက သူ့အတွင်းအားများ ရောက်ရှိနိုင်မည့်အဆင့်ကို မြင်တွေ့ရန် ကြယ်စက်လုံးကို အသွင်ပြောင်းရန် အပတ်တကုပ် ကြိုးစားနေသည်။ သူ၏အတွင်းအားက လုံလောက်အောင် သန်မာပြီး သူက ကောင်းကင်ဧကရာဇ်နယ်ပယ်ကို အဆင့်တက်လှမ်းနိုင်သည့် အချိန်၌ မည်သည့်သာမန်သိုင်းပညာရှင်မဆို သူ၏နတ်ဘုရားဒိုင်းကို ဘယ်တော့မှ ဖြိုခွဲနိုင်မှာ မဟုတ်လောက်ပေ။

“ရှန်းစီကျွမ်း.. ငါ အဲဒီမှာ ကျင့်ကြံဖို့ ရှန်းစီကျွန်းဆီ ဝင်ဖို့ နည်းလမ်းတစ်ခု ရှာရမယ်”

ကျန်းရီက စိတ်ပြင်ဆင်လိုက်သည်။ သူက ကြယ်စက်လုံးကိုးလုံးကို အသွင်ပြောင်းလဲနိုင်သရွေ့ သူ၏ခွန်အားက သူ အဆင့်မြင့် တာအိုပုံစံကို နားလည်သဘောပေါက်ခြင်း မရှိလျှင်တောင် အဆင်ပြေမှာပဲ ဖြစ်သည်။ ပြီးနောက် သူက အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ပြန်သွားနိုင်လိမ့်မည်။

အတွေးများကို ရပ်တန့်လျက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ကာ အတွင်းအား စတင်ကျင့်ကြံပြီး တစ်ချိန်တည်းတွင် မှော်အတတ်ပညာရပ်များကို ဆင်ခြင်နေလိုက်၏။ ဤအခြေအနေက အံ့ဩဖွယ်ကောင်းသည်။ သူက ခန္ဓာကိုယ်ကို ဂရုစိုက်ရန်တောင် မလိုအပ်ပေ။ သူက ကောင်းကင်စိတ်အာရုံကို ခွဲထုတ်ရုံသာ ဖြစ်သည်။ ထို့ကြောင့် သူက အတွင်းအားကို ကျင့်ကြံနိုင်ပြီး မှော်အတတ်များကို နားလည်သဘောပေါက်ကာ တာအိုပုံစံကိုလည်း ဆင်ခြင်နိုင်၏။ နေ့ရက်က လျင်မြန်စွာကုန်ဆုံးသွားပြီး ကောင်းကင်ဧကရာဇ်အစောင့်နှစ်ဦးက ကျန်သည့် သိုင်းပညာရှင်များနှင့်အတူ မြို့သို့ ပြန်သွားပြီး မကြာမီ၌ ကျန်းရီက ဧကရီနန်းတော်ထဲမှ ထွက်လာ၏။ ညအချိန်တွင် ကောင်းကင်မီးက လှည့်လည်သွားလာနေသည်။ သူက မိုးကြိုးမီးကို ကြောက်သော်ငြား ဧကရီနန်းတော်၏ အရံအတားများက မိုးကြိုးမီးကြောင့် ထိခိုက်သွားနိုင်၏။ ထို့ကြောင့် သူက ဧကရီနန်းတော်ကို ကာကွယ်ရန်အတွက် အပြင်ဘက်တွင် နေရမည်။

သူက ပိုအရေးကြီးသည့် အကြောင်းအရင်းကြောင့် အပြင်ထွက်လာတာ ဖြစ်သည်။ သူက မိုးကြိုးတောင်ကြားထဲရှိ တာအိုပုံစံ တည်ရှိမှုကိုဆက်လက်ဖမ်းနိုင်ရန် ဖြစ်သည်။ ထိုတာအိုပုံစံ တည်ရှိမှု အရိပ်အယောင်ကို ဖမ်းဆုပ်မိသည်နှင့် အင်မတန်စွမ်းဆောင်ရည် ရှိသည့် တာအိုပုံစံတစ်မျိုးကို နားလည်သဘောပေါက်လိမ့်မည်ဟု သူ ခံစားနေမိနေ၏။

“မိုးကြိုးတောင်တန်း ဒီမှာ ဘယ်လို ထိတ်လန့်ဖွယ်ကောင်းတဲ့ လျှို့ဝှက်ချက်မျိုး ရှိနေတာလဲ”

သူက ခပ်ဝေးဝေးရှိ မိုးကြိုးတောင်ဆယ်လုံးကို ကြည့်ပြီး ရေရွတ်ပြောကာ မျက်လုံးဖြည်းဖြည်းချင်း မှိတ်လိုက်လေ၏။

...

All Chapters