← Chapters

သူတို့အားလုံးကို ခုတ်ပစ်လိုက်

Vol. 51 Ch. 699

သူတို့အားလုံးကို ခုတ်ပစ်လိုက်

Vol. 51 Ch. 699

ပုဟယ်က အမှန်တကယ် သွေးထိုးလှုံ့ဆော်ခံထားရသည်။ သူက ကောင်းကင်မိုးကြိုးမြို့ကို ရောက်သည့် အချိန်တွင် လူတစ်သောင်းကျော်ကို ဦးဆောင်ခဲ့၏။ သူတို့က လုမျိုးနွယ်စု၏ အနှစ်၃၀ ကျွန်ပြုခြင်း ခံရမည်ဖြစ်ကာ သူက မြို့၏ အဖွဲ့မှုးတစ်ယောက် ဖြစ်ချင်တာ သဘာဝကျ၏။ ဤနည်းဖြင့် သူက ငြိမ်းငြိမ်းချမ်းချမ်း အသက်ရှင်နိုင်မည် ဖြစ်သည်။ မဟုတ်လျှင် သူ၏လူများက ဆိုးဆိုးရွားရွား သေလျှင်သေ မဟုတ်ပါက ကျန်သည့်သူများအတွက် လက်အောက်ငယ်သားများ ဖြစ်လာကာ တစ်ပါးသူများကို သူတို့အား ထိန်းချုပ်ခွင့် ပေးလိုက်ရမှာပဲဖြစ်သည်။

အဖွဲ့မှုးလန်၊ အဖွဲ့မှုးလီနှင့် အဖွဲ့မှုးရင်တို့က တစ်ယောက်နှင့်တစ်ယောက် သိလာတာ ကြာပြီဖြစ်၏။ သူတို့က ပြင်ပအင်အားစုနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ကျူးကျော်သူကို ဖယ်ရှားဖို့ ပူးပေါင်းကြမှာပဲ ဖြစ်သည်။ ပုဟယ်က ထိုအဖွဲ့မှုးများထဲမှ တစ်ယောက်ကို ရန်စချင်လျှင် ကျန်သည့် အဖွဲ့မှုးများက သူ့ကို ထုတ်ပယ်ရန် မဟာမိတ်ဖွဲ့ပြီး သူတို့လူများကို ပို့လိမ့်မည်။

ပုဟယ်က မြို့ထဲ၌ အဖွဲ့မှုးတစ်ယောက် ဖြစ်ချင်ပြီး သူ့အင်အားစုကို ထူထောင်ရန်အတွက် လူသတ်ရပေလိမ့်မည်။ မြို့ထဲရှိ အဖွဲ့မှူးများကို သူတို့၏ခွန်အား မြင်တွေ့ခွင့်ပေးထားပြီး သူက ကြောက်လန့်စေကာ အဖွဲ့မှူးများထဲမှ တစ်ယောက်အနေဖြင့် သူ့ကို တိတ်တဆိတ် လက်ခံထားစေ၏။ သူ့ကို အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းလည်း ကမ်းလှမ်းလာကြသည်။ ပုဟယ်က အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများကို မထိနိုင်ပေ။ သူက အစ်မကြီးဆည်းလည်းကို သွားထိရန် သတ္တိမရှိချေ။ ယခုအချိန်တွင် သူ ထိနိုင်သည့် တစ်ယောက်တည်းသောသူမှာ အဆင့်တက်ခါစ ကျန်းရီဖြစ်၏။ ကျန်းရီသည် လအနည်းငယ်အတွင်း သူ၏ရာထူးကို ရခဲ့တာ ဖြစ်ပြီး လက်အောက်ငယ်သားများက အပြည့်အဝ သစ္စာမရှိသေးပေ။ တိုက်ပွဲကြီး ပြီးသွားသည်နှင့် သူတို့ အနာအဆာကို ရှာတွေ့သွားပေလိမ့်မည်။ ကျန်းရီကို ထုတ်ပယ်ခြင်းဖြင့် ပုဟယ်က အဆင့်တက်နိုင်မှာ ဖြစ်၏။

ဟုတ်ပေ၏။ ပုဟယ်သည် ထိုသတင်းကို အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများ တမင်တကာ ပေးပို့ခြင်းကြောင့် ရလာတာ ဖြစ်၏။ မဟုတ်လျှင် ပုဟယ်က ဤကဲ့သို့ သတင်းတစ်စကို ရလာမှာတောင် မဟုတ်ချေ။ ကျန်းရီက မြို့ထဲသို့ ဝင်ခါစ၌ ဟူစန်းသည် လမ်းပေါ်ရှိ သတင်းအချက်အလက်များအားလုံးကို သူ့ဆီမှသာ ရနိုင်သည်ဟု ဆိုခဲ့သည်။ သတင်းအချက်အလက် ပေါက်ကြားစေရဲသည့်သူ ရှိလျှင် သူတို့အားလုံးက သေလိမ့်မည်။

အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက သတင်းအချက်အလက်တချို့ ပုဟယ်ဆီ တမင်တကာ ပို့ပေးခဲ့၏။ သို့သော်ငြား သူတို့က ကျန်သည့်အရေးပါသည့် အချက်များကို ဖုံးကွယ်ထားခဲ့သည်။ ကျန်းရီက ပါ့တောက် အဖွဲ့မှုးလုံနှင့် အစ်ကိုကြီးဟုန် တို့ကို သတ်ဖြတ်ခဲ့ပြီး ကျန်းရီနှင့် အစ်မကြီးဆည်းလည်းကြားရှိ ခင်မင်ရင်းနှီးမှု စသည့် အချက်များ ဖြစ်သည်။

အဖွဲ့မှုးလန်၏ နည်းလမ်းက အလွန်ပြောင်မြောက်ပေ၏။ သူ ဘာမှမလုပ်သောကြောင့် ကျန်းရီက သက်သေရမှာ မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီသည် နောက်ကွယ်မှ ကြိုးကိုင်သူက သူဖြစ်ကြောင်း ခန့်မှန်း နိုင်လျှင်တောင် မည်သို့ဖြစ်မည်နည်း။ ပုဟယ်က ကျန်းရီကို လာရှာပြီး သွေးထွက်သံယို မတိုက်ခိုက်လျှင် သူက အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများကို လာရှာပေလိမ့်မည်။ သူတို့က အင်အားစုများကို ဆက်လက်မမောပန်းစေချင်ပေ။ သူတို့က ပုဟယ်ကိုလည်း အဖွဲ့မှုးအဖြစ် ရာထူးတက်သွားတာကို မမြင်လို။ သူတို့အားလုံးက ဘေးကင်းရာကနေ စောင့်ကြည့်ပြီး အကျိုးအမြတ် ရိတ်သိမ်းချင်ကြ၏။

ပုဟယ်က အရူးတစ်ယောက်အဖြစ် ရောက်လာသည်။ သို့သော် သူက ရွေးချယ်စရာ မရှိပေ။ သူက မိုးကြိုးကျောက်တုံးများ လိုအပ်နေ၏။ မိုးကြိုးကျောက်တုံးများ မရှိပါက သူ့လူများ အသတ်ခံရလိမ့်မည်။ သူက မိုးကြိုးကျောက်တုံးများ ဝယ်ရန်အတွက် ကောင်းကင်ဘုံကျောက်တုံးများစွာကို သုံးပြီးသားဖြစ်သည်။ ဤအတိုင်း ဆက်ဖြစ်ပွားနေပါက သူတို့၏ ရတနာအားလုံး ရောင်းချပြီးဖြစ်ကာ သူတို့ကို တခြားသူများက ထိန်းချုပ်သွားပေလိမ့်မည်။

ကျန်းရီ၌ လက်အောက်ငယ်သားတစ်ထောင်သာ ရှိ၏။ သို့သော် သူက မိုးကြိုးတောင်တစ်ခုလုံးကို သိမ်းပိုက်ထားသည်။ ကျန်သည့် မိုးကြိုးတောင်တန်းများ၌ လူအယောက်တစ်ထောင်ကျော်ပြီး နှစ်ထောင်နားကပ်၏။ ပုဟယ်က မနာလိုဖြစ်တာ သဘာဝကျသည်။ သို့သော် သူက အဆင်အခြင်မဲ့စွာ မတိုက်ခိုက်ဘဲ အကြမ်းမဖက်ခင် ငြိမ်းချမ်းသည့် နည်းလမ်းကို သုံးရန် ရွေးချယ်ခဲ့၏။ သူက တွေ့ဆုံခွင့်တောင်းရန် ကျန်းရီဆီသို့ သတင်းပါးရန် လူတစ်ယောက်ကို လွတ်ခဲ့သည်။ သို့သော် ကျန်းရီက မျက်နှာသာမပေးဘဲ နေလိမ့်မည်ဟု မည်သူက သိမည်နည်း။ ပုဟယ်က ရွေးချယ်စရာ မရှိတော့ဘဲ နယ်မြေကို ခွဲရန် စစ်ကြေညာတော့သည်။

ပုဟယ်သည် ယနေ့တွင် သူ့လူများကို အများအပြား ခေါ်မလာခဲ့ပေ။ သူက ကောင်းကင်ဧကရာဇ် အယောက်၄၀နှင့် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် ၃၀၀သာ ခေါ်လာခဲ့၏။ သူတို့က မိုးကြိုးတောင်တန်း၏ အနောက်ဘက် မိုင်၂၀အကွာ လေထဲ၌ ရပ်နေကြပြီး ကျန်းရီ ပေါ်လာမှာကို စောင့်နေ၏။

ပုဟယ်၏လူများသည် မိုးကြိုးကျောက်တုံးများ ပေါ်ထွက်လာသည့် မိုးကြိုးတောင်တန်းများကို ကြည့်နေစဉ် မျက်လုံးများရဲနေလျက် သူတို့မျက်လုံးတွင် အားကျမှုများ ပြည့်နေကာ ထိုတောင်အောက်ရှိလူများက မိုးကြိုးကျောက်တုံးများကို အလွယ်တကူ ယူကြသည်။ အထူးသဖြင့် ကျန်းရီ၏ မိုးကြိုးတောင်၌ ဤနေရာတွင် လူရာချီသာ ရှိ၏။ သူတို့က လုယူစရာတောင် မလိုဘဲ မိုးကြိုးကျောက်တုံးများကို အေးအေးလူလူ စုဆောင်းနိုင်၏။

လုမျိုးနွယ်စုက စိတ်အနှောင့်အယှက် ဖြစ်ခံနေမှာမဟုတ်။ မိုးကြိုးကျောက်တုံး မလွဲပေးလျှင် သူတို့ အသတ်ခံရလိမ့်မည်။ ကောင်းကင်မိုးကြိုးမြို့အရှင်က အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ်တစ်ဦး ဖြစ်၏။ မြို့ထဲ၌ မည်သူကမှ အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲပေ။ မဟုတ်လျှင် သူတို့က သေဖို့ တောင်းဆိုနေတာ ဖြစ်သွားလိမ့်မည်။

ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ကျန်းရီတို့ ဘက်ခြမ်းမှ မည်သည့်လှုပ်ရှားမှုမှ မရှိသေးချိန် ပုဟယ်က မျက်ဝန်းများ မှေးကျဉ်းလျက် အင်မတန် ရက်စက်သည့် အမူအရာ ရှိလာတော့သည်။ သူ၏ဘယ်ဘက်ပါး၌ နက်ရှိုင်းသည့် အမာရွတ်ကြီး ရှိနေလျက် သုန်မှန်ပြီး အေးစက်သော မျက်ဝန်းက မရပ်မနား မျက်တောင်ခတ်နေလေ၏။ သူက မိုးကြိုးတောင်တန်းနား၌ မျောလွင့်နေသော ဧကရီနန်းတော်ကို ကြည့်ပြီး လက်ဝေ့ယမ်းကာ ပြောလိုက်တော့သည်။

“အဖွဲ့မှုးကျန်းကို သတင်းသွားပို့ တစ်နာရီ ကြာပြီးတဲ့နောက် သူ ပေါ်မလာသေးရင် ငါ သူ့ကို ရန်စရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူးဆိုတာ ပြောလိုက်”

ကောင်းကင်ဧကရာဇ်လက်အောက်ငယ်သားများထဲမှ တစ်ဦးက ခေါင်းညိတ်ပြီးနောက် လျင်မြန်စွာ ပျံသန်းသွား၏။ သူက မိုးကြိုးတောင်တန်းနား ပျံသန်းသွားပြီး ဧကရီနန်းတော်နား ချဉ်းကပ်လာစဉ် ကျန်းရီ၏ လက်အောက်ငယ်သား တားတာ ခံလိုက်ရသည်။ ထိုကောင်းကင်ဧကရာဇ်က ပုဟယ်၏ သတင်းစကားကို ပါးလိုက်ရာ ကျန်းရီက ပြော၏။

“အဖွဲ့မှုးကျန်းက သူ ကျင့်ကြံနေသေးတယ် မင်းတို့အားလုံး စောင့်ဖို့ ပြောတယ်”

“ဟမ့်..”

ပုဟယ်၏ လက်အောက်ငယ်သား၏ မျက်လုံးက အေးစက်စက် အလင်းတန်းများ ဖြတ်ခနဲ ပေါ်လာပြီး သူက ဧကရီနန်းတော်ကို အကြိမ်ရေအနည်းငယ်ကို ကြည့်ပြီး လှည့်ထွက်သွားတော့၏။ သူက ပုဟယ်ဘေးသို့ ပြန်ရောက်ချိန် ဒေါသတကြီး သတင်းပို့လိုက်၏။

“ခေါင်းဆောင် အဖွဲ့မှုးကျန်း ပြောတာက ပြီးရင် ထွက်လာမယ်တဲ့ ကျွန်တော် ပြောရမယ်ဆိုရင် စောင့်တာ ရပ်လိုက်တော့.. ကျွန်တော်တို့လူတွေ အားလုံးကို ခေါ်ပြီး သူတို့တွေ အားလုံးကို သတ်ဖြတ်လိုက်ရအောင်.. ကျွန်တော်တို့ သူ့ကို ဖယ်ရှားနိုင်သရွေ့ ခေါင်းဆောင်က သူ့နေရာကို အစားထိုးနိုင်မှာပဲ”

“လောနေဖို့ မလိုဘူး”

ပုဟယ်က ခေါင်းခါပြီး ပြောလိုက်၏။

“ကောင်းကင်မိုးကြိုးမြို့ အခြေအနေက မသိရသေးဘူး။ ငါတို့ အချက်အလက်တွေ အများကြီးတောင် မရှာဖွေနိုင်တာ.. အဖွဲ့မှူးရာထူးကို တတ်နိုင်တဲ့သူကို လျော့တွက်ထားလို့ မရဘူး။ ငါတို့ တည်တည်ငြိမ်ငြိမ် ညှိနှိုင်းနိုင်ရင် မတိုက်ခိုက်တာ အကောင်းဆုံးပဲ။ အဖွဲ့မှူးကျန်းက မြို့ထဲက လုမျိုးနွယ်စုနဲ့ ချိတ်ဆက်မှု ရှိနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုသာဆို ငါတို့ ဘယ်လို ပျောက်ကွယ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး”

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဧကရီနန်းတော်က ပျောက်ကွယ်သွားကာ ကျန်းရီက ကောင်းကင်ဧကရာဇ် လက်အောက်ငယ်သားတစ်ဦးနှင့် ဖြည်းဖြည်းချင်း ပျံသန်းလာ၏။ သူက မိုးကြိုးတောင်တန်းနား ရောက်သည့် အချိန်တွင် သူက တစ်ချက်ကြည့်ကာ လူတစ်သောင်းကျော်က သူ့ကို တလေးတစား နှုတ်ဆက်ကြသည်။

“အဖွဲ့မှုးကျန်း..”

ကျန်သည့် အင်အားစုများမှ ကောင်းကင်ဧကရာဇ်ခေါင်းဆောင်များ အပါအဝင် လူတိုင်းက အလွန်လေးစားကြသည်။ ကျန်းရီ၏လက်အောက်ရှိ ကောင်းကင်ဧကရာဇ်ခေါင်းဆောင် ငါးယောက်က ကောင်းကင်ထဲ ပျံသန်းလာပြီး ကျန်ရီဘေး၌ စုဝေးလိုက်၏။ ပြီးနောက် သူတို့က ပုဟယ်ဆီသို့ ပျံသန်းသွားကြသည်။ ကျန်းရီက ပုဟယ်နှင့် သူ့လူများ၏ သုံးမိုင်အကွာတွင် ရပ်တန့်လိုက်ပြီး ကောင်းကင်ဧကရာဇ်၆ယောက်က ကျန်းရီရှေ့ သုံးမိုင်အကွာတွင် ရှိနေတာကို သတိပြုမိရန် လုံလောက်သည်။ ကျန်းရီက မည်သည့်အရှိန်အဝါ တည်ရှိမှုမှ မထုတ်ဖော်ခဲ့ပေ။ သူ၏ မီးတိမ်သံချပ်ကာကလည်း ပေါ်မလာချေ။ ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေလျက် ခပ်ဝေးဝေးရှိ လူအယောက်၁၀၀ကို စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

“ငါ့ကို ဘယ်သူ ရှာနေတာလဲ”

“ဝါး..”

ပုဟယ်၏ ဘက်ခြမ်း၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ အကြောင်းမှာ ကျန်းရီက ငယ်ရွယ်လွန်းသောကြောင့် ဖြစ်သည်။ သူတို့ သူ့ကို မည်မျှ ထောက်လှမ်းစေကာမူ သူ့ခွန်အားက ဗာဂျရာနယ်ပယ်တွင်သာ ရှိသေး၏။ သူက အမှန်တကယ် အဖွဲ့မှုးတစ်ယောက်ပေလော။ သူက ကောင်းကင်ဧကရာဇ်၆ယောက်မျှဖြင့် ဤနေရာကို လာရဲသေးသည်လော။ ထို့အပြင် သူက ပေါ်လာသည်နှင့် မောက်မာထောင်လွှားကာ နိုင်လိုမင်းထက်ဆန်ဆန် ပြုမူရဲသည်လော။

ပုဟယ်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားရာ သူ့ဘယ်ဘက်ပါးပေါ်ရှိ အမာရွတ်က လိုက်ပါသွားပြီး ပုံမှန်မဟုတ် ရက်စက်ပုံ ပေါ်သွားစေ၏။ သူနှင့်ရင်းနှီးသည့်သူများက သူအင်မတန် ဒေါသထွက်နေပြီမှန်း သိလိုက်၏။ သူ့ကို ထိန်းချုပ်ထားပြီး မလှုပ်ရှားသေးတာကပင် ချီးကျူးဖွယ် ကောင်းနေပြီဖြစ်သည်။

သူက နောက်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်ကို ဖိနှိပ်ရန်အတွက် လက်မြောက်လိုက်၏။ ပြီးနောက် အားတင်းပြုံးကာ ရှေ့ကို လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။

“ကျုပ်နာမည်က ပုဟယ်ပါ အဖွဲ့မှုးကျန်းကို နှုတ်ဆက်ပါတယ်”

ကျန်းရီက ပြန်မနှုတ်ဆက်ပဲ ပုဟယ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။

“မင်း ငါ့ကို ဘာကြောင့် ရှာတာလဲ”

ပုဟယ်လူများ၏ မျက်လုံး၌ မီးများ တောက်လောင်နေ၏။ သို့သော် ပုဟယ်ကမူ ထိုအစား ယခုအချိန်တွင် တည်ငြိမ်နေသည်။ ကျန်းရီက မောက်မာထောင်လွှားနေ၏။ ယင်းက ထိုလူကို ပိုတောင် ထူးဆန်းပုံပေါ်သွားစေသည်။ ထို့အပြင် သူသည် ဤအသက်၊ ဤခွန်အားဖြင့် အဖွဲ့မှုးရာထူးကို အမှန်တကယ် တတ်နိုင်သည်လော။ ကောင်းကင်မိုးကြိုးမြို့ထဲရှိ သိုင်းပညာရှင်များအားလုံး သေကုန်ပြီလော။ တစ်စုံတစ်ခု ထူးဆန်းနေလျှင် အကောက်ကြံမှုအချို့ ရှိရမည်။ သူက မလှုပ်ရှားခင် နှိုင်းနှိုင်းချိန်ချိန် လုပ်ရပေမည်။

သူက အသက်တစ်ချက် ရှုပြီးနောက် ပြုံးလိုက်ရာ မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်ရှုံ့ကုန်၏။

“အဖွဲ့မှုးကျန်း ကျုပ်တို့ ညီအစ်ကိုတွေမှာ အဆုံးမှာတော့ စားဖို့ အစားအစာ မရှိတော့ဘူး။ ဒါကြောင့် အဖွဲ့မှုးကျန်းကို ကျုပ်တို့တွေ စားစရာတချို့ တောင်းဆိုတာပါ။ အဖွဲ့မှုးကျန်း မိုးကြိုးတောင်ကြားထဲမှာ မင်းရဲ့နယ်မြေက ဘယ်လောက်ကျယ်လဲ ကြည့်ကြည့် ဒါကြောင့် တစ်ဝက်ခွဲပေးပါလား။ ကျူပ်လူတွေ အဆင်အခြင်မမဲ့ဘူးလို့ ကတိပေးတယ်။ ပြီးတော့ ပြန်ရောက်တဲ့အချိန် လက်ဆောင်တွေလည်း ရက်ရက်ရောရောပေးမှာပါ နောင်ကျ ကျုပ်တို့ညီအစ်ကိုတွေကလည်း မင်းကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်လိမ့်မယ်”

ပုဟယ်သည် အတော်လေး အမူအကျင့်ကောင်းပုံဖြင့် ပြော၏။ သူ၏ ရည်ရွယ်ချက်က အလွန်ရှင်းလင်းနေလေသည်။ သူ ပြောတာက ရှင်းပေ၏။ သူသည် မိုးကြိုးကျောက်တုံးများ လုံလုံလောက်လောက် လိုချင်ရုံသာ ဖြစ်သည်။ သို့မှသာ သူ့လူများ အသတ်မခံရမှာပဲ ဖြစ်၏။ သူတို့က ကျန်းရီကို ခစားရန် ဆန္ဒမရှိ၊ သူက ကျန်းရီဘက်တွင် နေပြီး သူ့အမိန့်ကို နာခံမည်ဟု ဆိုလိုသည်။ ကျန်းရီက တိတ်ဆိတ်နေစဉ် ပုဟယ်နှင့် ကျန်သည့်သူများက စိတ်လှုပ်ရှားလာ၏။ အကြည့်ပေါင်းရာချီက ကျန်းရီဆီသို့ ရောက်လာလျက် သူ၏ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ငါးမိနစ်ကျော် တွေးဆပြီးနောက် သူက ခေါင်းမော့ကာ ကရုဏာသက်သည့် လေသံဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ် မင်းတို့ကို နယ်မြေပေးဖို့ မပြောနဲ့ မင်း ငါ့လက်အောက်မှ ခစားချင်တယ် ဆိုရင်တောင် တစ်ယောက်ကိုမှ လက်ခံမှာ မဟုတ်ဘူး။ တင်းတို့အားလုံး ထွက်သွားကြ။ ပြဿနာကို ဖန်တီးရဲတယ် ဆိုရင် အသက်အညှာမရှိ အသတ်ခံရမယ်”

ကျန်းရီ ပြောပြီးသည်နှင့် ပုဟယ်နှင့် သူ့လူများက ဒေါသထွက်ကုန်၏။ ကောင်းကင်ဧကရာဇ်အားလုံးက အတွင်းအားများ ဖြာထွက်လာပြီး သူတို့ နတ်ဘုရားဒိုင်းများကို ထုတ်ဖော်ကာ လက်နက်များ ဆွဲထုတ်လိုက်လေ၏။ သူတို့အားလုံးက သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပေါ်ထွက်နေလျက် တိုက်ခိုက်ရန် ပုဟယ် အမိန့်ပေးမှာကို စောင့်ဆိုင်းနေကြသည်။

ကျန်းရီက သူ့ကို အရှက်ခွဲနေသောကြောင့် ပုဟယ်ကလည်း ဒေါသထွက်လာသည်။ ထိုကဲ့သို့ ငယ်ရွယ်သော ကျန်းရီကဲ့သို့လူကို မဆိုထားနှင့်။ အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်နှင့် ကျန်သည့်သူများ ဖြစ်နေလျှင်တောင် ပုဟယ်က ဒေါသထွက်လိမ့်မည်။ သူ၏ နတ်ဘုရားဒိုင်းကို ထုတ်ဖော်ပြီဲး သူ့လက်ထဲ၌ တိုက်ပွဲဝင် စစ်ပုဆိန်က ပေါ်လာပြီး အော်လိုက်၏။

“ဒါဆို ပုဟယ်က အဖွဲ့မှုးကျန်းရဲ့ သာလွန်တဲ့စွမ်းရည်ကို မြည်းစမ်းကြည့်မှာပေါ့ သတ်..”

ဝှစ် ဝှစ်.. ဝှစ်..

နောက်ဆုံးစကားအော်တာ မပြီးသေးခင် မရေမတွက်နိုင်သည့် လေခွင်းသံများက ကောင်းကင်မိုးကြိုးမြို့ဘက်ကနေ ခေါ်လာနေ၏။ နျိုတုန်သည် ကောင်းကင်ဧကရာဇ်တစ်ရာနီးပါးကို ဦးဆောင်လာလျက် သတ်ဖြတ်ခြင်းနတ်ဘုရားများတဖွယ် ပျံသန်းလာ၏။ နျိုဝမ်နှင့် ကျန်သည့်သူများကလည်း မလှမ်းမကမ်းကနေ ဝုန်းခနဲ ထွက်လာကြသည်။

“အဖွဲ့မှုးကျန်းက အမိန့်ပေးတယ် သူတို့အားလုံးကို ခုတ်ပစ်.. ဘယ်သူ့ကိုမှ ချမ်းသာမပေးနဲ့”

...

All Chapters