← Chapters

ဒါကို ပြန်တွေးသင့်ပြီ

Vol. 51 Ch. 700

ဒါကို ပြန်တွေးသင့်ပြီ

Vol. 51 Ch. 700

ကောင်းကင်ဧကရာဇ်များ ကြားထဲ၌ အစ်မကြီးဆည်းလည်း၏ နံပါတ်တစ် တိုက်ခိုက်ရေးသမား ရန်တုံတစ်ယောက်သာလျှင် အလယ်အဆင့် ကောင်းကင်ဧကရာဇ်ဖြစ်သည်။ ရန်တုံက သိုသိုသိပ်သိပ် နေတတ်သူ ဖြစ်ပြီး အစ်မကြီးဆည်းလည်းအပေါ် အင်မတန် သစ္စာရှိကာ သူ့ကိုယ်သူ နှစ်မြှုပ်ထား၏။ အစက ကျန်းရီနှင့် အစ်မကြီးဆည်းလည်းသည် ဆွေးနွေးခဲ့ပြီး ရန်တုံ့ကို အဖွဲ့မှုးများထဲမှ တစ်ယောက်အနေဖြင့် မြင့်တင်ပေးရန် ပြင်ဆင်ခဲ့ကြ၏။ သူတို့နှစ်ယောက်၏ ထောက်ပံ့ပေးမှုဖြင့် အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများက လေတောင်လည်ရဲမှာ မဟုတ်ချေ။ သို့သော် ရန်တုံက ၎င်းကို ငြင်းပယ်ခဲ့ပြီး အစ်မကြီးဆည်းလည်းနောက် လိုက်ရတာက ပိုလွယ်ကူသည်ဟု ဆိုခဲ့သည်။ သူက ဘာမှစဉ်းစားစရာ မလိုပေ။ အစ်မကြီးဆည်းလည်း သတ်ခိုင်းသည့်သူကို ရိုးရိုးရှင်းရှင်း သတ်ရုံသာ ဖြစ်သည်။

ကျန်းရီ၏လူများက မြို့သို့ တိတ်တဆိတ် ပြန်သွားပြီး အစ်မကြီးဆည်းလည်းကို ရှာခဲ့၏။ ကျန်းရီထံမှ တောင်းဆိုချက် ဖြစ်ကြောင်း ကြားသည်နှင့် အစ်မကြီးဆည်းလည်းက တွေဝေမနေဘဲ ရန်တုံကို လူအားလုံးစုရန် အမိန့်ပေးလိုက်ပြီး နျိုတုန်နောက် လိုက်သွားစေ၏။

နျိုတုန်သည် ကန္တာရသို့ ရောက်ခါစ၌ ပုဟယ်နှင့် သူ့လူများက ကျန်းရီနှင့် စတင်တိုက်ခိုက်တော့မှာကို မြင်သောအခါ သူက မည်သည်ကိုမှ အမှုမထားဘဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။ သူ ကျန်းရီထံမှ စာရရှိသည်နှင့် ချက်ချင်းပင် နတ်ဘုရားဒိုင်းကို ထုတ်ဖော်လျက် လက်နက်ကို ထုတ်ကာ ဟိန်းဟောက်လျက် တိုက်ခိုက်တော့၏။

ကျန်းရီ၌ သူ့လက်အောက်တွင် ကောင်းကင်ဧကရာဇ်အယောက် ၃၀ကျော် ရှိပြီး ရန်တုံနှင့် သူ့လူ၆၀အပြင် ကောင်းကင်ဧကရာဇ်၁၀၀ နီးပါးက ခမ်းနားထည်ဝါသော သွင်ပြင်ဖြင့် ပျံသန်းလာလေ၏။ နျိုတုန်အော်ဟစ်လိုက်ပြီးနောက် စတင်တိုက်ခိုက်ကြတော့သည်။

ချီး ချီး..

ဖုန်း ဖုန်း..

ဖောင်း ဖောင်း..

ကောင်းကင်ဧကရာဇ်၉၀ ကျော် တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။ ရလဒ်ကတော့ စစ်မြေပြင်တွင် ရှင်းနေ၏။ တိုက်ကွက်ကိုးဆယ်ကျော် ထုတ်ဖော်လိုက်သည်နှင့် ကျန်းရီ၏ အမူအရာကတောင် ပြောင်းလဲသွားကာ မီးတိမ်သံချပ်ကာပေါ်လာလျက် သူ အမြန်ဆုံး အရှိန်ဖြင့် နောက်ဆုတ်လိုက်သည်။ သူ့နောက်ရှိ ကောင်းကင်ဧကရာဇ်၆ယောက်က နောက်ဆုတ်ပြီးနေပြီဖြစ်သည်။

နေရောင်အောက်၌ ကောင်းကင်က ရောင်စုံအလင်းများ ဖြာထွက်နေလေ၏။ အလင်းစီးကြောင်း၉၀ ကျော်က ပျံသန်းလာပြီး လေအလွှာများစွာကို ယိမ်းယိုင်စေကာ နားဆူစေသည့် စူးရှသော အသံတစ်သံရှိနေ၏။ ပတ်ဝန်းကျင် လေဟာနယ်အပိုင်းအခြားက စုတ်ဖြဲခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် အက်ကွဲကြောင်းများပေါ်လာလေ၏။ ထိုတိုက်ကွက်များက အမျိုးမျိုးသော တာအိုပုံစံများနှင့် ထူးဆန်းသော အသွင်သဏ္ဌာန်များ ပါဝင်၏။ ယင်းက အဆိပ်ရှိသော မြွေတစ်ကောင်ကဲ့သို့ ချွန်ထက်သော လှံနှင့် ဆင်တူ၏။ အချို့ကမူ မီးဖီးနစ်ကဲ့သို့ မြင့်မားသည့် အပူချိန်ရှိသည်။ အချို့ကမူ ထူးဆန်းသော သားရဲတစ်ကောင်၏ ဦးခေါင်းပမာပုံပေါ်နေလေပြီး နားစည်ကွဲလောက်သည့် ဟိန်းသံမျိုး ထုတ်လွှင့်နေ၏။ အချို့က ဧရာမနတ်ဆိုးမျက်နှာဖွဲ့တည်ပြီး လူအများ၏ စိတ်နှလုံးကို ချောက်ချားစေပြီး ဖြစ်သည်။ အမည်မသိ တာအိုပုံစံဖြင့်လည်း တိုက်ခိုက်ခံရသေး၏။

“မြန်မြန် နောက်ဆုတ်ကြ..”

ပုဟယ်၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွား၏။ သူသည် အစက ကျန်းရီကို တိုက်ခိုက်ချင်ခဲ့သည်။ သို့သော် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူ မည်သို့ ဆက်တိုက်ခိုက်ရဲတော့မည်နည်း။ ရွေးချယ်စရာမရှိဘဲ အော်ဟစ်ကာ တစ်ပြိုင်နက်တည်း ဘေးသို့ ရှောင်တိမ်းလိုက်၏။ သူ၏ စစ်ပုဆိန်က စကြဝဠာ၏ စွမ်းဆောင်ရည် ရှိသည့် ထိတ်လန့်ဖွယ် ငွေရောင်အလင်းတစ်ခု ပေါ်ထွက်လာလျက် ယင်းသည် တိုက်ကွက် ၁၂ခုဆီသို့ အညှာအတာမဲ့စွာ တိုးဝင်သွား၏။

ပုဟယ်၏ ကောင်းကင်ဧကရာဇ် လက်အောက်ငယ်သားများက တစ်ဖက်၌ သူတို့အရေအတွက်ထက် နှစ်ဆကျော် ရှိနေတာကို မြင်ပြီး ဖြူလျော်နေကြပြီဖြစ်သည်။ အစက ထိုငယ်ရွယ်သော အဖွဲ့မှုး၌ မည်သည့်ခွန်အားမျှမရှိဟု တွေးခဲ့သည်။ သို့သော် သူက အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်နှင့် သူတို့ ယခင်က ရန်စခဲ့သည့် ကျန်သည့်သူများထက် ပိုတောင် ကြမ်းတမ်းပုံပေါ်၏။ ထိုမျှ များပြားသည့် ကောင်းကင်ဧကရာဇ်များစွာကို စုဝေးနိုင်သည့် အရည်အချင်း စွမ်းရည်မှာ ခွန်အားပုံစံတစ်မျိုး ဖြစ်ပြီး သူ့၌ ခွန်အားမရှိလျှင် ကောင်းကင်ဧကရာဇ်များက သူ့အမိန့်ကို မည်သို့ နာခံမည်နည်း။

သူတို့က ယခုအချိန်တွင် ထိုကဲ့သို့ ကိစ္စရပ်များကို တွေးနေရန် အချိန်မရှိပေ။ အပတ်တကုပ် တိုက်ခိုက်နေပြီး သူတို့၏ နတ်ဘုရားဒိုင်းထဲသို့ အတွင်းအားများ ထည့်ကာ အမြန်ဆုံးအရှိန်ဖြင့် တစ်ဖက်သို့ ရှောင်တိမ်းလိုက်သည်။

“ခေါင်းဆောင်ပု ကျွန်တော်တို့ကို ကယ်ပါအုံး”

“ဆုတ်ကြ.. အရှုံးပေးတယ် ကျုပ်တို့ အရှုံးပေးတယ်”

“ကယ်ပါ ကျုပ်တို့ မသေချင်သေးဘူး”

နတ်ဘုရားဒိုင်းရှိသည့် ကောင်းကင်ဧကရာဇ်များက အလွန်မြန်ဆန်သော်ငြား ထိုအမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ်သိုင်းပညာရှင် အယောက်သုံးရာက သူတို့ကိုယ်သူတို့ မကယ်တင်နိုင်ခဲ့ကြချေ။ အဖျက်စွမ်းအားနှင့် ကောင်းကင်ကို အုပ်မိုးထားသည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့် အချိန် သူတို့အားလုံးက စိတ်ပျက်အားငယ်လာကြပြီး သနားစဖွယ် အော်ဟစ်ကြတော့၏။ တိုက်ကွက်များက မြန်ဆန်လွန်းနေပြီး အရေအတွက်များလွန်း၏။ ကောင်းကင်ဧကရာဇ်များသာ ရှောင်နိုင်ရန် အရှိန်လုံလောက်သော်ငြား နှေးသည့်သူများက ထိသွားမှာ မလွဲမသွေပဲ ဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များအတွက် လွတ်မြောက်ဖို့က မည်သို့တောင် ဖြစ်နိုင်မည်နည်း။

ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ၃၀၀က အသားစအဖြစ် ပြောင်းလဲသွားပြီး အချိန်မီ မလွတ်မြောက်နိုင်သော ကောင်းကင်ဧကရာဇ်အများစုကမူ သူတို့နတ်ဘုရားဒိုင်းများ ပြိုကွဲကုန်၏။ သူတို့ ခန္ဓာကိုယ်က သွေးမြူအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထဲ တစ်စစီ ဖြစ်သွားသည်။ နေရာအနှံ့ ပေါက်ကွဲမှု ဖြစ်နေပြီး လေဟာနယ်အပိုင်းအခြားက ယိုယွင်းပျက်စီး စုတ်ဖြဲခံလိုက်ရကာ ပေါက်ကွဲသံများက နားထဲ အဆက်မပြတ် ပေါ်ထွက်နေလေ၏။ ကျယ်လောင်လွန်းသောကြောင့် ကောင်းကင်ကနေ ကျဆင်းလာသည့် မိုးကြိုးပစ်သံကတောင် အလွှမ်းခံလိုက်ရသည်။

တစ်လှည့်.. ယင်းက တိုက်ခိုက်မှု တစ်လှည့်မျှသာ ဖြစ်သည်။ ပုဟယ်၏ ဗာဂျရာနယ်ပယ် လက်အောက်ငယ်သား ၃၀၀လုံး ရှင်းထုတ်ခံလိုက်ရပြီဲး ကောင်းကင်ဧကရာဇ်အယောက် ၄၀၌ အနည်းဆုံး ၁၀ယောက် အသတ်ခံခဲ့ရသည်။ နတ်ဘုရားဒိုင်း ပြိုကွဲသွားသည့်သူ အချို့ရှိ၏။ ထိုသို့တိုင် လွတ်မြောက်နိုင်သေးသော်ငြား သူတို့အားလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ကြ၏။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းရီတို့ ဘက်ခြမ်းတွင် နတ်ဘုရားဒိုင်း ပြိုကွဲသူက အနည်းစုသာ ရှိပြီး ဒဏ်ရာအသေးစားသာ ရခဲ့သည်။ ယင်းက တစ်ဖက်သတ် မြင်ကွင်း ဖြစ်နေပြီး ပုဟယ်၏ ဘက်ခြမ်းက အပြည့်အဝ ဖိနှိပ်ခံထားရသည်။

“အင်း..”

ကျန်းရီက သွက်သွက်လေး နောက်ဆုတ်လိုက်၏။ သူက အလယ်အဆင့် ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်စွမ်းရှိသည့် မီးတိမ်သံချပ်ကာ၏ ခုခံမှုရှိသည်။ တိုက်ခိုက်မှု၏ လှိုင်းများက သူ့ကို မထိခိုက်စေနိုင်ပေ။ ထိုသို့တိုင် မီတာရာချီအကွာသို့ တွန်းထုတ်ခံလိုက်ရသေးဆဲ ဖြစ်ပြီး သူ့ရင်ဘတ်ထဲ၌လည်း အတော်လေး မွန်းကြပ်လာတော့၏။

သူက တစ်ချက် ကြည့်ပြီး သွေးများ၊ အသားစများ တစ်စစီ ဖြစ်နေသည့် မြင်ကွင်းကြောင့်.. ထိတ်လန့်သွားလေ၏။ သူက တစ်ပြိုင်နက်တည်း လူပေါင်းများစွာ တိုက်ခိုက်တာ ခံရမည် ဆိုလျှင် မီးတိမ်သံချပ်ကာ ရှိနေလျှင်တောင် သူ သေရပေလိမ့်မည်။ ကံကောင်းသည်မှာ သူ့၌ မိုးကြိုးမီး ရှိနေပြီး အဝိုင်းခံရမှာကို မကြောက်၊ သာမန်ကောင်းကင်ဧကရာဇ်များက သူ့နားဝိုင်းရန် အခွင့်အရေးတောင် ရှိမနေချေ။

ဝှစ်..

အစောတုန်းက နောက်ဆုတ်သွားကြသည့် ကောင်းကင်ဧကရာဇ် ၆ယောက်သည် နတ်ဘုရားသက်တံများသဖွယ် ပျံသန်းလာလေ၏။ သူတို့က ရှုံးနိမ့်ပြီးသူကို ရိုက်နိုင်သည့် အခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ပေ။ အုပ်စုဖွဲ့တိုက်ပွဲ၏ သမိုင်းကြောင်းထဲ၌ စည်းမျဉ်းတစ်ခု ရှိ၏။ အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာများနှင့် အထွတ်အထိပ်ရတနာများမှအပ တစ်ဖက်လူ၏ ရတနာများကို ရသည့် မည်သူမဆို ထိုသူ၏အပိုင်သာ ဖြစ်သည်။

ကျန်းရီက မလှုပ်ရှားဘဲ အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေ၏။

လူများစွာက ရက်စက်ကြမ်းကြုတ်သော ဝံပုလွေများသဖွယ် တစ်ဟုန်ထိုး ရောက်လာတာကို မြင်လိုက်သောအခါ သူတို့က အုပ်စုဖွဲ့ပြီး စတင်သတ်ဖြတ်ကြတော့၏။ မရေမတွက်နိုင်သည့် တိုက်ပွဲများစွာကို တွေ့ကြုံပြီးနောက် ကျန်းရီ၏ရင်ထဲ အေးစက်နေပြီဖြစ်သည်။ လူရာချီကို မဆိုထားနှင့် သူ့ရှေ့၌ သိုင်းပညာရှင်တစ်သောင်း သို့မဟုတ် တစ်သိန်းကျော် သေဆုံးသွားလျှင်တောင် သူ စိတ်ပျော့မှာ မဟုတ်ပေ။

“အရှုံးပေးပါတယ်။ ကျုပ်တို့ လိုလိုလားလား အရှုံးပေးပါတယ်။ အဖွဲ့မှုးကျန်း.. သစ္စာစောင့်သိပါ့မယ်”

ပုဟယ်က ကြောက်လန့်နေပြီဖြစ်သည်။ သူက ရန်တုံ၊ နျိုတုန်နှင့် ကျန်သည့်သူများ ရက်စက်သော ကျားများသဖွယ် ခုန်အုပ်လာတာကို မြင်တွေ့သည့် အချိန်၌ သေခြင်းတရား အငွေ့အသက်ကို ရလိုက်ပြီဖြစ်သည်။ သူက ရန်တုန်နှင့် ကျန်သည့် ကောင်းကင်ဧကရာဇ်နှစ်ဦး၏ တိုက်ခိုက်မှုကို ကြိုးစားပမ်းစား ခုခံနေစဉ် ကျန်းရီကို တောင်းပန်နေ၏။

“ဟုတ်တယ် ကျွန်တော်တို့ အညံ့ခံပါတယ် အဖွဲ့မှုးကျန်း နောင်ကျ ကျွန်တော်တို့က အဖွဲ့မှူးရဲ့ ခွေးတွေပါပဲ အဖွဲ့မှူးကိုက်စေချင်တဲ့ ဘယ်သူ့ကိုမဆို ကိုက်ပေးပါ့မယ် အသက်ချမ်းသာပေးသရွေ့ ရပါပြီ”

“အဖွဲ့မှုးကျန်း သက်ညှာပေးပါ”

ပုဟယ်က ဟိန်းဟောက်ပြီး ရုန်းကန်နေသည့် လက်အောက်ငယ်သားများကလည်း အော်ဟစ်နေ၏။ သူတို့ ယခုအချိန်တွင် အညံ့မခံလျှင် အပြည့်အဝ ရှင်းထုတ်ခံရမှာပဲ ဖြစ်၏။ ထိုတောပုန်းဓားပြများသည် အစက လူလိမ်လူကျစ်များသာ ဖြစ်ကြသည်။ အညံ့ခံရန် မဆိုထားနှင့် သူတို့ အသက်ချမ်းသာရာရမည် ဆိုလျှင် ဒူးထောက်ဖို့တောင် တွေဝေနေမှာ မဟုတ်ပေ။

ဝှစ် ဝှစ် ဝှစ်..

နျိုတုန်၊ ရန်တုံနှင့် ကျန်သည့်သူများကလည်း ကျန်းရီဆုံးဖြတ်ချက် ချမည့်အချိန်ကို စောင့်နေ၏။

ကျန်းရီက ခဏတာ စဉ်းစားပြီး နှာခေါင်းကို ပွတ်ကာ လေးလံသည့် လေသံဖြင့် ပြောလိုက်၏။

“ငါ ဒါကို တွေးပေးမယ်”

ဖူး..

ပုဟယ်နှင့် ကျန်သည့်သူများက ဖိအားကြောင့် သွေးအန်ကုန်၏။ ကျန်းရီက စဉ်းစားနေ၏။ သို့သော် လက်အောက်ငယ်သားများကမူ စဉ်းစားနေမှာ မဟုတ်ပေ။ သူတို့က ပိုကြမ်းတမ်းစွာ တိုက်ခိုက်နေကြပြီး မျက်တောင်နှစ်ခတ်စာ အချိန်မျှပင် နောက်ထပ် လေးငါးယောက် အသတ်ခံရပေလိမ့်မည်။

“အဖွဲ့မှုးကျန်း..”

ပုဟယ်က ထပ်မံ အော်ဟစ်လိုက်၏။ ကျန်းရီ၏ မျက်နှာထက်၌ တွေဝေနေသည့် အရိပ်အယောင်ပေါ်လာကာ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ သို့သော် တိုက်ခိုက်မှုကို ရပ်တန့်ရန် ရည်ညွှန်းဖို့ရာ လက်ကို မလွဲချလိုက်ပေ။

“အား.. အား အား..”

နောက်ထပ် လူငါးယောက် အသတ်ခံလိုက်ရ၏။ ပုဟယ်နှင့် ကျန်သည့်သူများက ကျန်းရီ၏လက်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရပြီး ငိုမိလုနီးပါး ဖြစ်နေ၏။ ကျန်းရီက တွေးနေသေးဆဲ ဖြစ်ကာ သူ၏လက်က ထိုနေရာတွင် ရှိနေသေးသည်။

အချိန်က တတိတိ ကုန်ဆုံးသွားပြီး ပုဟယ်နှင့် သူ့လူများက အသက်ဆယ်ရှိုက်စာကျော်ခန့် စောင့်ဆိုင်းနေစဉ် ကျန်းရီကမူ အဖြေမပြောသေးပေ။ သူတို့က ကျန်းရီသည် သူတို့ကို လှည့်စားနေမှန်း သိသွားတော့သည်။ သူတို့အသက်ကို ချမ်းသာပေးရန် ကျန်းရီက တစ်ခါမျှ မတွေးထား။ အားလုံး၏ အကဲဖြတ်မှုကို နှောင့်ယှက်ရန် တမင်တကာ လုပ်ပြီး သူတို့ စိတ်ဓာတ်ခွန်အားကို နိမ့်ပါးစေတာပဲ ဖြစ်သည်။

“အဲဒီမျိုးမစစ် ခွေးကို သတ်..”

ပုဟယ်က ဒေါသတကြီး အော်ဟစ်လျက် ငွေရောင်အလင်းတန်းကို သုံးကာ ရန်တုံနှင့် ကျန်သည့်သူများကို နောက်ဆုတ်အောင် ဖိအားပေးပြီး သူက နဂါးတစ်ကောင်ပမာ ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်သွားလေ၏။ သူတို့ကိုယ်သူတို့ စတေးခံရန် အသင့်ပြင်ထားသည့် ကောင်းကင်ဧကရာဇ်ခုနှစ်ယောက် ရှိပြီး သူတို့အသက်ကို အမှုမထားဘဲ ကျန်းရီဆီသို့ တစ်ဟုန်ထိုးဝင်လိုက်သည်။ သူတို့သေရမည် ဆိုလျှင်တောင် ကျန်းရီကို သူတို့နှင့်အတူ သေတွင်းထဲ ခေါ်သွားမည်။

“နောက်ဆုတ်ကြ..”

နျိုတုန်နှင့် ကျန်သည့်သူများက တစ်ချက်ကြည့်ပြီး ကျန်းရီ၏ မီးနဂါးဓား တိတ်တဆိတ် ပေါ်လာလျက် မီးဝိညာဉ်ပုလဲက အနီရောင်အလင်း မြင်တွေ့လိုက်ရ၏။ သူတို့အကြည့်များက ပြောင်းလဲသွားပြီး ကြောက်လန့်တကြား နောက်ဆုတ်လေ၏။ ရန်တုံနှင့် ကျန်သည့်သူများက အဖြစ်အပျက်ကို နားမလည်သော်ငြား သူတို့ကလည်း အန္တရာယ်ကို အာရုံခံမိပြီး ကြောက်လန့်တကြား နောက်ဆုတ်ကြလေ၏။

“ခွီး ခွီး.. မင်းတို့တွေက ဒီအဖွဲ့မှုးကို အနိုင်ကျင့်ရလွယ်တဲ့သူလို့ ထင်တယ်ပေါ့ မင်းတို့က ငါ့ကို လွယ်တဲ့သူများ ထင်နေလား”

ကျန်းရီက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး လေထဲကနေ ပျောက်ကွယ်သွားကာ နောက်တစ်စက္ကန့်၌ တိုက်ခိုက်သူများ၏ ဘယ်ဘက်အပေါ်ထိပ်၌ ပေါ်လာလေ၏။ သူ၏ မီးဝိညာဉ်ပုလဲက ရောင်ခြည်များဖြင့် လင်းထိန်လာကာ မရေမတွက်နိုင်သည့် မိုးကြိုးမီးများ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင် အပူချိန်ကို ရုတ်တရက် အစတစ်ရာ တိုးသွားစေ၏။ သေစေနိုင်လောက်သည့် အပူလှိုင်းက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမျိုသွားတော့သည်။

...

All Chapters