ပြန်သွားပြီး လူတွေ ပိုခေါ်လာခဲ့
Vol. 51 Ch. 698
ယခုအခေါက် ဆင်ခြင်ခြင်းက ယခင်ဖြစ်စဉ်များနှင့် လုံးဝ မတူညီပေ။
ကျန်းရီသည် မိုးကြိုးကျောက်တုံးများစွာကို သန့်စင်ခဲ့ခြင်းကြောင့် သူ့ခန္ဓာကိုယ်၌ မိုးကြိုးနှင့် လျှပ်စီး၏ စွမ်းအင်များဖြင့် ပြည့်နေခြင်းကြောင့်ပေလောမသိ။ သို့တည်းမဟုတ်၊ ကျန်းရီက မိုးကြိုးမီးကို အောင်နိုင်ခဲ့ပြီး မိုးကြိုးနှင့် လျှပ်စီးတို့ကို အထဲတွင် ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ဖြစ်ဟန်တူ၏။ ယခုအခေါက်တွင် သူက မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်သည့် အချိန် တာအိုပုံစံ၏ အရိပ်အယောင်ကို ပို ရှင်းရှင်းလင်းလင်း ခံစားမိသည်။
သူက ၎င်းကို မမြင်နိုင်သေးတာ သို့မဟုတ် မခံစားမိသေးသော်ငြား ပိုကြည်လင်လာတာကို အမှန်တကယ် ခံစားမိသည်။ သူက တာအိုတည်ရှိမှု၏ အရိပ်အယောင်ကို ဖမ်းဆုပ်ရန် အလျင်မလိုပေ။ ထိုအစား သူ၏စိတ်ကို ငြိမ်အောင် ထားလျက် ဖြည်းဖြည်းချင်း ဂရုစိုက် အာရုံခံနေ၏။
မိုးကြိုးတောင်တန်း။
ယင်းက ကောင်းကင်မိုးကြိုးမြို့၏ အဓိကဖြစ်ပြီး မိုးကြိုးစုစည်းခြင်း အစီအရင်၏ ဗဟိုချက် ဖြစ်သည်။ မိုးကြိုးတောင်တန်းသည် မိုကြိုးသွားများစွာကို အဘယ်ကြောင့် စုပ်ယူနေသနည်း။ မိုးကြိုးကျောက်တုံးများ ထုတ်လုပ်နိုင်စွမ်း အဘယ်ကြောင့် ရှိရသနည်း။ ၎င်းသည် အဘယ်ကြောင့် မိုးကြိုးမီး ထုတ်လုပ်နိုင်ရသနည်း။ ထိုအရာအားလုံးက လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
မိုးကြိုးတောင်တန်းများ တည်ရှိနေတာ မည်မျှ ကြာညောင်းပြီးမှန်း မသိရပေ။ မိုးကြိုးများ နှစ်ပေါင်းများစွာ ပစ်ခတ်ခံရပြီးနောက် ယင်းက ခိုင်မာစွာ ရပ်နေနိုင်သေးဆဲ ဖြစ်သည်။ ပြောရန် မလို၊ မိုးကြိုးတောင်တန်းထဲ၌ အင်မတန်အစွမ်းထက်သော တာအိုပုံစံတစ်ခု ပါဝင်နေတာပဲ ဖြစ်သည်။ ကျန်းရီက ထိုအစွမ်းထက်သည့် တာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်စရာ မလိုပေ။ သူက သူ့အတွက် အကျိုးအမြတ်ဖြစ်စေမည့် တာအိုတည်ရှိမှုအနည်းအကျဉ်းကို ဖမ်းဆုပ်နိုင်ရန်သာ လိုအပ်၏။ သူသည် အနည်းဆုံးတော့ အဆင့်နိမ့်မိုးကြိုး တာအိုပုံစံမျိုးကို နားလည်သဘောပေါက်လောက်သည်။
ယနေ့ညကလည်း ဖုန်ထူသော တစ်ညတာဖြစ်ပြီး လသစ်နှင် ကြယ်များ ဝန်းရံနေ၏။ ပင်လယ်လေကလည်း ကျွန်းပေါ်ကို ရောက်လာစဉ် အပူလှိုင်းများအဖြစ် ပြောင်းလဲသွား၏။ မိုးကြိုးမီးက လက်လာပြီး မိုးကြိုးတောင်တန်းများနားတစ်ဝိုက်တွင် ကြာမီးအိမ်ပမာ မျောလွင့်နေလျက် ထူးထူးဆန်းဆန်း ဆွဲဆောင်မှု ရှိနေတော့သည်။
ညတာက ရှည်၏။ သို့သော် ကျင့်ကြံနေသည့် အချိန်တွင် တိုသည်ဟု ခံစားရသည်။
မိုးသောက်ချိန်တွင် ကျန်းရီက ကူကယ်ရာမဲ့လျက် မျက်လုံးဖွင့်လိုက်တော့၏။ ထိုတာအိုပုံစံက နားလည်ခက်ခဲရန် အမှန်တကယ် ခက်ခဲလှသည်။ သူသည် တာအိုတည်ရှိမှုကို အချိန်မရွေး ဖမ်းဆုပ်နိုင်သည်ဟု ခံစားမိသော်ငြား နောက်ဆုံးတွန်းတင်ချက်ကို မရသေးပေ။ မအောင်မြင်သည့် တစ်ညတာ ဖြစ်ခဲ့၏။
မိုးကြိုးတောင်တန်းထဲရှိ မိုးကြိုးမီးက ပေါ်ထွက်လာပြီး တောင်တန်းများအတွင်း ဝင်ရောက်ကာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ အပြာရောင်အလင်း တစ်လက်လက် တောက်နေသည့် မိုးကြိုးကျောက်တုံးများစွာက မြေပြင်ပေါ်တွင် ရှိနေသည်။ ကျန်းရီက သူသည် အဖွဲ့မှုးတစ်ယောက် ဖြစ်နေပြီဆိုသောကြောင့် ၎င်းတို့ကို သွားရောက် စုဆောင်းခြင်းမရှိတော့ပေ။ မိုးကြိုးကျောက်တုံးများ စုဆောင်းခြင်းအတွက် စည်းမျဉ်းများရှိ၏။ သူ့အဖို့ သူတို့ကို ထပ်စုဆောင်းတာက မသင့်တော်တော့ပေ။
ခပ်ဝေးဝေးကနေ လူများ ချဉ်းကပ်လာတာကို ခံစားမိသည့် အချိန်တွင် သူ၏ လက်က အဖြူရောင်အလင်း ဖြတ်ခနဲ ပေါ်လာပြီး လေထဲ၌ ဧကရီနန်တော် ပေါ်လာကာ သူ့ နန်းတော်ထဲ ဖျပ်ခနဲ ဝင်လိုက်၏။
ကျန်းရှောင်နူက ခန်းဆောင်ထဲ၌ ထိုင်လျက် ကျင့်ကြံနေတာပဲ ဖြစ်သည်။ သူမ တစ်ကိုယ်လုံးက အစိမ်းရောင် အလင်းဖျော့ဖျော့တစ်လွှာ လွှမ်းခြုံနေပြီး သူမ၏ နှစ်လိုဖွယ် မျက်နှာလေးက အစိမ်းရောင်အလင်း ဖြာထွက်နေကာ အင်မတန်လှပပြီး ညှို့ငင်နိုင်စွမ်း ရှိစေတော့၏။ ကျန်းရီက ရှောင်နူကို အလိုလိုက် ချစ်မြတ်နိုးသည့် အကြည့်ဖြင့် ကြည့်နေလိုက်ပြီး သူမဘေး၌ တင်ပျဉ်ခွေချိတ်ထိုင်ကာ အတွင်းအားကို ဆက်လက်ကျင့်ကြံပြီး မှော်အတတ်များကို ဆင်ခြင်နေတော့၏။
ဤအတိုင်းပင် ကျန်းရီက နေ့အချိန်တွင် ကျင့်ကြံရန်အတွက် ဧကရီနန်းတော်ထဲ ဝင်ပြီး ညအချိန်တွင် မိုးကြိုးတောင်တန်းထဲ၌ တာအိုတည်ရှိမှုကို နားလည်သဘောပေါက်ရန် ထွက်လာမှာဖြစ်သည်။ လတ်တလော၌ ကောင်းကင်မိုးကြိုးမြို့က အလွန်ငြိမ်းချမ်းနေ၏။ တိုက်ပွဲကြီးပြီးနောက် အနားယူရန် လိုအပ်နေသည့်ပမာ ဖြစ်နေတော့သည်။ ဤနည်းဖြင့် အဖွဲ့မှုးအသီးသီးကလည်း အကျိုးအမြတ် အများဆုံး ရလာပြီး အနှောင့်အယှက်ကို မည်သူမျှ မဖန်တီးရဲပေ။
အချိန်က ရေစီးဆင်းသည့်ပမာ ကုန်ဆုံးသွားပြီး တစ်လတာက မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားလေ၏။
ကျန်းရီက မိုးကြိုးတောင်တန်း၏ အနီးတစ်ဝိုက်၌ ရှိနေပြီး မြို့ထဲသို့တောင် မပြန်ပေ။ ချမ်ဝမ်ကွမ်းသည် သတင်းပို့ရန် တစ်ခါ ရောက်လာစဉ် ချင်းယွီနှင့် ဖုန်းလန်တို့ကလည်း တစ်ခါ လာရောက် လည်ပတ်ခဲ့၏။ နှစ်ယောက်သား ရောက်လာပြီး ကျန်းရီနှင့် ဆုံတွေ့သည့် အချိန်၌ သူတို့က ဧကရီနန်းတော်အတွင်း နီးကပ်စွာ ရင်းနှီးပြီး သာယာမှုရှိခဲ့ကြကာ စိတ်ကျေနပ်စွာ ပြန်သွားတော့၏။
မြို့က အလွန်ငြိမ်းချမ်းနေသေး၏။ တစ်ခုတည်းသော ပျော်စရာ အကြောင်းအရင်းက မြို့ထဲသို့ လူသစ်များ တိုးလာတာပဲ ဖြစ်သည်။ နဂါးဖြူမြို့မှ မျိုးနွယ်စုနှစ်စု၏ အပျော်အပါး လိုက်စားသော သားစဉ်မြေးဆက်များက အငြင်းပွားကြ၏။ ရလဒ်အနေဖြင့် သူတို့ မထိန်းထားနိုင်တော့ဘဲ မြို့ထဲ၌ စတင်တိုက်ခိုက်ကြတော့သည်။
လုမျိုးနွယ်ခေါင်းဆောင်က ဒေါသထွက်သွားပြီး မျိုးနွယ်စု ခေါင်းဆောင်နှစ်ယောက်လုံးကို ခေါင်းဖြတ်သတ်ရန် အမိန့်ပေးခဲ့ပြီး သူတို့ မျိုးနွယ်စုသားများကိုလည်း ဖမ်းထားလျက် ဆယ်နှစ်တာ အလုပ်လုပ်ရန်အတွက် လူခွဲပို့လိုက်၏။
လုမျိုးနွယ်စု ပိုင်ဆိုင်သည့် ကုန်သည်အုပ်စုကို မတော်တဆ ဓားပြတိုက်သည့် တောပုန်းဓားပြတစ်စုလည်း ရှိသည်။ ဆုံးရှုံးမှု ကြီးကြီးမားမား မရှိသော်ငြား လုမျိုးနွယ်စုသည် ရှန်းစီမျိုးနွယ်၏ အုပ်စိုးသူများထဲမှ တစ်စု ဖြစ်သည်။ သူတို့၏ အာဏာကို မည်ကဲ့သို့ ယိမ်းယိုင်ခံနိုင်မည်နည်း။ နောက်ဆုံးတွင် တောပုန်းဓားပြ၏ ခေါင်းဆောင်သုံးယောက်က အသတ်ခံလိုက်ရပြီး တောင်ထဲရှိ တောပုန်းဓားပြ ၄၀၀၀၀, ၅၀၀၀၀ ဝန်းကျင်က အဖမ်းခံလိုက်ရကာ အနှစ်သုံးဆယ်စာ အလုပ်လုပ်ခိုင်းခံရတော့၏။
ကျန်းရီက ထိုအကြောင်းအရာများကို စိတ်ထဲ မထားပေ။ လူသစ်များ ရောက်လာတာက ကောင်း၏။ အစ်မကြီးဆည်းလည်း၊ အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများ အနားတွင် ရှိနေလေရာ ထိုလူသစ်များက ဘာမှကြီးကြီးမားမား လုပ်နိုင်မှာ မဟုတ်ပေ။ သူတို့က အနှောင့်အယှက် ဖြစ်စေလျှင်တောင် ခဏတာပဲ ဖြစ်ပေလိမ့်မည်။ သူတို့က နောက်ပိုင်း၌ အမျိုးမျိုးသော အင်အားစုများဆီ နာနာခံခံ ဝင်ရောက်ရမှာပဲ ဖြစ်သည်။ မဟုတ်လျှင် သူတို့ကို သေခြင်းတရားသာ စောင့်နေလိမ့်မည်။
ကျန်းရီ ထင်သည့်အတိုင်းပင် မျိုးနွယ်စုနှစ်စုမှ မျိုးနွယ်သားများနှင့် တောင်ပေါ်ဓားပြအဖွဲ့ထဲမှ အဖွဲ့ဝင်များက မြို့ထဲသို့ ရောက်သည်နှင့် သူတို့က ကျန်ရှိသော အဖွဲ့မှူးရာထူးကို လိုချင်ကြသည်။ အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက သူတို့ကို အလွယ်တကူ မြင့်တက်ခွင့်မပေးတာ သဘာဝကျ၏။
ထို့ကြောင့် ထိုကာလအတွင်း မြို့ပြင်ဘက်၌ တိုက်ပွဲအချို့ နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေသည်။ တိုက်ပွဲမီးတောက်က မိုးကြိုးတောင်တန်းထိတောင် ပြန့်လာ၏။ အဖွဲ့မှုးလီ၊ အဖွဲ့မှုးဟေး၊ အဖွဲ့မှုးရင်နှင့် ကျန်သည့်သူများကလည်း တိုက်ခိုက်ကြပြီး မျိုးနွယ်စုနှစ်စု၏ ထောင်လွှားသော သဘောထားကို အပြည့်အဝ ဖိနှိပ်လိုက်ကြသည်။ တောင်ပေါ်ဓားပြအဖွဲ့၏ ခေါင်းဆောင်သာလျှင် လက်မခံသေးဘဲ အဖွဲ့မှုးတစ်ယောက် ဖြစ်ချင်နေသေးတာပဲ ဖြစ်၏။
မြို့ထဲရှိ အရေးကိစ္စကို အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက ဖြေရှင်းပြီး အလုပ်မဖြစ်လျှင် အစ်မကြီးဆည်းလည်း ရှိသည် မဟုတ်ပါလော။ တိုက်ပွဲများက သူ့ဆီ မရောက်သရွေ့ ကျန်းရီက စိတ်ထဲ ထားမှာ မဟုတ်ပေ။ နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်းအပြင် သူက တာအိုပုံစံကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေပြီး အေးအေးလူလူ ရှိနေလေ၏။
နှစ်ရက်တာ ကြာညောင်းပြီးနောက် ကျန်းရီက အတွင်းအား ကျင့်ကြံနေစဉ် သူ့ခန္ဓာကိုယ် တုန်ယင်သွားတာကို ရုတ်တရက် ခံစားလိုက်မိပြီး သူ့ပစ္စည်းများထဲရှိ ကျောက်စိမ်းတံဆိပ်ပြားက ပျက်စီးသွားတော့၏။ သူက မိုးနှင့်မြေတစ်သားတည်း အခြေအနေထဲမှ ထွက်လာပြီး ကောင်းကင်စိတ်အာရုံဖြင့် အပြင်ဘက်ကို စစ်ဆေးလိုက်၏။ သူက ကောင်းကင်ဧကရာဇ်တစ်ယောက်ကို တွေ့သွားပြီး အသံပို့လိုက်၏။
“ဘာဖြစ်တာလဲ”
“အဖွဲ့မှူးကျန်း..”
ကောင်းကင်ဧကရာဇ်က တလေးတစား အရိုအသေပေးပြီးနောက် ပြောလိုက်တော့သည်။
“တောင်ပေါ်ဓားပြအဖွဲ့ရဲ့ခေါင်းဆောင် ပုဟယ်က တွေ့ခွင့်တောင်းနေပါတယ်။ သူက အဖွဲ့မှုးနဲ့ အပေးအယူ လုပ်ချင်တယ်တဲ့”
“အပေးအယူလား”
ကျန်းရီက မျက်ခုံးပင့်လျက် နောက်ထပ် အသံပို့လိုက်၏။
“အဖွဲ့မှူးချန်ကို သွားရှာခိုင်းလိုက် နောင်ကျ ဒီလိုကိစ္စတွေအတွက် အဖွဲ့မှူးချမ်ကိုပဲ သွားရှာ.. မလိုအပ်ဘဲ ငါ့ကို လာပြီး အနှောင့်အယှက် မပေးနဲ့”
အပြင်ဘက်တွင် ကောင်းကင်ဧကရာဇ်က လက်သီးဆုပ်လျက် သူ၏အမိန့်ကို နာခံကာ ခပ်ဝေးဝေးသို့ ပျံသန်းသွားစဉ် ကျန်းရီက ကောင်းကင်စိတ်အာရုံကို ရုပ်သိမ်းပြီး ဆက်လက်ကျင့်ကြံ၏။ သို့သော် တစ်မိနစ် မပြည့်မီ၌ ဧကရီနန်းတော်၏ အရံအတားက ဖြာထွက်လာပြီး ကျန်းရီက မျက်လုံးဖွင့်လိုက်သည်။ သူက ဒေါသထွက်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ကောင်းကင်ဧကရာဇ် ပြန်ရောက်လာတာကို သတိပြုမိလိုက်၏။ ကောင်းကင်ဧကရာဇ်က ကူကယ်ရာမဲ့စွာ သတင်းပို့လိုက်သည်။
“အဖွဲ့မှုးကျန်း ပုဟယ်က အဖွဲ့မှုးနဲ့ တွေ့ခွင့်တောင်းနေပါတယ်။ သူက လက်ရှိမှာ သူ့လူတွေကို ခေါ်ပြီး မိုးကြိုးတောင်တန်းရဲ့ အနီးတစ်ဝိုက်မှာ သူ့လူတွေကို ခေါ်လာနေတာပါ။ ကျွန်တော်တို့မှာ လူ သိပ်မရှိတဲ့အတွက် နယ်မြေတစ်ဝက်ကို သူနဲ့ခွဲသင့်တယ်လို့ ပြောပါတယ်”
“အမ်..”
ကျန်းရီ၏ မျက်လုံးထဲ၌ ကျောစိမ့်ဖွယ် အလင်းများ ပြည့်သွားပြီး သူက ဒေါသထွက်သွားလေ၏။ ဧကရီနန်းတော်ထဲကနေ သူ ဖြတ်ခနဲ ထွက်လာပြီး တည်ကြည်သောအသံဖြင့် မေးလိုက်တော့၏။
“လူဘယ်နှစ်ယောက် ရှိလဲ။ သူတို့ခွန်အားက ဘယ်လောက်လဲ”
“သူတို့မှာ လူအများကြီး ရှိပါတယ်”
ကောင်းကင်ဧကရာဇ်လက်အောက်ငယ်သားက သတင်းပို့၏။
“အစက ကောင်းကင်ဧကရာဇ် အယောက်၆၀ကျော် ရှိပါတယ်။ သူတို့ထဲက တချို့က အဖွဲ့မှုးလီနဲ့ အစ်ကိုကြီးတုန်ရဲ့လူတွေနဲ့ တိုက်ပွဲကြားထဲ ပျောက်ကွယ်သွားတာပါ။ အခုအချိန်မှာ သူတို့ ကောင်းကင်ဧကရာဇ်အယောက်၄၀ ရှိပြီး ဗာဂျရာနယ်ပယ် လက်အောက်ငယ်သား တစ်သောင်းနီးပါး ရှိတယ်။ ပုဟယ်က အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်တောင် ဖြစ်နေပါတယ်။ အဖွဲ့မှုးကျန်း ဒီကိစ္စက နည်းနည်း ထူးဆန်းတယ်”
“တကယ်ထူးဆန်းတာပဲ။ တစ်ယောက်ယောက်က နောက်ကွယ်ကနေ အကောက်ကြံနေတာပဲ ဖြစ်ရမယ်”
ကျန်းရီက နှာခေါင်းရှုံ့လိုက်၏။ အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီက မယုံကြည်ရပေ။ သူတို့က ပြောင်ပြောင်တင်းတင်း ရန်မစရဲသောကြောင့် ပုဟယ်လာပြီး ကျန်းရီ၏ နယ်မြေကို ခိုးယူအောင် အကောက်ကြံနေ၏။ သူတို့က လုံလုံခြုံခြုံဖြင့် စောင့်ကြည့်နေပြီး ကျန်းရီနှင့်ပုဟယ်တို့ အင်အားစုများ ဝေဒနာခံစားရပြီးနောက် ဆုလာဘ်များကို ရိတ်သိမ်းမှာပဲ ဖြစ်သည်။
“သွား လူတွေ ပိုခေါ်လာခဲ့”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်၏။
“ဒီကို ကောင်းကင်ဧကရာဇ်အားလုံး ခေါ်လာခဲ့.. ဒါ့အပြင် ငါ့တံဆိပ်ပြားကို ယူသွားပြီး အစ်မကြီးဆည်းလည်းကို သွားရှာ.. သူ့ရဲ့ကောင်းကင်ဧကရာဇ်တွေကို ဒီကို ရွေ့ပြောင်းပေးဖို့ ပြောလိုက်.. ပုဟယ်က မပါးနပ်ဘူးဆိုမှတော့ ငါ သူ့ကို အသိတရားဝင်အောင် ရိုက်ပေးရမှာပေါ့”
တစ်ဖက်၌ ကောင်းကင်ဧကရာဇ်အယောက် ၄၀နှင့် အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ဦးသာ ရှိပြီး ကျန်းရီကို ခြိမ်းခြောက်နိုင်ခြင်းတောင် မရှိပေ။ အစက သူက သူတို့ကို ကိုယ်တိုင် ဖိနှိပ်ချင်ခဲ့သည်။ သို့သော် ခေါင်းဆောင်က တိုက်ပွဲကို ချက်ချင်း ထွက်ခဲ့လျှင် သူ မျက်နှာပျက်ရလိမ့်မည်။
အစ်မကြီးဆည်းလည်းက မြို့ထဲရှိ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်အများဆုံး ရှိပြီး အယောက်၆၀ကျော် ရှိ၏။ သူမက လူများစွာ မခေါ်ချင်သောကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက များပြားသည့် ကောင်းကင်ဧကရာဇ်များကို ခေါ်ထားနိုင်မှာ မဟုတ်။ အစ်မကြီးဆည်းလည်း၏ လူများနှင့် ကျန်းရီ၏လူများကို ပေါင်းပြီးနောက် သူတို့က ကောင်းကင်ဧကရာဇ်၁၀၀နီးပါး ရှိပြီး တောင်ပေါ်ဓားပြအဖွဲ့ကို ချေမှုန်းရန် လုံလောက်သည်။
ကောင်းကင်ဧကရာဇ်လက်အောက်ငယ်သား၏ မျက်လုံးက လက်သွားပြီး လျင်မြန်စွာ ပျံသန်းသွားတော့၏။ သိုင်းပညာရှင်များက ဆူပွက်သော သွေးများ ပြည့်နေလျက် တိုက်ပွဲကို အမြဲတမ်း ဆာလောင်နေကြတာ ဖြစ်သည်။ ထို့အပြင် ပွဲတိုင်း အနိုင်ရရှိပြီးနောက် သူတို့က စစ်ပွဲ၏ အပျက်အစီးများ မရေမတွက်နိုင်အောင် ရှိပေလိမ့်မည်။ တောင်ပေါ်ဓားပြများသည် ဤပင်လယ်ဒေသထဲရှိ တပ်မဟာကြီးတစ်ခု ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ ဆိုလိုသည်က သူတို့က ကြွယ်ဝချမ်းသာပေ၏။
...