မိုးကြိုးကျောက်တုံးများ ရောင်းခြင်း
Vol. 51 Ch. 705
“စီးပွားရေးကြီးလား၊ နှစ်နှစ်အတွင်း ကုသိုလ်မှတ် သန်းတစ်ရာလား..”
ကျန်းရီ၏ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။ အစ်မကြီးဆည်းလည်း၏ အဆင့်အတန်းဖြင့် သူက သတင်းမှားပေးမှာ မဟုတ်ပေ။ ဆိုလိုသည်က ယင်းက အစစ်အမှန် အပေးအယူဖြစ်၏။
ကုသိုလ်မှတ်များက ရရန်ခက်ခဲသည်။ ကုသိုလ်မှတ်သန်းတစ်ရာဟူသည်က မိုးကြိုးကျောက်တုံးတစ်ရာကို ဆိုလိုသည်။ ကျန်းရီက မိုးကြိုးတောင်ကြားအတွင်းရှိ မိုးကြိုးကျောက်တုံးများအားလုံးကို စုဆောင်းမည်ဆိုလျှင်တောင် အလွန်ဆုံးမှ တစ်သိန်းကျော်သာ ရလိမ့်မည်။
မိုးကြိုးတောင်တစ်ခုသည် မိုးကြိုးကျောက်တုံး ထောင်ချီ ထွက်ပေါ်လာသော်ငြား အများစုကို လက်အောက်ငယ်သားများက စုဆောင်းသွား၏။ သူက ၁၀ရာခိုင်နှုန်းသာ ရသည်။ ဆိုလိုသည်က သူသည် တစ်ရက်လျှင် မိုးကြိုးကျောက်တုံး ၅၀၀ ရပြီး တစ်လလျှင် တစ်သောင်းခွဲရ၏။ တစ်နှစ်လျှင် မိုးကြိုးကျောက်တုံး နှစ်သိန်းနီးပါး ရသည်။ မိုးကြိုးကျောက်တုံး သန်း၁၀၀ကို ရရန် သူသည် ကောင်းကင်မိုးကြိုးမြို့၌ အနှစင်၅၀၀ကျော် အုပ်စိုးရန် လိုအပ်သည်။ လူသားသိုင်းပညာရှင်များက သက်တမ်း အလွန်ရှည်၏။ သို့သော် ကျန်းရီက သူမည်မျှ နေနိုင်မည်မှန်း မသိပေ။ နေနိုင်မည် ဆိုလျှင်တောင် သူ မည်မျှကြာကြာ အသက်ရှင်နေနိုင်မည်နည်း။ ရှန်စီကျွန်းသို့ ဝင်ရန် ကုသိုလ်မှတ်များစွာ စုဆောင်းနိုင်မည် ဆိုလျှင်တောင် အနှစ်၅၀၀ ကြာပြီးနောက် စုလော့ရွယ်က အသက်ရှင်သေးအုံးမည်လော။ သူ့အဖို့ အရှေ့ပိုင်း တော်ဝင်နယ်မြေ သွားသည်က မည်သည့်အဓိပ္ပာယ်ရှိတော့မည်နည်း။
ယင်းက ရိုးရိုးရှင်းရှင်း တွက်ချက်မှုတစ်ခုမျှသာ ဖြစ်သည်။ မိုးကြိုးတောင်ကြားသည် နှစ်စဉ်နှစ်တိုင်း မိုးကြိုးများ ပစ်ခံရ၏။ အထဲ၌ မိုးကြိုးကျောက်တုံး အရေအတွက် မည်မျှ ရှိမှန်း တိတိကျကျ မသိကြပေ။ သူက မိုးကြိုးကျောက်တုံးများအားလုံးကို သိမ်းဆည်းနိုင်ခဲ့လျှင်တောင် နောင်ကျ ဆက်လက်စုဆောင်းနေရအုံးမည်။ ယခုအချိန်တွင် နျိုတုန်က မိုးကြိုးကျောက်တုံးများထဲမှ တစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကာ သူ၏ မိုးကြိုးကျောက်တုံး ဝင်ငွေက တိုးလာမည်။ သို့သော် မည်သို့ပင် ဆိုစေကာမူ နှစ်တစ်ရာအတွင်း မိုးကြိုးကျောက်တုံး သန်းတစ်ရာကို စုဆောင်းဖို့က မဖြစ်နိုင်သေးပေ။
ကျန်းရီသည် အစက ထိုအကြောင်းကို တွေးနေခဲ့တာ ဖြစ်၏။ ရှန်းစီကျွန်းသို့ ကုသိုလ်မှတ်တစ်သောင်းဖြင့် ဝင်နိုင်သည်ကပင် လုံလောက်အောင် ကောင်းနေပြီဖြစ်၏။ ရှန်းစီမြို့တွင် နေထိုင်နိုင်ရန်က အိပ်မက်တစ်ခုသာ ဖြစ်သည်။
သို့သော် ယခုမူ အစ်မကြီးဆည်းလည်းက နှစ်နှစ်အတွင်း ကုသိုလ်မှတ်သန်းတစ်ရာရအောင် ကူညီပေးနိုင်သည်ဟု ဆိုသည်။ အစ်မကြီးဆည်းလည်း ပြောသည့် စကားသာ မဟုတ်လျှင် ကျန်းရီက တစ်ချက်ရိုက်ပြီး နိုးထခိုင်းလိုက်မှာပဲ ဖြစ်သည်။
ကျန်းရီက တံထွေးမျိုချလျက် တဖြည်းဖြည်းချင်း တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက အစ်မကြီးဆည်းလည်းကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်တော့၏။
“အစ်မကြီး ပြောကြည့် ကျွန်တော့်ရဲ့သားနဲ့သမီးတွေကို မရောင်းရသရွေ့ ဘာမဆို လုပ်ပေးမယ်”
“ဖွီး..”
အစ်မကြီးဆည်းလည်းသည် ကျန်းရီကြောင့် ရယ်ချင်သွားကာ တသိမ့်သိမ့် ရယ်မောလိုက်တော့၏။ သူမ၏ အလှတရားများကလည်း လှိုင်းများသဖွယ် တသိမ့်သိမ့် တုန်နေပြီး ဆည်းလည်းလေးများကလည်း တချွင်ချွင် အဆက်မပြတ် မြည်နေလေ၏။ သူမက လက်ဆန့်ထုတ်ပြီး ကျန်းရီ၏ပခုံးကို နှစ်ချက်ခန့် ရိုက်ကာ ပြောလိုက်တော့၏။
“နင် ဥပုပ်လေး.. နင့်အစ်မကြီးကို အူတက်ပြီးသေအောင် လုပ်နေတာလား.. ဟား ဟား ဟား”
“ဟီး ဟီး”
ကျန်းရီက ခဏတာ ရူးသွပ်စွာ ရယ်မောပြီးနောက် လေးနက်သောလေသံဖြင့် မေးလိုက်လေ၏။
“အစ်မကြီး ဒါဆို ပြောလေ ဒီစီးပွားရေးက ဘယ်လောက် အန္တရာယ်များလဲ”
“အင်း..”
အစ်မကြီးဆည်းလည်းက အရယ်ရပ်ရန်အတွက် နှစ်ချက်ခန့် အသက်ပြင်းပြင်းရှုလိုက်ပြီး ကျန်းရီကို ကြည့်လိုက်၏။ သူမသည် အရံအတားကို ဖွင့်ရန်အတွက် အလင်းစီးကြောင်းတစ်ခုကို ထုတ်ကာ စကားမပြောခင် ကောင်းကင်စိတ်အာရုံဖြင့် ထောက်လှမ်းလိုက်၏။
“အကျိုးအမြတ်က မြင့်မားလေ စွန့်စားမှုက မြင့်လေပဲ။ ဒီကိစ္စသာ ပေါ်သွားခဲ့ရင် မင်းက လုမျိုးနွယ်စု လိုက်တာ ခံရလိမ့်မယ်။ ရှန်းစီမျိုးနွယ်ထဲမှာ နေခွင့်မရတော့ဘူး။ ဒါ့အပြင် သူတို့က နဂါးကိုးကောင်နတ်ဘုရားကွယ်ပျောက်ခြင်း အစီအရင်ကို အသက်သွင်းခဲ့ရင် မင်းက လွတ်မြောက်နိုင်မှာတောင် မဟုတ်ဘဲ သေဖို့ပဲ စောင့်ဆိုင်းနေရမှာ”
“အင်း..”
ကျန်းရီ၏အမူအရာက လေးလံသွား၏။ သူက ဤကိစ္စ အန္တရာယ်များမည်မှန်း သိထားပြီးသားဖြစ်သည်။ သို့သော် ထိုမျှ အဆင့်အတန်းအထိ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ လုမျိုးနွယ်စုက အကောင်ကြီးဖြစ်၏။ ရှန်းစီမျိုးနွယ်၌ သူတို့သည် ဧကရာဇ်ကိုးပါးမျိုးနွယ်စုနှင့် ယှဉ်လျှင် ကွာခြားချက် မရှိပေ။ ကောင်းကင်မိုးကြိုးမြို့လေးမျှက လုမျိုးနွယ်စုမှ ကောင်းကင်ဧကရာဇ်နှစ်ဦးက အုပ်ချုပ်ပြီးဖြစ်သည်။ နဂါးဖြူမြို့က နတ်ဘုရားတစ်ပါးနှင့် နီးကပ်သည့် တည်ရှိမှုရှိသည့် ပုဂ္ဂိုလ်ရှိမှာ သေချာ၏။ သူတို့က နတ်ဘုရားချုပ်ငြိမ်းခြင်း အစီအရင်ကို အသက်သွင်းခဲ့လျှင် ကျန်းရီသည် လွတ်မြောက်နိုင်တော့မှာမဟုတ်။ သေခြင်းတရားကိုသာ လိမ်လိမ်မာမာ စောင့်နေရပေလိမ့်မည်။ ဤလောကထဲ၌ အလကားရသည့် နေ့လည်စာ မရှိပေ။
ကျန်းရီက အမြန်အဆန်နှင့် စိတ်တည်ငြိမ်အောင် လုပ်ပြီး နက်ရှိုင်းသောလေသံဖြင့် မေးလိုက်၏။
“အစ်မကြီးဆည်းလည်း ကျွန်တော် ဘာလုပ်ဖို့ လိုလဲ သတ်ရမှာလား။ ကုန်ပစ္စည်းတွေ မှောင်ခိုလုပ်ရမှာလား။ မီးရှို့မှု ကျူးလွန်ရမှာလား။ ဒါမှမဟုတ် ဧကရာဇ်ကိုးပါးမျိုးနွယ်စုက မင်းသမီးတစ်ပါးကို ပြန်ပေးဆွဲဖို့ အရှေ့ပိုင်းတော်ဝင်နယ်မြေကို ခိုးဝင်ရမလား”
“ဖူး..”
အစ်မကြီးဆည်းလည်းက ရယ်မောလိုက်ပြန်၏။ သူမက ကျန်းရီကို ဒေါသတကြီးကြည့်ကာ ပြောလိုက်သည်။
“ငါတို့ အရေးကြီးတာ ဆွေးနွေးနေတာနော် မင်း ဣန္ဒြေရှိရှိ ပြုမူပါအုံးလား”
ကျန်းရီက ခေါင်းညိတ်ပြီး အစ်မကြီးဆည်းလည်း၏ လက်ကို ဆွဲကာ သူမကို ထိုင်ခိုင်းလိုက်ကာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ သူကိုယ်တိုင်အတွက်လည်း လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီးနောက် ဘေးတွင် ထိုင်ကာ အစ်မကြီးဆည်းလည်း ရှင်းပြမှာကို စောင့်နေသည်။
“ဒီကိစ္စအတွက် ငါတို့တွေ လူသတ်ဖို့ မလိုဘူး။ မီးရှို့မှုကျူးလွန်ဖို့လည်း မလိုဘူး။ တကယ်တော့ ဒီကိစ္စမပေါ်သရွေ့ စွန့်စားစရာ မလိုဘူး။ ဒါပေါ့ ဒီကိစ္စပေါ်သွားခဲ့ရင်တော့ နောက်ဆက်တွဲအားလုံးကို မင်း ခံစားရမယ်”
ပြောပြီးသည်နှင့် အစ်မကြီးဆည်းလည်းက လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် သိမ်မွေ့စွာ ပြုံးလိုက်၏။
“ကိစ္စကတော့ လွယ်ပါတယ်။ မိုးကြိုးကျောက်တုံးတွေ ခိုးရောင်းဖို့ပဲ”
“မိုးကြိုးကျောက်တုံး ရောင်းတာလား”
ကျန်းရီက တုန်ယင်သွားပြီး ဝေဝါးဝါး နားလည်သွား၏။ မိုးကြိုးကျောက်တုံးများ ရောင်းချခြင်းက ကုသိုလ်မှတ်များ ဝယ်နိုင်ရန်အတွက် ကောင်းကင်ဘုံကျောက်တုံးများစွာ ရနိုင်၏။ ကောင်းကင်မိုးကြိုးကျွန်းသည် လုမျိုးနွယ်စုအပိုင်ဖြစ်ပြီး မိုးကြိုးကျောက်တုံးများက လုမျိုးနွယ်စု အပိုင်ဖြစ်၏။ လုမျိုးနွယ်က ထိုအကြောင်းကို သိသွားခဲ့လျှင် လုမျိုးနွယ်၏ အထက်အရာရှိများက ဒေါသထွက်မှာ သေချာ၏။ ကျန်းရီက သေသည်အထိ အလိုက်ခံရပေလိမ့်မည်။ သို့သော် မိုးကြိုးကျောက်တုံးများကို သူ မည်သူ့ထံ ရောင်းချရမည်နည်း။ ကောင်းကင်ဘုံကျောက်တုံး မည်မျှများများက မိုးကြိုးကျောက်တုံးထက် တန်သနည်း။ မိုးကြိုးကျောက်တုံးတစ်တုံးကို ကုသိုလ်မှတ်တစ်မှတ်ဖြင့် လဲလှယ်နိုင်၏။ ဆိုရလျှင် ကုသိုလ်မှတ်တစ်မှတ်အတွက် ကောင်းကင်ဘုံကျောက်တုံးတစ်ထောင် လိုအပ်သည်။ ကုသိုလ်မှတ်သန်းတစ်ရာဟူသည် မိုးကြိုးကျောက်တုံး သန်းတစ်ရာလိုအပ်၏။ ကောင်းကင်ဘုံကျောက်တုံး ဘီလီယံတစ်ရာ လိုအပ်သည်ဟု ဆိုလိုသည် မဟုတ်ပါလော။
“တစ်ခုခုတော့ မဟုတ်ဘူးနော် အစ်မကြီးဆည်းလည်း”
သူက မျက်မှောင်ကြုတ်ကာသံသယဖြင့် မေးလိုက်လေ၏။
“ကျွန်တော်က ကုသိုလ်မှတ်သန်းတစ်ရာ လိုချင်တယ် ဆိုရင် ကောင်းကင်ဘုံကျောက်တုံး ၁၀၀ဘီလီယံ လိုတာ မဟုတ်လား။ မိုးကြိုးကျောက်တုံးသန်းတစ်ရာ ရောင်းရမှာ မဟုတ်ဘူးလား။ နှစ်နှစ်အတွင်း ဒီလောက်များတဲ့ မိုးကြိုးကျောက်တုံးတွေ ဘယ်လို ရှာရမလဲ”
“အရူး..”
အစ်မကြီးဆည်းလည်းက ကျန်းရီကို ခေါင်းခေါက်ပြီး စိတ်လေဟန်ဖြင့် ပြောလိုက်တော့သည်။
“မြို့အရှင်အိမ်မှာ ကုသိုလ်မှတ်အတွက် လဲလှယ်တဲ့အချိန် ကောင်းကင်ဘုံကျောက်တုံးတစ်ထောင် သေချာပေါက် လိုတာပေါ့။ လုမျိုးနွယ်က ကုသိုလ်မှတ်အတွက် လဲလှယ်ဖို့ မင်းကို သူတို့ လာရှာတဲ့အချိန် မင်းကို လိမ်ဖို့ ဘာလို့ မကြိုးစားရမှာလဲ။ တကယ်တော့ မျိုးနွယ်ရဲ့ မှောင်ခိုဈေးကွက် ကုသိုလ်မှတ်က ဈေးပေါတယ်။ ကောင်းကင်ဘုံကျောက်တုံး ၁၀တုံးကို ကုသိုလ်မှတ်တစ်မှတ်ရမယ် မင်းက ကောင်းကင်ဘုံကျောက်တုံး တစ်ဘီလီယံ ရဖို့ပဲ လိုတယ်”
ကျန်းရီက သူ့နှာခေါင်းကို ပွတ်ကာ နားမလည်နိုင်သေးသောကြောင့် မေးလိုက်၏။
“ဒီလိုဆိုရင်တောင် မိုးကြိုးကျောက်တုံးတွေ အများကြီး ရောင်းရအုံးမှာပဲလား။ ဒါ့အပြင် ကျွန်တော်က မိုးကြိုးကျောက်တုံးတွေကို သွားရောင်းမယ်ဆိုရင် တန်ကြေးက ကောင်းကင်ဘုံကျောက်တုံး တစ်ထောင်ဖြစ်မှာ မဟုတ်ဘူးလား။ မှောင်ခိုးဈေးကွက်က ဈေးပိုပေါနေရင် အဲလောက်ပဲ မဟုတ်လား”
“နင်မှားနေပြီ”
အစ်မကြီးဆည်းလည်းက ခေါင်းခါကာ ပြောလိုက်၏။
“မှောင်ခိုဈေးမှာ မိုးကြိုးကျောက်တုံးမရောင်းဘူး။ ရှန်းစီမြို့နယ်မှာ မိုးကြိုးကျောက်တုံး ရောင်းရဲတဲ့သူ ရှိရင် သူတို့ ပေါ်သွားတဲ့အချိန် သေမှ သေချာတယ်။ ပြောရရင် အဲဒါတွေ အားလုံးက လုမျိုးနွယ် ပိုင်တာလေ တစ်ယောက်ယောက်က သတင်းပို့ခဲ့မယ် ဆိုရင် မျိုးနွယ်စုက စစ်ဆေးလိမ့်မယ်”
“မှောင်ခိုဈေးမှာ မရောင်းဘူးလား။ ဒါဆိုရင် ကျွန်တော်က မိုးကြိုးကျောက်တုံးတွေကို ဘယ်သူ့ဆီ သွားရောင်းရမှာတုန်း”
ကျန်းရီက ဇဝေဇဝါဖြစ်သွားပြီး စိတ်ထဲ အကြံတစ်ခု ပေါ်လာပြီး ထုတ်ဖော်ပြောလိုက်တော့၏။
“အဲဒီက လူတွေကို ရောင်းဖို့ သူတို့ဆီ ရောင်းရတာလား”
“ဟုတ်တယ် အရှေ့ပိုင်းတော်ဝင်နယ်မြေက ကုန်သည်တွေဆီ သူတို့က ရောင်းတာ ဒါ့အပြင် မိုးကြိုးကျောက်တုံးတစ်တုံးကို ကောင်းကင်ဘုံကျောက်တုံး ငါးထောင်နဲ့ ရောင်းနိုင်တယ်”
အစ်မကြီးဆည်းလည်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အခု ဒီကိစ္စ ဘယ်လောက် အရေးကြီးလဲဆိုတာ သိပြီလား။ မိုးကြိုးကျောက်တုံးတွေ တိတ်တဆိတ် ရောင်းတာကတင် သေသင့်တဲ့ အပြစ် ဖြစ်နေပြီ။ ဒါပေမဲ့ အရှေ့ပိုင်းတော်ဝင်နယ်မြေက လူတွေနဲ့ ပူးပေါင်းကြံစည်ခဲ့မယ် ဆိုရင် ဒီကိစ္စပေါ်သွားတဲ့အခါ မျိုးနွယ်စု ၁၃စုက မင်းကို လိုက်မှာပဲ။ နဂါးကိုးကောင်နတ်ဘုရားချုပ်ငြိမ်းခြင်းအစီအရင်ကို သူတို့ အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ မင်းရဲ့ခွန်အားက နတ်ဘုရားတွေနား နီးကပ်နေမယ် ဆိုရင်တောင် သေအုံးမှာပဲ”
“ဟီးဟီး ကျွန်တော် နားလည်ပြီ”
ကျန်းရီသည် မကြောက်ရုံသာမက သူ့မျက်လုံးသည် ဉာဏ်ကွန့်မြူးမှုဖြင့် တောက်ပလာလေ၏။ သူက ဘေးဘယ်ညာကြည့်ပြီး အသံကို ရုတ်တရက် တိုးလိုက်၏။
“အစ်မကြီးဆည်းလည်း ဒီစီးပွားရေးအတွက် မြို့အရှင်ပါဝင်နေတယ် မဟုတ်လား”
“ရှူး..”
အစ်မကြီးဆည်းလည်းက ကျန်းရီ၏ နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်းကို ဖိကပ်ကာ တည်ကြည်သောလေသံဖြ့် ပြောလိုက်၏။
“မှတ်ထား ဒီကိစ္စက မြို့အရှင်နဲ့ ဘာမှမဆိုင်ဘူး။ မြို့အရှင်အိမ်တော်မှာ မင်းကို ဂရုစိုက်ပေးတဲ့သူက တပ်မှူးလုဖုန်းပဲ အစကနေ အဆုံးအထိ မင်း ဆက်သွယ်ခဲ့တဲ့လူက တပ်မှူးလုဖုန်းပဲ မင်းပေါ်သွားပြီး အဖမ်းခံရပြီဆိုရင်တောင် တပ်မှူးလုဖုန်းလို့ပဲ ပြောရမယ် နားလည်ပြီလား”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
ကျန်းရီက ရယ်မောလိုက်၏။ တပ်မှူးလုဖုန်းလား။ သူတို့တွေ လိမ်ဖို့ ကြိုးစားနေတာ ဘယ်သူလဲ။
မြို့အရှင်က ခွင့်ပြုမိန့် မပေးခဲ့လျှင် ထိုမျှများပြားသည့် မိုးကြိုးကျောက်တုံးများကို မည်သူက ရောင်းချရဲမည်နည်း။ မည်သို့ဖြစ်မှန်းတောင် မသိလိုက်ဘဲ တပ်မှူးလေးတစ်ယောက်က သေသွားလိမ့်မည်။ ကျန်းရီက ဤကိစ္စ၌ ကျန်သည့်တပ်မှူးများအားလုံး ပါဝင်နေသည်ဟုတောင် သံသယဝင်မိသည်။ အနည်းဆုံးတော့ သူတို့လည်း လျော်ကြေးအချို့ ရလိမ့်မည်။ အဖွဲ့မှုးလုတိနှင့် လုဟန် ရုတ်တရက် ရွေ့ပြောင်းခံရသည့် အတွက်ကမူ မြို့အရှင်က နောက်ကွယ်၌ စီမံနေတာ ဖြစ်နိုင်သည်။
ပြီးနောက် ကျန်းရီသည် အစ်မကြီးဆည်းလည်းထံ ကိစ္စများ ပိုမိုစုံစမ်းပြီးနောက် သူ့အတွေးများကို အမြန်စီမံကာ ဤကိစ္စကြီးထဲ၌ ပါဝင်သင့်သည့် အကြောင်းကို သူ နားလည်သွားတော့သည်။ ၁၅မိနစ်ခန့် သူ တွေးပြီးနောက် သူက အံကြိတ်ကာ ပြောလိုက်တော့၏။
“ဒါပေါ့ လူသားတွေက ဥစ္စာဓနအတွက် သေကြတယ်။ ငှက်တွေက စားစရာအတွက်သေတယ်။ ရှန်းစီမြို့ထဲကို ဝင်နိုင်ဖို့အတွက် ကျွန်တော်လုပ်မယ်”
...