စီးပွားရေးကြီး
Vol. 51 Ch. 704
အစ်မကြီးဆည်းလည်းက အခြွေအရံများကို ခေါ်မလာခဲ့ဘဲ ခမ်းနားထည်ဝါသော အမူအရာဖြင့် အထဲသို့ လျှောက်လာလေ၏။ သူမက ရှောင်ဟုန်ကိုသာ ခေါ်လာလျက် ယနေ့တွင်မူ အနက်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသည်။ အမျိုးသမီးများသည် သူတို့ကို ရုပ်ရင့်ပုံပေါ်စေသည့် အနက်ရောင် ဝတ်ရုံရှည်များကို မဝတ်ရဲတတ်ကြပေ။ သို့သော် အစ်မကြီးဆည်းလည်း ဝတ်လိုက်သည့်အချိန်တွင် ယင်းကသူမ၏သွင်ပြင်ကို ပိုတောင်ကျော့ရှင်းစေပြီး လိုက်ဖက်ညီကာ ဆွဲဆောင်မှုရှိပြီး ညို့ငင်နိုင်စွမ်းရှိနေကာ ဂုဏ်သိက္ခာရှိမှုတို့ ဖြာထွက်နေလေ၏။
သူမက အေးအေးလူလူ သက်တောင့်သက်သာဖြင့် လျှောက်လာပြီး ပန်းပွင့်တစ်ရာ စားသောက်ဆိုင်ထဲရှိ အထက်တန်းစား ပြည့်တန်ဆာတစ်ဦးပမာ သူမနှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ပေါ့ပါးစွာ ပြုံးလိုက်တော့သည်။ သို့သော်ငြား မည်သူကမှ မထိန်းချုပ်နိုင်သည့် ရည်ရွယ်ချက် မထုတ်ပြရဲဘဲ တလေးတစားဖြင့် သူမကိုကြိုဆိုရန် မတ်တပ်ထရပ်ကြ၏။
“အစ်မကြီးဆည်းလည်း”
အဖွဲ့မှူးလန်က ဖျစ်ညှစ်ပြုံးလျက် ကျန်သည့်သူများက အရိုအသေပေးလိုက်တော့၏။ ကျန်းရီက ထရပ်ပြီး ပြောလိုက်၏။
“အစ်မကြီးဆည်းလည်း ထိုင်ပါ”
“မလိုဘူး ကျေးဇူးပဲ”
အစ်မကြီးဆည်းလည်း ပြုံးလိုက်သည့်အခါ ခန်းမကိုအလင်းများဖြင့် ပြည့်သွားစေပြီး ပန်းပွင့်တစ်ရာ ဖူးပွင့်နေသည့်ပမာ ဖြစ်စေ၏။ သူမ၏ မျက်လုံးလှလှလေးက နေရာကို စစ်ဆေးကြည့်ရှုလျက် သိမ်မွေ့စွာ ပြောလိုက်သည်။
“ငါကဒီမှာ ရှောင်တုံကို ထောက်ခံပေးဖို့ မဲလာပေးတာ။ သူကငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ခဲ့တယ်။ သူ့ရဲ့ကျင့်ကြံဆင့်မှာ တိုးတက်မှု များများစားစား မရှိဘူး။ ဒါပေမဲ့သူ့ရဲ့ စိတ်ဓာတ်ကတော့ ကောင်းမွန်တယ်လို့ သတ်မှတ်လို့ရသေးတယ်။ ဟုတ်ပြီလေ မင်းတို့တွေ ဆက်ပေးပေါ့။ ငါလည်းဖြတ်သွားရုံပဲ။ မြို့အရှင်နဲ့ တစ်နာရီလောက် စကားပြောခဲ့တာဆိုတော့ နည်းနည်း ပင်ပန်းနေပြီ။ အရင်ဆုံး ပြန်နားလိုက်အုံးမယ်”
သူမပြောပြီးသည်နှင့် ကျန်းရီနှင့် ရန်တုံကို ခေါင်းညိတ်ပြကာ အပြင်သို့ လျှောက်ထွက်သွား၏။ ဝင်ပေါက်သို့ ရောက်သည့်အချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားပုံဖြင့် အဖွဲ့မှူးရင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်တော့၏။
“ဟုတ်သားပဲ ခုနတုန်းက မြို့အရှင်ကို စကားပြောနေတဲ့အချိန် ဒီနှစ်ရက်အတွင်း ရွှေ့ပြောင်းလာမဲ့ တပ်မှူးအချို့ရှိပုံပဲ။ တပ်မှူးလုဟန်နဲ့ လုတိတို့က ရေဖြူမြို့ကို ရွှေ့ပြောင်းရမှာလားပဲ။ သူတို့နှစ်ယောက် တစ်ခုခု ဖြစ်သွားတာများလား။ ဒါမှမဟုတ် သူတို့တွေက မြို့အရှင်ကို ရန်စမိတာလား”
အစ်မကြီးဆည်းလည်းက လှည့်ထွက်သွားပြီး လူတိုင်းကို အံ့သြပင့်သက်ရှိုက်စွာ ချန်ထားရစ်ခဲ့တော့သည်။ အထူးသဖြင့် အစ်မကြီးဆည်းလည်း၏ နောက်ကျောကို စိုက်ကြည့်နေကြသည့် အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများဖြစ်သည်။ သူတို့က ဝိညာဉ်ထွက်သွားသည့်ပမာ ဖြစ်နေ၏။
တပ်မှူးလုတိက ရွှေ့ပြောင်းတော့မှာလား။ မြို့အရှင်ကို ရန်စမိတာလား။
ထိုမေးခွန်းနှစ်ခုက အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများ၏ စိတ်ထဲတွင် ပြည့်နေလေ၏။ အစ်မကြီးဆည်းလည်းသည် ထိုစကားနှစ်ခွန်းကို အေးအေးလူလူ ပြောသွားသော်ငြား သူတို့ကို ကြောက်လန့်စေသည့် မိုးကြိုးပမာ ဖြစ်နေတော့သည်။ အစ်မကြီးဆည်းလည်းက အမှန်အတိုင်း ပြောနေလျှင် အဖွဲ့မှူးလန်က သူ၏အစွမ်းအထက်ဆုံး ကျောထောက်နောက်ခံကို ဆုံးရှုံးရပေလိမ့်မည်။
အစ်မကြီးဆည်းလည်းလို လူတစ်ယောက်က လိမ်မှာလား။ ဒီလိုမှားယွင်းတဲ့ ကောလဟာလတွေကို သူမဖြန့်ရဲမှာလား။ မြို့အရှင်ရဲ့နားထဲ ရောက်သွားခဲ့မယ်ဆိုရင် မြုပ်စရာမြေမရှိဘဲ သေချာပေါက် သေသွားမှာပဲ။
ဒီတော့ ဒီကိစ္စက မှန်တာပဲဖြစ်ရမယ်။ အစ်မကြီးဆည်းလည်းက ပြီးပြည့်စုံတဲ့ အခိုက်အတန့်မှာ ဝင်နှောင့်ယှက်တာ။ သူကအားလုံးကို သိသာတဲ့သတင်းစကား ပြောခဲ့တာပဲ။ မင်းရဲ့အကြီးမားဆုံး ကျောထောက်နောက်ခံကို ငါခေါ်သွားပြီ။ ငါကသာ ကောင်းကင်မိုးကြိုးမြို့ရဲ့ အစစ်အမှန် အုပ်စိုးသူပဲ။
အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများက တပ်မှူးလုတိနှင့် ကျန်သည့်သူများ၏ တည်ရှိမှုကို အသုံးပြုခဲ့ကြ၏။ သို့သော် အစ်မကြီးဆည်းလည်းကမူ သူတို့၏ ကျောထောက်နောက်ခံကို ရွှေ့ပြောင်းလိုက်၏။ သူတို့က အလွန်သွေးကြီးရာ ရောက်နေခဲ့သည် မဟုတ်ပါလော။ ဒါဆို ဆက်သွေးကြီးနေလိုက်တော့မည်။
ကျန်းရီက ရယ်မောလိုက်၏။ နျိုတုန်နှင့် ရန်တုံကလည်း ရယ်မောလိုက်သည်။ အစက ယနေ့ညတွင် သူတို့ရှုံးနိမ့်တော့မည်ဟု ထင်ခဲ့သည်။ သို့သော် အစ်မကြီးဆည်းလည်းက ထိုကဲ့သို့အကွက် ရှိနေပြီး လူတိုင်းကို ကူကယ်ရာမဲ့သွားစေလိမ့်မည်ဟု သူတို့မထင်ခဲ့ပေ။ လုတိထံမှ ထောက်ပံ့မှုမရှိဘဲ ကျန်းရီနှင့် အစ်မကြီးဆည်းလည်း ပူးပေါင်းဆောင်ရွက်ပြီး လူတိုင်းကို အေးအေးလူလူ ဆော့ကစားနိုင်ကာ ကောင်းကင်မိုးကြိုးမြို့ကို အုပ်စိုးနိုင်လိမ့်မည်။
အဖွဲ့မှူးရင်၏ နှုတ်ခမ်းထောင့်က တွန့်ရှုံ့သွား၏။ အစက အစ်မကြီးဆည်းလည်း ထွက်သွားတာကို စောင့်ပြီး ရန်တုံရာထူးတက်မှာကို ကန့်ကွက်ချင်ခဲ့သည်။ သို့သော် ယခုမူ သူ၏ခံတွင်းထဲ၌ နာကျင်မှုများ ပြည့်နေလျက် လုံးဝရှုံးနိမ့်သွားတော့သည်။
“ခွီ ခွီ”
ကျန်းရီက မှိန်ဖျော့ဖျော့ ရယ်မောလျက် ပြောလိုက်၏။
“အဖွဲ့မှူးရင် အခုနှစ်မဲ နှစ်မဲစီဖြစ်နေတယ်။ ခင်ဗျားရဲ့မဲပေါ် မူတည်သွားပြီပဲ”
ရန်တုံက အေးစက်စက်အသံဖြင့် ဖြတ်ပြောလိုက်၏။
“ကြည့်ရတာ အဖွဲ့မှူးရင်က ကျုပ်ရန်တုံကို အထင်သေးနေတဲ့ပုံပဲ။ ကန့်ကွက်မဲပေးမယ်လို့ ခန့်မှန်းမိတာပဲ”
“ငါ”
အဖွဲ့မှူးရင်က သေတောင်သေချင်သွား၏။ သူက ကန့်ကွက်မဲပေးပြီး အဖွဲ့မှူးလုတိက ရွှေ့ပြောင်းခံရလျှင် သူက ပထမဆုံး သေမည့်လူဆိုတာ သေချာ၏။
သူက တံတွေးမျိုချပြီး အဖွဲ့မှူးလန်ကို တစ်ချက်ကြည့်လိုက်ရာ အဖွဲ့မှူးလန်၏ အကြည့်များကလည်း စိတ်လွတ်နေပြီး သူကြောက်လန့်နေတာ သိသာ၏။ အဖွဲ့မှူးရင်က ရွေးချယ်စရာမရှိတော့ဘဲ အံ့ကြိတ်ပြီး ပြောလိုက်တော့၏။
“အဖွဲ့မှူးရန်က နောက်နေတာပဲ ဖြစ်ရမယ်။ ကျုပ်မင်းကို သေချာပေါက် ထောက်ခံပေးမှာပေါ့။ အဖွဲ့မှူးရန် ရာထူးတက်မှာကို သဘောတူတယ်”
သုံးမဲ၊ နှစ်မဲ
ကျန်းရီ၏အပြုံးက ပိုတောင်ကြီးမားလာကာ သူက မတ်တပ်ထရပ်ပြီး ပြောလိုက်၏။
“ကောင်းပြီ မဲပေးတာက ပြီးသွားပြီ။ ထောက်ခံမဲထက် ကန့်ကွက်မဲထက် ပိုများနေတယ်ဆိုတော့ ရန်တုံက အခုကစပြီး အဖွဲ့မှူးဖြစ်ပြီ။ ဂုဏ်ပြုပါတယ် အဖွဲ့မှူးရန်”
“ဂုဏ်ပြုပါတယ် အဖွဲ့မှူးရန်”
ပြုံးနေသောကျား၊ အဖွဲ့မှူးလီ၊ အစ်ကိုကြီးတုံနှင့် ကျန်သည့်သူများကလည်း ဂုဏ်ပြုရန် မတ်တပ်ထရပ်လိုက်ကြ၏။ အထူးသဖြင့် ပြုံးနေသောကျား၏ တောက်ပသောအပြုံးများက ပြင်းပြလွန်းလှရာ သူကထိုလူ၏ သွေးရင်းညီအစ်ကိုပမာ လူအများကို တွေးထင်မိစေ၏။
“အားလုံးကို ကျေးဇူးတင်ပါတယ်”
ဂုဏ်ပြုလာသည့်အတွက် သူကမတ်တပ်ထရပ်ပြီး ကျန်းရီကိုလည်း လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်၏။
“ကျေးဇူးပါ အဖွဲ့မှူးကျန်း”
“ဟား ဟား ဟား”
ကျန်းရီက စိတ်အခြေအနေ အလွန်ကောင်းနေ၏။ သူက အဖွဲ့မှူးလန်ကို တစ်ချက်ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
“အဖွဲ့မှူးလန် ပျော်တဲ့ပုံမပေါ်ဘူးနော်။ ဟမ် ခင်ဗျားက အဖွဲ့မှူးလန် ရာထူးတက်တာကို တကယ်ကြီး ဂုဏ်မပြုဘူးလား”
“... ”
အဖွဲ့မှူးလန်၏ မျက်နှာက ရှုံ့မဲ့သွားကာ သူ၏ဖခင်အရင်း ကွယ်လွန်သွားသည့်ပမာ ပိုတောင်တည်တင်းနေလျက် ဖြစ်ညှစ်ပြုံးလိုက်တော့သည်။ သူက လက်သီးနှစ်ဖက်ဆုပ်လျက် ပြောလိုက်တော့၏။
“အဖွဲ့မှူးရန် ဂုဏ်ပြုပါတယ်”
ရန်တုံက ရိုးသားသော လူတစ်ယောက်ဖြစ်သည်။ သူက ယှဉ်ကျေးသမှုဖြင့်တောင် ပြန်မပြောဘဲ နှစ်ခေါင်းတစ်ချက် ရှုံ့လိုက်လေ၏။ ကျန်းရီ၏ မျက်ဝန်းက အေးစက်စက်အလင်း ဖြတ်ခနဲပေါ်လာလျက် ထပ်ပြောလိုက်၏။
“ကျုပ်တို့တွေ အဖွဲ့မှူးရာထူးတွေထဲက တစ်နေရာကို အတည်ပြုပြီးပြီဆိုတော့ နောက်ဆုံး တစ်နေရာအတွက်လည်း ထားသင့်ပြီမဟုတ်လား။ နျိုတုန်ကို ထောက်ခံပေးချင်တယ်။ နျိုတုန်ရဲ့ခွန်အားနဲ့ အကျင့်သိက္ခာက ပြောဖို့မလိုဘူး။ လူတိုင်းသိပြီးသားပဲ။ စည်းမျဉ်းဟောင်းတွေအတိုင်း မဲပေးကြတာပေါ့”
“ဟမ်”
အားလုံးက မျက်ဆန်လန်သွားပြီး ပုကျွင်း၊ မုန့်ထျန်းနှင့် ကျန်သည့်သူများက ထပ်မကြည့်နိုင်တော့ပေ။ ကျန်းရီက ဒီထက်ပိုပြီး အရှက်မဲ့နိုင်အုံးမလား။
နျိုတုန်မှာ ဘာခွန်အားရှိမှာလဲ။ သူကအဆင့်နိမ့် ကောင်းကင်ဧကရာဇ် တစ်ယောက်ပဲ။ ပန်းပွင့်တစ်ရာ စားသောက်ဆိုင်ထဲကနေ သမန်ကာလျံကာ ရွေးထုတ်လိုက်တာ အကျင့်သိက္ခာအကြောင်း ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ။ မဲပေးဖို့လား။ လိုအပ်တယ်ဆိုရင်တောင် ဘယ်သူကများ ကန့်ကွက်ရဲမှာလဲ။ ကျန်းရီက နျိုတုန်က ထောက်ခံချက်ပေးနေရင် ဖက်တီးချမ်ကို ထောက်ခံပေးတာနဲ့ တူတူပဲဖြစ်နေမလား။
“ဘယ်သူမှဘာကြောင့် စကားမပြောရတာလဲ”
ကျန်းရီက အေးစက်စက် ပြောလိုက်၏။
“ကျုပ်ပထမဆုံး မဲပေးမယ်။ ထောက်ခံတယ်။ အဖွဲ့မှူးရန် ဘယ်လိုထင်လဲ”
“အစ်ကိုလျိုကို ထောက်ခံတယ်”
“အစ်ကိုကြီးဟူ”
“ငါထောက်ခံတယ်”
“အစ်ကိုကြီးတုံ”
“ငါထောက်ခံတယ်”
“အဖွဲ့မှူးလီ”
“ကျုပ်ထောက်ခံတယ်”
“... ”
ကျန်သည့်သူများကို မေးရန်တောင်မလိုတော့ပေ။ ထောက်ခံမဲငါးမဲ ရထားပြီဖြစ်၏။ အဖွဲ့မှူးလန်နှင့် ကျန်သည့်သူများက ကန့်ကွက်လျှင်တောင် အသုံးမဝင်တော့ချေ။ နျိုတုန်က အောင်မြင်စွာ အဆင့်တက်သွားပြီး ဂုဏ်ပြုမှုများ လက်ခံရရှိသည်နှင့် သူ၏ဝမ်းကွဲ လျိုဝမ်က ပြုံးနေရလွန်းသောကြောင့် နှုတ်ခမ်းများ ပြန်မစေ့နိုင်တော့ပေ။
နျိုတုန်က ရုပ်သေးအဖွဲ့မှူးတစ်ယောက်သာ ဖြစ်နိုင်သော်ငြား သူက အဖွဲ့မှူးတစ်ယောက် ဖြစ်နေသေးသည် မဟုတ်ပါလော။ ကျန်းရီနောက်သို့ တစ်လလုံးလိုက်လာပြီး သူက လက်အောက်ငယ်သားလေးအဖြစ်မှ အဖွဲ့မှူးတစ်ယောက် ဖြစ်သွားသည်။ ထိုကွာဟချက်က ရုတ်ချည်းဆန်လွန်း၏။ ကျန်သည့်သူများဆို ပျော်လွန်းလို့ ရူးသွားနိုင်သည်။
“အားလုံးအခြေကျပြီလား။ အဖွဲ့မှူးကျန်း ကျုပ်လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်။ အရင်သွားတော့မယ်”
လူအချို့က ပျော်နေကြစဉ် ကျန်သည့်လူများက မပျော်ရွှင်ပေ။ အဖွဲ့မှူးလန်၏ မျက်နှာက အဖွဲ့မှူးဟေး ထရပ်ပြီး ထွက်သွားစဉ်ကထက်တောင် ပိုပြီးသုန်မှုန်နေလေ၏။ သူကလုတိ အမှန်တကယ် ရွှေ့ပြောင်းခံရမည့်အကြောင်းကို သွားပြီးအတည်ပြုချင်၏။ အမှန်သာဆိုလျှင် ကျောထောက်နောက်ခံအသစ် ရှာရပေမည်။ မဟုတ်လျှင်သူ ကျန်းရီသတ်တာ ခံရလိမ့်မည်။
အဖွဲ့မှူးလီနှင့် ကျန်သည့်သူများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကာ ပုကျွင်းနှင့် မျိုးနွယ်စုနှစ်စုမှ အကြီးအကဲနှစ်ယောက်သာ ကျန်ရစ်၏။ သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ကျန်းရီကို လက်သီးနှစ်ဖက် ဆုပ်မိုးလျက် ပြောလိုက်တော့၏။
“အဖွဲ့မှူးကျန်း ကျုပ်တို့အဖွဲ့မှူးကို ခစားဖို့ ဆန္ဒရှိပါတယ်။ စားစရာရှိသ၍ အသက်ရှင်နေနိုင်ပါပြီ”
အဖွဲ့မှူးဆယ်ယောက်က ရှိနေလေရာ သူတို့က အဖွဲ့မှူးအသစ်ဖြစ်ရန် အရည်အချင်းမရှိပေ။ သူတို့က ထိုအတွေးများကို ဖယ်ရှားပြီးဖြစ်၏။ ပုဟယ် ကောင်းကင်ဧကရာဇ်လေးဆယ်နှင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် သုံးရာကျော်က ယနေ့ နေ့လည်ကပင် ရှင်းထုတ်ခံလိုက်ရ၏။ သူတို့အဖွဲ့မှူး မဖြစ်နိုင်သောကြောင့် အင်အားစုကြီးတစ်စုကို သူတို့သစ္စာခံထားရပေမည်။ ကျန်းရီနှင့် အစ်မကြီးဆည်းလည်းက အကောင်းဆုံးရွေးချယ်မှုဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ ယနေ့ည၏ လုပ်ဆောင်ချက်အရ သူတို့နှစ်ယောက်က မြို့၏အရှင်သခင်များ ဖြစ်လာမှာ သေချာနေကြောင်း သက်သေပဲဖြစ်သည်။
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ရန်တုံနှင့် နျိုတုန်ကို လက်ညိုးထိုးပြပြီး ပြောလိုက်တော့၏။
“နောင်ကျ မင်းတို့သုံးယောက်က သူတို့ကို ဦးဆောင်ရမယ်။ မင်းတို့နာခံသ၍ ဘေးကင်းမှုကို အာမခံတယ်။ လုယက်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် ပုဟယ်နဲ့ တူညီတဲ့ ကံကြမ္မာကို ခံစားရမယ်”
နျိုတုန်က ကျန်းရီ၏လက်အောက်တွင်ဖြစ်ပြီး ရန်တုံက အစ်မကြီးဆည်းလည်း၏ လက်အောက်မှဖြစ်၏။
သူတို့နှစ်ယောက်က အုပ်စုတစ်အုပ်စု ဖြစ်သွားချိန် ကျန်းရီနှင့် အစ်မကြီးဆည်းလည်းက လူများခွဲပြီး သူတို့၏လွှမ်းမိုးမှုကို ချဲ့ထွင်မည်ဟု ဆိုလိုတာပဲဖြစ်သည်။ ထိုသုံးစု၌ စုစုပေါင်း လူနှစ်သောင်းကျော်ရှိပြီး သူတို့၌ ကျွမ်းကျင်သူများစွာ မရှိလောက်ပေ။ အများစုက ကျန်းရီသတ်တာ ခံလိုက်ရ၏။ သို့သော် အတော်လေးတော့ ထင်ရှားနေသေးသည်။
ပေါင်းစပ်မှုနှင့် အဖွဲ့ဝင်အသစ်များကို နျိုတုန်နှင့်ရန်တုံဆီ ပေါင်းပေးပြီးနောက် ကျန်းရီက လျှင်မြန်စွာ ထွက်သွားတော့၏။ သူ၏ကိုယ်ပိုင်ခြံဝင်းသို့ ထွက်မသွားဘဲ မြို့၏အရှေ့ဘက်ခြမ်းဆီသို့ ဦးတည်သွားကာ အစ်မကြီးဆည်းလည်း၏ ခြံဝင်းဆီသို့ သွားလိုက်၏။ သူကသူမကို ရလဒ်သတင်းပို့ရန် ပြင်ဆင်ပြီး အခြေအနေအကြောင်း မေးမြန်းရန် ပြင်ထား၏။
အစ်မကြီးဆည်းလည်းက ကျန်းရီဝင်လာတာကိုမြင်ပြီး ချက်ချင်း ပြုံးသွားလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။ သူမက ပြောလိုက်၏။
“အဖွဲ့မှူးကျန်း ဒီမှာအလုပ်အကိုင်ကြီးတစ်ခု ရှိနေတယ်။ ဒါကိုယူရဲပါ့မလား မသိဘူး။ ယူရဲမယ်ဆိုရင်တော့ နှစ်နှစ်အတွင်း ကုသိုလ်အမှတ် သန်းတစ်ရာ စုဆောင်းနိုင်လိမ့်မယ်ဆိုတာ အာမခံတယ်။ မင်းရှန်းစီမြို့မှာလည်း ကျင့်ကြံနိုင်လိမ့်မယ်”
...