← Chapters

လက်မခံတဲ့လူရှိလား

Vol. 51 Ch. 702

လက်မခံတဲ့လူရှိလား

Vol. 51 Ch. 702

“သခင်မလေး နှစ်ဝက်အတွင်း နဂါးဖြူမြို့အတွက် ဒီနေရာကနေ ထွက်သွားမှာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ကူညီဖို့ ဘာကြောင့် ဒီလောက်အားစိုက်ထုတ်နေတာလဲ”

ကျော့ရှင်းသည့် ခြံဝန်းလေးသည် မြို့၏အရှေ့ဘက်ခြမ်း၌ တည်ရှိလေပြီး ရှောင်ဟုန်က ဇဝေဇဝါ ဖြစ်နေသောအမူအရာဖြင့် မေးလိုက်၏။

သူမသည် အစ်မကြီးဆည်းလည်းနောက် နှစ်ပေါင်းများစွာ လိုက်ခဲ့သည်။ ထို့ကြောင့် အစ်မကြီးဆည်းလည်း၏ အကျင့်စရိုက်အကြောင်း အလွန်ရှင်းရှင်းလင်းလင်းသိ၏။ သူမသည် အမှန်တကယ် တိတ်ဆိတ်ပြီး အားပြိုင်ရတာကို မနှစ်သက်ပေ။ သူမက အင်မတန် သန်မာလွန်းနေပြီး မြို့အရှင်မျက်နှာသာပေးတာ ခံထားရသည်။ ကောင်းကင်မိုးကြိုးမြို့ကို သူမအမှန်တကယ် သိမ်းပိုက်ချင်သည်ဆိုလျှင် အစောကတည်းက အုပ်စိုးပြီးဖြစ်၏။ သို့သော် နှစ်ပေါင်းများစွာကြာအောင် ဘာမှမလုပ်ခဲ့ပေ။ ယခုအခေါက်တွင် ကျန်းရီကြောင့်မူ ချွင်းချက်တစ်ခု လုပ်ပေးခဲ့သည်။

အစ်မကြီးဆည်းလည်း ဘာမှမပြောတာကို မြင်သောအခါ ရှောင်ဟုန်က သိချင်သည့်အမူအရာဖြင့် ကြည့်ပြီး လှောင်ပြောင်လိုက်တော့သည်။

“သခင်မလေးက အဖွဲ့မှူးကျန်းကို ကြိုက်သွားတာများလား။ သူ့ကို သခင်မလေးရဲ့ လူအဖြစ် ခေါ်ဖို့တွေးနေတာလား ဟီးဟီး”

အစ်မကြီးဆည်းလည်းက နောက်ဆုံး၌ တုန့်ပြန်တော့သည်။ သူမ၏ မျက်နှာထက်၌ ဒေါသအရိပ်အယောင် ပေါ်လာပြီး ရှောင်ဟုန်ကို မိစ္ဆာဆန်သော အကြည့်များဖြင့် ကြည့်လိုက်လေ၏။ စိတ်ပျက်နေသော အသံက သူမနှုတ်ဖျားထက်မှ ထွက်လာလေသည်။

“အဓိပ္ပာယ်မရှိတာတွေ မစဉ်းစားဘဲ ထပ်ပြောမယ်ဆိုရင် နင့်ဘာသာနင် ရိုက်ရလိမ့်မယ်”

“ဟီး ဟီး”

ရှောင်ဟုန်က ကြောက်လန့်သွားပုံ မပေါ်ပေ။ သူမက လျှာထုတ်ပြီး မျက်နှာထက်တွင် ဝမ်းသာအားရ အကြည့်မျိုး ရှိနေလေ၏။

“ဟူး”

အစ်မကြီးဆည်းလည်းက ပေါ့ပေါ့ပါးပါး သက်ပြင်းချလိုက်၏။

“ငါပြန်ဖို့အတွက် အချိန်ကျရောက်လာပြီ။ နဂါးဖြူမြို့ထဲက အငြိုးအတေးတွေက ဖြေရှင်းပြီးလောက်ပြီ။ အဖွဲ့မှူးကျန်းကို ငါကူညီပေးနိုင်တာက နင်တို့တွေက အကြောင်းပြချက် မဖြစ်နိုင်ဘူးလား”

သူမက နောင်တတရားတို့ဖြင့် ရုတ်တရက် သက်ပြင်းချလိုက်လေ၏။

“အဖွဲ့မှူးလန်နဲ့ အဖွဲ့မှူးလုတိတို့က ဆက်ဆံရေးကောင်းတယ်။ တခြားသူတွေက မသိလောက်ပေမဲ့ ငါကတော့ ရှင်းရှင်းလင်းလင်းသိတယ်။ သူတို့နှစ်ယောက်က မိုးကြိုးကျောက်တုံးတွေရဖို့ လက်တွဲထားတာ။ လတိုင်းလတိုင်း သူတို့တွေက ဒီလိုလုပ်ပြီး မိုးကြိုးကျောက်တုံး ပမာဏများစွာကို ရိတ်သိမ်းနိုင်ခဲ့တယ်။ အဖွဲ့မှူးလီနဲ့ အဖွဲ့မှူးရင်တို့လိုလူတွေက အဖွဲ့မှူးလန်ဘက်မှာ ဘာကြောင့် ရပ်တည်နေရတာလဲ။ တပ်မှူးလုတိက သူတို့ကို ခေါ်ထားပေးတာကြောင့် မဟုတ်ဘူးလား။ နှစ်ဝက်ကြာပြီးရင် အဖွဲ့မှူးလန်က ငါသွားပြီဆိုတာနဲ့ တစ်မြို့လုံးကိုပေါင်းစည်းဖို့ အစီအစဉ်တစ်ခု သေချာပေါက် စဉ်းစားမှာပဲ။ နင်၊ ရှောင်တုံနဲ့ တခြားသူတွေက ဆိုးဆိုးဝါးဝါး ခံစားရလိမ့်မယ်”

“ဟမ်”

ရှောင်ဟုန်က သူမပြောတာကို ကြားသောအခါ မျက်နှာထက်ရှိအကြည့်က ပြောင်းလဲသွားသည်။ အပြစ်ကင်းသည့်စိတ်က များများစားစား မတွေးနိုင်ဘဲ ကြောက်လန့်တကြား မေးလိုက်၏။

“သခင်မလေး ကျွန်မကို သခင်မလေးနဲ့အတူ ခေါ်သွားမှာမဟုတ်ဘူးလား။ ရှောင်ဟုန်ကို စွန့်ပစ်သွားမလို့လား”

“စွန့်ပစ်ချင်တာကြောင့် မဟုတ်ဘူး။ ငါ့နောက်လိုက်ရင် ပိုပြီးအန္တရာယ်များမှာ”

အစ်မကြီးဆည်းလည်း၏ မျက်လုံးထဲ၌ လေးလံသည့် အမူအရာ တစ်စွန်းတစ်စပေါ်လာကာ သက်ပြင်းချလိုက်၏။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လူတစ်ချို့က ပူးပေါင်းပြီး ငါ့ကိုနဂါးဖြူထဲကနေ မောင်းထုတ်ခဲ့ကြတယ်။ သူတို့က ငါ့ညီမလေးကိုတောင် သတ်ခဲ့ကြတာ။ ငါတိတ်တိတ်ဆိတ်ဆိတ် တင်းခံရင်း ငါ့စိတ်ဝိညာဉ် အပြစ်ပေးခြင်း နတ်ဆိုးသိုင်းကို အသွင်ပြောင်းအဆင့်ရောက်အောင် ထူးခြားခြင်း အဆင့်ရောက်အောင် ကျင့်ကြံခဲ့တယ်။ ငါထူးခြားခြင်းအဆင့်ကို လအနည်းငယ်ကြာပြီးလို့ ရသွားတဲ့အခါ ငါလက်စားချေဖို့ ပြန်မှာပဲ။ အဖွဲ့မှူးကျန်းက သင့်တော်တဲ့လူတစ်ယောက် ငါထွက်သွားပြီးရင် နင်တို့အားလုံး သူ့နောက်လိုက်သင့်တယ်။ ဒီတစ်ခေါက် အဖွဲ့မှူးကျန်းကို မြို့ထဲမှာ ခြေကုပ်ရယူနိုင်ဖို့ ကူညီပေးခဲ့တာ။ ဒါနင်တို့အားလုံးအတွက် ငါလုပ်ပေးနေတာ မဟုတ်ဘူးလား”

“သခင်မလေး”

ရှောင်ဟုန်၏ မျက်လုံးများက နီရဲနေပြီဖြစ်၏။ သူမက သဲ့သဲ့ရှိုက်လိုက်လေရာ မကြားရပေ။ အစ်မကြီးဆည်းလည်း လိမ်နေတာ မဟုတ်မှန်း သူမရှင်းရှင်းလင်းလင်းသိသည်။ သူက သူတို့ကို ခေါ်မသွားချင်လျှင် ဆိုလိုသည်က နဂါးဖြူမြို့သည် ပိုအန္တရာယ်များတာပဲဖြစ်၏။ ယင်းက သဘာဝကျသည်။ နဂါးဖြူမြို့က နဂါးဖြူကျွန်းဆွယ်ထဲရှိ အကြီးမားဆုံး မြို့ကြီးဖြစ်သည်။ ထိုနေရာ၌ သိုင်းပညာရှင်များ ပိုရှိပြီး ပိုရှုပ်ထွေးသည့် အင်အားစုများ ရှိနေလေကာ အင်မတန် အန္တရာယ်များမည်ဆိုတာ ပြောရန်မလိုပေ။

ညတာနက်ရှိုင်းလာသည့်အချိန်တွင် မြို့ထဲ၌ ပုံမှန်မဟုတ် တိတ်ဆိတ်နေသည်။ ရင်ပြင်ထဲ၌ လူများများစားစား မတွေ့ရပေ။ ယင်းက အမှန်တကယ် ထူးဆန်းလှ၏။

အပေါ်ယံတွင် တည်ငြိမ်နေသော်ငြား အတွင်းတွင်မူ တိတ်တဆိတ် မွှေနှောက်နေပေသည်။ ကျန်းရီက မိုးကြိုးတောင်တန်း၌ ပုဟယ်နှင့် ကောင်းကင်ဧကရာဇ် အယောက်လေးဆယ်ကျော်ကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်က သတင်းပြန့်သွားပြီ ဖြစ်နေ၏။ သူပို့ခဲ့သည့် ဖိတ်စာက လူတိုင်း၏ခေါင်းကို ထိမှန်သည့် သေခြင်းတရား အမှတ်အသားနှယ် ဖြစ်နေလေ၏။

“ပေါ်မလာတဲ့လူတွေက နောက်ဆက်တွဲကို ခံစားရမယ်”

ထိုစကားက အင်မတန် နိုင်လိုမင်းထက် ဆန်လွန်းပြီး အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများကို ဒေါသထွက်သွားစဉ် မျိုးနွယ်စုနှစ်စု၏ မောက်မာထောင်လွှားသည့် မျိုးနွယ်စုဝင်များက အလွန်ကြောက်လန့်သွားကြ၏။ ကောင်းကင်မိုးကြိုးမြို့မှ ပုဟယ်နှင့်အတူ ရောက်လာသည့်လူက အယောက်တစ်သောင်းကျော်တောင်ရှိသည်။ သူတို့အားလုံးက စိတ်ပူပန်လွန်းသောကြောင့် ဘာမှမလုပ်နိုင်ခဲ့ပေ။ ပုဟယ်သေသွားသည်နှင့် သူတို့က မျောလွင့်နေသည့် ဘဲ့ပြားပင်များပမာ ဖြစ်နေတော့၏။ မည်သူကမှ သူတို့အတွက် မည်သည့်ကံကြမ္မာ စောင့်ကြိုနေမှန်း မသိပေ။

ဒေါသတရားကို ဘေးချိတ်ထားပြီး အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများက သွက်သွက်လေး လှုပ်ရှားကြတော့သည်။ သူတို့က မြို့ထဲရှိ တပ်မှူးဆယ်ယောက်ဆီသို့ သွားရောက်လည်ပတ်၏။ သို့သော် အဖွဲ့မှူးလန်ကို တွေ့ဆုံသည့် တပ်မှူးလုတိမှအပ ကျန်သည့်တပ်မှူးများက ဧည့်သည် လက်မခံပေ။ ယင်းက အဖွဲ့မှူးများကို ကြောက်လန့်သွားစေပြီး သူတို့အားလုံးကို ပန်းပွင့်တစ်ရာ တည်းခိုဆောင်ဆီသို့ လိမ်လိမ်မာမာသွားစေပြီး ကျန်းရီပေါ်လာမှာကို စောင့်နေမိစေတော့၏။

နဂါးဖြူမြို့မှ မျိုးနွယ်စုနှစ်စုက အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများကို ရန်စခဲ့သည်။ အဆုံးတွင်မူ သူတို့က အဖွဲ့မှူးများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အသက်တော်တော်များများ ဆုံးရှုံးခဲ့ရ၏။ သူတို့၏ မောက်မာထောင်လွှားသော စိတ်ဝိညာဉ်တို့ကလည်း ယုတ်လျော့သွားပြီး ယခုအချိန်တွင် မျိုးနွယ်စုနှစ်စုလုံးက အစောကတည်းက ပန်းပွင့်တစ်ရာ တည်းခိုဆောင်သို့ ရောက်နေပြီဖြစ်သည်။

ပုဟယ်၏လက်အောက်တွင် ကောင်းကင်ဧကရာဇ် လေးယောက်ရှိ၏။ သူတို့အားလုံးက တောင်ပေါ်ဓားပြအုပ်စုကို ကိုယ်စားပြုသည့် အဖွဲ့အောက်သို့ ပစ်သွင်းခံလိုက်ရသည်။ အားလုံးက ကြောက်လန့်မှုကြောင့် တောင့်တင်းနေကြသည်။ ယနေ့ည သူတို့ပေါ်မလာလျှင် မြို့ထဲကနေ ထွက်သွားလို့မရလောက်တောာ့ပေ။ မြို့ထဲကနေ ထွက်သွားပြီးသည်နှင့် သူတို့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလောက်၏။

အဖွဲ့မှူးလန်က ပေါ်လာ၏။ သူ၏မျက်နှာထက်တွင် သုန်မှုန်သော အမူအရာရှိနေသည်။ အစ်မကြီးဆည်းလည်းက ကျန်းရီအတွက် ပြောင်ပြောင်တင်းတင်း ထောက်ပံ့ပေးနေသည်ဖြစ်ရာ လူတိုင်းကို ဤအရှုပ်အထွေးထဲ ဆွဲသွင်းလိုက်၏။ ကျန်းရီကို ဖြေရှင်းရ ခက်နေပြီဖြစ်ရာ ယခု အစ်မကြီးဆည်းလည်းကပါ ပါလာသည်လော။

သူတို့အဖို့ ကံကောင်းသည်က သူတို့ရောက်ချိန်၌ အစ်မကြီးဆည်းလည်းကိုယ်တိုင် မတက်ရောက်တာကို တွေ့လိုက်ရသည်။ သူမက ရန်တုံးကိုသာ ပို့လိုက်ခြင်းက လူတိုင်းကို အနည်းငယ် စိတ်သက်သာရာ ရသွားစေ၏။ အစ်မကြီးဆည်းလည်းကိုယ်တိုင် တက်ရောက်ခဲ့လျှင် အများစုက ယနေ့ညတွင် လေတောင်လည်ရဲမှာမဟုတ်ပေ။ ကျန်းရီပြောသမျှက အခိုင်အမာ ဖြစ်လာလိမ့်မည်။

“အဖွဲ့မှူးကျန်း ရောက်လာပါပြီ”

လူတိုင်းက လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ကျန်းရီက ဖြည်းဖြည်းချင်း ပေါ်လာလေ၏။ နျိုတုန်၏ ကြေညာမှုဖြင့် ကောင်းကင်ထက်၌ ပြန့်လွင့်နေကာ အစ်မကြီးဆည်းလည်း၏ နံပါတ်တစ်ခေါင်းဆောင် ရန်တုံက သူ့ကိုထရပ်ပြီး ကြိုဆို၏။ ပုဟယ်၊ပုကျွင်း ကျန်သည့်ညီနောင် နှစ်ယောက်တို့က မျိုးနွယ်စုထဲကနေ နှင်ထုတ်ခံလိုက်ရသည့် အကြီးအကဲနှစ်ဦး ကျန့်ထျန်းကျီနှင့် မုန့်ထျန်းတို့က ကျန်းရီကို ကြိုဆိုရန်အတွက် အမြန်ထရပ်လိုက်ကြ၏။

သို့သော် အဖွဲ့မှူးလန်၏ဘက်မှ မည်သူမျှ မလှုပ်ရှားကြပေ။ ပြုံးနေသောကျားနှင့် အဖွဲ့မှူးလီက ဝင်ပေါက်ကို ပြုံးပြီးကြည့်နေတာ သူတို့စိတ်ဆန္ဒကောင်းကို ထုတ်ပြနေ၏။

ကျန်းရီက အခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး မည်သူ့ကိုမျှ မကြည့်ပေ။ သူက အခမ်းအနားမှူးနေရာသို့ တန်းလျှောက်သွားပြီးနောက် ထိုင်လိုက်၏။ ထိုင်ချပြီးနောက် အားလုံးကိုကြည့်ကာ ပြောလိုက်တော့၏။

“ကျေးဇူးပြုပြီး ထိုင်ကြပါ”

“အဖွဲ့မှူးကျန်းကို ကျေးဇူးတင်ပါတယ်”

ရန်တုံ၊ ပုကျွင်း၊ ကျန်းထျန်းကျီ၊ မုန့်ထျန်းတို့က လက်သီးဆုပ်မိုးပြီးနောက် ထိုင်ချလိုက်သည်။

ကျန်းရီက ရန်တုံကို ကြည့်ပြီးနောက် ရယ်မောလိုက်လေ၏။

“ရန်တုံ မင်းရဲ့နာမည်ထဲမှာ တုံဆိုတဲ့စကားလုံးပါတယ်။ နောင်ကျမင်းက အဖွဲ့မှူးတစ်ယောက် ဖြစ်လာခဲ့ရင် မင်းကိုအဖွဲ့မှူးရန်လို့ ခေါ်ရမလား ဒါမှမဟုတ် အဖွဲ့မှူးတုံလို့ ခေါ်ရမလား”

ဝှစ် ဝှစ် ဝှစ်

ချက်ချင်းပင် လူပေါင်းများစွာ၏ မျက်နှာက ပြောင်းလဲသွားသည်။ အထူးသဖြင့် အဖွဲ့မှူးများထဲမှ တစ်ယောက်ဖြစ်သည့် အစ်ကိုကြီးတုံက အမူအရာ ရုပ်အဆိုးဆုံးဖြစ်နေ၏။ ကျန်းရီ၏အဓိပ္ပာယ်က အင်မတန်ရှင်းလင်းသည်။ သူကရန်တုံကို အဆင့်မြင့်တင်ပေးရန် ရည်ရွယ်နေ၏။ အဖွဲ့မှူးတုံလား။ ဒါကအစ်ကိုကြီးတုံကို တမင်တကာ ဖိနှိပ်နေတာ မဟုတ်ဘူးလား။

ရန်တုံက ခါးသက်စွာ ရယ်မောလိုက်၏။

“အဖွဲ့မှူးကျန်း ခင်ဗျားကတော့ကျုပ်ကို ခက်ခဲတဲ့နေရာရောက်အောင် တွန်းပို့နေတာပဲ။ ကျုပ်က အဖွဲ့မှူးတစ်ယောက် ဖြစ်လာရင်တောင် အစ်ကိုကြီးတစ်ယောက်အနေနဲ့ပဲ ခေါ်ဝေါ်ခံရမှာ။ ကျုပ်ရန်တုံက အဖွဲ့မှူးလို့အခေါ်ခံရဖို့ အရည်အချင်း မရှိပါဘူး”

“အမ်”

အံ့သြသည့်အသံများက ခန်းမထဲ၌ ပေါ်ထွက်လာ၏။ ရန်တုံကဲ့သို့ တစ်စုံတစ်ယောက်က အမှန်တကယ် အဆင့်တက်ချင်လျှင် အစောကတည်းက အဆင့်တက်ပြီးဖြစ်၏။ သူက ထင်ပေါ်ကျော်ကြားရတာကို မကြိုက်။ သူက တစ်ဘဝလုံး အစ်မကြီးဆည်းလည်းနောက်သို့သာ လိုက်လိုသည်။ သို့သော် ယခုအချိန်တွင် ကြားနေသည့်သူများက မည်သို့ဖြစ်မည်နည်း။ သူက အာဏာအတွက် သူ၏တပ်မက်စိတ်ကို သိသိသာသာ ထုတ်ပြနေသည် မဟုတ်ပါလော။

စူးရှသည့် အကြည့်များစွာ သူ့ဆီရောက်လာတာကိုမြင်ပြီး ရန်တုံက ရယ်မောလိုက်ပြန်၏။ သူသည် အဖွဲ့မှူးတစ်ယောက် တကယ်မဖြစ်ချင်ပေ။ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံချင်၏။ သို့သော် အစ်မကြီးဆည်းလည်းသည် သူ့ကို လွန်ခဲ့သည့် လေးနာရီခန့်က လာရှာခဲ့ပြီး နှစ်ဝက်အတွင်း သူမထွက်သွားတော့မည့်အကြောင်း ပြောခဲ့သည်။ ရန်တုံက အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်း နေချင်လျှင် နည်းလမ်းတစ်ခုသာရှိပြီး အဖွဲ့မှူးအနေဖြင့် ရာထူးတက်ကာ ကျန်းရီနှင့် မဟာမိတ်ဖွဲ့ရန်ဖြစ်သည်။

“အဟမ်း”

ကျန်းရီက ချောင်းဟန့်လိုက်ရာ အားလုံးကို တိတ်ဆိတ်သွားစေ၏။ သူ၏အကြည့်က ဓားသွားပမာ ပတ်ဝန်းကျင်ကို ဖြတ်သွား၏။

“ဒီနေ့အားလုံးကို စုဝေးလိုက်တာက အဖွဲ့မှူးနှစ်ယောက်ရဲ့ နေရာအတွက် ဆွေးနွေးဖို့ပါပဲ။ မြို့မှာ အဖွဲ့မှူးဆယ်ယောက် ရှိရမယ်လို့ စည်းမျဉ်းရှိတယ် မဟုတ်ဘူးလား။ ပါ့တောက်၊ အဖွဲ့မှူးလုံနဲ့ အစ်ကိုကြီးဟုန်တို့ သေသွားပြီး နှစ်နေရာလွတ်တယ်။ နှစ်နေရာ တောက်လျှောက်လွတ်နေတာက မကောင်းဘူးမလား။ စိတ်ထဲတွေးထားတဲ့လူရော ရှိလား။ ကျုပ်အမြင်မှာ ရန်တုံက မဆိုးဘူးလေ။ သူ့ရဲ့စွမ်းရည်နဲ့ စိတ်နေစိတ်ထားကို လေးစားတယ်။ သူ့ကိုလက်ခံတဲ့ ညီအစ်ကိုတွေက မြို့ထဲမှာ အများကြီးရှိတယ်။ လက်မခံတဲ့သူ ဘယ်သူရှိလဲ။ ရှိရင်ရှေ့ထွက်လာပြီး ကျုပ်တို့သိရအောင် လာပြအုံးလေ”

အပ်ကျသံတောင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွား၏။ သူအဖွဲ့မှူးကျန်း ဆုံးဖြတ်ချက် ချပြီးလျှင် မည်သူကများ သဘောမတူဘဲ နေမည်နည်း။

ရန်တုံ၏ နောက်ကွယ်တွင် အစ်မကြီးဆည်းလည်းက ရှိနေသေး၏။ အစ်မကြီးဆည်းလည်းနှင့် မည်သူက ရင်ဆိုင်ရဲမည်နည်း။ သူမက သင့်တော်မှန်ကန်သည့် လူတစ်ယောက်ဖြစ်အောင် တစ်စုံတစ်ယောက်ကို သင်ပေးချင်သည်ဟု ဆိုလာလျှင် မည်သို့ဖြစ်မည်နည်း။ ထိုလူမည်သို့ ဆက်လုပ်ရမည်နည်း။

အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများ၏ မျက်နှာထက်၌ သုန်မှုန်သည့်အမူအရာ ရှိနေသည်။ ရန်တုံအမှန်တကယ် တက်လာလျှင် သူတို့က မိုးကြိုးတောင်များထဲမှ တောင်တစ်လုံးကို လက်လျှော့ရမည်သာမက လူလည်းစုဆောင်းသွားမှာပဲ ဖြစ်သည်။ ဥပမာအနေဖြင့် ပုကျွင်းနှင့် ကျန်သည့်သူများက ခိုလုံရာအသစ်ကို ပျော်ရွှင်စွာ ရှာကြလိမ့်မည်။ ပြီးနောက် အဖွဲ့မှူးအသစ် ပေါ်လာသည်နှင့် သူက လက်အောက်ငယ်သားများ ဆုံးရှုံးသွားပေလိမ့်မည်။ လက်အောက်ငယ်သား များစွာလည်း လိုမှာသေချာ၏။

မည်သူကမှ မပြောလျှင် သူတို့သဘောတူသည်ဟု ဆိုလိုတာဖြစ်ပြီး အခြေအနေကို ပိုတောင်ဆိုးသွားစေလိမ့်မည်။

အဖွဲ့မှူးလန်က အဖွဲ့မှူးလီနှင့် အဖွဲ့မှူးရင်ကို အကြည့်ဖြင့်သာ အချက်ပြနိုင်ပြီး အဖွဲ့မှူးလီက ဘာကိုမှ မမြင်ချင်ယောင်ဆောင်ပြီး ပြုံးနေသောကျားက ဘာမှမပြောဘဲ ရယ်နေလေ၏။ အဖွဲ့မှူးဟေးက အိပ်ငိုက်နေပုံပေါ်၏။ အစ်ကိုကြီးတုံကမူ စိတ်တင်းထားသည့်ပုံဖြင့် ဆိတ်ဆိတ် နေလေသည်။ အဖွဲ့မှူးရင်က သူ့ကိုတစ်ချက်ကြည့်ပြီး အံ့ကြိတ်ကာ ပြောလိုက်တော့၏။

“အဖွဲ့မှူးကျန်း အဖွဲ့မှူးသစ်က အာဏာရဖို့အတွက် မဲပေးရမယ်။ ကန့်ကွက်မဲထက် ထောက်ခံတဲ့မဲ ပိုများမှရမှာ။ ကျုပ်တို့မဲပေးကြရင်ရော ဘယ်လိုလဲ”

...

All Chapters