← Chapters

မင်းရဲ့ခေါင်းနဲ့ ဆော့ခွင့်ပေး

Vol. 51 Ch. 708

မင်းရဲ့ခေါင်းနဲ့ ဆော့ခွင့်ပေး

Vol. 51 Ch. 708

မိုးကြိုးတောင်တန်းထဲ၌ အလွန်စည်ကားနေသည်။ ကျန်းရီမြို့ထဲမှ ထွက်သွားပြီးနောက် သူသည် မိုးကြိုးတောင်ဘေးရှိ မိုးကြိုးတောင်ကြားထဲမှ ထိုင်ကာ အဖွဲ့မှုးလန်ရောက်လာမှာကို တိတ်တိတ်ဆိတ်ဆိတ် စောင့်နေလေ၏။ အဖွဲ့မှူးလန် သေချာပေါက် ထွက်လာမည်ဟု သူက မျှော်လင်ထားပြီး ဖြစ်ပုံပေါ်သည်။ သူက တည်တည်ငြိမ်ငြိမ် ထိုင်လျက် တောင်ထိပ်၌ ကျင့်ကြံနေလေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြို့ထဲ၌ ပြောင်းလဲမှုကြီးများစွာ ဖြစ်ပွားခဲ့ပြီး ကျန်းရီက ထိုပြောင်းလဲမှုကိ ဦးဆောင်သည့်သူ ဖြစ်ခဲ့ပြန်၏။ မိုးကြိုးတောင်တန်း၌ လူ၂၀၀၀၀ နီးပါး ရှိနေပြီး အားလုံးက ရံဖန်ရံခါ၌ ကျန်းရီ၏ ဝါးတားတား ပုံရိပ်ကို လှမ်းကြည့်ကြ၏။ အချို့ကမူ တောင်လောင်သည့် အကြည့်များဖြင့် ကြည့်ပြီး အချို့က မကျေမချမ်းဖြစ်မှု၊ အားကျမှု၊ မနာလိုဖြစ်မှု ကြည်ညိုလေးစားမှုတို့ ရှိနေကြ၏။

အများစုက ခေါင်းငုံ့ထားပြီး ဆွေးနွေးနေကြသည်။ ဤနေရာသို့ ကျန်းရီတစ်ယောက်တည်း လာတာ မည်သည့်အဓိပ္ပာယ်နည်း။ မြို့ထဲရှိ အခြေအနေက မဖြေရှင်းရသေးပေ။ ကျန်းရီအတွက် ဤနေရာတွင် ကျင့်ကြံခြင်းက မသင့်တော်သည် မဟုတ်ပါလော။ သူက ဤနေရာတွင် တစ်စုံတစ်ယောက်ကို စောင့်နေခြင်းပေလော။

ဝှစ် ဝှစ်..

အဖွဲ့မှုးလန်က လူငါးယောက်ကို ဦးဆောင်ပြီး မလှမ်းမကမ်းမှ ပျံသန်းလာသည့် အချိန်တွင် မိုးကြိုးတောင်တန်းထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ အကြည့်အားလုံးက လက်သွားပြီး အဖွဲ့မှုးလန်နှင့် ကျန်းရီက မသဲကွဲသော အကြည့်များရလိုက်သည်။ နှစ်ယောက်က မြို့ပြင်တွင် ဆုံတွေ့ပြီဖြစ်ရာ သူတို့ တိုက်ပွဲကြီး ဖြစ်တော့မည်လော။

အဖွဲ့မှုးလန်က ဓားသွားကဲ့သို့ မျက်ဝန်းဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စစ်ဆေးပြီး မိုးကြိုးတောင်တန်းထဲ၌ ပုန်းနေသည့် သိုင်းပညာရှင်မရှိကြောင်း အတည်ပြုလိုက်၏။ အစ်မကြီးဆည်းလည်း အနားမှာ မရှိကြောင်း အတည်ပြုပြီးနောက် သူ့နားရှိ လူငါးယောက်ကို ကြည့်ပြီး ကျန်းရီဆီ ဖြည်းဖြည်းချင်း ပျံသန်းသွားတော့သည်။ ကျန်းရီက မလှုပ်ရှားပေ။ မျက်လုံးလည်း မဖွင့်ချေ။ သူက အဖွဲ့မှုးလန် သူနှင့် ဆယ်မိုင်အကွာသို့ ရောက်လာသည့် အချိန်ကျမှ မျက်လုံးဖွင့်လိုက်တော့၏။ ကျန်းရီက ရယ်မောကာ ပြောလိုက်တော့၏။

“အဖွဲ့မှုးလန် ကျန်းမျိုးရိုးက ခင်ဗျားကို တလေးတစား စောင့််နေတာပါ”

အဖွဲ့မှုးလန်က မရပ်တန့်ပဲ ကျန်းရီဆီသို့ ဖြည်းဖြည်းချင်း ဆက်လက် ပျံသန်းသွားသည်။ သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ရှိနေပြီး ပြန်ပြောလိုက်၏။

“အဖွဲ့မှုးကျန်း မင်းငါ့ကို ခေါ်ထုတ်တယ် ဆိုမှတော့ ငါ ဘယ်လိုလုပ် မလာဘဲနေမှာပဲ။ အဖွဲ့မှုးကျန်းက လောင်လန်ကို ကောင်းတာ တစ်ခုခု ပြောဖို့ ရှိတာလား။ မြို့ထဲမှာ ဘာကြောင့် မဆွေးနွေးတာလဲ”

“ဟား ဟား”

ကျန်းရီက ခပ်သာသာ ရယ်မောပြီးနောက် ရုတ်တရက် အသံပို့လိုက်လေ၏။

“အဖွဲ့မှုးလန် ကျုပ်က အပေးအယူကြီးတစ်ခု ဆွေးနွေးဖို့အတွက် ခင်ဗျားကို ရှာနေတာ။ မြို့ထဲမှာ စကားပြောဖို့က မသင့်တော်ဘူးလေ။ ဒါကြောင့် စကားပြောဖို့ အပြင်ကို လာခိုင်းခဲ့တာပဲ။ ဒီကိစ္စ မပေါက်ကြားမှ ရမယ်။ မဟုတ်ရင် ကျုပ်တို့ နှစ်ယောက်လုံးရဲ့ ခေါင်းတွေ ပြုတ်ကျသွားလိမ့်မယ်။ အဖွဲ့မှုးလန် နားလည်မယ်လို့ မျှော်လင့်ပါတယ်”

“အပေးအယူကြီးလား”

အဖွဲ့မှုးလန်၏ မျက်လုံးက အလင်းဖြင့် လက်သွားကာ အကြောင်းပြန်သည့်အနေဖြင့် သတင်းပြန်ပို့လိုက်သည်။

“အဖွဲ့မှုးကျန်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်”

ကျန်းရီက ရယ်မောလျက် အသံပို့လိုက်၏။

“အဖွဲ့မှုးလန် ခင်ဗျား ကျုပ်ကို မယုံရင် မြို့ကို ပြန်လိုက်လို့ ရတယ်။ တစ်ခုခု ကြီးမားတာကို ပူးပေါင်းချင်တယ် ဆိုရင်တော့ မိုးကြိုးတောင်ကြားထဲမှာ ဆွေးနွေးကြရအောင်၊ ဒီနေရာမှာ လူတွေ များလွန်းတယ်။ သတင်းအချက်အလက် ပေါက်ကြားသွားရင် ကောင်းမှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် ကျန်းရီက ကောင်းကင်ထဲသို့ ပျံသန်းသွားကာ မိုးကြိုးတောင်ကြား၏ အတွင်းဘက်ဆီသို့ ဦးတည်သွားလေ၏။ အဖွဲ့မှုးလန်က ကြက်သေသေနေပြီးနောက် အကြည့်က လှုပ်သွားကာ သူ့နားရှိ လူများကို ကြည့်လိုက်သည်။

ထိုလူငါးယောက်သည် သာမန်လက်အောက်ငယ်သားများပုံနှင် တူပြီး သူတို့၏ အရှိန်အဝါ ပိုင်ဆိုင်မှုက အဆင့်နိမ့်ကောင်းကင်ဧကရာဇ်များနှင့် မခြားပေ။ ကျန်းရီက မိုးကြိုးတောင်ကြားအတွင်း ပျံသန်းသွားသည့် အချိန်၌ အကြည့်ငါးစုံက ကျောစိမ့်နေပြီး သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။

“အဖွဲ့မှုးလန် လှည့်စားမှုများ ရှိနေနိုင်မလား”

“အဲဒီမှာ ဘာလှည့်စားတာများ ရှိနေနိုင်မှာလဲ”

နောက်ထပ် လူတစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

“အစ်မကြီးဆည်းလည်းက မြို့ထဲမှာ ရှိသေးတယ်။ အဖွဲ့မှုးကျန်းရဲ့လူတွေ တစ်ယောက်မှ မလှုပ်ရှားဘူး။ တစ်ယောက်ယောက် လှုပ်ရှားမယ် ဆိုရင် အဖွဲ့မှုးလန်ရဲ့လူတွေက သေချာပေါက် သတင်းပို့မှာပဲ။ လုမျိုးနွယ်စုဝင်တွေက မိုးကြိုးတောင်ကြားထဲ လာနိုင်မှာ မဟုတ်ဘူး။ တခြားလှည့်ကွက်တွေကို အဖွဲ့မှုးကျန်းက ဘယ်လိုလုပ် ပြင်ဆင်ထားမှာလဲ”

“ဟုတ်တာပဲ”

အဖွဲ့မှုးလန်၏ မျက်လုံး၌ သတ်ဖြတ်လိုစိတ်များ ဖြတ်ခနဲ လက်သွားပြီး သူက ပြောလိုက်၏။

“ငါတို့တွေ ပူးပေါင်းဖို့အတွက် အမြန်ဆုံး အရှိန်ကို သုံးပြီး တစ်ကိုယ်‌တော်ဝံပုလွေကို သတ်ရမယ်။ အစ်မကြီးဆည်းလည်း သူ့ကို ကယ်ချင်တယ်ဆိုရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တစ်ကိုယ်တော်ဝံပုလွေ သေသွားပြီ ဆိုတာနဲ့ စုန်းမကြီးလုဖင်းနဲ့ အစ်မကြီးဆည်းလည်းက သေလူတစ်ယောက်ကြောင့် ငါတို့ကို ရန်စချင်တော့မှာ မဟုတ်ဘူး။ လုပ် မလုပ်က မင်းရဲ့ဆုံးဖြတ်ချက်ပဲ။ မသတ်နိုင်တဲ့သူတွေက မြို့ကို ချက်ချင်းပြန်မသွားနဲ့၊ ဒါပေမဲ့ ငါ လန်မျိုးရိုးကတော့ အရင်ဆုံးပြောမယ်။ နောင်ကျ ကိစ္စကြီးတွေ လုပ်ခဲ့မယ် ဆိုရင် အဲဒီလူက ဝေစုရမှာ မဟုတ်ဘူး”

ငါးယောက်သား၏အကြည့်က ကျုံ့သွား၏။ အဖွဲ့မှုးလန်ပြောသည့် ကိစ္စကြီးအကြောင်း သူတို့ ရှင်းရှင်းလင်းလင်း သိသည်။ ယခုအခေါက်တွင် အဖွဲ့မှုးလန်၏ နောက်သို့ မလိုက်ခဲ့လျှင် သူတို့က နောင်၌ အဖွဲ့မှုးလန် အာဏာရသွားသည့် အချိန်တွင် စုတ်ပြတ်သတ်သွားမည်မှန်း သူတို့လည်း သိနေ၏။ အနည်းဆုံးတော့ ကောင်းကင်မိုးကြိုးမြို့ထဲ၌ ခိုလှုံရာရှာရန် သူတို့အတွက် နေရာတစ်ခု ရှိတော့မှာ မဟုတ်ပေ။

“လုပ်တာပေါ့”

သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်ပြီး ကျန်သည့်သူများက အံကြိတ်ကာ ပြန်ပြောလိုက်သည်။ အဖွဲ့မှုးလန်က ပြုံးလိုက်ကာ လက်ကို ဝှေ့ယမ်းလျက် ရှေ့သို့ ပျံသန်းသွားသည်။ သူက အော်ပြောလိုက်၏။

“သွားကြမယ် ငါ့အမိန့်ကို စောင့်နေ၊ ငါခိုင်းတာနဲ့ မင်းတို့ရဲ့အသန်မာဆုံးတိုက်ကွက်ကို ထုတ် တစ်ချက်တည်းနဲ့ ငါတို့ သူ့ကို သတ်ရမယ်”

ခြောက်ယောက်သားက နတ်ဘုရားဒိုင်းများကို ထုတ်ဖော်ပြီးနောက် မိုးကြိုးတောင်ကြားထဲသို့ ပျံသန်းသွား၏။ မိုးကြိုးတောင်ထဲရှိ သိုင်းပညာရှင်များက နားလည်သဘောပေါက်နေကြသည်။ ဤနေရာ၌ ကြီးမားသည့် တစ်ခုခု ဖြစ်တော့မည် ဟူသော မူမမှန်သည့် ခံစားချက် ရနေလေ၏။ ကောင်းကင်မိုးကြိုးမြို့၏ ကောင်းကင်များက ပြောင်းလဲတော့မည့်ပုံပေါ်သည်။

ကျန်းရီသည် မနှေးမမြန်သည့် အရှိန်ဖြင့် ပျံသန်းနေသည်။ သူက မိုးကြိုးတောင်ကြားထဲ မိုင်၄၀ကျော် ပျံသန်းလာခဲ့ပြီး တောင်ထွတ်ပေါ်၌ ရပ်နေကာ အဖွဲ့မှုးလန်ကို စောင့်နေလေ၏။ အဖွဲ့မှုးလန်သည် မိုးကြိုးတောင်တန်းသို့ ရောက်လာပြီဖြစ်၍ သူတို့ မိုးကြိုးတောင်ကြားထဲသို့ ဝင်မှာ သေချာသည်။ သူနှင့် အစ်မကြီးဆည်းလည်းက တွက်ချက်ပြီးသားဖြစ်၏။

ဝှစ်..

ထင်သည့်အတိုင်းပင် ၆ယောက်သားက ဝေဟင်ကို ခဏအတွင်း ဖြတ်ကျော်လာ၏။ အားလုံးက အေးစက်စက်အကြည့်နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ ရှိနေသည်။ ကျန်းရီနား၌ မိုးကြိုးမီး အနည်းငယ်ကို တွေ့သောအခါ သူတို့အကြည့်များက ပိုတောင် အေးစက်သွား၏။

“အဖွဲ့မှုးလန် ခင်ဗျားရဲ့လူတွေကို အဲမှာ စောင့်ခိုင်းထားလိုက် ကျုပ်တို့နှစ်ယောက်ပဲ ဒီကိစ္စကို သိလို့ရမယ်”

အဖွဲ့မှုးလန်သည် ကျန်းရီနှင့် ဆယ်မိုင်ကျော်အကွာ၌ ရှိနေသေး၏။ သူက အေးစက်စက် အသံဖြင့် အော်ပြောလိုက်သည်။ အဖွဲ့မှုးလန်က မျက်မှောင်ကြုတ်သွားကာ ကျန်းရီအကြောင်း ဂရုမစိုက်ပုံဖြင့် ပြောလိုက်လေ၏။

“အဖွဲ့မှုးကျန်း ဒီလူငါးယောက်က ငါရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားတွေပဲ။ သူတို့ ထွက်သွားဖို့ မလိုဘူး မဟုတ်လား။ ဟား ဟား ဟား ရိုးရိုးသားသား ပြောရရင် အဖွဲ့မှုးကျန်း ငါ့ကို အကောက်ကြံမှာ အတော် စိုးရိမ်မိတယ်”

“ဟား ဟား”

ကျန်းရီက ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။

“ကျုပ်က အဖွဲ့မှုးလန်ကို အကောက်ကြံမယ် ဆိုရင် ဒီလက်အောက်ငယ်သားငါးယောက်က ရှိနေရင်တောင် ဘာမှမထူးခြားဘူး မဟုတ်လား”

“မရှိတာထက်တော့ ပိုကောင်းတယ်”

အဖွဲ့မှုးလန်က ခေါင်းမာမာဖြင့် ပြောလိုက်၏။

“အဖွဲ့မှုးကျန်း စိတ်ပူနေစရာ မလိုဘူး။ တကယ်တော့ သူတို့ငါးယောက်က ငါ့ရဲ့ဝိညာဉ်ကျွန်တွေပဲ သူတို့ သတင်းမပေါက်ကြားစေမှာ သေချာတယ်”

“သိပြီလေ”

ကျန်းရီက စိတ်အေးသွားပုံပေါ်ကာ သုံးမိုင်အကွာတွင် ရှိသည့် တောင်ထွတ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

“အဖွဲ့မှုးလန် ခင်ဗျားနဲ့ခင်ဗျားရဲ့လူတွေ အဲဒီကို သွားလို့ ရတယ်။ အနားသိပ်မကပ်နဲ့၊ ခင်ဗျားတို့ ကျုပ်ကို အကောက်ကြံမှာလည်း စိုးရိမ်မိတယ်”

အဖွဲ့မှုးလန်က အရှက်မဲ့သည့် အမူအရာဖြင့် ပြောလိုက်သည်။

“အဖွဲ့မှုးကျန်း နောက်နေတာပဲ ဖြစ်ရမယ် လန်မျိုးရိုးက မင်းကို ရှုံးနိမ့်ဖူးတာပဲ အဖွဲ့မှုးကျန်းရဲ့ ဆန်းကျယ်တဲ့ မီးစွမ်းအင် ပေါ်လာပြီဆိုတာနဲ့ ကျုပ် ခုခံနိုင်တော့မှာ မဟုတ်ဘူး”

အဖွဲ့မှုးလန်နှင့် ကျန်းရီ လက်ညှိုးထိုးပြသည့် တောင်ထွတ်ပေါ်သို့ ပျံသန်းသွား၏။ လူတိုင်းက ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ချုံခိုတိုက်ခိုက်သူ မရှိကြောင်း အတည်ပြုလိုက်၏။ သူတို့၏ မျက်လုံးထဲ၌ ပျော်ရွှင်သည့် အရိပ်အယောင် ပေါ်လာသည်။ သူတို့က အဖွဲ့မှုးလန်ကို ကြည့်ပြီး သူ့အမိန့်ကို စောင့်နေတာပဲ ဖြစ်၏။

အဖွဲ့မှုးလန်က ဆက်လက် မလှုပ်ရှားသေးဘဲ ပတ်ဝန်းကျင်ကို ဆက်လက်အာရုံခံလိုက်သည်။ သူက မဖော်ပြနိုင်သည့် စိတ်မအေးမှု ခံစားနေရ၏။ သို့သော် မည်သည့်နေရာက လာမှန်း သူ မပြောနိုင်ပေ။ သူက ဓားသွားကဲ့သို့ အကြည့်ဖြင့် ထပ်ခါတလဲလဲ ကြည့်လိုက်သော်ငြား မူမမှန်တာကို ရှာမတွေ့သေးပေ။

“အဖွဲ့မှုးလန်..”

ကျန်းရီက စိတ်ရင်းမှန်သော လေသံဖြင့် ပြောလိုက်၏။

“လုတိ ထွက်သွားပြီ၊ ခင်ဗျားရဲ့ ကျောထောက်နောက်ခံ ဆုံးရှုံးသွားပြီ။ ခင်ဗျား စီးပွားရေးကြီး လုပ်ချင်တယ်။ ဒါပေမဲ့ အဆက်အသွယ် မရှိဘူး။ အခု ကျုပ်မှာ အဆက်အသွယ် ရှိနေပြီ။ ခင်ဗျားထက် ပိုကြီးမားတဲ့ စီးပွားရေးကို ကျုပ်လုပ်နိုင်တယ်။ အဆတစ်ရာ ကြီးမားတာ။ ဒါကြောင့် အခု အတူတကွ ချမ်းသာလာဖို့အတွက် ခင်ဗျားကို စိတ်ရင်းမှန်နဲ့ ကြိုဆိုတယ်။ ခင်ဗျားကျုပ်ကို ခစားပေးသရွေ့ ဒီကျန်းမျိုးရိုးက အတိတ်တုန်းက အရာအားလုံးကို‌ မေ့ပေးမယ်။ ဘယ်လိုလဲ”

“အဆတစ်ရာ ပိုကြီးမားတာလား”

အဖွဲ့မှုးလန်နောက်ရှိ အကြည့်ငါးစုံက လက်သွားပြီး ထိုလုပ်ငန်းကြီးက လာမှန်း သူတို့နားလည်သည်။ ကျန်းရီသည် မြို့အရှင်မက လုဖင်းနှင့် အမှန်တကယ် ပူးပေါင်ထားပုံပေါ်၏။ ယခုအခေါက်တွင် သူတို့က အဖွဲ့မှုးလန်၏ အတွေ့အကြုံနှင့် အဆက်အသွယ်မှ ထောက်ပံ့မှုရယူရန် တွေးနေပြီး ဤစီးပွားရေးကို သင့်တော်စွာ ဆောင်ရွက်နိုင်မည်ဟု တွေးနေတာ ဖြစ်လောက်သည်။

အဖွဲ့မှုးလန်က သွေးဆောင်ခံရပုံမပေါ်ပေ။ သို့သော် ရင်ထဲတွင်မူ အင်မတန် ဒေါသထွက်နေလေ၏။

ခုနှစ်နှစ်တာလုံး သူသည် လုဖင်းနှင့် အလုပ်တွဲလုပ်ချင်ကြောင်း ဖော်ပြခဲ့၏။ သို့သော် သူမက သူ့ကို မယုံကြည်ခဲ့ပေ။ ကျန်းရီသည် ဤနေရာသို့ ရောက်လာတာ လအနည်းငယ်သာ ရှိသေးသည်။ သူမက သူနှင့် အလုပ်တွဲလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်လော။ အဖွဲ့မှုးလန် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေမည်နည်း။

သူ့ကို ခစားရမှာလား။ ယင်းက အဖွဲ့မှုးလန် လိုချင်သည့်အရာ မဟုတ်ပေ။ ကျန်းရီ၏ လက်အောက်တွင် သူ အလုပ်လုပ်ပါက သူ မည်မျှ ရနိုင်မည်နည်း။ လက်အောက်ငယ်သားများသည် အစွန်းထွက်သာ ရနိုင်ပြီး ခေါင်းဆောင်များအတွက် အသက်စတေးရတာပဲ ဖြစ်သည်။ အဖွဲ့မှုးလန်သည် နှစ်ပေါင်းများစွာ ခေါင်းဆောင်တစ်ဦး ဖြစ်လာသောကြောင့် ထိုသဘောတရားကို မည်ကဲ့သို့ မသိဘဲ နေမည်နည်း။

ထို့ကြောင့် အဖွဲ့မှုးလန်က နှစ်ချက်ခန့် ချောင်းဟန့်ပြီးနောက် သူ့ကို‌လှောင်ပြောင်လိုက်၏။

“ခွီး ခွီး.. အဖွဲ့မှုးကျန်းရဲ့ စီးပွားရေးကြီးက မိုးကြိုးကျောက်တုံးတွေ ရောင်းတာ မဟုတ်လား။ လန်မျိုးရိုးက တပ်မှုးလုတိနဲ့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက စပြီး ရောင်းနေပြီးသားဆိုတာ ဝမ်းနည်းစွာနဲ့ ပြောရမှာပဲ။ ကျုပ်က ဒါကို ငြီးငွေ့နေပြီ။ ထပ်မလုပ်ချင်ဘူး။ အဖွဲ့မှုးကျန်းရဲ့ခေါင်းကို ပိုစိတ်ဝင်စားတယ်။ မင်းရဲ့ခေါင်းနဲ့ ဘာကြောင့်ဆော့ခွင့် မပေးလဲ။ အဖွဲ့မှုးလီ၊ အဖွဲ့မှုးဟေး၊ အဖွဲ့မှုးရင်၊ အစ်ကိုကြီးဟူ၊ အစ်ကိုကြီးတုန် လုပ်လိုက်တော့”

ဘီး ဘီး..

အဖွဲ့မှုးလန် ပြောတာ မပြီးခင် အရှိန်အဝါငါးခုက သူ့နောက်ကနေ ပေါ်လာပြီး ရောင်ခြည်များ လက်လာ၏။ သူတို့၏ပုံရိပ်နှင့် မျက်နှာထားများ ရုတ်တရက် ပြောင်းလဲသွားပြီး အဖွဲ့မှုးလီ၊ အဖွဲ့မှုးရင်နှင့် ကျန်သည့်သူများ မူလသွင်ပြင်အဖြစ် ပြောင်းလဲသွားသည်။ သုံးယောက်သားက သူတို့လက်နက်များကို ဆွဲထုတ်ကာ အသန်မာဆုံး တိုက်ကွက်များ သုံးလိုက်၏။

ချီး ချီး..

ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ကွက် ခြောက်ကွက်သည် ကျန်းရီဆီသို့ ရောက်လာပြီး လေဟာနယ်အပိုင်းအခြားကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆုတ်ဖြဲလိုက်၏။ တိုက်ကွက်များက မိုင်အနည်းငယ် ကွာဝေးနေသေးသည့်တိုင် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုမှ မွန်းကြပ်မှုကို ခံစားနေရပြီဖြစ်သည်။

...

All Chapters