← Chapters

အားလုံး လောင်းကြေးထပ်

Vol. 51 Ch. 707

အားလုံး လောင်းကြေးထပ်

Vol. 51 Ch. 707

ကျန်းရီ ပြန်လာသည်နှင့် သူက ချမ်ဝမ်ကွမ်းနှင့်ဖုန်းလန်ကို ခြံဝန်းထဲ ခေါ်လိုက်လေ၏။ သုံးယောက်သားက ညနက်ချိန်အထိ ဆွေးနွေးနေကြပြီး‌ နောက်ဆုံးတွင် အပေးအယူတစ်ခု ပြုလုပ်ရမည်ဟု ဆုံးဖြတ်ချက်တစ်ခု ချခဲ့သ်ည။ သုံးယောက်လုံးက ကိုယ်ပိုင်အခန်းကဏ္ဍကိုယ်စီ ရှိကြသည်။ ကျန်းရီသည် ကောင်းကင်မိုးကြိုးမြို့တစ်မြို့လုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ခြင်းမှလွဲ၍ ကျန်သည့်ကိစ္စကို စိတ်ထဲ ထားမှာ မဟုတ်ပေ။ ကျန်သည့်အရေးကိစ္စများကို ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းဆီ အပ်ထားမှာပဲ ဖြစ်၏။ ဖုန်းလန်သည် အခြေအနေ အကြမ်းဖျင်းကို ခြုံငုံကြည့်ရန် တာဝန်ယူထားပြီး ကုန်သွယ်ရေးအဖွဲ့နှင့် အတွင်းပိုင်းကိစ္စရပ်များကို ချမ်ဝမ်ကွမ်းဆီ အပ်ထားမှာပဲ ဖြစ်သည်။

ဖုန်းလန်သည် တစ်ခါတုန်းက နယ်မြေတစ်ခု၏ အုပ်စိုးသူ ဖြစ်ခဲ့ပြီး သန်မာသည့်အမြင်ရှိသည်။ သူမ၏ အုပ်ချုပ်ခြင်းဖြင့် စီမံခန့်ခွဲခြင်းဖြင့် အစီအစဉ်မကျ ဖြစ်တော့မှာ မဟုတ်ပေ။ ချမ်ဝမ်ကွမ်းသည် စီးပွားရေးလုပ်ရာတွင် ပါရမီအလွန်ထူး၏။ တစ်လအတွင်းဖြင့်သူက နျိုတုန်နှင့် ကျန်သည့်သူများ လက်ခံယုံကြည်လာအောင် ပြုလုပ်နိုင်ပြီဖြစ်ကာ သူတို့ အင်မတန် သစ္စာရှိလာအောင် လုပ်နိုင်ခဲ့၏။ ကျန်းရီက ပုဟယ်နှင့် တိုက်ပွဲစသည့် အချိန်၌ သူတို့ ထိုမျှ များပြားသည့် လူများစွာ သွက်သွက်လေး ခေါ်လာတာကို မြင်ပြီးနောက် ထိုအရာက ရှင်းသွားတော့သည်။ ချမ်ဝမ်ကွမ်းက ထိန်းထားပေးရာ မိုးကြိုးကျောက်တုံးများ ရောင်းချခြင်း၌ မည်သည့်ပြဿနာမျှရှိမှာ မဟုတ်ပေ။

အရေးကိစ္စကို ကျွမ်းကျင်သူများထံတွင်သာ ထားရမည်။ ကျန်းရီက ထိုကိစ္စများကို တတ်ကျွမ်းသူမဟုတ် သူ့၌ စီမံခန့်ခွဲရန် အချိန်မရှိပေ။ သူက ခွန်အားတိုးတက်ရန်အတွက် စက္ကန့်တိုင်း မိနစ်တိုင်း ကျင့်ကြံနေရပေမည်။ သူ ပိုသန်မာလေ လူတိုင်း ပိုဘေးကင်းလေ ဖြစ်၏။

ရွှေရောင်မျောလွင့်နဂါးအပြင် ကျန်းရီက ကျန်သည့်သူများကို ဝင်ပါခိုင်းရန် မစီစဉ်ထားပေ။ နောင်ကျ ရွှေရောင်မျောလွင့်နဂါးသည် ချမ်ဝမ်ကွမ်း၏ သက်တော်စောင့်နှင့် လက်ထောက်ဖြစ်လာမည်။ ရွှေရောင်မျောလွင့်နဂါးက သူ၏ဝိညာဉ်ကျွန်ဖြစ်၏။ ထို့ကြောင့် သစ္စာရှိမှုက ပြဿနာမရှိတာ သေချာ၏။

အမှန်တကယ်တွင် ကျန်းရီနှင့် ဖုန်းလန်က ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးကို မိုးကြိုးကျောက်တုံးများ ရောင်းချချိန်၌ အဖွဲ့ကို ဦးဆောင်ခိုင်းရန် ပြင်ဆင်ထားပြီဖြစ်သည်။ သူတို့က နျိုတုန်၊ ရန်တုံနှင့် ကျန်သည့်သူများကို ဤကိစ္စတွင် ပါဝင်ခွင့်ပြုမှာ မဟုတ်ပေ။ အနည်းဆုံးတော့ အတွင်းအချက်အလက်များကို သူတို့ မသိမှရမည်။

လူတစ်ယောက်၏ နှလုံးသားတွင် ဘာရှိနေမှန်း မသိနိုင်ပေ။ နျိုတုန်နှင့် ရန်တုံသည် သစ္စာရှိသည်ဟု ထင်ရသော်ငြား သူတို့နှစ်ယောက်က မက်မောသွားပြီး စိတ်ပြောင်းသွားလျှင် မည်သို့ ဖြစ်မည်နည်း။ ထိုကိစ္စပေါ်သွားသည်နှင့် သူတို့အားလုံး အသက်ဘေးအတွက် ထွက်ပြေးရမည် ဖြစ်ကာ အပြစ်သားကျွန်းရှိ သူတို့၏ခိုလှုံကာ ဆုံးရှုံးသွားလိမ့်မည်။

ချမ်ဝမ်ကွမ်းသည် နျိုတုန်နှင့် ကျန်သည့်သူများကို စုဝေးပြီး အလုပ်များလာတော့၏။ သူတို့က လူသစ်များကို ပေါင်းစည်းပြီး သူတို့၏ အဖွဲ့လေးများထဲ ပြန်စီစဉ်ရသောကြောင့် ဖြစ်သည်။ သူတို့ကို အုပ်စုလေးများ ခွဲထားပြီး ခေါင်းဆောင်များကမူ ကျန်းရီ၏မူလလက်အောက်ငယ်သားများသာ ဖြစ်သည်။

ချမ်ဝမ်ကွမ်းက စီမံခန့်ခွဲရာ၌ အလွန်တော်ပြီး ခြိမ်းခြောက်မှုနှင့် ကတိများပေးထား၏။ သူက လက်အောက်ငယ်သားများအားလုံးကို လှည့်စားနိုင်သည့် ဆုလာဘ်နှင့် အပြစ်ဒဏ်အတွက် စည်းမျဉ်းများစွာ ချမှတ်ထားသည်။ ယင်းက သူတို့ ကျန်းရီနောက်သို့ လိုက်လျှင် ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မည်။ ဒုတိယအတွေးရှိမည် ဆိုလျှင် သူတို့က သေချာပေါက် သေရမည်ဟူ၍ သူတို့ကို ခံစားမိစေ၏။

ချမ်ဝမ်ကွမ်း၏ စီမခံခန့်ခွဲသည့် နည်းလမ်းက အနည်းငယ် ဦးနှောက်ဆေးသည့် အာနိသင်ပါရှိနေပြီး တစ်လှမ်းချင်း တက်သွားတာပဲ ဖြစ်သည်။ ယင်းက ချန်မျိုးနွယ်၏ မည်သည့်အခါကမှ ကျရှုံးခြင်း မရှိသော စီမံခန့်ခွဲရေးနည်းလမ်း ဖြစ်ပြီး ချမ်ဝမ်ကွမ်းသည် ချန်ကွေ့ဆီကနေ ဤနည်းလမ်းကို အမှန်တကယ် လက်ဆင့်ကမ်း ရယူထားတာပဲ ဖြစ်သည်။

အစတည်းက သူက စီးပွားရေးစီမံရာ၌ ပါရမီထူးပြီးသား ဖြစ်ရာ ထိုကဲ့သို့ အလုပ်များ လုပ်ရတာ နှစ်ခြိုက်သည်။ လတ်တလော၌ သူက ကြက်သွေးဆေး ရထားသည့်ပမာ ဖြစ်နေပြီး သူ၏ကျင့်ကြံဆင့်အကြောင်းတောင် စိတ်ထဲ မထားပေ။ သူ၏ အကန့်အသတ်က ဗာဂျရာနယ်ပယ်အမြင့်ဆုံးအဆင့်ဖြစ်သည်။ သို့သော် သူ၏ လက်အောက်ငယ်သားများက ကောင်းကင်ဧကရာဇ်တစ်ဆူ ဖြစ်နေ၏။

တတိယမြောက်နေ့တွင် အစ်မကြီးဆည်းလည်းသည် ကျန်းရီကို ခေါ်ပြီး သူမ၏ ခြံဝန်းထဲ၌ အဖွဲ့မှုးလုဖုန်းနှင့် တွေ့ပေးတော့သည်။ နှစ်ယောက်က ၂နာရီခန့် စကားကောင်းကောင်းမွန်မွန် ပြောပြီးနောက် စိတ်ကျေနပ်စွာ အသီးသီး လမ်းခွဲလိုက်ကြ၏။

စတုတ္ထမြောက်နေ့တွင် ကျန်းရီက အစ်မကြီးဆည်းလည်း၏ ခြံဝန်းထဲ၌ တပ်မှူးလုဖုန်းနှင့် လျှို့ဝှက်စကားပြော၏။ ယခုအခေါက်တွင်မူ သူက ချမ်ဝမ်ကွမ်းကိုတောင် ခေါ်လာပြီး အသေးစိတ်အစီအစဉ်များချမှတ်သည်။ သူတို့က တစ်နေ့လုံး အချိန်ကုန်ခဲ့ပြီးနောက် တပ်မှူးလုဖုန်းသည် အပြည့်အဝ ကျေနပ်သည့် အမူအရာဖြင့် ထွက်သွားတော့သည်။

ပဉ္စမမြောက်နေ့၌ ကျန်းရီသည် မြို့ပြင်သို့ သူကိုယ်တိုင်သွား၏။ သို့သော် မြို့ထဲမှ ထွက်ပြီးမကြာမီ၌ နျိုတုန်သည် အဖွဲ့မှုးလန်ဆီ လာရောက်လည်ပတ်ရန် သူ၏ဖိတ်စာတစ်စောင်ကို သယ်လာ၏။ ကျန်းရီက မိုးကြိုးတောင်တန်းအကြောင်း လျှို့ဝှက်စကားပြောရန်အတွက် အဖွဲ့မှုးလန်ကို ဖိတ်ရမည်။

“တစ်ကိုယ်တော်ဝံပုလွေက သူ့ဘာသာသူ မြို့ထဲက ထွက်သွားတာလား”

နျိုတုန်၏လူများ ထွက်သွားပြီးနောက် အဖွဲ့မှုးလန်၏ အမူအရာက အင်မတန် သုန်မှုန်သွား၏။ သူ့ လက်အောက်ငယ်သားကို လှည့်ပြီး မေးလိုက်တော့သည်။ သေချာသည့်အဖြေကို ရရှိပြီးနောက် သူ မြို့ပြင်မထွက်တော့ဘဲ ခြံဝန်းထဲ၌ လှည့်သွားနေလေ၏။ ခဏအကြာတွင် သူက ထပ်မေးလိုက်သည်။

“တပ်မှူးလုဖုန်းနဲ့ တစ်ကိုယ်တော်ဝံပုလွေက အစ်မကြီးဆည်းလည်းရဲ့ခြံဝန်းထဲမှာ နှစ်ရက်လောက် ဆွေးနွေးခဲ့တာလား”

“ဟုတ်ပါတယ်”

ကောင်းကင်ဧကရာဇ်လက်အောက်ငယ်သားများထဲမှ တစ်ယောက်က လေးတွဲစွာ ခေါင်းညိတ်လိုက်ပြီး စိတ်ပူပန်စွာ မေးလိုက်၏။

“အဖွဲ့မှုးလန် ကျွန်တော့်အမြင်အရတော့ လုဖုန်းက အဖွဲ့မှုးကျန်းနဲ့ အလုပ်အတူ လုပ်နေပြီ။ မိုးကြိုးကျောက်တုံးတွေ ရောင်းဖို့ အသင့်ပြင်နေပုံပဲ။ အဖွဲ့မှုးကျန်းက မိုးကြိုးကျောက်တုံးတွေ ဘယ်လို ရောင်းရမလဲဆိုတာ အဖွဲ့မှုးလန်ကို မေးဖို့ တွေးနေတာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် သူက အဖွဲ့မှုးလန်ကို ညံ့တယ်လို့ တွေးနေတာများလား”

“မင်း ဘယ်လိုသိလဲ”

အဖွဲ့မှုးလန်က ဒေါသထွက်လာ၏။ လုတိက ရုတ်တရက် ရွေ့ပြောင်းခံလိုက်ရချိန် ကိစ္စများက မရိုးရှင်းကြောင်း သူသိနေ၏။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့သည်။

“လုဖုန်းလား၊ လုဖုန်းတစ်ယောက်တည်းနဲ့ မိုးကြိုးကျောက်တုံးတွေကို ရောင်းရဲမယ်တဲ့လား။ လုတိရဲ့ဦးလေး ဘယ်သူလဲ သိလား။ လုမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက်ပဲ။ လုဖုန်းမှာ ဘာကျောထောက်နောက်ခံမှ မရှိဘူး။ သူက ဒီလိုပုန်ကန်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် လုပ်ရဲမှာလဲ”

ကောင်းကင်ဧကရာဇ်၏မျက်လုံးများက ဖြတ်ခနဲ လက်သွားကာ သူက တံထွေးမျိုချပြီး မေးလိုက်တော့သည်။

“ဖြစ်နိုင်တာက.. အဲဒီလူက ရောင်းချင်နေတာလားများ.. ဘုရားရေ ဒါဆိုရင် မြို့ထဲကနေ လုံးဝမထွက်မှရမယ် အဖွဲ့မှုးလန် မဟုတ်ရင်.. အဲဒီအမျိုးယုတ် တစ်ကိုယ်တော်ဝံပုလွေက လှုပ်ရှားခဲ့ရင် အဖွဲ့မှုးအတွက် အကျိုးယုတ်စေမှာပဲ။ အဲဒီအချိန် သူ့ကို အညံ့ခံရင်ခံ မဟုတ်ရင် အသတ်ခံရမှာပဲ အဖွဲ့မှုးလန် ကောင်းကင်မိုးကြိုးမြို့ကနေ ထွက်သွားရအောင်လား။ တစ်ကိုယ်တော်ဝံပုလွေက သူ့ရဲ့ထောက်ပံ့မှု ရှိနေတာ ကျွန်တော်တို့တွေ ဒီကောင်းကင်မိုးကြိုးမြို့ထဲမှာ ဆက်ပြီး နေထိုင်လို့ မရတော့ဘူး”

“ထွက်သွားဖို့လား”

အဖွဲ့မှုးလန်က ထေ့ရိကာ ပြောလိုက်လေ၏။

“ရှန်းစီမြို့နယ်မှာ နေနိုင်ဖို့အတွက် နေရာကောင်းမရှိဘူး။ ငါတို့ ထွက်သွားပြီးရင် တောင်ပေါ်ဓားပြဖြစ်ရမှာလား။ ငါတို့ လူအရေအတွက်နဲ့ဆို ဘယ်လောက်သေမလဲတောင် မသိနိုင်ဘူး။ ငါတို့ မထွက်သွားနိုင်ဘူး။ ဒီနေရာမှာ နှစ်ပေါင်းများစွာ ငါ စီမံလာခဲ့တာ။ ဘယ်လိုလုပ် အလျော့ပေးနိုင်မှာလဲ”

“ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ”

ထိုကောင်းကင်ဧကရာဇ်က ကြောက်လန့်ပြီး စိတ်လွတ်နေ၏။

“သည်းခံရမယ်”

အဖွဲ့မှုးလန်က သူ့ဖာသာသူ အမြန်ဖြေရှင်းပြီး ပြောလိုက်၏။

“သုံးနှစ် သည်းခံရမယ်။ အဲဒီအဘွားကြီးလုဖင်း ထွက်သွားပြီးတဲ့နောက် မြို့အရှင်အသစ်နဲ့ ပူးပေါင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားမယ်”

“ကျွန်တော်တို့တွေ ဘယ်လို သည်းခံမလဲ”

ကောင်းကင်ဧကရာဇ်က ညင်သာသောလေသံဖြင့် မေးလိုက်၏။ သူက နားမလည်နိုင်ပေ။

“တစ်ကိုယ်တော်ဝံပုလွေက ကျွန်တော်တို့ကို ထားထားမှာ မဟုတ်ဘူး။ အဖွဲ့မှုးလန် မထွက်သွားရင် သူက သူ့လူတွေကို သေချာပေါက်ခေါ်ပြီး မိုးကြိုးတောင်တန်းအားလုံးကို သိမ်းပိုက်ပြီး ကျွန်တော်တို့ နယ်မြေကို ယူသွားလိမ့်မယ်။ ကျွန်တော်တို့တွေ မြို့ထဲမှာပဲ ပုန်းနေပြီး အပြင်ဘယ်တော့မှ မထွက်ဘူးလား”

“မှားတယ်”

အဖွဲ့မှုးလန်၏ မျက်လုံးက အေးစက်စက်အလင်း ဖြတ်ခနဲပေါ်လာ၏။ သူက သတ်ဖြတ်လိုသော အရှိန်အဝါဖြင့် ပြောလိုက်သည်။

“ငါတို့ အဲဒီကို သွားရုံတင်မကဘူး။ ခမ်းနားကြီးကျယ်တဲ့ တိုက်ပွဲကြီးတစ်ခုတောင် ဖြစ်အုံးမှာ ငါတို့ တစ်ကိုယ်တော်ဝံပုလွေကို သတ်မယ်။ တစ်ကိုယ်တော်ဝံပုလွေကို သတ်နိုင်သရွေ့ လုဖင်းက အသုံးချစရာ လူမရှိတော့ဘူး။ အစ်မကြီးဆည်းလည်းက ထွက်သွားတော့မှာ ပြီးရင် ဒီကောင်းကင်မိုးကြိုးမြို့က ငါတို့ အုပ်စိုးဖို့ နေရာ ဖြစ်သွားလိမ့်မယ် လုဖင်းက ငါတို့နဲ့ သေချာပေါက် အလုပ်လုပ်ရမှာပဲ။ မဟုတ်ရင် သုံးနှစ်ကြာပြီးတဲ့နောက် နာနာခံခံ ထွက်သွားလိမ့်မယ်။ ငါတို့ မြို့ထဲက မထွက်သွားရင် ဒါမှမဟုတ် လုမျိုးနွယ် စည်းမျဉ်းကို မချိုးဖျက်သရွေ့ သူတို့ ငါတို့ကို မသတ်ရဲဘူး”

အဖွဲ့မှုးလန်၏ မျက်လုံးထဲ၌ အညှာအတာ ကင်းမဲ့သည့် အရိပ်အယောင် ပေါ်လာကာ သူက အံကြိတ်လျက် ပြောလိုက်၏။

“အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်၊ အစ်ကိုကြီးဟူ၊ အဖွဲ့မှုးဟေးနဲ့ အစ်ကိုကြီးတုန်ကို သွားရှာဖို့ အခုချက်ချင်း လူလွတ်လိုက် ဆွေးနွေးဖို့အတွက် သူတို့အားလုံးကို လာခိုင်းလိုက် ပြီးရင် အစ်မကြီးဆည်းလည်းကို‌ ထောက်လှမ်းဖို့ တစ်ယောက်ယောက် လွှတ်ထား.. မူမမှန်တာတစ်ခုခု ရှိရင် ချက်ချင်းသတင်းပို့ တစ်ကိုယ်တော်ဝံပုလွေက တစ်ယောက်တည်း ထွက်သွားရဲတယ်ဆိုတော့ သူ့ရဲ့လုပ်ရပ်အတွက် နောက်ဆက်တွဲကို ခံစားခိုင်းလိုက်မယ်”

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အဖွဲ့မှုးလီနှင့်ကျန်သူများက အဖွဲ့မှုးလန်၏ ခြံဝန်းထဲ သွက်သွက်လေး ရောက်လာသည်။ တစ်နာရီခန့် ဆွေးနွေးပြီးနောက် အဖွဲ့မှုးလန်သည် မြို့အပြင်သို့ လူငါးယောက် ဦးဆောင်ခေါ်သွားသည်။ သို့သော် အဖွဲ့မှုးလန်သည် သာမန်ကောင်းကင်ဧကရာဇ်ငါးယောက်ကို ဦးဆောင်သွားစဉ် အဖွဲ့မှုးလီနှင့် ကျန်သည့်သူများက သူတို့အိမ်အသီးသီးသို့ ပြန်သွားပြီး ထိုနေရာတွင် နေရစ်ခဲ့သောကြောင့် မြို့နေလူထုက ဇဝေဇဝါ ဖြစ်နေလေ၏။ ထို့နည်းတူ အစ်မကြီးဆည်းလည်းဘက်ခြမ်းမှ မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ သူမ၏ ခြံဝန်းထဲတွင်သာ နေနေပြီး အပြင်တစ်ခါမှ မထွက်ချေ။ အဖွဲ့မှုးလန် မြို့ပြင် ထွက်သွားပြီးနောက် တစ်နာရီအကြာတွင် အစ်မကြီးဆည်းလည်းက ဘာမှမလုပ်သေးချေ။ နျိုတုန်နှင့် ကျန်သည့် ကောင်းကင်ဧကရာဇ်များက လှုပ်ရှားခြင်းမရှိ။ မြို့ထဲရှိ အနေအထားက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အနေခက်နေလေ၏။

“သခင်မလေး တကယ် မသွားဘူးလား”

အစ်မကြီးဆည်းလည်းက သူမ၏ခြံဝန်းထဲတွင် ရှိနေစဉ် ရှောင်ဟုန်က စိတ်ပူပန်စွာ မေးလိုက်၏။

“အဖွဲ့မှုးကျန်းက အဖွဲ့မှုးလန်အတွက် ပြိုင်ဘက်မဟုတ်တာ သိသာနေတာပဲ။ နှစ်ယောက်သား စပြီး တိုက်ခိုက်ကြမယ် ဆိုရင် အဖွဲ့မှုးကျန်း အသတ်ခံရရင် ဘယ့်နှယ့်လုပ်မလဲ”

အစ်မကြီးဆည်းလည်းက နှစ်ဝက်အတွင်း ထွက်သွားတော့မှာြဖစ်သည်။ ရှောင်ဟုန်က ကျန်းရီကို သူမ၏သခင်အဖြစ် ဆက်ဆံနေပြီဖြစ်သည်။ ကျန်းရီပျောက်ကွယ်သွားမည် ဆိုလျှင် သူတို့က စုတ်ပြတ်သတ်သည့် အခြေအနေထဲ ရှိလိမ့်မည်။

အစ်မကြီးဆည်းလည်းက မျက်လုံးမှိတ်ထားလျက် လက်ဖက်ရည်ရနံ့ကို ခံစားနေစဉ် ဆိတ်ဆိတ်နေလေ၏။ သူမ၏ အမူအရာတွင် ပြောင်းလဲမှုမရှိ။ သင်းရနံ့ကို ခံစားပြီး တစ်ငုံသောက်ကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

“ဒီတစ်ခေါက် နင်မှားသွားပြီ။ အဖွဲ့မှုးလန်တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ ဒါပေမဲ့ အဖွဲ့မှုးငါးယောက်လုံးနဲ့သွားတာ အဖွဲ့မှုးလန်က အဆင့်မြင့် ရုပ်ပြောင်းလဲတဲ့ ဆေးလုံးရှိတယ်။ သူက တခြားသူတွေကို အရူးလုပ်လို့ ရပေမဲ့ ငါ့ကိုတော့ အရူးလုပ်နိုင်မှာ မဟုတ်ဘူး။ အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်နဲ့ မြို့ထဲက တခြားသူတွေအားလုံးက အတုတွေပဲ ဖြစ်ရမယ် ခစ်ခစ်.. အဖွဲ့မှုးလန်က ဒီတစ်ခေါက် အားလုံးလောင်းကြေးထပ်ဖို့ ပြင်ဆင်ထားတာ”

“အမ်..”

ရှောင်ဟုန်က ထုတ်ပြောလိုက်ပြီး သူမလက်လေးဖြင့် ပါးစပ်ကို ကာလိုက်သည်။ ပြီးနောက် သူမ မျက်လုံးတွင် ကြောက်လန့်မှုများဖြင့် မေးလိုက်တော့၏။

“ဒါဆို သခင်မလေးက သွားမကူဘူးလား။ အဖွဲ့မှုး၆ယောက်က ပူးပေါင်းမယ်ဆိုရင် အဖွဲ့မှုးကျန်း သေချာပေါက် သေမှာပဲ”

“ခစ် ခစ်..”

အစ်မကြီးဆည်းလည်းက ပြန်မပြောဘဲ နားလည်ရခက်သည့် အပြုံးမျိုးသာ ပြုံးလျက် မျက်လုံးမှိတ်ကာ လက်ဖက်ရည်၏ သင်းရနံ့ကို နှစ်ခြိုက်ခံစားနေလေ၏။

...

All Chapters